M.T.S Preschool

M.T.S Preschool pre school

02/01/2026
Kitchen room...Clinic room...Construction room..Designer room.
01/01/2026

Kitchen room...Clinic room...Construction room..Designer room.

14/12/2025

နိဗ္ဗာန် ဈေးပွဲတော်သွားကြမယ်

Happy mother day
05/07/2025

Happy mother day

05/07/2025

Water cycle project

"မူကြိုကျောင်းစစ်စစ်  နှင့် မူကြိုဆရာမစစ်စစ် "မူကြိုကျောင်းပါ ။စာရေးသင်တဲ့ကျောင်းမဟုတ်ပါဘူး။၃နှစ်က​​နေစတင်တဲ့ဒီမူကြိုအရွ...
04/07/2025

"မူကြိုကျောင်းစစ်စစ် နှင့် မူကြိုဆရာမစစ်စစ် "

မူကြိုကျောင်းပါ ။
စာရေးသင်တဲ့ကျောင်းမဟုတ်ပါဘူး။၃
နှစ်က​​နေစတင်တဲ့ဒီမူကြိုအရွယ်ကလေးငယ်လေးတွေရဲ့
မသန်မာသေးတဲ့လက်ကလေးတွေကို
ခဲတံကိုင်ပြီး စာမရေးခိုင်းကြပါနဲ့
ရေးနိုင်တဲ့အနေအထားရောက်ရင်
အရေးသင်ပေးမှာပါ။

နုနယ်တဲ့ ဦးနှောက်လေးတွေဟာ
အရာရာကို သင်ယူဖို့အဆင်သင့်ဖြစ်နေပြီး
သင်လွယ်တတ်လွယ်ကြတယ်ဆိုတိုင်း
မတန်တဆ စာတွေ ရိုက်သွင်းပြည့်သိပ်နေဖို့မဟုတ်ပါဘူး။

မူကြိုကလေးငယ်တို့မည်သည်
ဘဝတစ်လျှောက်လုံးအတွက်
သိပ်ကိုအရေးကြီးတဲ့
အခြေခံကောင်းတွေကို အုတ်မြစ်ချပေးရမဲ့
အရွယ်လေးတွေ ဖြစ်ပါတယ်။

အဲ့ဒါဆို ကျွန်မတို့ ဒီကလေးလေးတွေကို
ဘာတွေသင်ပေးကြမလဲ?

မွေးစမှစပြီး ဒီအရွယ်လေးတွေအထိဟာ
မိဘတွေနဲ့သာ​နေလာခဲ့ရတဲ့သူတို့လေးတွေကို
အပြင်ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေဟာလဲ
ကိုယ့်ရဲ့ မိဘတွေလိုပဲ
ကိုယ့်ကို ချစ်တဲ့လူတွေရှိနေကြောင်းသိအောင်လုပ်ပေးရပါမယ်။

သူတို့လေးတွေရဲ့ ပထမဆုံးအတွေ့အကြုံဖြစ်တဲ့
ပတ်ဝန်းကျင်အသစ်မှာတွေ့ရမဲ့
မူကြိုဆရာမလေးတွေကနေရရှိတဲ့
ချစ်ခြင်းမေတ္တာတွေကတဆင့် သိရှိခံစားနိုင်ရပါမယ် ။

ကလေးတွေကို ဟန်ဆောင်ပြီးချစ်လို့မရပါဘူး။
သူတို့လေးတွေဟာ သူတို့အပေါ်တကယ်ချစ်မချစ်ဆိုတာကို
နှလုံးသားကနေ ခွဲခြားသိမြင်နိုင်တဲ့မွေးရာပါ စွမ်းအားတွေရတာမို့
ကလေးတွေအပေါ် ဟန်ဆောင်ပြီးတောင် ချစ်ဟန်ပြလို့မရပါဘူး ။
မခွဲခြား​ကြပဲ တန်းတူ ချစ်ပေးရပါမယ်။
အရေးမကြီးသလိုနဲ့ သိပ်ကိုအရေးကြီးတဲ့အရာပါ
မျက်နာလိုက်တတ်သော ဆရာမများမဖြစ်ဖို့ အထူးသတိပြုရပါမယ်။

ပန်းကလေးတွေ
တိရစ္တာန်လေးတွေ
စမ်းချောင်းလေးတွေ
တေးသီချင်းလေးတွေ
ငှက်ကလေးတွေနဲ့အတူ
သဘာဝပတ်ဝန်းကျင်ကို ချစ်တတ်အောင် သင်ရပါမယ်။

မြန်မာ အင်္ဂလိပ်သင်္ချာ သိပ္ပံ လူမူရေး ဘာသာရပ်
အခြေခံတွေကို သိရှိနားလည်ထားအောင်
ဘာသာစကားအခြေခံတွေသိရှိ တတ်မြောက်အောင်

အကောင်းမြင်တတ်အောင်
ပူးပေါင်းဆောင်ရွက်တတ်အောင်
ဝေမျှတတ်အောင်
ကိုယ်ချင်းစာတတ်အောင်
ကိုယ့်အားကိုယ် ကိုးတတ်အောင်
ခေါင်းဆောင်နိုင်စွမ်းရှိသော
ရဲရင့်သောကလေးတွေဖြစ်အောင်
စိတ်ထားနူ့ညံ့သိမ်မွေ့အောင်
ဇွဲလုံ့လ ဝီရိယရှိအောင်
စည်းကမ်းရှိအောင်
ကျန်းမာရေးအသိရှိအောင်
ခုအရွယ်တည်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်အောင်
သူတစ်ပါးကို ကူညီတတ်အောင် သင်ပေးကြရပါမယ်။

ဘယ်လိုတွေသင်ကြမလဲ???

နုနယ်တဲ့နှလုံးသားလေးတွေနဲ့လိုက်တဲ့
ကဗျာလေးတွေဆိုရင်း
တေးသီချင်းလေးတွေနဲ့ကခုန်ရင်း
အရောင်လေးတွေ ပုံလေးတွေဆွဲရင်း
ကောင်းမွန်တဲ့ပညာပေးပုံပြင်လေးတွေ ဖန်တီးရင်း ဖတ်ပြပြောပြရင်း
လက်မှုလေးတွေလုပ်ရင်း
ဘာသာရေးစာပေလေးတွေ ကဗျာလေးတွေ သင်ပေးရင်း
ဗုဒ္ဓအဆုံးအမစာပေလေးတွေကို
သူတို့ဉာဏ်နဲ့နိုင်သလောက်လေး ပြောပြရင်း
လက်ချောင်းလေးတွေ သန်မာဖို့အတွက်
အမျိုးစုံသောနည်းတွေနဲ့ လေ့ကျင့်ပေးရင်း
ပျော်စရာကစားနည်းတွေဆော့ရင်းကနေ
ဦးနှောက်လေးတွေ ဖွံ့ဖြိုးစေရင်း.... အစရှိတဲ့
ECCDနည်းပညာရပ်တွေကို လက်တွေ့အသုံးချပြီး
စနစ်တကျပြုစုပျိုးထောင်ပေးရင်း
ကျွန်မတို့ ကလေးလေးတွေအတွက်
ကျန်းမာပျော်ရွှင် ဉာဏ်အမြော်အမြင်ရှိတဲ့ ဘဝလေးတွေကို
ဒီမူကြိုကျောင်းတွေကနေ စတင်ပေးကြမယ်ဆိုရင်
နောင်တစ်ချိန် လူကြီးလေးတွေ ဖြစ်လာကြမဲ့
ဒီကလေးငယ်လေးတွေဟာ တန်ဖိုးရှိသော
နိုင်ငံ့သားကောင်း သမီးကောင်း ရတနာလေးတွေ ဖြစ်လာကြမှာပါရှင်။

ဒါကြောင့်
မူကြိုအရွယ်ကလေးငယ်လေးတွေရဲ့
နှစ်ခါပြန်မရတဲ့ ကလေးဘဝလေးတွေကို
ဘာဖိအားမှမပေးကြပဲ
လွတ်လွတ်လပ်လပ် ပျော်ရွှင်ခွင့်ပေးရင်း
မူကြိုကျောင်းစစ်စစ်တွေမှာသာ
နေခွင့်ပေးကြပါ။

အရွယ်မတိုင်ခင် စာရေးခိုင်းခြင်း
ဖတ်ခိုင်းစေခြင်းတွေကို
ECCDအသိပညာမရှိသော မိဘများရဲ့
အလိုကိုမလိုက် အကြိုက်ကိုမဆောင်သော
ကလေးအကျိုးကိုဆောင်သော
မူကြိုဆရာမစစ်စစ်များသာ ဖြစ်ကြပါစေ။

စာရေးမသင်လို့ ကျောင်းပြောင်းသွားကြတဲ့အခါမှာလဲ
စိတ်ဓာတ်ကျပြီး စိုးရိမ်နေစရာမလိုပဲ
ကိုယ်နဲ့လက်လှမ်းမှီရာ
ကလေးတွေရဲ့အကျိုးကိုသာတွေးပြီးဆောင်ရွက်ပါ
မူကြိုဆရာမစစ်စစ်အနေနဲ့
မူကြိုပညာရေးအမှန်အကန်ကိုသာ ဆက်၍ပေးပါ။

ကလေးတွေအပေါ်အမှန်တကယ်ချစ်နိုင်မှ
မူကြိုဆရာမ-လုပ်ပါ။
ကလေးအညစ်အကြေးမရွံရှာပဲ
ချေးကျုံး သေးသုတ် အန်ဖတ်ကျုံးပြီး
ကလေးတွေအပေါ် စေတနာအရင်းခံပြီး
အနစ်နာခံနိုင်မှ မူကြိုဆရာမလုပ်ပါ။

နောက်ဆုံး... ဒီကလေးတွေနဲ့နေရတဲ့
မူကြိုဆရာမအလုပ်ကိုသာ
နှစ်ရှည်လများ တစ်ဘဝစာလုံးလုပ်မယ်လို့ ရည်ရွယ်ကာမှ
မူကြိုဆရာမလုပ်ပါ ။

ကလေးတကယ်ချစ်တတ်ပြီး
ဝါသနာအရင်းခံစိတ် တကယ်ရှိမှ
မူကြိုဆရာမလုပ်ပါ။

ဒီကလေးတွေအတွက်
ကိုယ်ပိုင်အချိန်တွေကိုရင်းနှီးပေးပြီး
စဉ်ဆက်မပြတ်လေ့လာသင်ယူနိုင်မှ
မူကြိုဆရာမ လုပ်ပါ။

ဘယ်သူမွေးမွေး ကိုယ့်ကလေးဆိုတဲ့ စိတ်ထားနိုင်အောင် ကြိုးစားပါ။

ကျွန်မတို့မူကြိုဆရာမတွေရဲ့တာဝန်က
ကလေးတွေရဲ့ ဒုတိယမိခင်တွေအနေနဲ့
တပျော်တပါးကြီး ကြိုးစားပေးပြီး
နွေးထွေးတဲ့မေတ္တာတွေနဲ့ ပျိူးထောင်ပေးကြရမှာပါ။

Crd:

24/03/2025
24/03/2025

၂-၃နှစ်အရွယ် ကလေးလေးတွေရဲ့ မေမေတွေ ဘွားဘွားတွေ အုပ်ထိန်းသူတွေဆီက အမြဲကြားတဲ့ အသံရှိတယ်။

အရမ်း ဂျီကျတာပဲ၊ အရမ်း ဆိုးလာတယ်၊ ပြောရင် နားမထောင်ဘူး စတာတွေပေါ့

ဒီလိုအရွယ် ကလေးလေးတွေ ဘာလို့ ပြောင်းလဲ လာရတာလဲဆိုတဲ့ အဖြေကတော့ သဘာဝကြောင့်ပါ
ဒါ ဖြစ်ကိုဖြစ်ရမယ့် အဆင့်မို့လို့ ကလေးအပေါ် ဒေါသထွက်တာမျိူး၊ ကလေးက အရမ်းဆိုးနေပြီလို့ တံဆိပ်တပ်တာမျိူးကို ရှောင်ကြဉ်ရမယ်

ပိစိကွေးဘဝက ကျွေးရာစားတယ်၊ ထားရာနေတယ်ဆိုပေမယ့် အခုအချိန်မှာတော့ သူတို့စိတ်ခံစားမှူလေးတွေ ရှိလာတယ်။
မကြိုက်ဘူး၊ ကြိုက်တယ်၊ စားချင်တယ်၊ မဝတ်ချင်ဘူး ဒါမျိူးတွေဖြစ်လာတဲ့အတွက် လူကြီးနဲ့ ဆန့်ကျင်ဘက် လိုက်လုပ်သလို ဖြစ်လာတတ်တယ်

ဒီလိုအရွယ်မှာ အကောင်းဆုံး ဖြေရှင်းနည်းကတော့ စိတ်ရှည်ခြင်းပါပဲ
သူ ဂျီကျနေမယ် အော်ဟစ်နေမယ်ဆိုရင်လည်း ကိုယ်က လိုက်ဒေါသမထွက်ပဲ ဖက်ထားပေးတာမျိူး ကြင်နာနွေးထွေးမှုပေးပြီး စိတ်ငြိမ်သွားအောင် အရင် လုပ်သင့်တယ်

၃နှစ်အရွယ်လေးတွေမှာ ဒါမျိူးတွေ ဖြစ်လာပြီဆိုရင် ပြောသင့်တဲ့ မပြောသင့်တဲ့ စကားလေးတွေလည်း ရှိပါတယ်

❌ ပြန်ရိုက်နေတာ ရပ်စမ်း

ကလေးက တခုခု စိတ်ဆိုးရင် အုပ်ထိန်းသူကို ပြန်ရိုက်တာ ပြန်လုပ်တာမျိူး ရှိလာတတ်တယ်။ ဒါမျိူးဖြစ်ရင် ရပ်စမ်းလို့ အမိန့်ပေးအော်ဟစ်မယ့်အစား " သားဘာဖြစ်လို့လဲ သမီး ဘာလိုချင်တာလဲ စိတ်ဆိုးရင် ဒီလိုမလု့်ရဘူးဆိုပြီး ဖက်ထားပေးပါ" ဖက်ထားဆိုတဲ့ နေရာမှာလည်း အတင်းကလေး မကြိုက်အောင် ဖက်တာမျိူးကို ဆိုလိုတာမဟုတ်ပါဘူး။ သူ့စိတ်လေး Calm Down ဖြစ်သွားဖို့ နွေးထွေးမှု ပေးခိုင်းတာပါ။ သူ စိတ်ဆိုးတိုင်း ဒီလို နူးညံ့တဲ့ အပြုအမူလေးပြပေးပါ။ ကောင်းကျိူး တခု တွေ့ရပါလိမ့်မယ်

❌ ပါးစပ် ပိတ်ထား
ဒီစကားဟာ ကလေး သေးသေးလေးတွေအတွက် အရမ်း ရက်စက်တဲ့ စကားလုံးပါ။ ကလေးတွေမှာလည်း စိတ်ခံစားချက်ရှိပါတယ်။ ဒါကို ထုတ်ဖော်မပြခိုင်းပဲ ဒေါသတကြီး ပါးစပ်ပိတ်ထားလို့ပြောတာဟာ ကလေးရဲ့ မိမိကိုယ်ကို ယုံကြည်ချက် လျော့နည်းစေသလို ကြောက်ရွံစိတ် ဝင်တတ်ပါတယ်။ ကလေးတွေမှာ အီတဲ့အချိန်ရှိပါတယ်။ ကလေးက အော်ဟစ်နေရင် သူပြောချင်တာ ဘာလဲဆိုတာ နားထောင်ပေးလိုက်ပါ။ ပြီးရင် ဒါလား ဟိုဟာလား မေးကြည့်ပါ။ အကယ်လို့ မှန်သွားပြီဆိုရင် နောက်တခါ အော်မပြောရကြောင်း ဒါ လိုချင်ရင် လိုချင်ပါတယ် ဖြေးဖြေးပြောရင် ရတယ်ဆိုတဲ့ အကြောင်း နားလည်အောင်ပြောပြပါ။ အီနေရင် စကားကို ကောင်းကောင်းမပြောပြရင် လူကြီးက နားမလည်ကြောင်း ရှင်းပြပေးပါ။ ကလေးတွေကို လျော့မတွက်ပါနဲ့နော်။ သူတို့ဟာ လူကြီး ပြောတဲ့စကားကို နားလည်နိုင်တဲ့ စွမ်းရည်ရှိပါတယ်။

❌ မဝယ်ပေးဘူး
ပစ္စည်းတွေ အရမ်း ပူဆာတတ်တဲ့ အရွယ်ရောက်နေတဲ့ အခိုက်အတန့်မှာ မဝယ်ပေးဘူးဆိုတဲ့ စကားကိုပဲ ပြောနေရင် ပို ဂျစ်ကျပါလိမ့်မယ်။ ဆိုင်တဆိုင်ရောက်ပြီ။ သူနဲ့ မတည့်တဲ့ အရာတခုကို စားချင်ပြီဆိုရင် မစားရဘူးဆိုတာကြီးပဲ မပြောပါနဲ့။ ဘာလို့ မစားရတာလဲ အရင်ပြောပြပါ။ ပြီးရင် အဲ့ဒီ့ဟာအစား ဘယ်ဟာဝယ်ကျွေးမယ် ဝယ်ပေးမယ်ဆိုတာကိုပါ ပြောပြပါ။ ပြောလို့မရဘူး ငိုနေရင်တော့ ငိုခွင့်ပေးလိုက်ပါ။ တခါတရံ သူ့ကို ဖက်ထားပြီး ငိုခွင့်ပေးလိုက်တာဟာ ငါ ငိုပြလည်း မရနိုင်ဘူးဆိုတာကို သိစေမှာပါ

❌ စိတ်မကောက်နဲ့
ဒီအရွယ် ကလေးတွေဖြစ်တတ်တာ ရှိပါသေးတယ်။ မေ့မေ့ကို မချစ်တော့ဘူးဆိုတာမျိူးလေ၊
အဲဒီလိုပြောရင်ကလေးကို ဘာလို့ ပြောရတာလဲဆိုပြီး ဒေါသမထွက်ပါနဲ့။ စိတ်ဆိုးတာ စိတ်ကောက်တာ မချစ်ဘူးဆိုတာ ရတယ် ဖြစ်လို့ရတယ်။ မချစ်ချင်တဲ့ အချိန် ရှိခွင့်ပေးလိုက်ပါ။ ပြီးရင်တော့ ဘာကို မကျေနပ်လို့ ဒီလိုပြောတာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖို့ကတော့ လူကြီးအလုပ်ပါ။ သူ့ကို ဂရုမစိုက်လို့ ပြောတာမျိူးလည်းဖြစ်နိုင်လို့ ကိုယ့်အပြစ်ကိုလည်း ရှာပါ

❌ ဒါကို မယူရဘူး
ဒါကတော့ မောင်နှမရှိတဲ့အိမ်တွေမှာ ဖြစ်ပါတယ်။ ပစ္စည်း လုတာမျိူးပါ။ ဒီလိုဖြစ်ပြီဆိုရင် ပထမဆုံးပြောရမှာပါ ဒီပစ္စည်းဟာ ဘယ်သူ့ ပစ္စည်းလဲဆိုတာကိုပါ။ သူများအိမ်သွားလို့ လျှောက်ကိုင်ရင်လည်း ဒါကတော့ ဘယ်သူ့ပစ္စည်းဆိုတာမျိူး အရင် ရှင်းပြပါ။ ပြီးမှ သူများပစ္စည်းမို့လို့ ယူလို့မရဘူး။ ကိုင်လို့ မရဘူး။ ဒါအစား ဘာတော့ ပေးမယ်ဆိုပြီး သဘောတူညီချက် ရယူပါ

❌ ကစားလို့မရဘူး
တခါတလေ ဖြစ်တတ်ပါတယ်။ ကိုယ်က သွားရတော့မယ့် အချိန်ကပ်နေပြီ သူလေးက ဆော့ကောင်းတုန်းလေ။ ဒါမျိူးဖြစ်ရင် မကစားနဲ့တော့ ထ ထ ဆိုပြီး မဆူငေါက်ပါနဲ့။ သွားပြီး ပြန်လာရင် ဘာတွေကစားကြမယ်ဆိုတာကို ပြောရင်းနဲ့ သူ့ကို ခေါ်ပါ။ အခုတော့ ဒါတွေ ခဏသိမ်းထားပြီး ဘယ်အရင်သွားရမယ်။ သွားရင်လည်း ဘာတွေ တွေ့မယ်ဆိုတာကို ပြောရင်းနဲ့မှ စည်းရုံးပေးပါ

ဒီအပေါ်က အချက်တွေအားလုံးဟာ ပြောရတာလွယ်သလောက် လုပ်ရ အရမ်းခက်တာ အမေတိုင်း သိပါတယ်
တခါတည်းနဲ့ မရဘူးဆိုတာလည်း အသိပေးပါမယ်
အကြိမ်ကြိမ် ကြိုးစားပြီး ကိုယ့် ဒေါသကိုလျော့ပြီး ကလေးကို စည်းရုံးကြည့်ပါ
ထူးခြားတာတွေ့ရမှာပါ
ကိုယ့်ကလေးမှ ဒီလိုဖြစ်တာမဟုတ်ပဲ ဖြစ်သင့်တဲ့ အရွယ်မို့ ဖြစ်တယ်ဆိုတာ အမြဲ သတိရပါ
ကိုယ်ဒေါသထွက်ပြီး ရိုက်နှက်လည်း ပြသနာက မပြီးသွားပဲ ကလေးရဲ့ ဉာဏ်ရည်တိုးတတ်မှု၊ ဖန်တီးနိုင်စွမ်း၊ စူးစမ်းချင်စိတ် ဒါတွေ လျော့ကျစေနိုင်လို့ အထူး သတိထားရမယ့် အရွယ်ဖြစ်ပါတယ်
အရေးကြီးတာက ကလေးတွေရဲ့ အနီးကပ် မိဘဟာ Good Listener ဖြစ်ဖို့ အရေးကြီးပါတယ်
ကလေးရဲ့ စိတ်ခံစားချက်တွေကို ဖော်ပြတဲ့အချိန်မှာ မပိတ်ပင်ပဲ စကားလုံးအမှန်ကို ရွေးချယ်ပြီး သင်ပေးပါ
သူပြောချင်တာကိုလည်း နားထောင်ပေးပါ

မိသားစုတိုင်း ကျန်းမာရွှင်လန်းကြပါစေ 🙏

Credit - Khine Zin Lae
(Her likes page)

ပုံက​တော့ moraအ​​မေရင်တုန်ရတဲ့ပုံ​​ပေါ့😄😄

Address

8 Street A, Yuzana Garden City, Dagon Seikkan
Yangon

Telephone

+959775445390

Website

Alerts

Be the first to know and let us send you an email when M.T.S Preschool posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to M.T.S Preschool:

Shortcuts

Share

Category