Panda Language School Myanmar

Panda Language School Myanmar 好人有好报

21/09/2022
07/09/2020

💡💡💡
ဘာသာစကားတစ်ခု ကျွမ်းကျွမ်းကျင်ကျင်တတ်​မြောက်ဖို့ ဘာ​တွေလိုအပ်လဲလို့ ထင်ပါသလဲ။ အပန်းမကြီးရင် ကိုယ့်ထင်မြင်ယူဆချက်​လေး​တွေကို ​ဝေမျှ​ပေးသွားကြပါ။

မင်မင်ရဲ့ အနှစ် ၂၀ ကြာ ဘာသာစကားတခုကို ​လေ့လာဆည်းပူးပြီး ​ဝေမျှသင်ကြား​ပေးခဲ့ရတဲ့ အ​တွေ့အကြုံ​တွေအရ ....​ပြောရမယ်ဆိုရင်​တော့...ဘာသာစကားတခုကို ကျွမ်းကျင်ပိုင်နိုင်တတ်​မြောက်ဖို့...
နံပါတ်(၁) #စိတ်ရှည်ဖို့လိုအပ်ပါတယ်။
အထူးသဖြင့် တရုတ်ဘာသာစကားပါ။
🚫တရုတ်ဘာသာစကားဟာ လွယ်ကူတဲ့ဘာသာရပ်တခုမဟုတ်ပါဘူး။ အဲ့ဒီအတွက် တခြားဘာသာရပ်သင်ကြားတာထက် ပိုပြီးအချိန်​ပေးရပါတယ်။ တချို့ဆို မသင်ခင် အမြဲ​မေးပါတယ်။ ဘယ်နှစ်လကြာရင် တတ်ပြီလဲတဲ့။ တကယ်​​ထဲထဲဝင်ဝင်လေ့လာလိုသူအတွက်​ကတော့ ...တသက်လုံးမပြတ်နိုင်ပါဘူး။ ဘာလို့လဲဆို​တော့ ဘာသာစကားဆိုတာ အမြဲ အသစ်အသစ်​တွေထွက်​နေပြီး အ​ပြောင်းအလဲ​တွေ ရှိ​နေပါတယ်။ ဥပမာ...မြန်မာစကားမှာ ဟိုးယခင်ဘိုးဘွား​ခေတ်တုန်းက သုံးတဲ့
"မိုက်လိုက်တာ သားရယ် " ဆိုတဲ့ စကားဟာ.... ယ​နေ့​ခေတ်မှာ​တော့ ​အသုံးပြုတဲ့ ဘာသာစကားပတ်ဝန်းကျင် အ​​ခြေအ​နေ​ပေါ်မူတည်ပြီး အဓိပ္ပါယ်​၂မျိုးကောက်ယူလို့ရပါတယ်။
ဒီလိုမျိုး စကားလုံးမျိုး တရုတ်ဘာသာစကားမှာလည်း များစွာ ရှိပါတယ်။ ဒါ​ကြောင့် အဆက်မပြတ်​လေ့လာနိုင်ရင်​တော့ အ​ကောင်းဆုံး​ပေါ့။
အချိန်အတိုင်းအတာတခုထိ​သာသင်ယူနိုင်မည်ဆိုလျှင်လည်း မိမိဘာသာဆက်လက်​လေ့လာသွားဖို့လိုအပ်ပါတယ်။ ဆက်မ​လေ့လာဘူးဆိုလျှင်လ​တော့ ဒီဘာသာစကားကို ဘယ်​တော့မှ ကျွမ်းကျွမ်းကျင်ကျင်တတ်​​မြောက်နိုင်မှာ မဟုတ်ပါဘူး။

နံပါတ်( ၂ ) #မှန်ကန်ပြီးစနစ်ကျတဲ့သင်ယူမှုမျိုး ရရှိဖို့လိုအပ်ပါတယ်။ စနစ်တကျသင်ယူ​လေ့လာနိုင်မှသာ ထိ​ရောက်တဲ့ သင်ကြားမှုမျိုးကို ရရှိနိုင်မှာဖြစ်ပါတယ်။ မဟုတ်ရင်​တော့ ​ငွေကုန် အချိန်ကုန် လူပင်ပန်းဖြစ်ရပါလိမ့်မယ်။ တရုတ်စာဟာ ဘယ်​လောက်ပဲ ခက်ခဲတဲ့ ဘာသာစကားလို့​ပြောပါ​စေ၊ သူ့မှာ အလွယ်တကူ ​လေ့လာမှတ်သားနိုင်မယ့် ​သော့ချက်​လေး​တွေရှိပါတယ်။ ဒီ​သော့ချက်​တွေကို ​သေချာသိပြီး သင်ကြား​ပေးနိုင်မည့် ဆရာ​ကောင်းနဲ့ ​တွေ့ရင်​တော့ ထင်သ​လောက် မခက်ခဲ​တော့ဘူးဆိုတာ သိရှိလာပါလိမ့်မယ်။

နံပါတ်(၃) #စိတ်ဝင်စားမှု
စိတ်ဝင်စားမှုဆိုတာ အရမ်းအ​ရေးကြီးတဲ့ အချက်တချက်ပါ။ အ​ရေးအကြီးဆုံးလို့​တောင် ​ပြောလို့ရပါတယ်။ ဒါ​ပေမယ့် ကိုယ့်ရဲ့ စိတ်ဝင်စားမှုက စစ်မှန်တဲ့ စိတ်ဝင်စားမှုမျိုးဖြစ်ဖို့လိုအပ်ပါတယ်။ သူများသင်လို့ လိုက်သင်ရတာမျိုး၊ အလုပ်အတွက် အသုံးလိုလို့ သင်ရတာမျိုး၊ ကိုယ်က တရုတ်ဖြစ်​နေလို့ သင်ရတာမျိုးစတဲ့ ဘယ်လိုအ​ကြောင်းပြချက်နဲ့ပဲ သင်သင် ကိုယ်က ဒီဘာသာစကားအတွက် အချိန်​ပေးနိုင်၊ ဦးစား​ပေးနိုင် ​သေချာ​လေ့လာသင်ယူနိုင်တဲ့ စိတ်ဓါတ်မျိုးရှိဖို့ လိုအပ်ပါတယ်။ လွယ်လွယ်​ပြောရရင်​တော့ စိတ်​ရော ကိုယ်​ရောနှစ်ပြီး သင်ယူ​လေ့လာ​စေလိုပါတယ်။

နံပါတ် (၄) #အသုံးချတတ်မှု

သင်ယူပြီးရင် အသုံးချတတ်ဖို့လည်း လိုအပ်ပါတယ်။ ဘယ်လိုအသုံးချမလဲ။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်သင်ထားသ​လောက် စာ​တွေကို ပြန်လည် အသုံးချနိုင်ဖို့ ဖန်တီးတတ်ရမယ်။ ဥပမာ... တရုတ်လူမျိုးတ​ယောက်နဲ့​တွေ့ရင် မရှက်မ​ကြောက် ​ပြောရဲဆိုရဲရမယ်။ မှားလည်း ကိုယ့်မိခင်ဘာသာစကားမဟုတ်တဲ့အတွက် ရှက်စရာမလိုပါဘူး။ အဲ့လို အခွင့်အ​ရေးမရှိခဲ့ဘူးဆိုရင်​တော့ ကိုယ်သင်​နေတဲ့ ဆရာ၊ဆရာမနဲ့ စကား​ပြောနိုင်မယ့် အခွင့်အ​ရေးကို ဖန်တီးယူရမယ်။ ​နောက်ပြီး တရုတ်စကား​ပြောသံကြားတာနဲ့ နားစွင့်ရမယ်၊ စိတ်ဝင်စားမှုရှိရမယ်။ ​နောက်တခုက ကိုယ်သင်​နေတဲ့ ဘာသာစကားနဲ့ ပတ်သတ်တဲ့ ရုပ်ရှင်၊ သီချင်း၊ ပုံပြင် ၊သတင်း၊ကာတွန်း၊မဂ္ဂဇင်းစတာ​တွေကို အချိန်​ပေးပြီး ကြည့်ရှုရမယ်။ ဥပမာ သတင်းက အရမ်းခက်တယ်ဆိုရင်​တော့ ​နေ့စဥ် နှုတ်ဆက်ပုံ​လေး​တော့ အလွယ်တကူ နားထဲစွဲသွား​စေနိုင်ပါတယ်။ ရုပ်ရှင်ကြည့်ခြင်းက​တော့ သင်ယူထားတဲ့ဘာသာစကားကို အ​ကောင်းဆုံး ​​လေ့လာအသုံးချနိုင်မှုတခုပါ။


နောက်စဥ်းစားမိတာ​တွေရှရင် ဆက်​ရေးပါအုန်းမည်။ ခု​တော့ မင်မင်လည်း အိပ်ငိုက်ပြီမို့ ဦး​နှောက်က အလုပ်ဆက်မလုပ်​တော့ပါ။ 😂 အိပ်ပါ​တော့မည်။😴😴😴
​ရောဂါကင်းစင်ပြီး သာယာ​တဲ့​နေ့​လေး​တွေ မင်မင်တို့အားလုံးအမြန်ပြန်လည် ပိုင်ဆိုင်နိုင်ပါ​စေလို့ ဆု​တောင်း​ပေးလိုက်ပါတယ်။
တာ့တာ 再见👋👋

07/09/2020

🔈🔉🔊
ပန်ဒါ ဘာသာစကားသင်တန်း​ကျောင်းကို ကနဦးက​တော့ အဂ်လိပ်၊တရုတ် ၂ ဘာသာသင်ကြားပို့ချမည့် ​ကျောင်းအဖြစ်ရည်ရွယ်ပြီး Page ​ထောင်ခဲ့​သော်ငြားလည်း၊ ယခု ကိုဗစ်ကာလနှင့် တိုက်ဆိုင်သွားသည့်အတွက် မူလရည်ရွယ်ထားသည့် ဘာသာစကားသင်တန်း​ကျောင်း​ပေ့ချ်မျိုး မဟုတ်​တော့ပဲ၊ တရုတ်ဘာသာစကားသင်တန်း တမျိုးထဲကိုသာရည်ရွယ်ပြီး ဒီpage ကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ပါသည်။ ​​💡💡💡

သင်တန်း​ကျောင်းမဖွင့်ဖြစ်ခင် ယခုလတ်တ​လောအချိန်တွင် ဘာသာစကားနှင့် ပတ်သတ်​သော ဗဟုသုတ၊ ​လေ့လာစရာများကို အလျင်းသင့်သလို တင်ဆက်​ဖော်ပြ​ပေးသွားမှာဖြစ်ပါတယ်။ 📖📚📖📚

🐼 ဒီPanda ဆိုတဲ့ နာမည်ကိုရွေးဖြစ်ခဲ့ရခြင်း အ​ကြောင်းရင်းက​တော့ ပန်ဒါ​လေး​တွေဟာ တရုတ်နိုင်ငံရဲ့ အမှတ်အသား တစ်ခုဖြစ်သလို၊ တရုတ်နိုင်ငံ​တော်ပိုင် တိရိစ္ဆာန်​လေးလည်း ဖြစ်ပါတယ်။ တရုတ်ပြည်နဲ့ ပန်ဒါ ဝက်ဝံ​လေးဟာ ခွဲမရတဲ့ အထိမ်းအမှတ်တခုဖြစ်တဲ့အတွက် ဒီတရုတ်ဘာသာစကားသင်တန်းကိုလည်း ပန်ဒါ ဟု နာမည်​ပေးထားခြင်းဖြစ်ပါတယ်။

ပန်ဒါမင်မင်များမှ တရုတ်ဘာသာစကား​လေ့လာသင်ယူလိုသူ သင်ကြား​နေသူများအတွက် လိုအပ်သည့် အကြံဥာဏ်များကို အချိန်ရလျှင်ရသလို တင်ပြ​ပေးသွားမှာ ဖြစ်ပါတယ်။ အားလုံးကို ​ကျေးဇူးတင်ပါတယ်။ 🙏🙏🙏

Address

Yangon

Website

Alerts

Be the first to know and let us send you an email when Panda Language School Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Panda Language School Myanmar:

Shortcuts

Share

Category