Mobile Ayeyarwaddy HR

Mobile Ayeyarwaddy HR

Share

Join our Mobile Ayeyarwaddy Team to get Achievement ဘဝတလျောက်လေ့လာသင်ယူခဲ့သော အသိပညာများကို ပြန်လည်မျှဝေသွားရန်

16/05/2026

🔥 အလုပ်လိုချင်သူတွေ မကြည့်မဖြစ် Post!

😩 လစာတိုးချင်လား?
😔 အလုပ်မှာတိုးတက်မှုမရှိဘူးလား?
👉 ဒါဆို မိုဘိုင်းဧရာဝတီမှာ Join လုပ်လိုက်ပါ!



🚀 လက်ရှိ အလုပ်ခေါ်နေပါသည် — (Limited Vacancy)

📍 ဟင်္သာတဆိုင်ခွဲ

✔ Office Staff – 1
✔ Cashier – 1
✔ Phone အရောင်းဝန်ထမ်း – 2

📍 မြောင်းမြဆိုင်ခွဲ

✔ Page Admin – 1
✔ Delivery – 1
✔ Spare Parts အရောင်းဝန်ထမ်း – 2

📍 ပုသိမ်ဆိုင်ခွဲ

✔ Cashier – 1
✔ Spare Parts အရောင်းဝန်ထမ်း – 2
✔ Phone အရောင်းဝန်ထမ်း – 2
✔ Accessories အရောင်းဝန်ထမ်း – 2


🔥 ဘာတွေလိုအပ်လဲ?
• ပညာအရည်အချင်း အထက်တန်းအဆင့် (သို့) ဘွဲ့ရဖြစ်ရမည်။
• ဆက်ဆံရေးကောင်းမွန်ပြီး ဝန်ဆောင်မှုစိတ်ဓါတ်ရှိသူ ဖြစ်ရမည်။
• သက်ဆိုင်ရာ မြို့နယ်တွင်း နေထိုင်သူ ဦးစားပေးမည်။
• နယ်မှဝန်ထမ်းများအတွက် အဆောင်နှင့်စားစရိတ် စီစဉ်ပေးမည်။

⭐ "မိုဘိုင်းဧရာဝတီ" နဲ့ လက်တွဲခြင်းဖြင့် ဘာတွေ သေချာပေါက် ရရှိမလဲ?
* ခိုင်မာတဲ့ အလုပ်အကိုင် အာမခံချက် (Job Security): မတည်ငြိမ်တဲ့ ဈေးကွက်ထဲမှာ သင့်အတွက် တည်ငြိမ်တဲ့ အလုပ်အကိုင်တစ်ခုကို ကျွန်တော်တို့က အာမခံပါတယ်။
* သင်ရဲ့ အတွေ့အကြုံ၊ အရည်အချင်းနဲ့ ထိုက်တန်တဲ့ လစာ: သင် ပင်ပန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို တန်ဖိုးထားပြီး ထိုက်တန်တဲ့ လစာကို ပေးအပ်သွားမှာပါ။
* စွမ်းဆောင်ရည်အလိုက် ရရှိမယ့် ဆုကြေး (Bonus) နှင့် မက်လုံးများ: သင် ကြိုးစားသလောက် အသိအမှတ်ပြုမယ့် ဆုကြေးနဲ့ ခံစားခွင့်တွေ အမြဲရှိနေပါတယ်။
* အဆက်မပြတ် သင်ယူတိုးတက်ခွင့် (Training & Development): လုပ်ငန်းခွင်အတွက် လိုအပ်သော သင်တန်းများ၊ မိမိကိုယ်ကို ဖွံ့ဖြိုးတိုးတက်စေမည့် အခွင့်အလမ်းများ အပြည့်အဝ ရရှိပါမည်။
* အကောင်းဆုံး Team Culture: အချင်းချင်း ကူညီရိုင်းပင်းပြီး အောင်မြင်မှုကို အတူတကွ တည်ဆောက်တဲ့ မိသားစုဆန်တဲ့ လုပ်ငန်းခွင်တစ်ခုကို ပိုင်ဆိုင်စေရမှာပါ။
* ရေရှည်အတွက် ရာထူးတိုးတက်မှု အခွင့်အလမ်းများ (Career Path): ရေရှည်လက်တွဲပြီး မိမိအနာဂတ်ကို ပုံဖော်နိုင်မယ့် အခွင့်အလမ်းများစွာ ရှိပါတယ်။

👇 လျှောက်လွှာတင်ဖို့ ဒီကိုနှိပ်ပါ 👇
https://forms.gle/QinYCWPrEoQ2vdcm7
လျှောက်လွှာပိတ်ရက်: မေလ (၂၅) ရက်၊ ၂၀၂၆

လျှောက်လွှာများအားလုံးကို စီစစ်ပြီး၊ ရွေးချယ်ခံရသူများကို အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။

#မိုဘိုင်းဧရာဝတီနဲ့အတူတိုးတက်ပါ #အလုပ်ခေါ်စာ

04/05/2026

“Real Business Automation ကို End-to-End တည်ဆောက်နိုင်မည့် rare opportunity”

မိုဘိုင်းဧရာဝတီ (Mobile Ayeyarwaddy) ၏ လက်ရှိ Manual လုပ်ဆောင်နေရသော လုပ်ငန်းစဉ် (Workflows) များကို ခေတ်မီ Automation စနစ်သို့ အဆင့်မြှင့်တင်ရန်အတွက် စိတ်အားထက်သန်ပြီး အရည်အချင်းရှိသည့် n8n Automation Expert တစ်ဦးကို ဖိတ်ခေါ်အပ်ပါသည်။



🌟 ဤရာထူးကို လျှောက်ထားခြင်းဖြင့် ရရှိမည့် အကျိုးကျေးဇူးများ

IT Engineer တစ်ဦးလည်းဖြစ်၊ Business Coach တစ်ဦးလည်းဖြစ်သည့်အပြင် အောင်မြင်သော မိုဘိုင်းဧရာဝတီလုပ်ငန်း၏ Managing Director (MD) ကိုယ်တိုင်၏ တိုက်ရိုက်လမ်းညွှန်မှုအောက်တွင် လုပ်ကိုင်ရမည်ဖြစ်သဖြင့်

• Technological Skills သာမက Business Logic ပိုင်းဆိုင်ရာ အတွေ့အကြုံကောင်းများ ရရှိခြင်း
• လုပ်ငန်းလည်ပတ်မှုစနစ်တစ်ခုလုံးကို Automation ပြောင်းလဲရသည့် Real-world Experience ရရှိခြင်း
• Professional Network နှင့် နည်းပညာပိုင်းဆိုင်ရာ Vision အသစ်များ ရရှိခြင်း



✅ လိုအပ်ချက်နှင့် အရည်အချင်းများ

• Skill: n8n automation tool ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်သူဖြစ်ရမည်
• Professionalism: လုပ်ငန်းခွင် စည်းစနစ်ကျပြီး Professional ဆန်စွာ လုပ်ကိုင်နိုင်သူဖြစ်ရမည်
• Work Ethic: ကိုယ်ကျင့်တရား ကောင်းမွန်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အလုပ်လုပ်နိုင်သူဖြစ်ရမည်
• Learning Mindset: လုပ်ငန်းအသစ်နှင့် နည်းပညာအသစ်များကို အမြဲလေ့လာလိုစိတ်ရှိရမည်



📝 အလုပ်အကိုင် အသေးစိတ်

• ရာထူး: Automation Expert (1 Position)
• အမျိုးအစား: Project-Based (စီမံကိန်းအခြေခံ)
• နေရာ: Work From Home (အိမ်မှနေ၍ အလုပ်လုပ်နိုင်သည်)
• လစာ: ညှိနှိုင်းနိုင်ပါသည်



📩 လျှောက်ထားရန်

မိမိ၏ အရည်အချင်းများကို အကောင်းဆုံး ဖော်ပြထားသည့် CV Form ကို 09790162624 (Viber) နံပါတ်သို့
ပေးပို့လျှောက်ထားနိုင်ပါသည်။



“ကျွန်ုပ်တို့နှင့်အတူ နည်းပညာဖြင့် လုပ်ငန်းများကို ပိုမိုစွမ်းဆောင်ရည်မြင့်မားအောင် (Digital Transformation) အတူတူ ဖန်တီးတည်ဆောက်ကြပါစို့။”

Automation Projects with Htay Hlaing Oo
Mobile Ayeyarwaddy

02/04/2026

📜 ကံကြမ္မာက သင့်အတွက် အလုပ်အကိုင်တစ်ခု ဖန်တီးထားပြီးသားဖြစ်နိုင်ပါတယ်

ဘဝမှာ တိုးတက်ချင်တဲ့ အခွင့်အရေးတွေဟာ
တခါတလေ အချိန်တန်မှသာ ရောက်လာတတ်ပါတယ်။

✨ ဒီအခွင့်အရေးကို မလွတ်ပါနဲ့ —
မိုဘိုင်းဧရာဝတီ မှာ သင့်အတွက် နေရာရှိပါတယ်။



🏢 လက်ရှိ ခေါ်ယူနေသောရာထူးများ

📍 ဟင်္သာတဆိုင်ခွဲ
• Office Staff – 1
• Cashier – 1
• Phone အရောင်းဝန်ထမ်း – 2

📍 ရန်ကုန်ရုံးချုပ်
• Office Staff – 2
• Warehouse Helper – 1
• Spare Parts အရောင်းဝန်ထမ်း – 1

📍 ပုသိမ်ဆိုင်ခွဲ
• Cashier – 1
• Spare Parts အရောင်းဝန်ထမ်း – 1



🌟 လိုအပ်သော အရည်အချင်းများ

• အထက်တန်းအဆင့် (သို့) ဘွဲ့ရ
• ဆက်ဆံရေးကောင်းမွန်ပြီး ဝန်ဆောင်မှုစိတ်ရှိသူ
• တာဝန်ယူမှုရှိပြီး သင်ယူလိုစိတ်ရှိသူ
• သက်ဆိုင်ရာမြို့နယ်နေသူ ဦးစားပေး

🏠 နယ်ဝန်ထမ်းများအတွက် အဆောင်နှင့် စားစရိတ် စီစဉ်ပေးပါသည်။



💼 မိုဘိုင်းဧရာဝတီနှင့် လက်တွဲလျှင်…

✔ တည်ငြိမ်သော အလုပ်အကိုင်
✔ အတွေ့အကြုံနှင့် ကိုက်ညီသော လစာ
✔ စွမ်းဆောင်ရည်အလိုက် Bonus & Incentive
✔ သင်ယူတိုးတက်နိုင်သော Training များ
✔ မိသားစုဆန်သော Team Culture
✔ ရေရှည် Career Path အခွင့်အလမ်းများ



📩 လျှောက်ထားရန်
👉 https://forms.gle/QinYCWPrEoQ2vdcm7

⏳ လျှောက်လွှာပိတ်ရက် – ဧပရယ် (၁၀) ရက်၊ ၂၀၂၆

ရွေးချယ်ခံရသူများကို အမြန်ဆုံး ပြန်လည်ဆက်သွယ်ပေးပါမည်။



🔮 အခွင့်အရေးတွေဟာ တခါတလေ တစ်ကြိမ်သာလာတတ်ပါတယ်…
👉 ဒီတစ်ခါက သင့်အတွက်ဖြစ်နိုင်ပါတယ်။



#အလုပ်ခေါ်စာ #မိုဘိုင်းဧရာဝတီ

Photos from Mobile Ayeyarwaddy HR's post 24/02/2026

"ဆုပေးပွဲရဲ့ အငွေ့အသက်တွေအပြီးမှာတော့...

အားလုံး စောင့်မျှော်နေတဲ့ အမိုက်စား Party ညချမ်းလေး

စတင်ပါပြီ 🖤✨…….

All Black Theme နဲ့ တစ်ယောက်တစ်မျိုး စတိုင်ကျနေကြတဲ့

Mobile Ayeyarwaddy မိသားစုဝင်တွေကို ကြည့်ရတာ

တကယ့်ကို လှပခန့်ညားနေခဲ့ပါတယ်

ဒီညမှာတော့ ရုံးက ယူနီဖောင်းတွေကို ချွတ်ထားခဲ့ပြီး

အလန်းဆုံး ဖက်ရှင်တွေနဲ့ ပွဲထွက်လာကြတာပါ😎

(ဆိုင်မှာတွေ့ရခဲပါတယ် 🤪)

အရသာရှိတဲ့ Gala Dinner ကို အတူတူ သုံးဆောင်ရင်း...

ROH Music Band ရဲ့ သီချင်းတွေနဲ့အတူ အားရပါးရ

လိုက်ဆိုကြ၊ ပြီးတော့ ညဉ့်နက်လာတဲ့အခါ

DJ ရဲ့ မြူးကြွတဲ့ တီးလုံးတွေအောက်မှာ

အလုပ်ဖိအားတွေ အကုန်မေ့ပြီး အဝ ကခုန်ခဲ့ကြတဲ့

ဒီညချမ်းလေးကတော့ တကယ့်ကို ပြီးပြည့်စုံတဲ့

ညတစ်ညပါပဲ 🎸🎧💃

တစ်နှစ်တာလုံး ပင်ပန်းခဲ့သမျှတွေကို ဒီကမ်းခြေမှာ၊

ဒီညမှာ အကုန်လုံး ရိုက်ချိုး ဖြေချလိုက်ကြတာပါ

MA မိသားစုဝင်တွေ ဘယ်လောက်တောင် ပျော်တတ်လဲ၊

ဘယ်လောက်တောင် ဂွတ်ရှယ် ကတတ်လဲဆိုတာ...

ပုံလေးတွေထဲမှာ အတူတူ လိုက်ပါ ခံစားကြည့်လိုက်ပါဦးနော် ….. 🥂🔥

(ကိုယ့်ရဲ့ အလန်းဆုံး ပို့စ်တွေ၊ အမိုက်ဆုံး ကွက်တွေ ပါခဲ့ရင် Tag တွဲသွားဖို့ မမေ့နဲ့နော်!)

"

Photos from Mobile Ayeyarwaddy HR's post 23/02/2026

"ကြိုးစားမှုတိုင်းအတွက် ထိုက်တန်တဲ့ အသိအမှတ်ပြုမှုတွေနဲ့အတူ... အခမ်းနားဆုံး ဖြတ်သန်းခဲ့တဲ့

Mobile Ayeyarwaddy ရဲ့ 'Grand Award Ceremony & Gala Dinner' ညချမ်း 🏆🖤✨

၂၀၂၅ ခုနှစ် တစ်နှစ်တာလုံး... စိန်ခေါ်မှုတွေ၊ အခက်အခဲ

တွေကြားကနေ ကုမ္ပဏီရဲ့ တိုးတက်မှုအတွက် ကိုယ်စွမ်း

ဉာဏ်စွမ်းရှိသမျှ ပေးဆပ်ကြိုးစားခဲ့ကြတဲ့ မိသားစုဝင်တွေ

ကို ထိုက်တန်စွာ ဂုဏ်ပြုချီးမြှင့်တဲ့ ညတစ်ည ဖြစ်ပါတယ်။

All Black (အနက်ရောင်) ဝတ်စုံတွေနဲ့ လှပခမ်းနားနေတဲ့

ဒီညချမ်းလေးမှာ...

သက်ဆိုင်ရာ ကဏ္ဍအသီးသီးကနေ အကောင်းဆုံး

စွမ်းဆောင်နိုင်ခဲ့ကြတဲ့ ထူးချွန်ဝန်ထမ်းများအတွက်

ဆုပေါင်း (၂၉) ဆု ကို ဂုဏ်ယူစွာ ပေးအပ်ချီးမြှင့်နိုင်ခဲ့ပါတယ်

အထူးသဖြင့် ကုမ္ပဏီရဲ့ စံချိန်တင်အောင်မြင်မှုတွေအတွက်

ရှေ့ဆောင်လမ်းပြပေးခဲ့ကြတဲ့ Director ကြီးများကိုလည်း

ကျပ်သိန်း (၁၃၀) နှင့် (၁၂၀) Bonus များအပြင်

(၂၀) ရက်တာ တရုတ်ပြည် အပန်းဖြေခရီးစဉ်ကြီး

ကိုပါ ချီးမြှင့်နိုင်ခဲ့ပါတယ် ✈️💼

ဒီဆုတွေဟာ ဂဏန်းပမာဏတွေ၊ ဆုကြေးငွေတွေထက်...

သူတို့ရဲ့ မဆုတ်မနစ်တဲ့ ဇွဲလုံ့လတွေ၊ ကုမ္ပဏီအပေါ်ထားရှိ

တဲ့ သစ္စာတရားတွေအတွက် "Mobile Ayeyarwaddy ရဲ့

လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်စကား" ပဲ ဖြစ်ပါတယ်

ဒီထက်မကတဲ့ အောင်မြင်မှုတွေဆီကို ၂၀၂၆ မှာလည်း

အတူတူ ဆက်လက် လျှောက်လှမ်းကြမယ်...

MA မိသားစုတို့ရေ...!! 🚀

ဆုရရှိသွားကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို

အထူးပဲ ဂုဏ်ယူဝမ်းမြောက်ကြောင်း

မှတ်တမ်းတင်အပ်ပါတယ်

"

Photos from Mobile Ayeyarwaddy HR's post 23/02/2026

"တစ်ယောက်တည်း ကြိုးစားတာထက်၊ အားလုံး အတူတူ လက်တွဲကြိုးစားတဲ့အခါ ရလာတဲ့ ခွန်အားက ပိုပြီး ကြီးမားပါတယ် 💪🔥

Game activity များ အပိုင်း(၂) ဇာတ်သိမ်း ပါ 🤭…..

Mobile Ayeyarwaddy ရဲ့ ဒုတိယနေ့မနက်ခင်း

Team Building လှုပ်ရှားမှုတွေမှာတော့...

ငွေဆောင်ကမ်းခြေရဲ့ သဲသောင်ပြင်ပေါ်မှာ MA မိသားစုရဲ့

စည်းလုံးညီညွတ်မှု စွမ်းအင်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်

သာမန် ဂိမ်းကစားပွဲတွေထက် ပိုခဲ့တာကတော့...

✅ အခက်အခဲတစ်ခုကြုံလာတိုင်း အချင်းချင်း တိုင်ပင်ပြီး အဖြေရှာတတ်တဲ့ (Problem Solving) စွမ်းရည်တွေ

✅ ရှေ့ကလူ မောနေချိန်မှာ နောက်ကလူက ဝင်ရောက် အားဖြည့်ပေးတတ်တဲ့ (Supportive Mindset) တွေ

✅ ပြီးတော့ ပြိုင်ပွဲပြီးတဲ့အခါ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အတူတကွ ရယ်မော ဂုဏ်ပြုတတ်တဲ့ (Sportsmanship) စိတ်ဓာတ်တွေကို အထင်အရှား မြင်တွေ့ခဲ့ရတာပါပဲ

ဒီအမှတ်တရတွေဟာ ကမ်းခြေမှာပဲ ကျန်ရစ်ခဲ့မှာ မဟုတ်ပါဘူး

လာမယ့် လုပ်ငန်းခွင် စိန်ခေါ်မှုတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားတွေအဖြစ်ရှိနေမှာပါ

နေပူပူအောက်မှာ အစွမ်းကုန် တက်ကြွခဲ့ကြတဲ့ MA ရဲ့ Team member တစ်ယောက်ချင်းစီတိုင်းကို ဂုဏ်ယူပါတယ်နော်

(ပုံတွေထဲမှာ ကိုယ့်ပုံပါရင် Tag တွဲဖို့ မမေ့ကြနဲ့နော်)

Spirit

Photos from Mobile Ayeyarwaddy HR's post 22/02/2026

"တစ်ယောက်တည်း ကြိုးစားတာထက်၊ အားလုံး အတူတူ လက်တွဲကြိုးစားတဲ့အခါ ရလာတဲ့ ခွန်အားက ပိုပြီး ကြီးမားပါတယ် 💪🔥

Game activity များ အပိုင်း(၁) ပါ …..

Mobile Ayeyarwaddy ရဲ့ ဒုတိယနေ့မနက်ခင်း

Team Building လှုပ်ရှားမှုတွေမှာတော့...

ငွေဆောင်ကမ်းခြေရဲ့ သဲသောင်ပြင်ပေါ်မှာ MA မိသားစုရဲ့

စည်းလုံးညီညွတ်မှု စွမ်းအင်တွေ မြင်တွေ့ရမှာဖြစ်ပါတယ်

သာမန် ဂိမ်းကစားပွဲတွေထက် ပိုခဲ့တာကတော့...

✅ အခက်အခဲတစ်ခုကြုံလာတိုင်း အချင်းချင်း တိုင်ပင်ပြီး အဖြေရှာတတ်တဲ့ (Problem Solving) စွမ်းရည်တွေ

✅ ရှေ့ကလူ မောနေချိန်မှာ နောက်ကလူက ဝင်ရောက် အားဖြည့်ပေးတတ်တဲ့ (Supportive Mindset) တွေ

✅ ပြီးတော့ ပြိုင်ပွဲပြီးတဲ့အခါ ရှုံးသည်ဖြစ်စေ၊ နိုင်သည်ဖြစ်စေ အတူတကွ ရယ်မော ဂုဏ်ပြုတတ်တဲ့ (Sportsmanship) စိတ်ဓာတ်တွေကို အထင်အရှား မြင်တွေ့ခဲ့ရတာပါပဲ

ဒီအမှတ်တရတွေဟာ ကမ်းခြေမှာပဲ ကျန်ရစ်ခဲ့မှာ မဟုတ်ပါဘူး

လာမယ့် လုပ်ငန်းခွင် စိန်ခေါ်မှုတွေအတွက် အဖိုးမဖြတ်နိုင်တဲ့ ခွန်အားတွေအဖြစ်ရှိနေမှာပါ

နေပူပူအောက်မှာ အစွမ်းကုန် တက်ကြွခဲ့ကြတဲ့ MA ရဲ့ Team member တစ်ယောက်ချင်းစီတိုင်းကို ဂုဏ်ယူပါတယ်နော်

(ပုံတွေထဲမှာ ကိုယ့်ပုံပါရင် Tag တွဲဖို့ မမေ့ကြနဲ့နော်)

Spirit

Photos from Mobile Ayeyarwaddy HR's post 22/02/2026

"အလုပ်ရဲ့ ဖိအားတွေအားလုံးကို ပင်လယ်ထဲ

မျှောချလိုက်ပြီး... အဖြူရောင်ညချမ်းလေးမှာ

လွတ်လပ်ပေါ့ပါးစွာ ဆင်နွှဲခဲ့ကြတဲ့ Mobile Ayeyarwaddy

မိသားစု 🤍🌊

တစ်နှစ်ပတ်လုံး မမောမပန်း အကောင်းဆုံး ကြိုးစားပေးခဲ့

ကြတဲ့ ဝန်ထမ်းတွေအတွက် သီးသန့်ဖန်တီးပေးခဲ့တဲ့

ငွေဆောင်ကမ်းခြေက 'White Party' ညချမ်းလေး ဖြစ်ပါတယ်။

အမြဲအလုပ်များနေတတ်တဲ့ MA မိသားစု

ဝင်တွေဟာ ဒီညမှာတော့ ရာထူးတာဝန်တွေ ဘေးချိတ်ပြီး

ညီအစ်ကို မောင်နှမတွေလို တက်တက်ကြွကြွနဲ့ ပျော်ရွှင်ခဲ့ကြပါတယ်။

လှပတဲ့ ကမ်းခြေလေနုအေးရယ်၊ ROH Music Band နဲ့

DJ ရဲ့ တေးဂီတသံစဉ်တွေရယ်၊ ပြီးတော့ အားလုံးရဲ့

မျက်နှာပေါ်က အပြုံးတွေရယ် ပေါင်းစပ်လိုက်တဲ့အခါ

တကယ့်ကို အမောပြေစေတဲ့ ညတစ်ည ဖြစ်ခဲ့ပါတယ်

အဖြူရောင်လေးတွေနဲ့ ဘယ်လောက်တောင် လင်းလက်ပြီး

လှပနေကြလဲဆိုတာ ပုံလေးတွေထဲမှာ အတူတူ ကြည့်လိုက်ကြပါဦးနော် ….

🥂✨

မနက်ဖြန်တွေမှာလည်း Team Building လှုပ်ရှားမှုတွေနဲ့

Award Ceremony ညစာစားပွဲပုံရိပ်တွေကို ဆက်လက်

ဝေမျှပေးသွားဦးမှာမို့ စောင့်မျှော်အားပေးကြပါဦးနော်

"

18/03/2025

Happy birthday မမ ဒေါက်တာအေမီကိုကို မွေးနေ့မှ စပီး ကျန်းမာချမ်းသာစွာနဲ့ ချစ်ရတဲ့ မိသားစုနှင့်အတူ ပျော်ပျော်ရွှင်ရွှင်နေနိုင်ပါစေလို့ တပည့်များ 🤭🤭🤭🤭 အားလုံးမှ ဆုတောင်းပေးလ်ုက်ပါတယ်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Corner Of Yuzana Street And Sapal Street, Beside Yuzana Plaza, Tamwe Township
Yangon
11212

Opening Hours

Monday 08:00 - 20:00
Tuesday 08:00 - 20:00
Wednesday 08:00 - 20:00
Thursday 08:00 - 20:00
Friday 08:00 - 20:00
Saturday 08:00 - 20:00
Sunday 08:00 - 20:00