12/08/2026
ဆာဂျီယို အဂွဲရိုး —
“တနင်္ဂနွေနေ့တုန်းက ဖြစ်တာပါ။ နောက်တစ်နေ့မှာ ယူနိုက်တက်နဲ့ ပွဲကစားရမယ်။ အဲဒီနေ့မှာ ကျွန်တော် အရက်တစ်ခွက်လောက် သောက်ချင်စိတ်ဖြစ်လာတယ်။ အထူးသဖြင့် ‘ဖာနက်’ (Fernet) သောက်ချင်တာပါ။
တစ်ခွက် သောက်လိုက်တယ်။ နောက်တစ်ခွက်… နောက်တစ်ခွက်… ဆိုပြီး သုံးခွက်အထိ သောက်မိသွားတယ်။
နောက်တစ်နေ့ မနက်အိပ်ရာနိုးလာတော့ တော်တော်ကို အခြေအနေဆိုးနေပြီ။ လူတွေက ‘နေကောင်းလား’ လို့ မေးကြတော့ ကျွန်တော်က ‘မကောင်းဘူး’ လို့ပဲ ပြောခဲ့တယ်။
ပွဲစတဲ့အချိန်မှာ ကျွန်တော် အရန်ခုံမှာ ထိုင်နေခဲ့တယ်။ ပွဲကလည်း ၁-၁ နဲ့ သရေကျနေတယ်။
နောက်ဆုံး ကျွန်တော် လူစားဝင်ခွင့်ရလာတယ်။
ကွင်းထဲဝင်ပြီး ပထမဆုံး ဘောလုံးရတာနဲ့ ကျွန်တော် ဘောလုံးကို ဟန်ပြတယ်… ထပ်ဟန်ပြတယ်… ထပ်ပြီး ဟန်ပြတယ်…
ပြီးတော့ ကန်လိုက်တယ်။
ဘောလုံးက ဂိုးရဲ့ အပေါ်ထောင့်တည့်တည့်ထဲ ဝင်သွားခဲ့တယ်။” ⚽️🔥
ဆိုလိုတာကတော့ “မနေ့ညက ဖာနက်သုံးခွက်ကြောင့် မနက်မှာ အခြေအနေမကောင်းပေမယ့်… ယူနိုက်တက်နဲ့ပွဲရောက်တော့ အဲဒီအခြေအနေက ဘာမှမဖြစ်သလို ပထမဆုံးဘောလုံးရတာနဲ့ အပေါ်ထောင့်ထဲ တန်းပို့လိုက်တယ်” ဆိုတဲ့ အဂွဲရိုးရဲ့ မယုံနိုင်စရာ အဖြစ်အပျက်ပါ။ 😭🔥