20/08/2026
✨ 𝐂𝐞𝐥𝐞𝐛𝐫𝐚𝐭𝐢𝐧𝐠 𝐀𝐜𝐚𝐝𝐞𝐦𝐢𝐜 𝐄𝐱𝐜𝐞𝐥𝐥𝐞𝐧𝐜𝐞: 𝟏𝟑 𝐆𝐨𝐥𝐝 𝐀𝐰𝐚𝐫𝐝𝐬 𝐢𝐧 𝐌𝐚𝐲/𝐉𝐮𝐧𝐞 𝟐𝟎𝟐𝟔 𝐈𝐆𝐂𝐒𝐄! ✨
ယခုနှစ် Pearson Edexcel International GCSE (May/June 2026 Series) စာမေးပွဲကြီးမှာ YECC ရဲ့ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၃၈) ဦး ဝင်ရောက်ဖြေဆိုခဲ့တဲ့အထဲကနေ ဂုဏ်ယူဖွယ်ရာ Gold Award (Outstanding Award) ဆွတ်ခူးရရှိခဲ့တဲ့ ထူးချွန်ကျောင်းသား (၁၃) ဦးအထိ ထွက်ပေါ်လာခဲ့ပြီဆိုတဲ့ သတင်းကောင်းလေးကို ဝမ်းမြောက်စွာ မျှဝေလိုက်ပါတယ်ရှင်။ 🥇🎓
ဒါဟာ ဝင်ရောက်ဖြေဆိုသူ စုစုပေါင်းရဲ 34% ဟာ အမြင့်ဆုံးဆုဖြစ်တဲ့ Gold Award ကို ဆွတ်ခူးရရှိခဲ့တာဖြစ်လို့ YECC အတွက်တော့ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူရတဲ့ အခိုက်အတန့်လေးပဲ ဖြစ်ပါတယ်ရှင်။ 🌟📈
အောင်မြင်မှုဆိုတာ တခဏတာ စိတ်အားထက်သန်မှုထက် နေ့စဉ်မပြတ် ကြိုးစားအားထုတ်တဲ့ စည်းကမ်းချက်တွေနဲ့ လက်တွေ့အကောင်အထည်ဖော်မှုတွေကြောင့်သာ ရရှိလာတာဖြစ်ပါတယ်။ (၂) နှစ်တာ IGCSE ခရီးစဉ်တစ်လျှောက်လုံးမှာ ပင်ပန်းမှုတွေကို ကြံ့ကြံ့ခံပြီး အကောင်းဆုံး ကြိုးစားခဲ့ကြတဲ့ ကလေးတွေရဲ့ ဇွဲ၊ လုံ့လတွေကတော့ ဒီနေ့မှာ အထိုက်တန်ဆုံးသော ရလဒ်တွေအဖြစ် ပြောင်းလဲသွားခဲ့ပြီပဲ ဖြစ်ပါတယ်။ 🌟
ဒီလို ထူးချွန်ပြောင်မြောက်တဲ့ ရလဒ်တွေရရှိအောင် အားသွန်ခွန်စိုက် သင်ကြားပြသပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမတွေနဲ့ နောက်ကွယ်ကနေ အကောင်းဆုံး ပံ့ပိုးပေးခဲ့ကြတဲ့ မိဘများအားလုံးကိုလည်း YECC မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ်ရှင်။ 👏💙
Huge congratulations to all our incredible students! Your consistency and discipline have truly paid off. Out of 38 candidates, seeing 13 of you—an impressive 34% of our total participants—achieve the prestigious Gold Award is a massive testament to your hard work. We are immensely proud of your achievements and look forward to seeing you reach even greater heights in your academic journey. Keep pushing forward and making us proud! 🚀✨
School Address 📍 : No(10A), Pyi Taw Aye Street, Pyi Thar Yar Quarter, Bauk Htaw, Yankin Tsp, Yangon.
Yangon Education Creation Corner (YECC)
“A door to success”
📞 (+95) 9 5147118