Professional Entrepreneurship Matrix - PEM Youth Camp

Professional Entrepreneurship Matrix - PEM Youth Camp Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Professional Entrepreneurship Matrix - PEM Youth Camp, School, No-275, 6th Floor, Red Hill Tower, Pyay Rd, Sanchaung Township, Yangon.

A summer youth camp aiming to introduce entrepreneurship mindset and financial literacy to Myanmar Youths while boosting the development of soft skills and social skills using interactive learning methods.

25/10/2019

“Always Deliver More than Expected”

ဒီတစ်ခေါက်ဆွေးနွေးချင်တာကတော့ Google ရဲ့ Co-founder, Larry Page ပြောခဲ့တဲ့ စကားတစ်ခွန်းဖြစ်တဲ့ “Always Deliver More than Expected” ဆိုတဲ့စကားပဲဖြစ်ပါတယ်..
ဒီစာသားကတော့ ကိုယ့်ရဲ့ Customers တွေကိုသူတို့မျှော်မှန်းထားတာထက်ပိုတဲ့ Service မျိုးတွေ Product မျိုးတွေကို Offer လုပ်ပေးပါ ဆိုတဲ့ အဓိပ္ပာယ်ရပါတယ်..
Customers တော်တော်များများက ပစ္စည်းတစ်ခုဝယ်တော့မယ် Service တစ်ခုကိုအသုံးပြုတော့မယ်ဆို Expectation ကြီးကြီးနဲ့ လာကြတာများပါတယ်.ဥပမာ တစ်ချို့သော ရုပ်ရှင်ကြည့်ရတာ ကြိုက်နှစ်သက်တဲ့သူတွေဆိုရင်လည်း ဒီရုပ်ရှင်တစ်ကားအတွက် Expectation ကြီးကြီးနဲ့လာကြည့်တတ်ကြပါတယ် တကယ်လို့ရုပ်ရှင်ကသာ မျှော်မှန်းထားတာထက်ပိုကောင်းတယ်ဆို Satisfied Customers ကနေ Delighted Customers အဆင့်ကိုရောက်ရှိသွားမှာပဲဖြစ်ပါတယ်..ဒီတော့ လုပ်ငန်းတွေက ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်ရဲ့ Customers တွေကို Satisfied Customers ဖြစ်အောင်အရင်လုပ်ရမှာဖြစ်ပါတယ်.. ကိုယ်ပေးလိုက်တဲ့ Services တွေ Products တွေနဲ့ပက်သက်ပြီး ကျေနပ်သွားတဲ့ Customers တွေအနေနဲ့ ကိုယ့်ဆီကို နောက်တစ်ကြိမ်ပြန်လာဖို့ဆိုတာ မလွဲမသွေပဲဖြစ်ပါတယ်.ဒါပေမယ့် မြန်မာနိူင်ငံကလုပ်ငန်းတော်တော်များများက ကိုယ့်ဆီနောက်ထပ်လာတဲ့ Customers တွေကို ပထမဆုံးတစ်ခေါက်က ပေးခဲ့တဲ့ Services လိုမပေးနိုင်ကြတာများပါတယ်. တကယ်ဆို ဒီအဆင့်မှာသာ ပထမဆုံးတစ်ခေါက်ကလို Service မျိုး ဒါမှမဟုတ် အရင်ကထက်ပိုကောင်းတဲ့ Services မျိုးကိုသာ ပေးနိုင်မယ်ဆို Delighted Customers အဆင့်ကိုရောက်ရှိနိုင်ပါတယ်. ဒါကအခုလက်ရှိ Market ထဲမှာတွေ့ရတဲ့ အခြေအနေပဲဖြစ်ပါတယ်.
ခုနက စာသားကို ပြန်ပြောရမယ်ဆိုရင် Customers တွေကို Services တွေ Products တွေ ပေးတဲ့နေရာမှာ ပထမတစ်ခေါက်ပဲ အကောင်းဆုံးပေးရမှာမဟုတ်ပဲ Always အမြဲတမ်းပေးရမှာဖြစ်ပါတယ်. ဒီအချက်ကို လုပ်ငန်းရှင်တွေအနေနဲ့ သေသေချာချာ သတိထားဖို့လိုပါတယ်. ဒီတော့ လုပ်ငန်းတွေအနေနဲ့ ကိုယ့်ရဲ့ Customers တွေကိုရေရှည်ပေးနိုင်မယ့် Service မျိုး Product မျိုးကိုပဲ Offer လုပ်ဖို့လိုအပ်ပါတယ်. နောက်တစ်ချက်က တစ်ချို့လုပ်ငန်းတွေဆိုရင် ကြော်ငြာချိန်မှာ Customers တွေကို Expectation အကြီးကြီးပေးတဲ့ အချက်တွေကို ထည့်သွင်းပြီး ကြော်ငြာလေ့ရှိပါတယ် ဒါပေမယ့်တကယ့်လက်တွေ့မှာ သူတို့ကြော်ငြာတုန်းကအချက်တွေကို မပေးနိုင်တဲ့အခါ Expectation အကြီးကြီးတွေနဲ့လာတဲ့ Customers တွေအနေနဲ့ စိတ်ပျက်သွားပြီး Disappointed Customers တွေဖြစ်သွားနိုင်ပါတယ်. Disappointed Customers တွေရဲ့ စကားက တစ်ဆင့်တစ်ဆင့်ပျံ့နှံသွားပြီး နောက်ထပ်ရလာမယ့် Customers တွေကို ဆုံးရှုံသွားနိုင်ပါတယ်.
ဒီတော့ Google ရဲ့ Co-Founder, Larry Page ပြောခဲ့တဲ့စကားအတိုင်း “Always deliver more than Expected” ဖြစ်ဖို့အတွက်ဆို လုပ်ငန်းတွေအနေနဲ့ ပထမဆုံး ရေရှည်မှာ ကိုယ်ပေးနိုင်မယ့် Service မျိုး Product မျိုးကိုပဲ Offer လုပ်သင့်ပါတယ်. ဥပမာ စားသောက်ဆိုင်တွေမှာဆို တကယ်ရေရှည်မှာရဖို့မလွယ်မယ့် Menu မျိုးကို အစကတည်းက မထားတာက ပိုသင့်တော်ပါတယ်. Service ကိုလည်း ပထမတစ်ခေါက်ပေးတာတစ်မျိုး နောက်တစ်ခေါက်လာတော့ပေးတာတစ်မျိုး မလုပ်သင့်ပဲ ဘယ်အချိန်ပဲလာလာ ပုံစံတစ်မျိုးတည်းသော Service ဒါမှမဟုတ် ပိုပြီးကောင်းတဲ့ Service မျိုးပေးတာမျိုးပဲလုပ်သင့်ပါတယ်. နောက်တစ်ချက်ကတော့ ကိုယ့်ဆီလာတဲ့ Customers တွေကို Expectation နည်းနည်းနဲ့ လာအောင် လုပ်ထားတာပိုမိုကောင်းမွန်ပါတယ်.. ဒါကတော့ Strategy တစ်မျိုးပေါ့. ကြော်ငြာချိန်မှာ အမြည်းလေးနည်းနည်းလေးပဲပေးပြီး ရောက်လာတဲ့အခါမှ Surprise ဖြစ်အောင်လုပ်တာမျိုးက Satisfied Customers ကနေ Delighted Customers ရောက်အောင်လုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်. ရုပ်ရှင်နဲ့ဥပမာပေးရမယ်ဆို Trailer မှာတော့လုံးဝဆွဲဆောင်မှုရှိတဲ့ Scene တွေနဲ့ Customers တွေကို Expectation အကြီၤးကြီးတွေပေးထားပြီး လာကြည့်တဲ့အချိန်မှာ ဇာတ်ကားကထင်သလောက်မကောင်းဘူးဆို Disappointed Customers တွေကိုသာရရှိသွားမှာဖြစ်ပါတယ်. ဒီတော့ နိဂုံးချုပ်ပြောချင်တာက ကိုယ့်ရဲ့ Customers တွေကို သူတို့မျှော်မှန်းထားတာထက်ပိုတဲ့ Service မျိုး Product မျိုးကိုပေးပါ ဒါပေမယ့် ရေရှည်ပေးနိုင်မယ့် Service မျိုး Product မျိုးဖြစ်ဖို့တော့ သတိထားပါ. နောက်တစ်ချက်က တစ်ကြိမ်တစ်ခါပဲ Satisfied ဖြစ်စေတာမျိုးမဟုတ်ပဲ အမြဲတမ်း Satisfied ဖြစ်အောင်ကြိုးစားလိုအပ်ပါတယ်.

🔴Matrix ကနေပုံမှန်တင်နေကျ Weekly Quote တွေနဲ့မတူဘဲ နောက်ပိုင်းမှာ Quote နဲ့ပတ်သတ်တဲ့ Knowledge sharing လေးတွေပါတင်ပေးသွားမှာမို့လို့ like and follow လုပ်ထားဖို့မမေ့နဲ့ဦးနော်

Matrix Institute of Professionals
Grow Professional… Grow Together…
01 8245660, 09 445533 288-289
-
Matrix Institute of Professionals
Room: D-E, Level 2, Bld No: 182-194, Botahtaung Pagoda Road, Pazundaung Township, Yangon, Myanmar.

PEM Youth Camp တက်လိုသူများအတွက် သတင်းကောင်း!
22/04/2018

PEM Youth Camp တက်လိုသူများအတွက် သတင်းကောင်း!

07/04/2018

BC Library မှာ ပြုလုပ်သွားမယ့် PEM Youth Camp ၏ Free Inspiration Talk အစီအစဉ်ကို April 29th သို့ ပြောင်းရွှေ့လိုက်ပါသည်ရှင်။ အဆင်မပြေမှုများအတွက် အထူးတောင်းပန်ပါတယ်ရှင်။
-
နှစ်သစ်မှာမင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေရှင်။

25/03/2018
Matrix Institute ရဲ့ နွေရာသီမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသော၊ တက်နေဆဲဖြစ်သော လူငယ်များ အတွက် PEM Youth Camp ကို မကြာမီဖ...
23/03/2018

Matrix Institute ရဲ့ နွေရာသီမှာ တက္ကသိုလ်ဝင်တန်း ဖြေဆိုပြီးသော၊ တက်နေဆဲဖြစ်သော လူငယ်များ အတွက် PEM Youth Camp ကို မကြာမီဖွင့်လှစ်တော့မှာဖြစ်ပါတယ်။
-
Camp မဖွင့်မီအချိန်အတွင်းမှာလည်း ယခုကဲ့သို့ Free Workshops တွေပြုလုပ်ပေးသွားပြီး workshop မှာ PEM Youth Camp စာရင်းသွင်းသူများအတွက် 20% off Promotions များ စီစဉ်ထားပါတယ်ရှင်။
-
Workshop ကို တက်ရောက်လိုသည့် လူငယ်များသာမက ဧည့်သည်မိဘများပါ လာရောက်လေ့လာနိုင်ပါတယ်ရှင်။

12/03/2018

✤ လူငယ်တွေ ဒွိဟဖြစ်နေတဲ့ Dreams နဲ့ Goals ခြားနားချက်တွေ
✤ စွန့်ဦးတီထွင်ခြင်း၊ Finance နှင့် တခြားသော Business skills တွေ
✤ အားသာချက်ကို ရှာဖွေပြီး Confidence တည်ဆောက်ပုံတွေ
✤ ဘဝအတွက်လိုအပ်မည့် Soft Skills, Social Skills တွေ ...

ကို Themes ၂ ခုပေါ်အခြေတည်ပြီး ရက် ၅ ရက်ခွဲကာ လက်တွေ့သင်ကြားလေ့လာနိုင်မည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး စွန့်ဦးတီထွင်ခြင်းဆိုင်ရာ လူငယ် CAMP ...

Theme 1 -
☼ Mini Youth Market:
လူငယ်များကို Marketing, People နှင့် Business Skills များသင်ကြားပေးမည့် အပြင်အသိအမြင်ကြွယ်ဝစေမည့်လူငယ်ဈေးပွဲတော်။
Theme 2 -
☼ Changemaking Fair:
လူငယ်များကိုလက်တွေ့ဘဝတွင်ကြုံတွေ့နေရသောမြန်မာနိုင်ငံရှိပြဿနာများနှင့်ရင်းနှီးကျွမ်းဝင်အောင် မိတ်ဆက်ပေးပြီး Team အလိုက် Problem Solving Skill ကိုမြှင့်တင်ပေးမည့် Problem Base Learning Camp.

-----
Day ① - Fun & Learn
➤ စွန့်ဦးတီထွင်ခြင်း (Entrepreneurship) အကြောင်းလေ့လာကြမယ်။

Day ② - S.M.A.R.T:
➤ အနာဂတ်အတွက် အရေးပါတဲ့ငွေကြေးဆိုင်ရာ အသိပညာ ဗဟုသုတတွေကို သင်ကြားပြီးလက်တွေ့ကျတဲ့ Smart Goal တွေရေးဆွဲကြမယ်။

Day ③- Explore
➤ စိတ်ဝင်စားဖို့ကောင်းတဲ့ လူမှုအကျိုးပြုလုပ်ငန်းတစ်ခုကို သွားရောက်လေ့လာပြီး လက်တွေ့လုပ်ကြည့်ကြမယ်။
➤ စိတ်ဝင်စားတဲ့တက္ကသိုလ်၊ ဘာသာရပ်များ၊ နိုင်ငံခြား Scholarship များအကြောင်းမေးကြည့်ကြမယ်။

Day ④ - Ready:
➤ Team အလိုက် Project တွေလက်တွေ့ပြင်ဆင်ကြမယ်။

Day ⑤– Action & Goal:
➤ အဖွဲ့လိုက် Final Project Presentation လုပ်ပြီးဆုတွေယူကြမယ်။ Meet with Campers Party မှာ Social Network တည်ဆောက်ကြမယ်။
----

☀ နေ့ရက်၊ အချိန်
မေလ (7) ရက်နေ့ မှ (11) ရက်နေ့ အထိ (တနလာင်္ မှ သောကြာနေ့)
နံနက် ၉ နာရီ မှ ညနေ ၅ နာရီ အထိ

💰သင်တန်းကြေး
- 195,000 Ks
Group Discount - 15% Off for group of 3
Early Bird Registration DISCOUNT - 50,000 MMK (Limited Seats)
လူဦးရေကန့်သတ်ထားပါသဖြင့်အောက်ပါလင့်မှတဆင့် အမြန်ဆုံးစာရင်းပေးသွင်းနိုင်ပါတယ်။

https://docs.google.com/forms/d/e/1FAIpQLSemXiRDIvhQPU9Pir-gRg-uFU3BNizeR73WT_KBTQ-fc9-FNA/viewform?usp=sf_link

အစီအစဉ်- ထူးချွန်ကျောင်းသားများ ပညာသင်ဆုများလျှောက်ထားနိုင်ပါသည်။

အသေးစိတ်အချက်အလက်များသိရှိလိုပါက
☎ - 09 445533 288 ~29, 01 8245 660
ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်

11/03/2018

အားလုံးစောင့်မျှော်နေကျတဲ့ Matrix Institute of Professionals မှကြီးမှူးဖွင့်လှစ်သော PEM Youth Camp - Batch 2 ကို မကြာမှီဖွင့်လှစ်တော့မှာဖြစ်ပါသည်။

PEM Youth Camp - Batch 1
11/03/2018

PEM Youth Camp - Batch 1

09/03/2018

Before and After the Youth Camp

09/03/2018

What PEM Youth Camp delivers ...

09/03/2018

Recollection of Memories ...
PEM Youth Camp - Batch 1

Address

Yangon
11081

Website

Alerts

Be the first to know and let us send you an email when Professional Entrepreneurship Matrix - PEM Youth Camp posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category