မကြာခဏ နားကြပ်တံနဲ့ သန့်ရှင်းရေး လုပ်တက်လား? အခုက စပြီး မလုပ်တော့နဲ့နော်။
နားကြပ်တံ သုံးပြီး သန့်ရှင်းရေး လုပ်တာ ကောင်းကျိုးထက်ဆိုးကျိုးများပါတယ်။ သန့်ရှင်းရေး လုပ်တိုင်း သန့်ရှင်းသွားတယ် မထင်ပါနဲ့။ နားချေးဟာ သဘာဝက ပေးထားတဲ့ ကာကွယ်ရေး စနစ်ပါ။
- နားချေးက နားထဲ အင်းဆက်နဲ့ ပိုးကောင်တွေ မဝင်အောင် ကာကွယ်ပေးတယ်။
- ရေနဲ့ အခြား အရည်တွေ ဝင်ရောက်ပြီး ဝပ်နေခြင်းကနေ ကာကွယ်ပေးတယ်။
- နားထဲမှာ မှိုနဲ့ အခြား ပိုးမွှားတွေ မပေါက်ဖွားအောင် ကာကွယ်ပေးတယ်။
- တုတ်တံနဲ့ မကြာခဏ ထိုးနေရင် နားအတွင်း နံရံတွေ ယောင်ရမ်း စေတယ်။
- တုတ်တံနဲ့ နားချေးကို ထိုးပြီး သန့်ရှင်းရေး လုပ်တာက နားစည် နား အထိ နားချေးတွေကို ရောက်အောင် တွန်းပို့ လိုက်သလို ဖြသ်စေပြီး နားစည်ကို ထိခိုက်စေပြီး အကြားအာရုံထိခိုက်စေတယ်။
- ခဏ ခဏ နားကြပ်တံနဲ့ထိုးတဲ့ အကျင့်ကို ဖျောက်ပြီး နားတစ်ခုခု ဖြစ်ရင် ဆရာဝန် နဲ့ ပြသတာ အကောင်းဆုံးပါပဲ။
လွဲမှားနေတဲ့ အကျင့်ကို အခုပဲ ဖျောက်လိုက်ကြပါ။
Ref: www.sciencealert.com
Knowledge 4 MM
အသိပညာသည် စွမ်းအား
Want your school to be the top-listed School/college in Yangon?
Click here to claim your Sponsored Listing.
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon