သီတဂူစတား

သီတဂူစတား

Share

“သီတဂူစတား” အားပေးသူများကို အထူးကေ?

22/08/2026

မြေငလျင်ကြောင့် ပျက်စီးနေတဲ့ စေတီ၊ မည်သည့် အလှူရှင် မရောက်သေးတဲ့နေရာ ရောက်ခဲ့

19/08/2026

သီတဂူဆရာတော်ကြီး၏
သက်တော် ၉၀-ပြည့်
နဝရတ်ရတုအတွက် ဓမ္မအသံ မဂ္ဂဇင်းမှာ
ပူဇော်လိုသော အသိပညာရှင်များထံ
စာမူတောင်းခံပါသည်။

19/08/2026
Photos from သီတဂူစတား's post 18/08/2026

သီတဂူဆရာတော်ဘုရားကြီး ရုရှား နိုင်ငံတကာ အစည်းဝေးတက် မိန့်ခွန်းပြော
(၁၈-၈-၂၀၂၆)
*****
သီတဂူဆရာတော်ဘုရားကြီးသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ တုဝပြည်နယ်၊ ကာဆာမြို့၌ ကျင်းပသည့် (၄) ကြိမ်မြောက် နိုင်ငံတကာအစည်းအဝေးသို့ အထူးဧည့်သည်တော်အဖြစ် ဖိတ်ကြားခံရသဖြင့် ကြွရောက်ခဲ့သည်။

ယနေ့ ဖွင့်ပွဲအခမ်းအနား၌ ရုရှားအစိုးရ တာဝန်ရှိသူများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် နိုင်ငံတကာမှ ကြွရောက်လာသည့် ဧည့်သည် (၁,၀၀၀) ကျော် ရှေ့မှောက်တွင် ထေရဝါဒပိဋကတ်လာ "ခေါင်းဆောင်ကောင်းတို့၏ အင်္ဂါရပ်" ဖြစ်သော ပါရမီ (၁၀) ပါးအကြောင်းကို အထူးမိန့်ခွန်းအဖြစ် မြွက်ကြားခဲ့သည်။

အထူးမိန့်ခွန်းပြောကြားအပြီးတွင် ဆရာတော်
ဘုရားကြီးက တုဝပြည်နယ် ဝန်ကြီးချုပ်အား ဗုဒ္ဓရုပ်ပွားတော်တစ်ဆူကို အမှတ်တရလက်ဆောင်အဖြစ် ပေးခဲ့သည်။

Photos from သီတဂူစတား's post 16/08/2026

ကျေးဇူးရှင် သီတဂူဆရာတော်ဘုရားကြီး မော်စကိုမြို့ သီတဂူဗုဒ္ဓဝိဟာရကျောင်း၌ သီတင်းသုံးနေထိုင်စဉ် ရုရှားလူမျိုး ဗုဒ္ဓဘာသာဝင်များ လာရောက်ဖူးမြော်ကြပြီး တရားဓမ္မများ ဆွေးနွေးမေးမြန်းခဲ့ကြပါသည်။

ယနေ့ ညနေတွင် ဆရာတော်ဘုရားကြီးသည် ရုရှားဖက်ဒရယ်နိုင်ငံ၊ တူဗာ (Tuva) ပြည်နယ်၊ ကီးဇီး (Kyzyl) မြို့၌ ကျင်းပမည့် (၄) ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓဘာသာဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားမည် ဖြစ်ပါသည်။

15/08/2026

စာတမ်းဖတ်ပွဲကျင်းပခြင်း
💠💠💠💠💠💠💠💠
M.A SEMINAR (FIRST TERM)
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
၂၀၂၆-၂၀၂၇ ပညာသင်နှစ်
(M.A Buddhist Studies Course, 1st & 3rd Semester)

🏛️သက်ဆိုင်ရာ ဘာသာရပ် ဆရာများက ဘာသာရပ်အလိုက် ခေါင်းစဉ်များရွေးချယ်ပေး၍ (M.A 1st & 3rd Semester) ကျောင်းသား အသီးသီးတို့က စာတမ်းရေးသား တင်သွင်း ဖတ်ကြားကြသည်။
သီတဂူပါမောက္ခ၊ ကထိကများက ထိုစာတမ်းများကို စနစ်တကျ ဝေဖန် အကြံပြု စီစစ်ပေးကြသည်။
(အမေး+အဖြေကဏ္ဍများလည်းပါဝင်သည်)။
15/08/2026)
Photos by Ven.Indācariya (Sītagū)

15/08/2026

M.A Student’s First Seminar
*****
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်) ပထမအကြိမ် မဟာဝိဇ္ဇာ ကျောင်းသားများ စာတမ်းဖတ်ပွဲ ပြုလုပ်။
(၁၅-၈-၂၀၂၆)

Photos from သီတဂူစတား's post 14/08/2026

သီတဂူဆရာတော်ဘုရားကြီး ရုရှားသို့ သွားရောက်ပြီး
မော်စကို ရွှေစည်းခုံစေတီတော်မြတ်ကြီး ပြုပြင်ထိန်းသိမ်းရေး စစ်ဆေး
(မော်စကို၊ သြဂုတ် ၁၄)
*****
ရုရှားနိုင်ငံ၊ ကာလူဂါပြည်နယ်၊ ဘိုရော့ဗ်စကီးခရိုင်ရှိ Ethno-World (Etnomir) ယဉ်ကျေးမှုဥယျာဉ်အတွင်း တည်ထားကိုးကွယ်ထားသည့် မော်စကို ပုဂံ ရွှေစည်းခုံစေတီတော်မြတ်ကြီး ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေး လုပ်ငန်းများကို လုပ်ဆောင်နိုင်ရန် သီတဂူဆရာတော်ဘုရားကြီးသည် ယနေ့တွင် စေတီတော်ပရိဝုဏ်အတွင်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဆရာတော်ဘုရားကြီးသည် စေတီတော်မြတ်ကြီး၏ ရေရှည်ကြံ့ခိုင်မှု၊ ရာသီဥတုဒဏ်ကြောင့် ယိုယွင်းပျက်စီးနိုင်သည့် အစိတ်အပိုင်းများနှင့် ရင်ပြင်တော်၊ စေတီတော်အဆောက်အအုံ လိုအပ်ချက်များကို တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှု၍ ရေရှည်ခိုင်ခံ့အောင် ပြုပြင်မွမ်းမံရမည့် ကိစ္စရပ်များကို လမ်းညွှန် မိန့်ကြားခဲ့ပါသည်။

ထို့ပြင် သီတဂူဆရာတော်ဘုရားကြီးသည် Ethno-World ပြတိုက်အတွင်း ခင်းကျင်းပြသထားသည့် တိပိဋကဓရ မင်းကွန်းဆရာတော်ဘုရားကြီး၏ ရုပ်တုအပါအဝင် အာရှနှင့် အနောက်နိုင်ငံများမှ ထင်ပေါ်ကျော်ကြားသူများ၏ ရုပ်တု ပုံစံများကိုလည်း လေ့လာကြည့်ရှုခဲ့ပါသည်။

အဆိုပါ မော်စကို ရွှေစည်းခုံစေတီတော်ကြီးသည် မြန်မာ့ရိုးရာ လက်ရာစစ်စစ်ဖြင့် ရုရှားမြေတွင် ပထမဆုံး တည်ထားကိုးကွယ်ခဲ့သည့် သမိုင်းဝင် စေတီတော်တစ်ဆူဖြစ်ပြီး၊ မြန်မာ-ရုရှား နှစ်နိုင်ငံ သာသနာရေးနှင့် ယဉ်ကျေးမှု ချစ်ကြည်ရေး၏ သင်္ကေတတစ်ခုလည်း ဖြစ်ပါသည်။

ဆရာတော်ဘုရားကြီး၏ လမ်းညွှန်ချက်များနှင့်အညီ လိုအပ်သည့် ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကို အမြန်ဆုံး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

13/08/2026

B.A student’s Seminar (First time)
*****
သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (ရန်ကုန်)
ပထမဆုံးအကြိမ် ဘီအေတန်း စာတမ်းဖတ်ပွဲ
(၁၃-၈-၂၀၂၆)

Photos from သီတဂူစတား's post 11/08/2026

သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်နှင့် ရုရှားနိုင်ငံ ဗုဒ္ဓဘာသာ ပညာရေးနှင့် သုတေသန ဖောင်ဒေးရှင်းတို့ စာချုပ်လက်မှတ်ရေးထိုး
******
မြန်မာနိုင်ငံ၊ သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် (SIBA) နှင့် ရုရှားဖက်ဒရယ်နိုင်ငံ၊ ဗုဒ္ဓဘာသာ ပညာရေးနှင့် သုတေသန မြှင့်တင်ရေး ဖောင်ဒေးရှင်း (Foundation for the Promotion of Buddhist Education and Research) တို့အကြား ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက် စာချုပ် (Cooperation Agreement) ကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်နေ့တွင် မော်စကိုမြို့၌ အောင်မြင်စွာ လက်မှတ်ရေးထိုးခဲ့ကြပါသည်။

သဘောတူညီချက်၏ အဓိက ရည်ရွယ်ချက်များ
***
နှစ်ဘက်အဖွဲ့အစည်းများအကြား ဗုဒ္ဓဘာသာ စာပေ၊ သုတေသန၊ ပညာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကဏ္ဍများတွင် ပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုခိုင်မာစေရန်နှင့် အပြန်အလှန် နားလည်မှု တိုးတက်စေရန် ရည်ရွယ်ပါသည်။

ပါဝင်မည့် ပူးပေါင်းဆောင်ရွက်မှုများ

ဗုဒ္ဓဘာသာ ဒဿနိကဗေဒ၊ သမိုင်းနှင့် ကျင့်သုံးမှုများဆိုင်ရာ ကွန်ဖရင့်များ၊ ပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲများကျင်းပခြင်း။

သင်ကြားရေး ဆရာ၊ သုတေသီများနှင့် စီမံခန့်ခွဲသူများ အပြန်အလှန် လဲလှယ်၍ သင်တန်း ပို့ချခြင်းနှင့် သုတေသနပြုခြင်း။

ရှေးဟောင်း ဗုဒ္ဓဘာသာ စာပေများ၊ သမိုင်းဝင် နေရာများနှင့် ခေတ်ပြိုင် သင်ကြားမှုများဆိုင်ရာ ပူးတွဲ သုတေသနပြုခြင်းတို့ဖြစ်သည်။

အဆိုပါ စာချုပ်ကို သီတဂူဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ ကျေးဇူးရှင် သီတဂူဆရာတော်ကြီးနှင့် ရုရှားဖက်ဒရယ်နိုင်ငံ ဖောင်ဒေးရှင်းနှင့် ရုရှား State University အာရှရေးရာ ဥက္ကဋ္ဌ Mr. Alexey Maslov တို့က လက်မှတ်ရေးထိုးခဲ့ကြပြီး စာချုပ်၏ သက်တမ်းမှာ (၅) နှစ် ဖြစ်ကြောင်း သိရှိရပါသည်။

Sitagu International Buddhist Academy and the Russian Foundation for the Promotion of Buddhist Education and Research Sign Cooperative Agreement.
*****
On August 11, 2026, a mutual Cooperative Agreement was successfully signed in Moscow between the Sitagu International Buddhist Academy (SIBA) of Myanmar and the Foundation for the Promotion of Buddhist Education and Research of the Russian Federation.

Main Objectives of the Agreement

The agreement aims to strengthen academic cooperation and enhance mutual understanding between the two institutions in the fields of Buddhist literature, research, education, and culture.
Key Areas of Cooperation

Academic Events: Organizing conferences and academic seminars on Buddhist philosophy, history, and practice.

Exchanges: Conducting exchange programs for teaching staff, researchers, and administrators to facilitate lecturing and research.

Joint Research: Carrying out joint research on ancient Buddhist texts, historical sites, and contemporary teachings.

The agreement was signed by the Most Venerable Sitagu Sayadawgyi, the Chancellor of the Sitagu Buddhist Academies, and Mr. Alexey Maslov, President of the Russian Foundation and Asian Studies at a Russian State University. The contract is valid for a period of five (5) years.

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


Sitagu Buddhist Academy
Yangon
MMR