#အကမတတ်တော့_ဖျာအပြစ်တင်
📌 မြန်မာစကားပုံ – “အကမတတ်တော့ ဖျာအပြစ်တင်”
👉 အဓိပ္ပာယ်
ကိုယ်တိုင် မကျွမ်းကျင်၊ မတတ်နိုင်တဲ့အခါ
ကိုယ့်အမှားကို မလက်ခံဘဲ
အခြားသူ၊ အခြားအရာတွေကို အပြစ်တင်တတ်တာကို ဆိုလိုပါတယ်။
👉 ဥပမာ
စာမေးပွဲမအောင်ရင် ဆရာကိုအပြစ်တင်တာ
အလုပ်မကောင်းရင် ပတ်ဝန်းကျင်ကို အပြစ်တင်တာလိုပါပဲ။
📌 ဂျပန်စကားပုံ (မြန်မာစကားပုံနဲ့ အဓိပ္ပာယ်တူသော စကားပုံများ) 🇯🇵
①
🗾 下手な踊り手、床のせいにする
(Heta na odorite, yuka no sei ni suru)
👉 အဓိပ္ပာယ်
အကမကောင်းတဲ့သူက ကြမ်းပြင်ကို အပြစ်တင်တယ်
➡️ “အကမတတ်တော့ ဖျာအပြစ်တင်” နဲ့ တိုက်ရိုက်တူပါတယ်။
②
🗾 下手の道具調べ
(Heta no dōgu shirabe)
👉 အဓိပ္ပာယ်
မကျွမ်းတဲ့သူက ကိရိယာတွေကိုပဲ အပြစ်ရှာတတ်တယ်
➡️ ကိုယ့်အရည်အချင်းမကောင်းတာကို မလက်ခံဘဲ ပတ်ဝန်းကျင်ကို အပြစ်တင်ခြင်း
③
🗾 負け犬の遠吠え
(Makeinu no tōboe)
👉 အဓိပ္ပာယ်
ရှုံးနိမ့်ပြီးမှ အသံကြီးနဲ့ အပြစ်ပြောခြင်း
➡️ ရှုံးပြီးမှ ဆင်ခြေရှာခြင်း
✨ သင်ခန်းစာ
✔️ ကိုယ့်အမှားကို လက်ခံနိုင်ရင် တိုးတက်လာမယ်
✔️ အခြားသူကို အပြစ်မတင်ဘဲ ကိုယ့်ကိုယ်ကို ပြင်ဆင်ရင် အောင်မြင်နိုင်မယ်
💬 Message
“အကမတတ်တော့ ဖျာအပြစ်တင်မယ့်အစား
ကိုယ့်ကိုယ်ကို ပြင်ဆင်ပြီး ပိုကောင်းအောင် ကြိုးစားကြရအောင် 💪✨”
ဝင်းနိုင်ထွဏ်း(MDGE)
(MDGE Japanese School Page အပိုင်)
လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ။(သို့သော်)
၎င်း Post များကို (Copy and paste not allowed) ကူးယူ(ခိုးယူ) အသုံးချ ခွင့် လုံးဝ(လုံးဝ) ခွင့်မပြုပါ ။
MDGE Japanese School
Building - No 39 , 2nd Floor ,Nant Thar Street , Ahlone Township , Yangon , Myanmar , Ph - 09 44 300 2516 / 09 44 307 8972 / 09 4430 38246 / 09 2540 55856
“ကျွဲပါး စောင်းတီး”
(နားမလည်နိုင်မယ့်သူကို အလကားကြိုးစားပြောပြနေခြင်း) နဲ့ အဓိပ္ပါယ်တူတဲ့ ဂျပန်စကားပုံတွေ ကို အောက်မှာ စုစည်းပေးလိုက်ပါတယ်။
① 猫に小判(ねこ に こばん / Neko ni Koban)
အကျော်ကြားဆုံးနဲ့ အနီးစပ်ဆုံး တူတဲ့စကားပုံပါ။
အဓိပ္ပါယ်
👉 ကြောင်ကို ရွှေဒင်္ဂါးပေးသလို၊ တန်ဖိုးရှိတဲ့အရာကို နားမလည်တဲ့သူကို ပေးတာ အလကားဖြစ်ခြင်း။
ဥပမာ
ဒီစကားပုံက “ကျွဲပါး စောင်းတီး” နဲ့ အလွန်နီးစပ်ပါတယ်။
⸻
② 馬の耳に念仏(うま の みみ に ねんぶつ / Uma no mimi ni Nenbutsu)
အဓိပ္ပါယ်
👉 မြင်းရဲ့နားမှာ ဘုရားစာရွက်ဖတ်သလို
→ ဆုံးမ၊ အကြံပေးတာကို လုံးဝမနားထောင်တဲ့သူ
ဒီဟာက “နားမထောင်ဘူး” ဆိုတဲ့ အပိုင်းကို ပိုဦးစားပေးပါတယ်။
⸻
③ 豚に真珠(ぶた に しんじゅ / Buta ni Shinju)
အဓိပ္ပါယ်
👉 ဝက်ကို ပုလဲပေးသလို
→ တန်ဖိုးကို မသိတဲ့သူကို တန်ဖိုးရှိတဲ့အရာပေးခြင်း
အင်္ဂလိပ် “Pearls before swine” နဲ့လည်း တူပါတယ်။
⸻
④ 犬に論語(いぬ に ろんご / Inu ni Rongo)(အသုံးနည်း)
အဓိပ္ပါယ်
👉 ခွေးကို ကွန်ဖြူးရှပ်ရဲ့ အဆိုအမိန့်တွေ သင်ပေးသလို
→ နားမလည်နိုင်တဲ့သူကို ပညာသင်ပေးနေတာ အလကားဖြစ်ခြင်း
(ဒီအသုံးအနှုန်းက စာပေဘက်မှာတော့ အသုံးပြုတာပိုတွေ့ရပါတယ်။)
ဝင်းနိုင်ထွဏ်း(MDGE)
(MDGE Japanese School Page အပိုင်)
လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ။(သို့သော်)
၎င်း Post များကို (Copy and paste not allowed) ကူးယူ(ခိုးယူ) အသုံးချ ခွင့် လုံးဝ(လုံးဝ) ခွင့်မပြုပါ ။
“ကျွဲပါး စောင်းတီး” ဆိုတဲ့
မြန်မာစကားပုံရဲ့ အဓိပ္ပါယ်က
နားမလည်နိုင်တဲ့သူကို နားလည်မယ်ထင်ပြီး အရာတစ်ခုခုကို ပြောပြ၊ ဆုံးမ၊ သင်ကြားနေတာဟာ အလကားဖြစ်သွားတာ ကို ဥပမာယူပြောတာဖြစ်ပါတယ်။
ဒီစကားပုံမှာ—
• ကျွဲ = နားမလည်နိုင်တဲ့သူ / စိတ်မဝင်စားတဲ့သူ
• စောင်းတီး = အနုပညာ၊ တန်ဖိုးရှိတဲ့အရာကို ပြသခြင်း / ပြောဆိုခြင်း
လို့ သဘောထားပါတယ်။
ဒါကြောင့်
👉 အပြစ်တင်တာက ကျွဲကို မဟုတ်ဘဲ၊ ကျွဲပါးမှာ စောင်းတီးနေတဲ့သူကို ပိုပြီး ရည်ညွှန်းပါတယ်။
ဆိုလိုတာက—
“နားမလည်မယ့်သူကို သိစေချင်ပြီး အချိန်၊ အားထုတ်မှု ဖြုန်းနေတာဟာ မထိုက်တန်ဘူး”
ဆိုတဲ့ အဓိပ္ပါယ်ပါ။
ဥပမာ—
• ဆုံးမလို့မရတဲ့သူကို ဆုံးမနေခြင်း
• စိတ်မဝင်စားတဲ့သူကို အရေးကြီးတဲ့အကြောင်းတွေ ပြောနေခြင်းတို့ကို “ကျွဲပါး စောင်းတီး” လို့ ပြောကြပါတယ်။
အကျဉ်းချုပ်ရရင်
👉 ဒီစကားပုံက နားမလည်တဲ့သူကို အပြစ်မတင်ဘဲ၊ မထိုက်တန်တဲ့နေရာမှာ ကြိုးစားနေတဲ့သူကို သတိပေးတဲ့ စကားပုံပါ။
ဒီ မြန်မာစကားပုံနဲ့တူတဲ့ ဂျပန်စကားပုံတွေလည်း ရှိပါတယ် ...
ဆက်ရန် ...
ဝင်းနိုင်ထွဏ်း(MDGE)
(MDGE Japanese School Page အပိုင်)
လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ။(သို့သော်)
၎င်း Post များကို (Copy and paste not allowed) ကူးယူ(ခိုးယူ) အသုံးချ ခွင့် လုံးဝ(လုံးဝ) ခွင့်မပြုပါ ။
မြန်မာစကားပုံမှာ "သူခိုးရွှေရ တစ်ပြပြ” ဆိုတာမျိုးက
👉 အပြစ်ရှိတဲ့သူ မဟုတ်တာလုပ်ထားသူက သူကိုယ်တိုင်ပဲ လက္ခဏာထင်ရှားလောက်အောင် မပြီးနိုင်မစီးနိုင် မတိတ်နိုင်ဘဲ သူလုပ်ခဲ့တဲ့ အပြစ်ကိုပဲ ဂုဏ်ယူစရာတစ်ခုလို ထင်ထင်ရှားရှားဖြစ်အောင် လုပ်ပြနေတယ် ဆိုတဲ့အဓိပ္ပာယ်မျိုး။
အဲဒီလို အဓိပ္ပာယ်နီးစပ်တဲ့ ဂျပန်စကားပုံတွေ ကတော့—
(၁). 盗人猛々しい(ぬすびと たけだけしい)
Nusubito takedakeshii
👉 သူခိုးဖြစ်ပေမယ့် မရှက်မကြောက်၊ ထင်ထင်ရှားရှား ပြုမူနေတယ်။
➡️ ကိုယ်အပြစ်ရှိတာကို မဖုံးနိုင်ဘဲ ထုတ်ပြနေတယ် ဆိုတဲ့ အဓိပ္ပာယ်နဲ့ နီးပါတယ်။
(၂). 悪事千里を走る(あくじ せんりを はしる)
Akuji senri o hashiru
👉 မကောင်းတဲ့အလုပ်က မိုင်ထောင်ချီအထိ ပြန့်သွားတတ်တယ်။
➡️ အပြစ်လုပ်ရင် နောက်ဆုံးတော့ လူတွေ သိလာလိမ့်မယ် ဆိုတဲ့ အဓိပ္ပာယ်။
(၃). 泥棒は人の足音を恐れる(どろぼうは ひとの あしおとを おそれる)
Dorobō wa hitono ashioto o osoreru
👉 သူခိုးက လူ ရဲ့ခြေသံကိုတောင် ကြောက်နေတတ်တယ်။
➡️ အပြစ်ရှိတဲ့သူက စိတ်(လိပ်ပြာ)မလုံဘဲ ကိုယ်တိုင် စိတ်ချောက်ချားတတ်တာကို ပြောတာပါ။
အကျဉ်းချုပ်ရရင်
👉 (၁) 盗人猛々しい က “သူခိုးရွှေရ တစ်ပြပြ” နဲ့ အနီးစပ်ဆုံးလို့ ပြောလို့ရပါတယ် 👍
စကားပုံတွေကို နိုင်ငံအလိုက် နှိုင်းယှဉ်ကြည့်တာ စိတ်ဝင်စားစရာပါပဲ 😄
တခြားစကားပုံတွေကို သိချင်တာရှိရင်လည်း ဝင်ရောက်ဆွေးနွေးသွားနိုင်ပါတယ်
MDGE Japanese School
(MDGE Japanese School Page အပိုင်)
လွတ်လပ်စွာ မျှဝေနိုင်ပါတယ် ။(သို့သော်)
၎င်း Post များကို (Copy and paste not allowed) ကူးယူ(ခိုးယူ) အသုံးချ ခွင့် လုံးဝ(လုံးဝ) ခွင့်မပြုပါ ။
ဂျပန်ဗီဇာ သတင်း
==========
ဂျပန်ဗီဇာ လျှောက်ထားမှု လက်ခံဆောင်ရွက်ခြင်းသည် ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ပြီးဆုံးမည်ဖြစ်ပြီး၊ ဒီဇင်ဘာလ ၁၁ ရက်နေ့ မှစတင်၍ဂျပန်ဗီဇာလျှောက်ထားရေးစင်တာတွင် လက်ခံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဂျပန်သံရုံးကသတင်းထုတ်ပြန်
ဗီဇာလျှောက်ထားသူများအတွက် ပိုမိုကောင်းမွန်သောဝန်ဆောင်မှုနှင့် အဆင်ပြေချောမွေ့မှုကို မြှင့်တင်ရန်အတွက် ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ (Japan Visa Application Centre : JVAC)ကို ဖွင့်လှစ်၍ ဗီဇာလျှောက်ထားမှု လက်ခံခြင်းနှင့် ပြန်လည်ထုတ်ပေးခြင်းကို ဆောင်ရွက်မည်ဖြစ်ပါသည်။
ဂျပန်ဗီဇာလျှောက်ထားရေးစင်တာကို VFS Service Myanmar ရုံးခွဲသို့ လုပ်ငန်းလွှဲအပ်၍ ဒီဇင်ဘာလ ၁၁ ရက်နေ့ (ကြာသပတေးနေ့) မှစတင်ပြီး အောက်ပါအတိုင်း လုပ်ငန်းစဥ်များကို ဆောင်ရွက်မည်ဖြစ်ပါသည်။
အသေးစိတ်အချက်အလက်များနှင့် ပတ်သက်၍ ဤနေရာ (https://visa.vfsglobal.com/mmr/en/jpn) တွင် ကြည့်ရှုစုံစမ်းနိုင်ပါသည်။
ဂျပန်ဗီဇာလျှောက်ထားရေးစင်တာ၏ လက်ခံကောင်တာ ဖွင့်ချိန်၊ လိပ်စာ၊ ဆက်သွယ်ရန်
အလုပ်ချိန် : တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၇:၃၀ နာရီ
လျှောက်လွှာလက်ခံခြင်း : တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၈:၃၀ မှ ညနေ ၁၂:၃၀ နာရီ၊ ညနေ ၁၃:၃၀ မှ ညနေ ၁၆:၀၀ နာရီ
ဗီဇာထုတ်ပေးခြင်း : တနင်္လာနေ့မှ သောကြာနေ့ နံနက် ၀၉:၀၀ မှ ညနေ ၁၇:၀၀ နာရီ
(စနေ၊ တနင်္ဂနွေ၊ အစိုးရရုံးပိတ်ရက်များနှင့် ဂျပန်သံရုံးပိတ်ရက်များတွင် စင်တာပိတ်ပါမည်)
လိပ်စာနှင့် ဆက်သွယ်ရန် :
လိပ်စာ : https://visa.vfsglobal.com/mmr/my/jpn/attend-centre/kantharyar
ဆက်သွယ်ရန် : https://visa.vfsglobal.com/mmr/en/jpn/contact-us
လျှောက်ထားပုံနည်းလမ်းအသေးစိတ်နှင့် ပတ်သက်၍ : https://visa.vfsglobal.com/mmr/my/jpn/book-an-appointment
ဒီဇင်ဘာလ ၁၁ ရက်နေ့မှစ၍ ဗီဇာလျှောက်ထားရန်အတွက် ကြိုတင်ရက်ချိန်းယူရမည့်ဝက်ဆိုဒ်ကို နိုဝင်ဘာလ ၁၇ ရက် တွင် စတင်ဖွင့်လှစ်ထားပါသည်။
လျှောက်ထားရန်နည်းလမ်း အသေးစိတ်ကို VFS Service Myanmar ဝက်ဆိုဒ် (အထက်ပါ Link) တွင် ကြည့်ရှုနိုင်ပါသည်။
※သို့ရာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့မတိုင်မီဗီဇာလျှောက်ထားလိုပါက ကြိုတင်ရက်ချိန်းယူခြင်းများကို ယခင်အတိုင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၏ ကြိုတင်ရက်ချိန်းယူရမည့်ဝက်ဆိုဒ် (https://www.mm.emb-japan.go.jp/itpr_en/onlinebooking_en.html) တွင် ဆက်လက်လက်ခံလျက်ရှိပါသည်။
တယ်လီဖုန်းနံပါတ် : +၉၅ ၉၇၈၃၄၆၉၃၇၆
ဗီဇာလျှောက်ထားရေးစင်တာ၏အကူအညီရယူရန် : [email protected]
မှတ်ချက် :
(၁) ဗီဇာလျှောက်ထားရေးစင်တာတွင် ဗီဇာလျှောက်ထားသည့်အခါ သံရုံးတွင်ပေးဆောင်ရမည့် ဗီဇာကြေးနှင့် ၎င်းစင်တာအသုံးပြုရန်ဝန်ဆောင်ခ ကျသင့်ပါမည်။ (အသေးစိတ်ကို VFS ဝက်ဆိုဒ် https://visa.vfsglobal.com/one-pager/japan/myanmar/english/index.html တွင်ကြည့်ရှုပါ)။
(၂) ဗီဇာကြေးနှင့် စင်တာအသုံးပြုဝန်ဆောင်ခကို ဗီဇာလျှောက်ထားချိန်တွင် ပေးချေရပါမည်။
အသိပေးချက်။
(၁) ယခုလက်ရှိဆောင်ရွက်လျက်ရှိသော မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး၌ ဗီဇာလျှောက်ထားမှု လက်ခံဆောင်ရွက်ခြင်းသည် ဒီဇင်ဘာလ ၁၀ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် ပြီးဆုံးမည်ဖြစ်ပါသည်။
ဒီဇင်ဘာလ ၁၁ ရက်နေ့ (ကြာသပတေးနေ့) မှစတင်၍ အထက်ဖော်ပြပါ ဂျပန်ဗီဇာလျှောက်ထားရေးစင်တာတွင် လျှောက်ထားမှုများကို လက်ခံဆောင်ရွက်သွားမည်ဖြစ်ပါသဖြင့် သတိပြုနိုင်ပါရန် မေတ္တာရပ်ခံအပ်ပါသည်။
(သို့ရာတွင် ဒီဇင်ဘာလ ၁၀ ရက်နေ့ မတိုင်မီလျှောက်ထားပါက နိုင်ငံကူးလက်မှတ်စာအုပ်များကို ဂျပန်သံရုံး ဗီဇာကောင်တာတွင် ပြန်လည်ထုတ်ယူရမည် ဖြစ်ပါသည်)။
၂) သံတမန်နှင့် အထူးနိုင်ငံကူးလက်မှတ်ဆိုင်ရာကိစ္စရပ်များ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်ကိစ္စရပ်များစသည်တို့နှင့် ပတ်သက်၍ ဂျပန်သံရုံး ကောင်စစ်ရေးရာဌာနတွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
မေးမြန်းစုံစမ်းရန် : မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး ကောင်စစ်ရေးရာဌာန
တယ်လီဖုန်း : ၉၅-၁-၅၄၉၆၄၄ မှ ၅၄၉၆၄၈
အီးမေးလ် : [email protected]
တို့ဖြစ်ကြောင်းဂျပန်သံရုံးကသတင်းထုတ်ပြန်ထားသည်ကိုတွေ့ရသည်။
07/12/2025
ကျောင်းသားဗီဇာမှ အလုပ်ဗီဇာသို့ စောစီးပြောင်းဘို့ ဂျပန်လဝက ဆော်ဩ
ကျောင်းသားဗီဇာမှ အလုပ်ဗီဇာ 「留学」から「技術・人文知識・国際業務」စတဲ့ဗီဇာသို့ ပြောင်းလဲလျှောက်ထားခြင်းအတွက် ပုံမှန်ဆိုလျှင် အလွန်ဆုံး ၂ လခန့်သာကြာလေ့ရှိပေမယ့်၊ ဂျပန်ကုမ္မဏီအများစု နှစ်အစပိုင်းဖြစ်တဲ့ ၄ လပိုင်းမှာ နိုင်ငံခြားသားလုပ်သားသစ်ခန့်အပ်မှု များပြားကာ ဂျပန်လဝက တွင်ဗီဇာချပေးခြင်းအတွက် ကြန့်ကြာမည်ဟုသိရ
၂၀၂၆ခုနှစ် ၄ လပိုင်း ၁ ရက်နေ့အလုပ်စဝင်မည့် သူများ၊ ၂၀၂၆ ခုနှစ် ၁ လပိုင်းမကုန်မှီအတွင်းဗီဇာလာရောက်လျှောက်ထားကြဘို့ ဂျပန်လဝကမှ ဆော်ဩထား
ဗီဇာပြောင်းလဲခြင်းကို ၄ လပိုင်း၁ ရက်နေ့အလုပ်စဝင်ရမည့်နေ့မှာ မပြောင်းလဲနိုင်ပါက အလုပ်လုပ်ခွင့်ရှိမှာမဟုတ်ပဲ၊ ကုမ္မဏီအတွက် အလုပ်ဝင်ရမည့်နေ့သတ်မှတ်ရက်ကျော်လွန်မည်ဖြစ်ကာ၊
•လုပ်ခလစာမရရှိခြင်း၊
•တခြားသော ကာလတူအလုပ်ဝင်သူ (同期)တွေနှင့် ဝန်ထမ်းသစ်သင်တန်း(新入社員研修)စသည်တို့လွဲချော်ခြင်း၊
•အခန့်မသင့်လျှင် 内定取り消しဝင်ခွင့်ဖျက်သိမ်းခံရခြင်း စတဲ့ risk တွေရှိလာနိုင်
မိမိတို့ပတ်ဝန်းကျင်မှာ ၂၀၂၆ ခုနှစ် ၄ လပိုင်းမှာ အလုပ်စဝင်မည့် ကျောင်းသားများ ရှိပါက မျှဝေပေးလိုက်ပါ
မဖြစ်မနေပြောင်းသင့်သည့်ကိစ္စဖြစ်
若いうちはスピードが勝負!
10/09/2025
ဂျပန် ခေတ် အမည်များ
Era Names in Japan
江戸(Edo)
1603 - 1868
明治(Meiji)
1868 - 1912
大正(Taishō)
1912 - 1926
昭和(Shōwa)
1926 - 1989
平成(Heisei)
1989 - 2019
令和(Reiwa)
2019 - now
明道学園日本語学校
MDGE Japanese School
みなさん 今日は
お久しぶりでしたね
お元気ですか ???
みな 、お元気で 、幸せに 、、、
07/08/2025
ဂျပန်စားသုံးသူအေဂျင်စီ ကနေ သာမန်လူတွေ အနေနဲ့ ဒီလို ရေဓါတ်ဖြည့်တဲ့ Os-1 နဲ့ pocari လိုမျိုး Sport Drink တွေကို အခုလိုပူပြင်းတဲ့ရာသီမှာ ရေဓါတ်ဖြည့်ရန်အတွက် မသောက်သုံးဖို့ တားမြစ်ထားပါတယ် သာမန်လူတွေအနေနဲ့ သောက်သုံးရင် နှလုံးနဲ့ ကျောက်ကပ်ကို ဝန်ပိစေတယ်လို့ ပြောထားပါတယ် pocari ကတော့ Os-1 လောက် မပြင်းပေမဲ့သူလည်းသကြားဓါတ်များလို့ ပြသနာရှိပါတယ်လို့ ပြောထားပါတယ်
OS-1 ဟာ ရေဓာတ် ခန်းခြောက်သူများအတွက် ပါးစပ်ကနေ ရေဓာတ်ပြန်လည် ဖြည့်ပေးတဲ့ အရည်ဖြစ်ပါတယ်။ ရေဓာတ်မခန်းခြောက်သူတွေ သာမန်လူတွေ သောက်ရမယ့်ပစ္စည်းမဟုတ်ပါ လို့ ထုတ်လုပ်တဲ့ ကုမ္ပဏီကလည်းတရားဝင် သတိပေးထားပါတယ်
✅ဘယ်လိုအခြေအနေမှာ သောက်သုံးသင့်တာလဲ
ပြင်းထန်စွာ ဝမ်းလျှောခြင်း သို့မဟုတ် အော့အန်ခြင်း
ချွေးအလွန်အကျွံထွက်ပြီး အပူရှပ်ခြင်း (熱中症)
နေမကောင်းဖျားနာပြီး အစာစားချင်စိတ်မရှိဘဲ ရေဓာတ်ဆုံးရှုံးနိုင်ခြေရှိတဲ့ အခြေအနေများ
အရေးကြီးတဲ့အချက် ကတော့ OS-1 ကို ကျန်းမာနေတဲ့သူတွေအနေနဲ့ သောက်သုံးဖို့ မသင့်တော်ပါဘူး။ ဆားဓာတ် နဲ့ ပိုတက်ဆီယမ် များတာကြောင့် ကျောက်ကပ် နဲ့ နှလုံး ကို ဝန်ပိစေနိုင်ပြီး ရေရှည်မှာ ကျန်းမာရေးပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် လိုအပ်တဲ့ အခြေအနေမှာမှ သင့်တော်တဲ့ ပမာဏကို ဆရာဝန်ညွှန်ကြားချက်နဲ့သာ သောက်သုံးသင့်တယ်လို့ ပြောထားပါတယ်
Credit to
🇯🇵 #熱中症対策
08/12/2024
သင်တန်းတွေ ဘယ်အချိန်ပြန်ဖွင့်မှာလဲ လို့ မေးမေးနေကြသူတွေများလာလို့ ဒီနေရာကနေ တစ်ခါထဲ ဖြေပေးတာပါ
ကျနော်တို့ကျောင်းက လူအများနဲ့သင်တဲ့ သင်တန်းတွေထက် (အရေအတွက်ထက် အရည်အသွေးအတွက်) သီးသန့်ဝိုင်းတွေကိုပဲ ဦးစားပေး သင်ကြားနေတာမို့ သင်ယူမယ့်သူနဲ့ သင်ကြားပေးမယ့် ဆရာ ဆရာမ အဆင်ပြေမယ့်အချိန်တွေကို ညှိနှိုင်းသင်ကြားလျှက်ရှိနေပါတယ် ၊ ဘယ်တုန်းကမှ ဘာကြောင့်မှ ပိတ်ထားခဲ့တာ မရှိပါဘူး
အခြေခံအဆင့်များမှ အလယ်အဆင့် အဆင့်မြင့်နဲ့ အဆင့်လွန် ဆရာဖြစ်အဆင့်တွေအထိ သင်ကြားပို့ချပေးလျှက်ရှိပါတယ် ...။
စိတ်ဝင်တစား မေးမြန်းစုံစမ်းကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်
MDGE Japanese School
17/11/2024
" ဂျပန်ဘာသာကို ခြေခံကနေစပြီး မိခင်ဘာသာစကားလို့ပြောတတ်ဖို့ တပတ်ကို နှစ်ရက်လောက်နဲ့ ဘယ်နှလလောက်သင်ရမလဲသိချင်ပါတယ်ဆရာ "
" မူလတန်းကနေ အထက်တန်းအောင်တဲ့အထိဆိုရင် စာသင်နှစ် ၁၁ နှစ် ၊ ၁၁ နှစ်ဆိုတဲ့ ဒီကာလအတွင်း (ပြင်ပ အကူအညီ လေ့လာမှုမပါပဲ) အစိုးရကျောင်းမှာ သင်ယူခဲ့တဲ့ အင်္ဂလိပ်ဘာသာကို နိုင်ငံခြားသားတစ်ယောက်နဲ့ ရေရေလည်လည် ချက်ချက်ချာချာ ပြောဆိုနိုင်ပါပြီလား ❓ အဲဒီ ကာလအတွင်း သင်ယူခဲ့မှုတွေနဲ့ မိခင်ဘာသာစကား စာပေကိုရော အမှန်တကယ် တတ်မြောက်ပါပြီလား❓ အခုမှ စတင်သင်ယူမယ့် ဘာသာစကားအသစ်တစ်ခုကို လပိုင်းလောက်နဲ့ မိခင်ဘာသာစကားလို တတ်မြောက်နိုင်မယ်လို့ ဘာကြောင့် ထင်နေတာလဲ ❓ ၃ လပြတ် ဆိုတဲ့ မထော်မနှမ်း ကြော်ငြာတွေကို ယုံကြည်နေလို့လား ❓"
(ကျနော် ကျောင်းတည်ထောင်ထားခဲ့တဲ့ ဆယ်စုနှစ် ၂ ခု ကျော်မှာ ဆရာ၊ဆရာမပေါင်းများစွာကို မွေးထုတ်ပေးခဲ့ပြီးပါပြီ ၊ ဒီလိုမျိုး နေ့စဉ် သင်ကြားပို့ချရင်း တစ်ဖက်ကလည်း ကိုယ်တိုင် လေ့လာသင်ယူနေရဆဲပါ ... အခုအထိ ဆုံးခန်းတိုင်အောင် မလုံလောက်သေးပါဘူးခင်ဗျာ)
အသေးစိတ်သိလိုသမျှကိုတော့ သင်ယူမယ့်သူကိုယ်တိုင် ကျောင်းကို လာရောက်စုံစမ်းရပါမယ်ခင်ဗျာ
Google မှာ
MDGE Japanese school လို့ ရိုက်ရှာလိုက်ရင် ကျောင်းလိပ်စာ ဖုန်းနံပါတ် Location တွေ တွေ့ရပါလိမ့်မယ်ခင်ဗျာ
Click here to claim your Sponsored Listing.
Location
Category
Telephone
Website
Address
No : 39, 2nd Floor B, Nant Thar Street, Ahlone Township
Yangon