21/06/2026
Very/Really တွေချည်းပဲ သုံးနေရင် Band 6 မှာတင် ရပ်နေလိမ့်မယ်!
ဒီ အဆင့်မြင့် စကားလုံးတွေနဲ့ ပြောင်းလဲ သုံးနှုန်းလိုက်ပါ ✨🚀
IELTS Writing Task 2 မှာတင်မကဘဲ Speaking မှာပါ ကိုယ့်ရဲ့ အရေးအသားနဲ့ အပြောကို ပိုမို ဆွဲဆောင်မှုရှိစေဖို့ အခြေခံ စကားလုံးတွေကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ရပါမယ်။ စာမေးပွဲစစ်သူ (Examiner) တွေ သဘောကျပြီး ရမှတ်ကို Band 8-9 အထိ ဆွဲတင်ပေးမယ့် Vocabulary အပြောင်းအလဲတွေကို အတူတူ လေ့လာကြည့်ရအောင်။
၁။ "Very" အစား ပြောင်းသုံးရန် (Adverbs of Scale)
Very ➔ Extremely (အလွန်အမင်း)
Very ➔ Exceptionally (ထူးထူးခြားခြား)
Very ➔ Remarkably (မှတ်လောက်ရလောက်အောင်)
Very ➔ Tremendously (ကြီးကြီးမားမား)
Example: The new policy is remarkably effective in reducing urban pollution.
၂။ "Really" အစား ပြောင်းသုံးရန် (Adverbs of Certainty)
Really ➔ Genuinely (စစ်မှန်စွာ)
Really ➔ Truly (အမှန်တကယ်)
Really ➔ Indeed (ဧကန်မလွဲ)
Really ➔ Undoubtedlly (သံသယဖြစ်ဖွယ်မရှိဘဲ)
Example: Investing in education is undoubtedly the best strategy for long-term growth.
၃။ "A lot of" အစား ပြောင်းသုံးရန် (Quantifiers of Abundance)
A lot of ➔ A great deal of (အမြောက်အမြား - Uncountable noun နှင့်တွဲသုံးရန်)
A lot of ➔ Numerous (မြောက်မြားစွာသော)
A lot of ➔ Countless (ရေတွက်မရနိုင်သော)
A lot of ➔ An abundance of (ပေါကြွယ်ဝလှသော)
Example: There are numerous factors contributing to climate change today.
IELTS Vocabulary မှာ အမှတ်ကောင်းဖို့ဆိုတာ ခက်ခဲနက်နဲလွန်းတဲ့ စကားလုံးဆန်းကြီးတွေ သုံးဖို့ မဟုတ်ပါဘူး။ မိမိတို့ နေ့စဉ်သုံးနေကျ အခြေခံ စကားလုံးလေးတွေကိုပဲ နေရာမှန်မှန်နဲ့ ပိုမိုထိရောက် တိကျတဲ့ Academic Synonym လေးတွေနဲ့ အစားထိုးတတ်ဖို့ပဲ ဖြစ်ပါတယ်။ အပေါ်က စကားလုံးလေးတွေကို စမ်းသုံးပြီး ကိုယ်ပိုင် ဝါကျလေးတွေ တည်ဆောက်ကြည့်ပါဦးနော်။
✨ အင်္ဂလိပ်စာ စွမ်းရည်ကို သာမန်ထက် ပိုမိုစုံလင်ဆန်းသစ်ပြီး၊ စာမေးပွဲမှာပါ စနစ်တကျနဲ့ Band မြင့်မြင့် ရရှိနိုင်မယ့် နည်းဗျူဟာတွေအတိုင်း လေ့လာချင်တယ်ဆိုရင်တော့...
🎯 IELTS by Mica 🔗 Achieve Your Band Score!ကို follow လေးလည်း လုပ်ထားကြပါဦး။