Essence Engineering Training Center

Essence Engineering Training Center Engineering Software Training Provider

နှစ်သစ်မှာဘေးဘယာဝေးကွာပါစေ။
01/01/2021

နှစ်သစ်မှာဘေးဘယာဝေးကွာပါစေ။

Maxsurf Talks 1Video Link:
27/09/2020

Maxsurf Talks 1

Video Link:

This video is a presentation of some Maxsurf hull form modelling knowledge. I tried to make it more understandable than software manual explanation by utiliz...

How to get maxsurf dxf markers and background from AutoCAD lines planyoutube video link:
19/09/2020

How to get maxsurf dxf markers and background from AutoCAD lines plan

youtube video link:

This is a knowledge video for Naval Architect students who study about hull from generation. I do hope that this video would be helpful for you. Thanks for w...

24/05/2020

Essence Engineering Training Center မှ မေလကုန်မှ စ၍ Shipconstructor , Autocad, Hull Form generation အတွက် သင်တန်းသူ- သင်တန်းသားအသစ်များစတင်စာရင်းပေးသွင်းနိုင်ပါပီ။

AutoCAD + Ship Structures DWGs class finised...
16/02/2020

AutoCAD + Ship Structures DWGs class finised...

မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ Essence မှဆုတောင်းမေတ္တာပို့သပါတယ်။
01/01/2020

မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းများအားလုံးကို မင်္ဂလာနှစ်သစ်ဖြစ်ပါစေ လို့ Essence မှဆုတောင်းမေတ္တာပို့သပါတယ်။

Hull Form Generation Course first batch ပြီးဆုံးသွားပါပြီ နောက်တစ်တန်းအတွက် ကြိုတင်စာရင်းပေးနိုင်ပါပြီ...
22/09/2019

Hull Form Generation Course first batch ပြီးဆုံးသွားပါပြီ နောက်တစ်တန်းအတွက် ကြိုတင်စာရင်းပေးနိုင်ပါပြီ...

ကျွန်တော်တို့ ESSENCE ENGINEERING Software Training Centre မှ MMU မှ ညီငယ် ညီမငယ်များအတွက် Hull Form Generation နဲ့သက်ဆိ...
13/08/2019

ကျွန်တော်တို့ ESSENCE ENGINEERING Software Training Centre မှ MMU မှ ညီငယ် ညီမငယ်များအတွက် Hull Form Generation နဲ့သက်ဆိုင်သော software များအား သင်တန်းသို့လာရောက် install လုပ်နိုင်အောင်စီစဉ်ထားပါတယ်။ Hull Form Modeling software များ (အထူးသဖြင့် Maxsurf and Tribon) နှင့်သက်ဆိုင်သော tools and tips video ကိုလည်း လုပ်ငန်းခွင်အတွေ့အကြုံများပေါင်းစပ်ကာ sharing လုပ်ပေးသွားပါမယ်။ သိလိုသည်များကို မေးမြန်းစုံစမ်းနိုင်ပါတယ်။

ESSENCE

Galvanizing ဆိုတာ သတ္ထုပစ္စည်းတွေကို zinc အရည်ထဲကိုစိမ်တာလို့ လွယ်လွယ်မှတ်နိုင်တယ်။ မြန်မာစကားမှာ ရွှေရည်စိမ်တယ်၊ ငွေရည်စိမ...
28/05/2019

Galvanizing ဆိုတာ သတ္ထုပစ္စည်းတွေကို zinc အရည်ထဲကိုစိမ်တာလို့ လွယ်လွယ်မှတ်နိုင်တယ်။ မြန်မာစကားမှာ ရွှေရည်စိမ်တယ်၊ ငွေရည်စိမ်တယ် လို့ရှိတော့ zinc ကိုလည်း သွပ်လို့ခေါ်တာဆိုတော့ Galvanizing ကို သွပ်ရည်စိမ် တယ်လို့သုံးရမလားပဲ။

‘နင့်မျက်နှာပြောင်ကြီး လူမြင်လို့မကောင်းပါဘူး။ သနပ်ခါးလေးဘာလေးပွတ်ပါဦး’ လို့မြန်မာတွေပြောတတ်ကြတယ်လေ။ သနပ်ခါးကို လူမြင်ကောင်းအောင်လိမ်းရသလို ‘နေပူထဲထွက်တဲ့အခါလည်း နေပူခံတာပေါ့’ ပြောကြသေးတယ်မလား။ သွပ်ရည်စိမ်တယ်ဆိုတာလည်း လူကိုသနပ်ခါးလိမ်းသလို၊ အိမ်ထရံတွေရေနံချေးသုတ်သလို၊ တိုက်တွေဆေးသုတ်သလိုပါပဲ။ သတ္တုပစ္စည်းကို ပြောင်ပြောင်လက်လက်ကလေးနဲ့ကြည့်ကောင်းအောင်ရယ်၊ အဓိကအားဖြင့် ရာသီဥကြောင့်ဖြစ်ပေါ်လာတဲ့တိုက်စားခြင်းဒဏ်တွေကို ခံနိုင်အောင် သွပ်ရည်သုတ်လိမ်းပေးတဲ့သဘောပါပဲ။

အဲတာဆို ဆေးသုတ်တာနဲ့ သွပ်ရည်စိမ်တာ အတူတူပဲလားလို့ မေးစရာရှိတယ်။ ရည်ရွယ်ချက်တော့ တူတယ်။ လုပ်ဆောင်ပုံမတူဘူးလို့ပြောရမှာပဲ။ ဆေးသုတ်တာဟာ ဘာနဲ့တူသလဲဆိုတော့ လူကြမ်းကြီးနဲ့တူတယ်။ ‘မင်း ငါ့အောက်က သတ္ထုကိုထိဖို့မကြံနဲ့။ သွားအခုထွက်သွား’ ဆိုပြီး မောင်းထုတ်တာမျိုး။ ပညာရပ်ဆန်ဆန်ကျတော့ ‘Barrier Protection’ လို့ခေါ်တယ်။

နောက်တစ်မျိုးက ကျတော့ ပုံပြင်တွေ၊ ဇာတ်လမ်းတွေထဲက စွန့်လွှတ်အနစ်နာခံတတ်တဲ့မင်းသားမင်းသမီးလိုမျိုး။ ‘ကျွန်တော်၊ ကျွန်မ ကို သတ်ချင်သတ်သွားပါ၊ သားလေးကိုတော့ ချမ်းသာပေးပါ’ ဆိုတဲ့ ကာကွယ်မှုမျိုး။ သွပ်ရည်စိမ်တယ်ဆိုတာ အဲလို စွန့်လွှတ်အနစ်နာခံပြီး ကာကွယ်ပေးတဲ့သဘော။ ပညာရပ်ဆန်ဆန်ကျတော့ Cathodic Protection လို့ခေါ်တယ်။

စွန့်လွှတ်အနနစ်နာခံတတ်တဲ့သူတွေဆိုတာ သဘောင်္တွေမှာ သုံးတဲ့ ‘ပေးဆပ်တတ်သူ အဖိုတိုင်’ တွေနဲ့ အတူတူပါပဲ။ ဘာပြောတာပါလိမ့် လို့တော့မထင်နဲ့ဦး။ ဒီအတိုင်း ရမ်းသန်းဘာသာပြန်ရတာပဲ။ sacrifice လုပ်တယ်ဆိုတာ သူများကောင်းဖို့အတွက် ကိုယ်အနစ်နာခံလိုက်ရတာမျိုးကိုပြောတာ။ ဦးကျော်သူကြီး စကားယူသုံးရရင် ပေးဆပ်တယ်ပေါ့။ anode ဆိုတာကို မြန်မာအဘိဓါန်မှာကြည့်တော့ အဖိုတိုင် တဲ့။ အဲတာကြောင့် sacrificial anode က ‘ပေးဆပ်တတ်သူ အဖိုတိုင်’ လို့ဖြစ်သွားတာ။ လွန်တာရှိ ဝန္ဒာမိပါ။

အခုမှကြားဖူးတဲ့ ကျောင်းသားကျောင်းသူတွေအတွက် sacrificial anode ဆိုတာကို အလွယ်ရှင်းပြချင်တယ်။ မြန်မာဇာတ်ကားတွေမှာတွေ့ရတဲ့အကွက်ကလေးတစ်ခု နဲ့ဥပမာပေးမယ်။ မင်းသမီး ကားတိုက်ခံရတော့မယ့်အချိန်မှာ မင်းသားကပြေးလာပြီးမင်းသမီးကိုတွန်းထုတ်လိုက်ပြီး သူအတိုက်ခံလိုက်တယ်ဆိုပါစို့။ ပြောရမယ်ဆိုရင် မင်းသားရဲ့အတ္တက နည်းလွန်းအားကြီးလို့ သူ့ကိုယ်သူအနာခံပြီး မင်းသမီးကို တွန်းထုတ်လိုက်တာမျိုးပေါ့။ လူမှာတော့ အတ္တပေါ့၊ anode ကျတော့ electrode potential လို့ခေါ်မှာပေါ့။ electrode potential တန်ဖိုး အနုတ်ပြလေလေ အတ္တနည်းလေလေပေါ့။ သဘောင်္တွေမှာသုံးတဲ့ mild steel မှာ electrode potential တန်ဖို့ -0.5 ရှိပြီး zinc က -1.1 ရှိတယ်။ ဆိုတော့ zinc အတ္တတန်ဖိုး အနုတ်ပိုပြတာပေါ့။ zinc က mild steel ထက် ပိုပြီး electro negative ဖြစ်တယ်လို့လဲ ပြောလို့ရတယ်။ သူတို့နှစ်ခုကို အတူထားလို့ တိုက်စားခြင်းဖြစ်လာတဲ့အခါ အတ္တနည်းတဲ့ zinc က mild steel ထက်အရင် အစားခံလိုက်ရတာမျိုးပါ။ အဲလို sacrificial anode ထားပြီး ကာကွယ်တဲ့စနစ်ကို Cathodic Protection လို့ခေါ်တာပါ။ အတ္တအနည်းဆုံးကောင်ကို အောင်ဆုံးမှာထားပြီး တဖြည်းဖြည်းအတ္တအကြီးစဉ်ထားတာကိုကျတော့ Galvanic Series လို့ခေါ်တယ်။

တကယ်က သွပ်ရည်စိမ်တယ်ဆိုတာ လွယ်လွယ်ကူကူပြောလိုက်တာပါ။ Galvanizing လုပ်တဲ့နေရာမှာ သွပ်ရည်ထဲကို သတ္ထုပစ္စည်းနှစ်လိုက်ရတာရှိသလို၊ ဆေးသုတ်သလို သွပ်ရည်ကို သတ္တုပစ္စည်းမှာ သုပ်လိမ်းပေးရတာမျိုးလည်းရှိတယ်။ ဆေးသုတ်သလို သုတ်လမ်းပေးတယ်ဆိုပေမယ့်လည်း သူ့ လုပ်ဆောင်ပုံက ‘Barrier Protection’ ဖြစ်မသွားပါဘူး။ ‘Cathodic Protection’ ပါပဲ။ အရည်ထဲ နှစ်လိုက်ရတာကို Hot Galvanizing လို့ခေါ်ပြီး၊ ဆေးသုတ်သလို လိမ်းပေးရတာကို Cold Galvanizing လို့ခေါ်တယ်။

Marine and Offshore Industry မှာတော့ Hot Galvanizing ၊ Cold Galvanizing နှစ်မျိုးလုံးသုံးတယ်။ တကယ်က အဲသည် နှစ်မျိုးထဲရှိတာမဟုတ်ဘူး သတ္ထုကိုအပူပေးပြီး zinc အငွေ့တွေကိုပျံ့နှံ့စိမ့်ဝင်စေတဲ့ Sherardizing ဆိုတာမျိုးလည်းရှိသေးတယ်။ Structure အကြီး ကြီးတွေကျတော့ အဲတာမျိုးက လုပ်ဖို့မဖြစ်နိုင်တော့ဘူး။ စက်ပစ္စည်းအစိတ်အပိုင်းအသေးစားလေးတွေမှာတော့ သုံးတယ်လို့ မှတ်သားဖူးတယ်။

New Class of Sketchup------------------    --------  -----------------အချိန်              - မနက် ၉ နာရီ မှာ ၁၁ နာရီနွေရက...
27/05/2019

New Class of Sketchup
------------------ -------- -----------------

အချိန် - မနက် ၉ နာရီ မှာ ၁၁ နာရီ

နွေရက် - စနေ တနင်္ဂနွေ

စမည့်နေ့/ရက် - 01.06.2019

သင်တန်းကာလ - ၃လ

သင်တန်းကြေး - ၁သိန်း ၈သောင်း

Modelling ကို အခြေခံ က စသင်ရမှာဖြစ်ပြီး ၁ထပ်တိုက် ၂ ထပ်တိုက် Projectများကို ရေးဆွဲရမှာဖြစ်ပါတယ်

Vray rendering ကိုလည်း သင်ယူရမှာဖြစ်ပြီး Interior နှင့် Exterior render အကြောင်းကို သင်ယူရမှာပါ

ဒါအပြင် Photoshop post production အပိုင်းကိုလည်း တွဲဖက်သင်ကြားရမှာပါ

ယခု Batchအတွက် အထူး အစီအစဉ် အနေနဲ့ Lumion Basicကိုပါ သင်ကြားပေးပါမယ်

သင်တန်းကို တစ်ဦးချင်းကို အာရုံစိုက်သင်ကြားပေးမှာမို့
သင်တန်းသား ၅ ယောက်ပဲ ခေါ်ယူသွားမှာမို့ ယခုပဲ စာရင်းပေးသွင်းကြဖို့ တိုက်တွန်းပါရစေ

Course အကြောင်းအသေးစိတ်မေးမြန်းလိုပါက
ကိုထက်မြတ်စိုး 09691486649
စာရင်းပေးသွင်းလိုပါက
ကိုချမ်းငြိမ်း 09793590104

I-Beams [Fundamental Facts]ပုံစံနှင့် ထုတ်လုပ်တဲ့နိုင်ငံပေါ်မူတည်ပြီး I-Beam, H-Beam, UC (Universal Column), W Beam (Wide...
18/05/2019

I-Beams [Fundamental Facts]

ပုံစံနှင့် ထုတ်လုပ်တဲ့နိုင်ငံပေါ်မူတည်ပြီး I-Beam, H-Beam, UC (Universal Column), W Beam (Wide Fl**ge), Rolled Steel Joist (RSJ), Double T စသည်ဖြင့် အမျိုးမျိုးရှိပေမယ့် ဒီနေရာမှာ လွယ်လွယ်ကူကူ I-Beam လို့ပဲသုံးပါမယ်။

I-Beam တစ်ချောင်းမှာ အလယ်က Web က Shear Force ကိုခုခံပေးပြီး၊ အပေါ်နှင့် အောက် Fl**ge နှစ်ခုကတော့ Bending Moment ကို ခုခံပေးပါတယ်။

Structure တစ်ခုမှာ Bending Stress အများဆုံးခံရမယ့် နေရာတွေမှာ I-Beam ကို အသုံးပြုပါတယ်။
Bending Stress ဟာ Beam ရဲ့ Natural Axis မှာအနည်းဆုံးဖြစ်ပြီး အစွန်းနှစ်ဘက်မှာ အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် Bending Stress ကိုခံရမယ့် Beam တွေမှာ Natural Axis နေရာမှာ material အသားနည်းပြီး အစွန်းရောက်လေလေ material အသားများလေလေဖြစ်ဖို့လိုပါတယ်။ ဒါကြောင့် I-Beam ပုံစံဟာ အသင့်တော်ဆုံးဖြစ်ပါတယ်။

I-Beam ကို Fl**ge အပေါ်တည့်တည့်ကနေသက်ရောက်မယ့် Load တွေအတွက်သာ သင့်လျော်ပြီး ဘေးတိုက် Load များအတွက်ဆိုလျှင် Section Modulus နည်းသွားတဲ့အတွက် အသုံးပြုဖို့မသင့်တော်ပါဘူး။ အပေါ်တည့်တည့်ကနေရော၊ ဘေးတိုက်ကော တစ်ပြိုင်နက်ကျရောက်ပြီး Torsion ဖြစ်သွားနိုင်တဲ့ အခြေအနေမျိုးမှာဆိုရင်တော့ Hollow Section တွေကို အသုံးပြုသင့်ပါတယ်။

Address

Kant Kaw Myaing 1st Street, Thuwana
Yangon

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

+959459196096

Website

Alerts

Be the first to know and let us send you an email when Essence Engineering Training Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Essence Engineering Training Center:

Shortcuts

Share

Category