22/11/2025
🌟 လေးစားစွာဖိတ်ကြားအပ်ပါတယ်။ 🌟
"Textiles Product Showcase & Community Gathering"
တန်ဖိုးရှိတဲ့ ဖန်တီးမှုတွေ၊ အထည်အလိပ်ကမ္ဘာရဲ့ အလှအပတွေကို တစ်နေရာတည်းမှာ တွေ့မြင်နိုင်စေမဲ့ မြန်မာ့အထည်အလိပ်စျေးရောင်းပွဲတော်ကို လာရောက်လည်ပတ်ရင်း လေ့လာဖို့ ဖိတ်ခေါ်ပါရစေ။
အထည်အလိပ်ကို ချစ်မြတ်နိုးသူ၊ တီထွင်ဖန်တီးသူ၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ အရည်အသွေးမြှင့် ထုတ်ကုန်များကို ကြိုက်နှစ်သက်သူတို့အတွက် တစ်နေရာတည်းမှာ လာရောက် လေ့လာဝယ်ယူနိုင်မဲ့ အခွင့်အလမ်းတစ်ခု ဖြစ်တဲ့ မြန်မာ့အထည်အလိပ်စျေးရောင်းပွဲတော်ကိုတော့ Impact Hub Yangon နဲ့ ASK မှ ပူးပေါင်းပြီး ကျင်းပတာပဲဖြစ်ပါတယ်။
✨ဖန်တီးမှုအပြည့်အဝ ထုတ်လုပ်ထားတဲ့ အထည်အလိပ်ထုတ်ကုန် ပြသမှုတွေ
🤝ဒေသတွင်း အရည်အသွေးမြင့် လက်မှုပညာရှင်များ၊ တီထွင်ဖန်တီးသူတွေနဲ့ တွေ့ဆုံခွင့်
📸 မိတ်ဆွေတွေနဲ့ အတူ လည်ပတ်ရင်း အမှတ်တရ ဓာတ်ပုံရိုက်ရင်း
🛍️ဒေသတွင်းအထည်အလိပ် ဖန်တီးရှင်တွေရဲ့ ထွက်ကုန်တွေကို ဝယ်ယူအားပေးနိုင်မှာပဲဖြစ်ပါတယ်။
📅 နေ့ရက်: (၂၉) ရက်နေ့ နိုဝင်ဘာလ ၂၀၂၅ ခုနှစ်
🕒အချိန်: နံနက် (၁၀) နာရီ မှ ညနေ (၀၄) နာရီ အထိ
📍နေရာ: ဝန်ကြီးများရုံး (Victoria Meeting Room 1&2)
မိတ်ဆွေများ လာရောက် လေ့လာ လည်ပတ်ရန် ဖိတ်ခေါ်အပ်ပါတယ်!