Take Your Time

Call Directions Website Contact the school

Take Your Time Youth Chances by Take Your Time ⏳
https://www.youtube.com/channel/UCX7HrkjFiwXyV6FN3QG0MGw A paradise for youth development and opportunities platform.

Sweden မှာ Master’s တက်ဖို့ စိတ်ကူးရှိလား? 🇸🇪 Tuition Fee ကို 100% Cover ပေးနိုင်တဲ့ KTH Scholarship 2027 ရှိပါတယ် 🎓Swed...
21/09/2026

Sweden မှာ Master’s တက်ဖို့ စိတ်ကူးရှိလား? 🇸🇪

Tuition Fee ကို 100% Cover ပေးနိုင်တဲ့ KTH Scholarship 2027 ရှိပါတယ် 🎓

Sweden နိုင်ငံရဲ့ နာမည်ကြီး တက္ကသိုလ်တစ်ခုဖြစ်တဲ့ KTH Royal Institute of Technology ကနေ International Students တွေအတွက် KTH Scholarship ကို နှစ်စဉ်ပေးအပ်နေတာပဲဖြစ်ပါတယ်။

ဒီ Scholarship ရဲ့ အားသာချက်ကတော့—

🎓 Master’s Programme ရဲ့ 1st Year + 2nd Year Tuition Fee ကို Cover ပေးမှာပါ။

ဒါပေမယ့် Scholarship က Living Cost ကို Cover မဖြစ်ပါဘူး။

ဒါဆို ဘယ်သူတွေ Apply လို့ရမလဲ? 👀

✅ Non-EU/EEA/EFTA နိုင်ငံသားဖြစ်ရပါမယ်
✅ KTH ကို First Priority အနေနဲ့ Apply လုပ်ထားရပါမယ်
✅ ကိုယ်ရွေးထားတဲ့ Master’s Programme ရဲ့ Admission Requirements တွေ ပြည့်မီရပါမယ်

2025 ခုနှစ်မှာ Scholarship လျှောက်ထားသူ 803 ယောက်ထဲက 65 ယောက်ပဲ Nomination ရခဲ့ပါတယ်။
အဲ့ဒါကြောင့် Academic Excellence က Selection မှာ အရေးကြီးတဲ့အချက်တစ်ခု ဖြစ်ပါတယ်။ 📚

📅 Scholarship Deadline - 15 January 2027

Master’s တက်ဖို့ စိတ်ကူးရှိပြီး Sweden ကို Target ထားထားတယ်ဆိုရင် အခုကတည်းက Programme ရွေးတာ၊ Academic Documents တွေပြင်တာနဲ့ Application Requirements တွေ စစ်ထားတာတွေ လုပ်ထားလိုက်တော့နော် ✨

Official website: https://www.kth.se/en/studies/master/general/scholarships/kth-scholarship-1.72827

Scholarship လျှောက်ရာမှာ လိုအပ်တဲ့စာရွက်စာတမ်းတွေ notary ပြန်မယ်ဆို TYT online notary service ကို သတိရလိုက်ပါခင်ဗျာ 💗။

https://www.facebook.com/TYTOnlineNotaryServices?mibextid=ZbWKwL



“When life gives you lemons, make lemonade.” 🍋ဘဝမှာ ကိုယ်မရွေးချယ်ခဲ့ရတဲ့အရာတွေ၊ မမျှော်လင့်ထားတဲ့အခက်အခဲတွေ ရှိလာတတ်တယ်...
19/09/2026

“When life gives you lemons, make lemonade.” 🍋

ဘဝမှာ ကိုယ်မရွေးချယ်ခဲ့ရတဲ့အရာတွေ၊ မမျှော်လင့်ထားတဲ့အခက်အခဲတွေ ရှိလာတတ်တယ်။

အဲ့ဒါတွေကို ပြောင်းလဲပစ်လို့မရရင်တောင်
အဲ့ဒါတွေကြားထဲက ကိုယ်ဘာလုပ်မလဲဆိုတာကိုတော့ ရွေးချယ်လို့ရတယ်။

ချဉ်တဲ့ Lemon ကို ဒီအတိုင်းမစားဘဲ Lemonade လုပ်သလို ဘဝပေးလာတဲ့အခက်အခဲတွေကိုလည်း ကိုယ့်အတွက် အတွေ့အကြုံ၊ သင်ခန်းစာနဲ့ ခွန်အားအဖြစ် ပြောင်းလဲလိုက်ပါ။

Life doesn’t always give you what you want.
But you can always choose what to make from it. 🍋

ဂျပန်နိုင်ငံမှာ Full Scholarship နဲ့ Master's Degree သွားတက်ချင်တဲ့ Timers တွေအတွက် အရမ်းမိုက်တဲ့ ADB–Japan Scholarship ...
18/09/2026

ဂျပန်နိုင်ငံမှာ Full Scholarship နဲ့ Master's Degree သွားတက်ချင်တဲ့ Timers တွေအတွက် အရမ်းမိုက်တဲ့ ADB–Japan Scholarship

ဘယ်သူတွေ လျှောက်လို့ရလဲ?

ADB အဖွဲ့ဝင်နိုင်ငံတွေက (မြန်မာနိုင်ငံအပါအဝင်) အရည်အချင်းပြည့်မီတဲ့ လူငယ်တွေ လျှောက်ထားနိုင်ပါတယ်။

ဦးစားပေးမှု - အမျိုးသမီး လျှောက်ထားသူတွေနဲ့ ငွေကြေးအခက်အခဲရှိတဲ့ သူတွေကို ပိုမိုဦးစားပေး စဉ်းစားပေးပါတယ်။

ပြန်လည်တာဝန်ထမ်းဆောင်ရန် - ပညာသင်ကာလ ပြီးဆုံးသွားတာနဲ့ မိမိနိုင်ငံကို ပြန်လာပြီး အနည်းဆုံး (၂) နှစ်ကြာ နိုင်ငံရဲ့ စီးပွားရေးနဲ့ လူမှုဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လည်အကျိုးပြုရမှာ ဖြစ်ပါတယ်။

📝 လျှောက်ထားမည့်ပုံစံ

IUJ ရဲ့ Online Application ဖောင်ကို ဖြည့်သွင်းတဲ့အခါ scholarship လျှောက်ထားတဲ့ အပိုင်း (Part 2) ကိုပါ သေချာတွဲပြီး ဖြည့်စွက်ပေးရမှာ ဖြစ်ပါတယ်။ IUJ ဘက်ကလည်း ဖြစ်နိုင်ခြေရှိတဲ့ scholarship အခွင့်အလမ်းတွေအတွက် အကောင်းဆုံး စဉ်းစားပေးသွားမှာပါ။

💡အကြံပြုချက်

ဒီ scholarship က အပြိုင်အဆိုင် အရမ်းများတာကြောင့် 1st Intake (သို့မဟုတ်) 2nd Intake မှာ အမြန်ဆုံး လျှောက်ထားဖို့ တိုက်တွန်းချင်ပါတယ်။ 3rd Intake မှာ လျှောက်မယ်ဆိုရင်တော့ Full Scholarship ရဖို့ အခွင့်အလမ်း အလွန်နည်းသွားနိုင်ပါတယ်။

1st Intake Deadlines: ဒီဇင်ဘာ ၁၀၊ ၂၀၂၆
2nd Intake Deadlines: ဖေဖော်ဝါရီ ၁၁၊ ၂၀၂၇

အသေးစိတ် အချက်အလက်တွေကိုတော့ ဒီလင့်ခ်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

Link: IUJ Admissions

Timers တို့အနေနဲ့ ဒီအခွင့်အလမ်းကြီးကို လက်လွတ်မခံဘဲ အကောင်းဆုံး ကြိုးစားလျှောက်လှမ်းနိုင်ကြပါစေလို့ Take Your Time က ဆုတောင်းပေးလိုက်ပါတယ်နော်။

📢 Online Notary Service လိုအပ်နေပါသလား?စာရွက်စာတမ်းများကို မြန်ဆန်၊ ယုံကြည်စိတ်ချရပြီး Professional ကျကျ ဆောင်ရွက်ပေးနေတ...
11/09/2026

📢 Online Notary Service လိုအပ်နေပါသလား?

စာရွက်စာတမ်းများကို မြန်ဆန်၊ ယုံကြည်စိတ်ချရပြီး Professional ကျကျ ဆောင်ရွက်ပေးနေတဲ့ Take Your Time - Education and Online Notary Services မှ ကြိုဆိုပါတယ်။

📌 TYT မှာ ဘာဝန်ဆောင်မှုတွေရနိုင်လဲ?

✅ Online Notary Service
✅ English / Japanese ဘာသာပြန်ဝန်ဆောင်မှု
✅ ကျမ်းကျိန် (Affidavit)
✅ Certified True Copy
✅ အရောင်းအဝယ်စာချုပ် ဘာသာပြန်
✅ လိုင်စင် ဘာသာပြန်
✅ လက်ထပ်စာချုပ် ဘာသာပြန်နှင့် Notary
✅ Certificate Notary
✅ အခြားစာရွက်စာတမ်းမျိုးစုံအတွက် Notary & ဘာသာပြန် အပြင်တခြားစာရွက်စာတန်းမျိုးမျိုးတို့ကို မြန်ဆန်‌‌ေသာ ဝန်ဆောင်မှုများဖြင့် «Timers» လေးတို့အတွက် အချိန်ကုန်သက်သာစေရန် ဆောင်ရွက်ပေးနေပါတယ်ခင်ဗျာ

💼 ပြည်တွင်း၊ ပြည်ပအသုံးပြုမည့် စာရွက်စာတမ်းများကို တိကျမြန်ဆန်စွာ ဆောင်ရွက်ပေးပြီး အချိန်ကုန်သက်သာစေရန် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။

📞 ဆက်သွယ်ရန် – 09 420 907 090
📍 အမှတ် (101), 39 လမ်း (အောက်ဘလောက်), ကျောက်တံတားမြို့နယ်၊ ရန်ကုန်




တစ်ခါတလေ ကိုယ့်ဘဝအတွက် အဖြေအားလုံးသိနေမှ ရှေ့ဆက်လို့ရမယ်လို့ ထင်တတ်ကြပါတယ်။ဘယ် career ကိုရွေးရမလဲ၊ ဘယ်လမ်းက မှန်လဲ၊ ဒီဆု...
08/09/2026

တစ်ခါတလေ ကိုယ့်ဘဝအတွက် အဖြေအားလုံးသိနေမှ ရှေ့ဆက်လို့ရမယ်လို့ ထင်တတ်ကြပါတယ်။

ဘယ် career ကိုရွေးရမလဲ၊ ဘယ်လမ်းက မှန်လဲ၊ ဒီဆုံးဖြတ်ချက်က အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာတွေကို သေချာမှ စတင်ချင်ကြပါတယ်။

ဒါပေမယ့် တကယ်တော့ ဘဝမှာ အရာအားလုံးကို ကြိုသိနိုင်ဖို့ မလိုပါဘူး။

တစ်ခါတလေ နောက်တစ်လှမ်းစာလောက် သိနေရုံနဲ့လည်း လုံလောက်ပါတယ်။

လမ်းတစ်လျှောက် သွားရင်းနဲ့ ကိုယ်လိုချင်တာကို ပိုသိလာမယ်။

မှားတဲ့လမ်းတွေကလည်း ကိုယ့်အတွက် မှန်တဲ့လမ်းကို သင်ပေးနိုင်တယ်။

So, you don't need to have everything figured out.

Just take the next step. 🌱


ကိုရီးယားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ လူငယ်တွေအတွက် သီးသန့် အခွင့်အရေးကြီး 🇲🇲🇰🇭🇱🇦🇹🇭🇻🇳🇰🇷ဒီနေ့တော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိ...
05/09/2026

ကိုရီးယားနိုင်ငံမှာ ပညာသင်ကြားနေတဲ့ လူငယ်တွေအတွက် သီးသန့် အခွင့်အရေးကြီး 🇲🇲🇰🇭🇱🇦🇹🇭🇻🇳🇰🇷

ဒီနေ့တော့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ ကျင်းပမယ့် ကြီးကျယ်ခမ်းနားတဲ့ "The 4th Mekong-Korea International Water Forum" မှာ ကိုယ့်နိုင်ငံကိုယ် ကိုယ်စားပြု တက်ရောက်ခွင့်ရမယ့် "Youth Ambassador Programme" ခေါ်ယူနေပြီဆိုတဲ့ သတင်းကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ၊ နိုင်ငံတကာ ဆွေးနွေးပွဲတွေမှာ လူငယ်တွေရဲ့ အမြင်တွေကို တင်ပြခွင့်ရမယ့် အခွင့်အရေးကောင်းတစ်ခုပါပဲ။

Youth Ambassador တစ်ယောက်အနေနဲ့ ဘာတွေလုပ်ရမလဲ?

🔹 တရားဝင် ဖိုရမ်အစီအစဉ်များနှင့် Ceremony of Joint Statement တို့မှာ ပါဝင်ဆင်နွှဲခြင်း
🔹 Youth Ambassador Exhibition အတွက် Content များ ဖန်တီးခြင်း

ရရှိမယ့် အကျိုးကျေးဇူးတွေကတော့...

🏆 Business Roundtable မှာ အစိုးရ တာဝန်ရှိသူများ၊ ကျွမ်းကျင်ပညာရှင်များနှင့် စက်မှုလုပ်ငန်း ခေါင်းဆောင်များနဲ့ ချိတ်ဆက်ဆွေးနွေးနိုင်ခြင်း
🏆 KOMEC (Korea-Mekong Water Center) မှ ထုတ်ပေးမည့် Certificate of Completion ရရှိခြင်း
🏆 ကိုရီးယားနဲ့ မဲခေါင်နိုင်ငံ (၅) နိုင်ငံမှ လူငယ်ခေါင်းဆောင်များနှင့် ရင်းနှီးစွာ မိတ်ဆွေဖွဲ့နိုင်ခြင်း

ဘယ်သူတွေ လျှောက်ထားနိုင်လဲ?

ကိုရီးယားနိုင်ငံမှာ လက်ရှိ ပညာသင်ကြားနေတဲ့ တက္ကသိုလ်ကျောင်းသား/သူ (Undergraduate နှင့် Graduate) များ
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နှင့် တောင်ကိုရီးယား နိုင်ငံသားများ
နိုင်ငံတကာဖလှယ်ရေး၊ ပတ်ဝန်းကျင်၊ ရာသီဥတုပြောင်းလဲမှု (သို့မဟုတ်) နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုများကို စိတ်ဝင်စားသူများ
အင်္ဂလိပ်ဘာသာစကားဖြင့် အခြေခံ ဆက်သွယ်ပြောဆိုနိုင်သူများ

👥 နိုင်ငံတစ်နိုင်ငံလျှင် (၁) ဦးစီဖြင့် စုစုပေါင်း (၆) ဦးသာ ရွေးချယ်သွားမှာဖြစ်ပါတယ်။

📅 မှတ်သားထားရန် ရက်စွဲများ:

ဖိုရမ်ကျင်းပမည့်ရက်: အောက်တိုဘာလ ၁ ရက်၊ ၂၀၂၆ (The Westin Josun Seoul, South Korea)
လျှောက်လွှာပိတ်မည့်ရက်: စက်တင်ဘာလ ၁၀ ရက်၊ ၂၀၂၆ (ည ၁၁:၅၉ KST)

ဒီထူးခြားတဲ့ အခွင့်အရေးကြီးကို လက်လွတ်မခံဘဲ အမြန်ဆုံး လျှောက်ထားလိုက်ကြရအောင် Timers တို့ရေ 🚀

လျှောက်ထားရန် လင့်ခ် - https://docs.google.com/forms/d/e/1FAIpQLScmWpHCmJ1rv9Tu7yTHWLcBU7H1DSiNaNZ651AXcYuv_6N5og/viewform

Creative University လို့ပြောကြတဲ့ Bangkok University မှာ 2027 January intake တက်ရောက်လိုသူတွေအတွက် ...🇹🇭 ဘန်ကောက် တက္ကသိ...
04/09/2026

Creative University လို့ပြောကြတဲ့ Bangkok University မှာ 2027 January intake တက်ရောက်လိုသူတွေအတွက် ...

🇹🇭 ဘန်ကောက် တက္ကသိုလ်ကတော့ ထိုင်းနိုင်ငံရဲ့ ပုဂ္ဂလိကတက္ကသိုလ်တွေထဲမှာ အကောင်းဆုံးတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။

❓ ဘာကြောင့် Creative University လို့ခေါ်တာလဲ ?
Creative Education ကို ပေးစွမ်းနေတဲ့တက္ကသိုလ်တစ်ခုဖြစ်ပြီး ကျောင်းသားတွေ၊ သင်ကြားပြသပေးနေတဲ့ဆရာတွေက တီထွင်ဖန်တီးမှု အားကောင်းကြပါတယ်။ Modern facilities ကိုလည်း ပိုမိုပေးစွမ်းနိုင်အောင်ကြိုးစားနေကြပါတယ်။

တက်ရောက်နိုင်သောMajors များ
🔹Marketing
🔹Entrepreneurship
🔹Media & Communication
🔹Creative Communication Design
🔹 Businesses Administration
🔹Culinary Arts and Design
🔹International Tourism and Hospitality Management
🔹Innovative Media Production
🔹Business English
🔹AI Engineerin & Entrepreneurship
🔹Film, Series and Global Content Production and Business

🔥 Take Your Time Education Services က‌ Bangkok University ရဲ့ Official Agent Partner တစ်ခုဖြစ်တာကြောင့် ကျောင်းလျှောက်ထားတဲ့နေရာမှာ ပိုမိုလွယ်ကူစေဖို့ အခမဲ့ဝန်ဆောင်မှုပေးပါတယ်။ ဒါ့အပြင် TYT ကနေတဆင့်ကျောင်း‌လျှောက်မယ်ဆိုရင် -

1. Notary အခမဲ့
2. ထိုင်းနိုင်ငံသို့ လေယာဥ်လက်မှတ် (၁)ကြောင်းစာ
3. ထိုင်းပညာရေးနှင့် အလုပ်အကိုင်များအကြောင်းအကြံပြုချက်ရရှိနိုင်မှာဖြစ်ပါတယ်

➕ ဒါ့အပြင် ထပ်လောင်းပြီး လက်ရှိတက်ရောက်နေတဲ့‌ကျောင်းသားတွေကဆီကနေလည်း သိချင်တာမေးလို့ရအောင်နဲ့ အကူအညီရယူနိုင်အောင် TYT က ဆောင်ရွက်ပေးဦးမှာပါ။

💥မြန်မာဆယ်တန်းအောင်၊ GED, IGCSE A Level, English အမှတ်တစ်ခုခုရှိတာနဲ့ လျှောက်ထားနိုင်လို့ လွယ်ကူပါတယ်

💎 ဒါပေမဲ့ English Test Score မရှိရင်လည်း BU ရဲ့ English Test ‌ကိုဖြေဆိုအောင်မြင်ရင် တက်လို့ရပါတယ်။



💎အသေးစိတ် ဆွေးနွေးချင်တာလေးတွေအတွက် လူကိုယ်တိုင် (သို့) ဖုန်းဆက်ပြီးမေးမြန်းဆက်သွယ်နိုင်ပါတယ်ရှင်

Ph -09796730412
Address - No. 101, 39th street, Lower block, Kyauktada.





📄 “English လို ဘာသာပြန်ပြီးရင် Notary ဖြစ်ပြီလား?” ဒီမေးခွန်းက တော်တော်များများ မေးကြပါတယ် အဖြေကတော့ Translation နဲ့ Not...
31/08/2026

📄 “English လို ဘာသာပြန်ပြီးရင် Notary ဖြစ်ပြီလား?”

ဒီမေးခွန်းက တော်တော်များများ မေးကြပါတယ်

အဖြေကတော့ Translation နဲ့ Notary က မတူပါဘူးနော်။

🌐 Translation 👉 စာရွက်စာတမ်းထဲက အကြောင်းအရာကို လိုအပ်တဲ့ဘာသာစကားနဲ့ ဘာသာပြန်ပေးတာပါ။

📜 Notary 👉 လိုအပ်တဲ့ပုံစံအတိုင်း Notarial Certification ပြုလုပ်ပေးတာပါ။

ဒါကြောင့်…

“English ပြန်ပြီးပြီ = Notary ပြီးပြီ” ❌

“Notary ပြီးပြီ = ဘယ်နိုင်ငံမှာမဆို တန်းသုံးလို့ရပြီ” ❌

ကိုယ်တင်မယ့် ကျောင်း၊ အလုပ်၊ Embassy ဒါမှမဟုတ် သက်ဆိုင်ရာအဖွဲ့အစည်းက ဘာတောင်းထားလဲ ဆိုတာ အရင်စစ်ကြည့်ဖို့ အရေးကြီးပါတယ်။

မသေချာရင် စာရွက်တွေအကုန်
အလျင်စလိုလုပ်မယ့်အစား
📩 Requirement လေးနဲ့
Document လေးပို့ပြီး မင်မင်တို့ကိုအရင်
မေးကြည့်လို့ရပါတယ်နော်။

အချိန်လည်းသက်သာ၊
မလိုအပ်တာလုပ်မိတာလည်း နည်းသွားပါလိမ့်မယ် 📌

Take Your Time - Education and Online Notary Services မှာ ဘာဝန်ဆောင်မှုတွေရနိုင်လဲ?

✅ Online Notary Service
✅ English / Japanese ဘာသာပြန်ဝန်ဆောင်မှု
✅ ကျမ်းကျိန် (Affidavit)
✅ Certified True Copy
✅ အရောင်းအဝယ်စာချုပ် ဘာသာပြန်
✅ လိုင်စင် ဘာသာပြန်
✅ လက်ထပ်စာချုပ် ဘာသာပြန်နှင့် Notary
✅ Certificate Notary
✅ အခြားစာရွက်စာတမ်းမျိုးစုံအတွက်

Notary & ဘာသာပြန် အပြင်တခြားစာရွက်စာတန်းမျိုးမျိုးတို့ကို မြန်ဆန်‌သောဝန်ဆောင်မှုများဖြင့်
«Timers» လေးတို့အတွက်
အချိန်ကုန်သက်သာစေရန်
ဆောင်ရွက်ပေးနေပါတယ်ရှင်

Hardcopy ဘာသာပြန်ပြီးသားစာရွက်ကိုလည်း
📩 Delivery နဲ့ပို့ပေးပါတယ်ချစ်တို့ရေ 💕

📞 ဆက်သွယ်ရန် – 09 420 907 090

📍 အမှတ် (101), 39 လမ်း (အောက်ဘလောက်), ကျောက်တံတားမြို့နယ်၊ ရန်ကုန်




အနားယူခြင်းက အိပ်စက်တာတစ်ခုတည်းနဲ့ မလုံလောက်တော့တဲ့အခါ...🤔😴 အိပ်ရေးဝအောင်တော့ အိပ်လိုက်တာပဲ၊ ဒါပေမဲ့ အားပြန်မပြည့်ဘဲ ပင်...
30/08/2026

အနားယူခြင်းက အိပ်စက်တာတစ်ခုတည်းနဲ့ မလုံလောက်တော့တဲ့အခါ...🤔

😴 အိပ်ရေးဝအောင်တော့ အိပ်လိုက်တာပဲ၊ ဒါပေမဲ့ အားပြန်မပြည့်ဘဲ ပင်ပန်းနေတုန်းပဲ ဆိုတာမျိုးတွေ ကြုံဖူးကြမယ်ထင်ပါတယ်။

မောပန်းနွမ်းနယ်တဲ့အခါ "အိပ်လိုက်ရင် ကောင်းသွားမှာပါ" လို့ ထင်တတ်ကြပေမဲ့ တကယ်တော့ လူတစ်ယောက်မှာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုအမျိုးအစားအလိုက် လိုအပ်တဲ့ အနားယူမှုပုံံစံတွေဆိုတာ ရှိပါတယ်။ 💡

အဲ့ဒါကြောင့် ဒီနေ့မှာတော့ ခန္ဓာကိုယ်နဲ့ စိတ်ဓာတ် ပြန်လည်လန်းဆန်းအားပြည့်စေဖို့ လိုအပ်တဲ့ အနားယူမှုအမျိုးအစားတွေဖြစ်တဲ့ "𝟕 𝐓𝐲𝐩𝐞𝐬 𝐨𝐟 𝐑𝐞𝐬𝐭" အကြောင်းကို မျှဝေပေးသွားချင်ပါတယ်။ ⏬

1️⃣ 𝐏𝐡𝐲𝐬𝐢𝐜𝐚𝐥 𝐑𝐞𝐬𝐭
ခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းမှုအတွက် လိုအပ်တဲ့အနားယူခြင်းပဲဖြစ်ပါတယ်။
✰ Physical Rest မှာ
⟡ Passive Rest လို့ခေါ်တဲ့ ငြိမ်ငြိမ်လေးနဲ့အနားယူခြင်းဖြစ်ပြီး အိပ်ရေးဝဝအိပ်စက်ခြင်းနဲ့ တစ်ရေးတစ်မောအိပ်တာမျိုးတွေလုပ်လို့ရပြီး
⟡ Active Rest ဆိုတဲ့ လှုပ်ရှားရတဲ့လေ့ကျင့်ခန်းလုပ်တာ၊ အကြောလျှော့တာ၊ နှိပ်နှယ်တာနဲ့ ယောဂလုပ်တာမျိုးတွေပြုလုပ်ပြီး ခန္ဓာကိုယ်ကို အားပြန်ဖြည့်နိုင်ပါတယ်။

2️⃣ 𝐌𝐞𝐧𝐭𝐚𝐥 𝐑𝐞𝐬𝐭
အတွေးတွေများလွန်းပြီး စိတ်တွေမွန်းကြပ်လာတဲ့အခါမျိုးမှာ စိတ်အနားပေးဖို့လိုအပ်ပါတယ်။
✰ Short breaks ခဏယူတာ၊ Multitasking လုပ်နေတာတွေကို ခေတ္တရပ်ထားလိုက်ပြီး ခဏတဖြုတ်အနားပေးတာ၊ စိတ်ထဲရှိတဲ့အတွေးတွေကို ရှင်းလင်းဖို့ စာအုပ်ထဲ ရေးထုတ်ကြည့်လိုက်တာမျိုး၊ သဘာဝနဲ့ထိတွေ့ခံစားလိုက်တာမျိုးတွေနဲ့ အနားပေးခြင်းလုပ်နိုင်ပါတယ်။

3️⃣ 𝐒𝐞𝐧𝐬𝐨𝐫𝐲 𝐑𝐞𝐬𝐭
Sensory လို့ခေါ်တဲ့ အာရုံခံအစိတ်အပိုင်းတွေ (ဥပမာ - မျက်စိ၊ နား) ကို တစ်ခါတလေ မြင်ရ ကြားရတဲ့ အသံတွေ၊ မြင်ကွင်းတွေကနေ စိတ်ရှုပ်ရတာတွေဖြစ်တဲ့အခါအနားပေးခြင်းဖြစ်ပါတယ်။
✰ Screen time လျှော့ချပြီး Digital Detox လုပ်ခြင်း၊ Noise-cancelling Headphones သုံးခြင်း (သို့) တိတ်ဆိတ်တဲ့နေရာမှာ ခဏထိုင်ပြီး အနားပေးခြင်း၊ မီးရောင်မှိန်မှိန်မှာ ခဏမှေးနေခြင်းတွေနဲ့ အနားပေးနိုင်ပါတယ်။

4️⃣ 𝐄𝐦𝐨𝐭𝐢𝐨𝐧𝐚𝐥 𝐑𝐞𝐬𝐭
ခံစားချက်တွေကို မျိုသိပ်ထားရလို့ ပင်ပန်းနေတဲ့အခါမျိုး၊ သူများ စိတ်ချမ်းသာအောင် လိုက်လုပ်ပေးနေရလို့ ကိုယ့်ခံစားချက်ကိုထည့်မတွေးဖြစ်တော့တဲ့အခါ အနားယူဖို့လိုပါတယ်။
✰ ကိုယ့်ရဲ့ တကယ့်ခံစားချက်တွေကို Journaling လုပ်ပြီး ပွင့်ပွင့်လင်းလင်း ဖွင့်ထုတ်ရေးသားကြည့်ပါ။ စိတ်မပါတာတွေကို "No" လို့ ငြင်းဆိုတတ်အောင်ကြိုးစားကြည့်တာနဲ့ ကိုယ့်ရဲ့အစစ်အမှန်အတိုင်း နေထိုင်ကြည့်တဲ့အခါ စိတ်ကိုသက်သာအနားရစေနိုင်ပါတယ်။

5️⃣ 𝐒𝐨𝐜𝐢𝐚𝐥 𝐑𝐞𝐬𝐭
ကိုယ့်ရဲ့ စွမ်းအင်တွေကို ကုန်ခမ်းစေတဲ့ Relationship တွေကြောင့် မောပန်းနေတဲ့အခါမျိုးမှာ တကယ်လိုအပ်ပါတယ်။
✰ ကိုယ့်ရဲ့စိတ်ကို တကယ်နားလည်နိုင်တဲ့သူ၊ ကိုယ့်ရဲ့ဖြစ်တည်မှုကို အရှိအတိုင်း နားလည်လက်ခံပေးနိုင်တဲ့သူ၊ ကိုယ့်ကို အားအင်ပေးနိုင်တဲ့ စိတ်တူကိုယ်တူ သူငယ်ချင်း မိတ်ဆွေတွေနဲ့ပဲ အချိန်ဖြုန်းပါ။ ဒါမှမဟုတ် တစ်ယောက်တည်း အေးဆေးအနားယူချိန်ဖန်တီးပါ။ ကိုယ့်အပေါ် Positive မဖြစ်တဲ့သူတွေကို စိတ်ထဲကရော အပြင်မှာပါ ထုတ်လိုက်ပါ။ ကိုယ့်စိတ်ခံစားမှုတွေကို သက်သာလျော့ပါးစေပါလိမ့်မယ်။

6️⃣ 𝐂𝐫𝐞𝐚𝐭𝐢𝐯𝐞 𝐑𝐞𝐬𝐭
Idea တွေ ထွက်မလာတော့ဘဲ စိတ်ကူးစိတ်သန်းတွေ ခန်းခြောက်နေတဲ့အခါမျိုးမှာ Creative Rest ဖို့ အချိန်ပေးရပါတယ်။
✰ ပန်းချီကားတွေ၊ ဓာတ်ပုံတွေ အနုပညာလက်ရာတွေကို ကြည့်ရှုခံစားပါ။ ကိုယ့်ရဲ့အိမ်ထဲမှာ ပန်းပင်လေးတွေကို လှလှပပနေရာချတာ၊ သီချင်းနားထောင်တာ၊ ကခုန်တာ၊ စာရေးတာ၊ ပန်းချီဆွဲတာ စတဲ့ ကိုယ်ကြိုက်နှစ်သက်တဲ့ ဝါသနာတွေကို ဖန်တီးလုပ်ဆောင်တာဟာ Creative Rest အတွက် အထောက်အကူဖြစ်နိုင်ပါတယ်။

7️⃣ 𝐒𝐩𝐢𝐫𝐢𝐭𝐮𝐚𝐥 𝐑𝐞𝐬𝐭
ဘဝရဲ့ ရည်ရွယ်ချက် ပျောက်ဆုံးနေသလို ခံစားရပြီး ရှင်သန်ရတာအဓိပ္ပာယ်မဲ့နေတယ်လို့ ခံစားရတဲ့အချိန်မျိုးမှာ အလိုအပ်ဆုံးပါပဲ။
✰ ဘာသာတရားအလိုက် ဆုတောင်းဝတ်ပြုတာ၊ တရားထိုင်တာ၊ လူမှုရေးလုပ်ငန်းတွေမှာ Volunteer အဖြစ်ပါဝင်တာ၊ တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ ကိုယ့်ရဲ့စိတ်ငြိမ်းချမ်းမှုကို ရှာဖွေပြီး စိတ်နှလုံးသားကို ငြိမ်သက်စေခြင်းတွေက Spiritual Rest ပဲဖြစ်ပါတယ်။

🔎 အခုတလော ကိုယ့်မှာပင်ပန်းနေတာမျိုးရှိနေရင် ဒီထဲက ဘယ်အနားယူမှု ပျောက်ဆုံးနေလို့ ဖြစ်မလဲဆိုတာ ဆန်းစစ်ကြည့်ပါ။ ပင်ပန်းရတဲ့အကြောင်းအရင်းမှန်ကိုသိမှ သင့်တော်တဲ့ အနားယူမှုကိုယူပြီး ကိုယ့်ကိုယ်ကိုယ် ပြန်လည် အားဖြည့်နိုင်မှာဖြစ်ပါတယ်။

Timers တို့အားလုံး စိတ်ရောကိုယ်ပါ ကျန်းမာပျော်ရွှင်ပြီး အားပြည့်လန်းဆန်းတဲ့နေ့ရက်တွေ ဖြတ်သန်းနိုင်ဖို့ မျှော်လင့်ပါတယ်။ 🩵






Quote of the day ✨
29/08/2026

Quote of the day ✨

Address

No. 101, 39th Str, Lower Block, Kyauktada Township
Yangon
11181

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959441261717

Alerts

Be the first to know and let us send you an email when Take Your Time posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Take Your Time:

Shortcuts

Share

Category