18/08/2026
FEG College နှင့် MPTA တို့ ပူးပေါင်းဆောင်ရွက်၍ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချခဲ့သော Building Wiring Installation သင်တန်း (အပတ်စဉ် ၅) ၏ ကျွမ်းကျင်မှုစစ်ဆေးအကဲဖြတ်ခြင်း Summative Assessment (Knowledge & Practical) ကို FEG Vocational College ၏ NSSA Assessment Center တွင် အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့ပါတယ်။
အဆိုပါ Assessment တွင် သင်တန်းသားများ၏ Building Wiring Installation နှင့်ပတ်သက်သော အခြေခံအသိပညာများအပြင် လုပ်ငန်းခွင်တွင် အမှန်တကယ်အသုံးချနိုင်ရန် လိုအပ်သည့် လက်တွေ့ကျွမ်းကျင်မှုများ၊ Wiring Accessories များကို မှန်ကန်စွာအသုံးပြုနိုင်မှု၊ Wiring Installation ပြုလုပ်နိုင်မှု၊ Electrical Testing & Measurement နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်နိုင်မှု တို့ကို စနစ်တကျ စစ်ဆေးအကဲဖြတ်ခဲ့ပါတယ်။
FEG ၏ မူဝါဒနှင့်အညီ အကျိုးအမြတ်ကို အဓိကထားခြင်းမရှိဘဲ လူငယ်များအနေဖြင့် မိမိတို့နှင့် ကိုက်ညီသင့်လျော်သော သက်မွေးပညာရပ်များကို လေ့လာသင်ယူနိုင်ပြီး လုပ်ငန်းခွင်ဝင်ရောက်ရာတွင် အမှန်တကယ်အသုံးချနိုင်မည့် အသိပညာ၊ အတတ်ပညာနှင့် လက်တွေ့ကျွမ်းကျင်မှုများ ရရှိစေရန် အစဉ်တစိုက် ပံ့ပိုးပေးလျက်ရှိပါတယ်။
သင်တန်းကာလတစ်လျှောက် သင်ယူလိုစိတ်အပြည့်ဖြင့် ကြိုးစားအားထုတ်ခဲ့ကြပြီး Assessment အတွင်း သင်ယူခဲ့သမျှကို မိမိတို့၏ လက်တွေ့ကျွမ်းကျင်မှုများဖြင့် အကောင်းဆုံးပြသခဲ့ကြသော Building Wiring Installation သင်တန်း အပတ်စဉ် ၅ သင်တန်းသားများအားလုံးကိုလည်း FEG College မှ ဂုဏ်ယူစွာ မှတ်တမ်းတင်အပ်ပါတယ်။
လူငယ်များအနေဖြင့် ယခုရရှိခဲ့သော အသိပညာနှင့် လက်တွေ့ကျွမ်းကျင်မှုများကို အခြေခံ၍ မိမိတို့၏ အနာဂတ်အလုပ်အကိုင်လမ်းကြောင်းများတွင် ဆက်လက်တိုးတက်အောင်မြင်ပြီး ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဘဝအောင်မြင်မှုများ ရရှိပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ⚡👷♂️👷♀️
FEG College
🌐 Website – www.fegedumm.com
☎️ ဖုန်း – ၀၉ ၇၉၅ ၉၂၆ ၂၅၅
🏠 သင်တန်းကျောင်းလိပ်စာ – ၃၈လမ်း၊ စျေးပလာဇာ၊ ဒုတိယထပ်၊ ဆိပ်ကမ်းသာလမ်း၊ ဗိုလ်ချုပ်လမ်းနှင့် အနော်ရထာလမ်းကြား၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။