Royal Bo Daycare Center - South Okkalar Branch

Royal Bo Daycare Center - South Okkalar Branch Future development for every baby and ensuring work-life balance in every family in Myanmar.

29/05/2026

မင်္ဂလာပါ မေမေဖေဖေတို့ရှင့်…

ဒီနေ့မနက်ပိုင်းမှာ အလုပ်ထွက်သွားသောဆရာမနှင့် သူ၏ အစ်ကိုအမများ ရောက်လာပြီးနောက် Screenshot ထဲမှပြောထားသည့် အချက်များအား ၂ ဦးသဘောတူ ပြောပြဖြေရှင်းခဲ့ပါသည်…

ပထမအချက် အားလူးနုတ်နုတ်ဆိုတာကိုစပြီးရှင်းပြခဲ့ပါသည်။
ကလေးငယ်များ အစာမနင်အောင် အစားစာတိုင်းကို အသေးလေးတွေလှိးပြီးမှကျွေးရပြီး ထမင်းကိုလဲ အပျော့လေးတွေကိုသာ ချက်ရပါသည်။ မျှစ်မပါကြောင်းကိုလဲ နေ့တစ်နေ့စာ ချက်ပြုတ်ထားသည်များကို Founder အား ပုံပို့အသိပေးရသောကြောင့် မပါကြောင်းရှင်းပြခဲ့ပါသည်။

ဇလုံနဲ့တော့ ၂၇ ရက်နေ့က ဆရာမ ၅ ယောက် ခွင့်စုံယူလို့ တစ်ရက်တော့ နယ်ကျွေးမိကြောင်း ဆရာမများမှ ဝန်ခံထားပါသည်

ကလေးငယ်များကို အာဟာရဆုံလင်အောင် အမြဲချက်ကျွေးသည်မှာ မှန်ကန်ပါသည်။ မိဘများအား ဘယ်တုန်းကမှ မလိမ်ခဲ့ဖူးပါဘူးရှင့်…

ကလေးမုန့်တွေကိုနှိုက်စားသည်ဆိုသည့်အချက်မှာလဲ Royal Bo ကျောင်းရှိ ကလေးများဟာ မနက်အစော ၆ နာရီ ၇ နာရီကထဲက မုန်တွေအသီးတွေထည့်လာရသည်မို့ စားလို့အဆင်ပြေမပြေ မြည်ကြည့်ပြီးမှ ကလေးများအား ကျွေးပေးရန် မှာထားသောကြောင့် မြည်းကြည့်ရခြင်းဖြစ်ပါကြောင်းကိုလဲ ရှင်းပြခဲ့ပါသည်။

ကလေးတွေ အစားစားတဲ့ ပုံဆိုတာလဲ မိဘများထံ အမြဲပို့ပေးရပြီး အမြဲရိုက်နေကျပါရှင့် ဆူငေါက်တာမျိုးမရှိခဲ့ရပါဘူးရှင့်

ငိုရင်လဲ အနောက်အဝတ်လဲခန်းခေါ်ပြီး ရိုက်တယ်ဆိုတာလဲ လုံးဝမဟုတ်ရပါဘူးရှင့်… အနောက်ခန်း CCTVအားလဲ ဖော်ပြထားပါသည်။

(CCTV recording ကလဲ Hard Disk က နှစ်ကြာပြီမို့ အလုပ်မလုပ်တာ ကြာပြီဟု အလုပ်ထွက်သော ဆရာမရဲ့အစ်ကိုခေါ်ပေးသော Technicianမှ ပြောပြသောကြောင့် CCTV recording မရဘူးဖြစ်သွားပါတယ်ရှင့်)

ဒီနေ့မှာဘဲ Hard Disk ကို ချက်ချင်းပြင်ရန်အတွက် အလုပ်ထွက်ဆရာမ၏ အစ်ကို ကိုယ်တိုင် စီစဉ်ပေးခဲ့ပါသည်

အလုပ်ထွက်ဆရာမလေးမှ ကလေးကို ရိုက်သည်ဟုဆိုသော ဆရာမဟာလဲ အခုဆို အလုပ်ထွက်သွားပါပြီရှင့်…

သက်ဆိုင်ရာ ကလေးမိဘနှင့်လဲ ကျောင်းဘက်မှ ဖြစ်ကြောင်းကုန်စင်ပြောပြရှင်းပြပြီးဖြစ်ပါတယ်ရှင့်… ဖြစ်စဉ်ကလဲ မနက်ခင်း Activities ပြုလုပ်ချိန်မှာ ကလေးတွေ လူစုစဉ် ကလေးအား စလိုက်သည်ဟု ဆရာမမှပြောပါသည်။

သက်ဆိုင်ရာကလေး မေမေနှင့် ကျောင်းဘက်မှတွေ့ဆုံရန်လဲစီစဉ်နေပါတယ်ရှင့်

သေချာတာကတော့ ကလေးများအား CCTV အောက်တွင်သာထားရှိသည်မှာ အမှန်ပါ ရေချိုးချိန်နှင့် Potty ဆေးချိန်မှလွဲ၍ ကလေးများအား နစ်နာပျက်စီးအောင် ဘာတစ်ခုမှမလုပ်ခဲ့ပါဘူးရှင့်…

သို့ပါသော်လဲ CCTV recording မရသောကြောင့် မိဘများပေးသော အပြစ်ဒဏ်အား ကျေကျေနပ်နပ် ခံယူပါမယ်ရှင့်

Founder ဘက်မှ အသေးစိတ် procedure တွေ စနစ်တကျချထားပေမယ့်လဲ ဝန်ထမ်းမှ လိုက်နာခြင်းမရှိခြင်းကြောင့် ၇ နှစ်တာတည်ဆောက်ခဲ့တဲ့ အမည်ပျက်စီးခဲ့ရပါပြီ…

မိဘများ စိတ်အနှောက်ယှက်ဖြစ်စေခဲ့တဲ့အတွက် အနူးညွတ်တောင်းပန်ပါတယ်ရှင့်…🙏🏻🙏🏻🙏🏻

မိဘများရှင်...လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကြောင့် မိဘများအနေနဲ့ စိတ်ပူပန်မှုတွေ ရှိနေက...
29/05/2026

မိဘများရှင်...

လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ဖြစ်ပေါ်နေတဲ့ ကိစ္စရပ်တွေကြောင့် မိဘများအနေနဲ့ စိတ်ပူပန်မှုတွေ ရှိနေကြလိမ့်မယ်လို့ အပြည့်အဝ သိရှိနားလည်ပါတယ်ရှင်။ ဒါကြောင့်မို့လို့ လက်ရှိ အခြေအနေမှန်ကို မိဘများ စိတ်အေးစေဖို့အတွက် အသိပေးပါရစေနော်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်မတို့ Royal Bo Daycare အနေနဲ့ အမှန်တရားအတိုင်းပဲ အောက်ပါအချက်တွေကို အမြန်ဆုံး ချပြရှင်းလင်းသွားမှာ ဖြစ်ပါတယ်ရှင်။

ဖြစ်စဉ်အမှန် ဘာဖြစ်ခဲ့လဲဆိုတာကို အားလုံး ရှင်းရှင်းလင်းလင်း မြင်တွေ့နိုင်ဖို့အတွက် Daycare ရဲ့ CCTV Record တွေကို သေချာပေါက် ချပြပေးသွားပါမယ်ရှင်။

လက်ရှိမှာတော့ အလုပ်ထွက်သွားတဲ့ တီချယ်နဲ့ အဆက်အသွယ် ရရှိထားပြီဖြစ်လို့ မိဘများ သိချင်နေကြတဲ့ အချက်အလက်တွေကိုလည်း တစ်ခုချင်းစီ သေချာ ရှင်းပြပေးသွားမှာ ဖြစ်ပါတယ်နော်။

Royal Bo ကျောင်းအနေနဲ့ အလုပ်ထွက်သွားတဲ့ တီချယ်အပေါ်မှာရော၊ ယုံကြည်စွာ အပ်နှံထားကြတဲ့ မိဘများအပေါ်မှာပါ တရားမျှတစွာ စီစဉ်ဆောင်ရွက်ပေးဖို့ကိုလည်း အာမခံပါတယ်ရှင်။

ကျွန်မတို့ ဖုံးကွယ်ထားစရာ ဘာမှမရှိတဲ့အတွက် သိရှိသမျှ ကိစ္စရပ်အားလုံးကို ပွင့်လင်းမြင်သာမှုရှိစွာနဲ့ပဲ post တင်ပြီး တစ်ဆင့်ချင်း ဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်ရှင်။

ဒါကြောင့် မိဘများအနေနဲ့ ဖြစ်စဉ်အမှန်ကို သိရှိရတဲ့အထိ စိတ်အေးအေးထားပြီး ခေတ္တစောင့်ကြည့်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်ရှင်။

မိဘများရဲ့ ယုံကြည်မှုနဲ့ ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံမှုကို အမြဲတမ်း ပထမဦးစားပေး စောင့်ရှောက်သွားမှာမို့လို့ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းပေးကြတဲ့ မိဘတစ်ဦးချင်းစီကို အထူးပဲ ကျေးဇူးတင်ပါတယ်ရှင်။

Royal Bo Daycare Center
Management Team

Royal Bo Daycare Center မှ တရားဝင်အသိပေးထုတ်ပြန်ချက်Royal Bo Daycare Center ကို ယုံကြည်အားကိုးစွာဖြင့် မိမိတို့၏ ရင်သွေး...
28/05/2026

Royal Bo Daycare Center မှ တရားဝင်အသိပေးထုတ်ပြန်ချက်

Royal Bo Daycare Center ကို ယုံကြည်အားကိုးစွာဖြင့် မိမိတို့၏ ရင်သွေးငယ်များကို အပ်နှံထားကြသော မိဘအုပ်ထိန်းသူများနှင့် အများပြည်သူအား ဖြစ်စဥ်အ​ကြောင်း ​​အသိ​ပေးအ​ကြောင်းကြားခြင်းဖြစ်ပါသည်။

ယနေ့ လတ်တလော လူမှုကွန်ရက်စာမျက်နှာပေါ်တွင် Royal Bo ကျောင်းနှင့်ပတ်သက်၍ ပျံ့နှံ့နေသော ဖြစ်စဉ်တစ်ခုအား အမှန်တရားကို သိရှိနိုင်စေရန်အတွက် အောက်ပါအတိုင်း အသေးစိတ် ရှင်းလင်းထုတ်ပြန်အပ်ပါတယ်ရှင်။

Royal Bo ကျောင်းသို့ ​အောက်ဖော်ပြပါ CV Form တင်သွင်းကာ (၂၆) ရက်နေ့မှ (၂၇) ရက်နေ့အထိ (၂) ရက်တာ လာရောက်အလုပ်ဆင်းခဲ့သော ဆရာမ နှင့် ပတ်သက်၍၊ ယနေ့ နေ့လည် (၁) နာရီဝန်းကျင်တွင် Face Book အကောင့်တစ်ခုမှ ကျောင်းနှင့်ပတ်သက်သော စာသားများ ဟူ​သော ရည်ညွှန်းချက်၊ Screenshot များဖြင့် စွပ်စွဲချက်ပို့စ်တစ်ခု ရေးသားတင်ထားသည်ကို တွေ့ရှိခဲ့ရပါသည်။

သို့ဖြစ်ပါ၍ ပို့စ်တင်ထားသော ဆရာမ ရေးသားထားသည့် စွပ်စွဲချက်များ အမှန်တကယ် ဟုတ်၊ မဟုတ်နှင့် ဖြစ်စဉ်မှန်ကို စုံစမ်းသိရှိနိုင်ရန်အတွက် ကျောင်းဘက်မှ ၎င်း (၂) ရက်သာ အလုပ်ဆင်းသွားသော ဆရာမထံသို့ ချက်ချင်း ဖုန်းဖြင့် ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါရှင်။

ကျောင်းဘက်က ဆက်သွယ်ခြင်းကို ဆရာမဘက်မှ ​လက်ခံ​ဖြေကြား​​ပေးရန် လိုအပ်ပါသည်။

သို့ပါသောကြောင့် ယခုစွပ်စွဲထားသော အချက်အလက်များ၏ အမှန်တရားကို ပေါ်ပေါက်စေရန်အတွက် အဆိုပါ ဆရာမအနေဖြင့် ကျောင်းသို့ ကိုယ်တိုင်လာရောက်၍ ပွင့်လင်းမြင်သာစွာ မျက်နှာချင်းဆိုင်ဖြေရှင်းပေးပါရန် အလေးအနက် တောင်းဆိုအပ်ပါသည်။

မိဘအုပ်ထိန်းသူများနှင့် အများပြည်သူသို့ တာဝန်ခံချက်
• အကယ်၍ လာရောက်ဖြေရှင်းချက်များအရ ယခုစွပ်စွဲချက်များသည် အမှန်တကယ် ဖြစ်ပွားခဲ့ခြင်း မှန်ကန်ပါက မိမိတို့ကျောင်းအနေဖြင့် လုံးဝအလွှဲအရှောင်မရှိ တာဝန်ယူသွားမည်ဖြစ်ပြီး၊ ကျောင်းပိတ်သိမ်းရမည်ဆိုလျှင်လည်း ပိတ်သိမ်းပေးရန် အသင့်ရှိသည့်အပြင်၊ တရားဥပဒေအရ ရင်ဆိုင်ရမည်၊ အချုပ်အနှောင်ကျခံရမည်ဆိုလျှင်လည်း ကျေနပ်စွာဖြင့် အပြည့်အဝ တာဝန်ယူတာဝန်ခံသွားမည်ဖြစ်ကြောင်း မိဘများအား လေးနက်စွာ အသိပေးအပ်ပါသည်။

• သို့သော်လည်း အဆိုပါ ဆရာမမှ လာရောက်ရှင်းလင်းခြင်း မရှိပါက ဤကိစ္စသည် ကျောင်း၏ နာမည်ဂုဏ်သိက္ခာကို အသရေဖျက်ခြင်းဟုသာ ယူဆပါသည်။

ထိုဆရာမအားလဲ မရရအောင် ဆက်သွယ်ပါမယ်ရှင့်…
မရခဲ့လျှင်လဲ သက်ဆိုင်ရာမှတဆင့် ခေါ်ပါမယ်ရှင့်…

မှတ်ချက်။ မိမိတို့ Royal Bo Daycare Center တွင် မိဘများအား ပေးကြည့်သည့် CCTV စနစ်များအပြင်၊ ကျောင်းတွင်း လုံခြုံရေးအတွက် အမြဲမပြတ် ဖမ်းယူထားသော (မိဘများအား မပေးကြည့်ထားသည့်) အတွင်းပိုင်း လုံခြုံရေး CCTV ကင်မရာများလည်း ရှိနေကြောင်း အသိပေးအပ်ပါသည်။

မိမိတို့ကျောင်းအနေဖြင့် ကျောင်းအတွင်းဖြစ်ပျက်သမျှသော ကိစ္စရပ်တိုင်း၊ အချက်အလက်တိုင်းအတွက် အမြဲတမ်း (၁၀၀%) တာဝန်ယူ၊ တာဝန်ခံနိုင်ကြောင်း လေးစားစွာဖြင့် အသိပေး ကြေညာအပ်ပါတယ်ရှင်။

Royal Bo Daycare Center
စီမံခန့်ခွဲမှုအဖွဲ့

26/05/2026

ပညာတန်ဆောင်မှာ ECCD အခြေပြု မူကြိုဆရာဖြစ် ၁ လ သင်တန်းလေး ပြီးဆုံးတော့မှာမို့ နှုတ်ဆက်သီချင်းလေးတိုက်ဖြစ်ကြတဲ့နေ့လေး…

♥️♥️♥️🍀🍀🍀🎶🎼🎵🎤🎸

ပညာတန်ဆောင်မှ ECCD သင်တန်းမှာ ကြက်ခြေနီ နှင့် မီးသတ်ဆိုင်ရာ အခြေခံဗဟုသုတများကို လက်တွေ့လုပ်ဆောင်လေ့ကျင့်ပေးမှုတွေ သိချင်...
24/05/2026

ပညာတန်ဆောင်မှ ECCD သင်တန်းမှာ ကြက်ခြေနီ နှင့် မီးသတ်ဆိုင်ရာ အခြေခံဗဟုသုတများကို လက်တွေ့လုပ်ဆောင်လေ့ကျင့်ပေးမှုတွေ သိချင်ရာကို အသေးစိတ်မေးမြန်းနိုင်မှုတွေပါပြုလုပ်ပေးသောကြောင့် ဗဟုသုတတွေ တကယ်ကိုအများကြီးရခဲ့ပါတယ်…

🏥🩺🆘⛑️🔥🧯🚒

ပညာတန်ဆောက်မှ ဆရာကြီးဆရာမကြီးများရဲ့ စေတနာမေတ္တာတွေကို လေးစားတန်ဖိုးထား ကျေးဇူးအများကြီးတင်ပါတယ်ရှင့်…

♥️♥️♥️🙏🏻🙏🏻🙏🏻🍀🍀🍀

ဒီနေ့လေးမှာတော့ ပညာတန်ဆောင် ECCD သင်တန်း အပတ်စဉ် ၆၅ မှာ တတိယအပတ် ECCD ပညာလေ့လာကြစဉ် ပညာတန်ဆောင် ဆရာကြီးများရဲ့ စီစဉ်ပေးမ...
21/05/2026

ဒီနေ့လေးမှာတော့ ပညာတန်ဆောင် ECCD သင်တန်း အပတ်စဉ် ၆၅ မှာ တတိယအပတ် ECCD ပညာလေ့လာကြစဉ် ပညာတန်ဆောင် ဆရာကြီးများရဲ့ စီစဉ်ပေးမှု့ကြောင့် စာပေထူးချွန်ဆုရ စာရေးဆရာကြီး ဆရာကောင်းသန့် (သမီးလေးဖတ်ဖို့ စာတွေရေးသားသူ) ရဲ့ အဖိုးတန်တဲ့ စကားကြီး ၃ ခွန်းကို မှတ်သားခဲ့ရပါတယ်…

၁။ Always Thinking about Ideas.
၂။ Always Learning
၃။ Always doing the something.

ဆရာကြီးကောင်းသန့်နှင့်အတူ ပညာတန်ဆောင်မှ ဆရာကြီး ဆရာမကြီးများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင့်…

🙏🏻🙏🏻🙏🏻♥️♥️♥️🍀🍀🍀

✨ မေလအထူးလက်ဆောင်! အခုအပ်ရင် မေလကုန်အထိ "အခမဲ့" စမ်းသပ်တက်ရောက်ခွင့် ရယူလိုက်ပါ မေမေတို့ရေ... ✨ "ကျောင်းပို့ဖို့ စိတ်ကူး...
21/05/2026

✨ မေလအထူးလက်ဆောင်! အခုအပ်ရင် မေလကုန်အထိ "အခမဲ့" စမ်းသပ်တက်ရောက်ခွင့် ရယူလိုက်ပါ မေမေတို့ရေ... ✨

"ကျောင်းပို့ဖို့ စိတ်ကူးထားပေမယ့် ကလေးက ကျောင်းပတ်ဝန်းကျင်နဲ့ အဆင်ပြေပါ့မလား" ဆိုပြီး တွေဝေစိတ်ပူနေရတဲ့ မေမေဖေဖေတို့ ရှိလားဟင်? 🥺

မေမေတို့ရဲ့ စိုးရိမ်စိတ်တွေကို ဖြေဖျောက်ပေးဖို့နဲ့ ရင်သွေးငယ်လေးတွေ Royal Bo မှာ ပျော်ပျော်ရွှင်ရွှင်နဲ့ အသားကျသွားစေဖို့အတွက် Royal Bo Daycare Center ကနေ စီစဉ်ပေးထားတာလေးတွေ ပြောပြပေးမယ်နော်။

🎉 လုံးဝအခမဲ့ စမ်းသပ်တက်ရောက်ခွင့် (Free Trial)

🎉ရာသီမရွေး၊ လမရွေး ဘယ်အချိန်မှာပဲ လာလာ (၅) ရက်အပြည့် အခမဲ့ စမ်းသပ်တက်ရောက်ကြည့်ပြီးမှ စိတ်တိုင်းကျရင် ဆက်ထားနိုင်ဖို Royal Bo က အမြဲတမ်း စီစဉ်ပေးထားပါတယ်ရှင်။

Free Trial မှာဆိုရင် Royal Bo ရဲ့ နွေးထွေးတဲ့ ပတ်ဝန်းကျင်၊ အာဟာရပြည့် Menu များ၊ CCTV ပျော်စရာ Activities နဲ့ Ferry Free ကြိုပို့ပေးတာတွေပါ ပါဝင်မှာ ဖြစ်ပါတယ်။

စမ်းသပ်တက်ရောက်တဲ့ ကာလကတည်းကစလို့ မေမေဖေဖေတို့ အလုပ်ထဲကနေ ကလေးလေး ဘာလုပ်နေလဲ၊ ထမင်းရော သေချာစားရဲ့လား၊ ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနေရဲ့လားဆိုတာကို ဖုန်းထဲကနေတစ်ဆင့် CCTV Live တိုက်ရိုက် ကြည့်ရှုစောင့်ကြည့်နိုင်မယ့် Access ကိုပါ ပေးထားမှာမို့လို့ ရာနှုန်းပြည့် စိတ်အေးလက်အေး ရှိနေနိုင်မှာပါရှင်။ 🥰

ဒါ့အပြင် မေလ ၂၀ မှ ၃၁ အတွင်း လာရောက်အပ်နှံတဲ့ ကလေးငယ်တိုင်းကို မေလကုန်တဲ့အထိ ကျောင်းလခ လုံးဝ (လုံးဝ) ပေးစရာမလိုဘဲ အခမဲ့ စမ်းသပ်တက်ရောက်ခွင့် ပေးသွားမှာ ဖြစ်ပါတယ်။ (စောစောလာအပ်လေ၊ အခမဲ့တက်ရက် ပိုများလေပဲနော် မေမေတို့)

ဒီစမ်းသပ်ကာလအတွင်းမှာ —
✅ ကလေးငယ်က ကျောင်းပတ်ဝန်းကျင်သစ်နဲ့ ဘယ်လောက် အသားကျလွယ်လဲ?
✅ ဆရာမတွေရဲ့ နွေးထွေးတဲ့ စောင့်ရှောက်မှု၊ အာဟာရပြည့် Menu တွေအပေါ် ကလေး ဘယ်လောက် ပျော်ရွှင်လဲ?
✅ ကလေးရဲ့ လူမှုဆက်ဆံရေးနဲ့ အလေ့အထတွေ ဘယ်လိုတိုးတက်လာလဲ? ဆိုတာတွေကို မိဘတွေကိုယ်တိုင် စိတ်ချရအောင် အကဲခတ်နိုင်မှာ ဖြစ်ပါတယ်။

ကလေးငယ်တွေကို စာအုပ်ကြီးအတိုင်း မဟုတ်ဘဲ ဆော့ကစားရင်း သင်ယူနိုင်မယ့် လှုပ်ရှားမှုတွေ၊ နွေးထွေးတဲ့ မေတ္တာတွေနဲ့ အကောင်းဆုံး ပြုစုပျိုးထောင်ပေးဖို့ Royal Bo က အဆင်သင့် စောင့်ကြိုနေပါတယ်။ 🤗

⏰ မေလကုန်ခါနီးလေ အခမဲ့ရက်တွေ နည်းသွားလေမို့လို့ နှမြောစရာမဖြစ်ရအောင် အခုပဲ Page Messenger ကနေ "Free Trial" လို့ စာပို့ပြီး လာရောက်စုံစမ်း စာရင်းသွင်းလိုက်​တော့​နော်။ 👇

📌 ဆက်သွယ်ရန်:
📞 ဖုန်း - 09772758236၊ 09772757874
🏢 လိပ်စာ -
South Okkalar Branch

Centre (1)
Royal Bo Daycare Center
အမှတ် ၉၉၁/၁ဘီ၊ ဇေယျ ၁၆ လမ်း၊ ၁၀ ရပ်ကွက် တောင်ဥက္ကလာ။
(တောင်ဥက္ကလာ တရားရုံး နောက်ကျောတည့်တည့်)၊

Center (2)
Royal Bo Daycare Center
Center - 2 အမှတ်-၁၀၅၀/ရာဇသူရ-၁၆လမ်း/တောင်ဥက္ကလာပမြို့နယ်/မြေညီထပ်။

Insein Branch

Center (3)
အမှတ် ၁၂၃/ခ၊ က (၂) လမ်း၊
က+ခ ရပ်ကွက်၊ အင်းစိန်မြို့နယ်။






#ဖြည့်စွက်စာ
#ကစားရင်းသင်ယူRoyalBoနဲ့အတူ

Wᴇ ᴀʀᴇ Hɪʀɪɴɢ! Assistant Teacher - (3) PostRoyal Bo Daycare Center မှာ အလုပ်လုပ်ရန် သွက်လက်တက်ကြွပြီး ကလေးချစ်တတ်တဲ့ အကူ...
21/05/2026

Wᴇ ᴀʀᴇ Hɪʀɪɴɢ! Assistant Teacher - (3) Post

Royal Bo Daycare Center မှာ အလုပ်လုပ်ရန် သွက်လက်တက်ကြွပြီး ကလေးချစ်တတ်တဲ့ အကူဆရာမ (၃) ဦး ကို ဖိတ်ခေါ်ပါတယ်။

💰 လစာ : အခြေခံလစာ: ၃၀၀,၀၀၀ ကျပ်
(ရက်မှန်ကြေး+လုပ်ငန်းစွမ်းဆောင်နိုင်မှုကြေး+ ခရီးစရိတ်)
📍 ကျောင်းတည်နေရာ: တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်။
⏰ အလုပ်ချိန်: မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီအထိ။
📅 အလုပ်ဆင်းရက်: Monday to Friday
💰 ခံစားခွင့်များ (Benefits)
📆စနေနေ့ အလုပ်ဆင်းပေးရပါက စနေဆင်းကြေး သီးသန့်ရှိပါသည်။
🚌 Ferry အကြို/အပို့ လိုက်ပါကူညီနိုင်ပါက Ferry ဖိုး ထပ်ဆောင်းရရှိပါမည်
🍱 နေ့လည်စာထမင်း ကျွေးပါသည်။
🩺 နေမကောင်းဖြစ်ပါက ကျောင်းဆရာဝန်ထံတွင် အခမဲ့ ဆေးခန်းပြသ ကုသခွင့်ရှိပါသည်။

📌 လိုအပ်သော အရည်အချင်းများနှင့် သတ်မှတ်ချက်များ
🌟 အဓိကအချက်အနေဖြင့် - အမှန်တကယ် အလုပ်လုပ်လိုစိတ်ရှိပြီး၊ ကလေးငယ်များကို တကယ်ချစ်မြတ်နိုးကာ စိတ်ရှည်သည်းခံနိုင်သူများသာ လာရောက်လျှောက်ထားပေးရန် မေတ္တာရပ်ခံအပ်ပါသည်။ (ကလေးထိန်းကျောင်း လုပ်ငန်းအတွေ့အကြုံရှိသူ သို့မဟုတ် ကလေးထိန်းခြင်း ဝါသနာပါသူများ ပိုမိုဦးစားပေးပါမည်။)

📩 အလုပ်လျှောက်ထားရန်
မိမိတို့ရဲ့ CV ဖောင်ကို အောက်ပါအသေးစိတ်အချက်အလက်များအတိုင်း ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင်။
📞 ဖုန်းနံပါတ်: 09-772757874 , 09-772758236
💬 Viber နံပါတ်: 09-772758236 (CV Form ပို့၍ လျှောက်ထားနိုင်ပါသည်)

ချစ်စရာကောင်းတဲ့ ကလေးငယ်လေးတွေနဲ့အတူ အေးချမ်းတဲ့ အလုပ်ခွင်ဝန်းကျင်တစ်ခုမှာ လက်တွဲဖို့ Royal Bo မိသားစုက စောင့်ကြိုနေပါတယ်ရှင်။ 🤝✨

🚨Wᴇ ᴀʀᴇ Hɪʀɪɴɢ! 🚨Main Teacher - (1) Postကလေးငယ်လေးတွေရဲ့ တောက်ပတဲ့ အပြုံးတွေကို မြင်ရရင် ပျော်ရွှင်ပြီး သူတို့လေးတွေကို ...
21/05/2026

🚨Wᴇ ᴀʀᴇ Hɪʀɪɴɢ!
🚨Main Teacher - (1) Post

ကလေးငယ်လေးတွေရဲ့ တောက်ပတဲ့ အပြုံးတွေကို မြင်ရရင် ပျော်ရွှင်ပြီး သူတို့လေးတွေကို စနစ်တကျနဲ့ နွေးနွေးထွေးထွေး ပြုစုပျိုးထောင်ပေးချင်တဲ့ ဆရာမလေးတွေ ရှိလားဟင်? 👶❤️

တောင်ဥက္ကလာ (၁၀) ရပ်ကွက်ရှိ ရင်ခွင်ပိုက် ကလေးထိန်းကျောင်း Royal Bo Daycare Center တွင် တာဝန်ထမ်းဆောင်ရန်အတွက် အဖွဲ့အစည်းကို ဦးဆောင်နိုင်ပြီး ကလေးတကယ်ချစ်တတ်သည့် Main Teacher တစ်ဦးကို နွေးထွေးစွာ ဖိတ်ခေါ်လိုက်ရပါတယ်ရှင်။ 🥰

📌 လိုအပ်သော အရည်အချင်းများ
🟢 ဘွဲ့ရ (သို့မဟုတ်) အဝေးသင်တက်ရောက်နေသူ
(သို့မဟုတ်) ဆယ်တန်းအောင်မြင်ပြီးသူ ဖြစ်ရမည်။
🟢 အဖွဲ့အစည်းကို ကောင်းမွန်စွာ ဦးဆောင်နိုင်စွမ်းရှိရမည်။

🌟 အဓိကအချက်အနေဖြင့် - အမှန်တကယ် အလုပ်လုပ်လိုစိတ်ရှိပြီး၊ ကလေးများကို တကယ်ချစ်မြတ်နိုးကာ စိတ်ရှည်သည်းခံနိုင်သူများသာ လာရောက်လျှောက်ထားပေးရန် မေတ္တာရပ်ခံအပ်ပါသည်။

⏰ အလုပ်ချိန်နှင့် အလုပ်ရက်
မနက် ၈:၀၀ နာရီ မှ ညနေ ၅:၀၀ နာရီအထိ
တနင်္လာနေ့မှ သောကြာနေ့အထိ

💰 လစာနှင့် ခံစားခွင့်များ (Benefits)
အခြေခံလစာ: ၄၅၀,၀၀၀ ကျပ်
(ရက်မှန်ကြေး၊ လုပ်ငန်းစွမ်းဆောင်ရည်ပြည့်ဝမှုကြေး (Performance Bonus) နှင့် ခရီးစရိတ်များပါမည်။)
📆 စနေနေ့ အလုပ်ဆင်းပေးရပါက စနေဆင်းကြေး သီးသန့်ရှိပါသည်။
🚌 Ferry အကြို/အပို့ လိုက်ပါနိုင်ပါက Ferry ဖိုး ထပ်ဆောင်းရရှိပါမည်။
🍱 နေ့လည်စာထမင်း ကျွေးပါသည်။
🩺 နေမကောင်းဖြစ်ပါက ကျောင်းဆရာဝန်ထံတွင် အခမဲ့ ဆေးခန်းပြသ ကုသခွင့်ရှိပါသည်။

📩 အလုပ်လျှောက်ထားရန်
မိမိတို့ရဲ့ CV ဖောင်ကို အောက်ပါအသေးစိတ်အချက်အလက်များအတိုင်း ပေးပို့လျှောက်ထားနိုင်ပါတယ်ရှင်။

📞 ဖုန်းနံပါတ်: 09-772757874 , 09-772758236
💬 Viber နံပါတ်: 09-772758236 (CV Form ပို့၍ လျှောက်ထားနိုင်ပါသည်)
📍 ကျောင်းတည်နေရာ: တောင်ဥက္ကလာပမြို့နယ်၊ (၁၀) ရပ်ကွက်။

ချစ်စရာကောင်းတဲ့ ကလေးငယ်လေးတွေနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အလုပ်ခွင်ဝန်းကျင်တစ်ခုမှာ လက်တွဲဖို့ Royal Bo မိသားစုက စောင့်ကြိုနေပါတယ်ရှင်။ 🤝✨

20/05/2026

အင်းစိန်ကျောင်းလေး…

♥️♥️♥️🍀🍀🍀🙏🏻🙏🏻🙏🏻

20/05/2026

တောင်ဥက္ကလာ Center 1 လေး…

♥️♥️♥️🍀🍀🍀🙏🏻🙏🏻

Address

No. 991, Zaya 16 Street, 10 Quarter, South Okkalar
Yangon
11091

Opening Hours

Monday 08:00 - 18:00
Tuesday 08:00 - 18:00
Wednesday 08:00 - 18:00
Thursday 08:00 - 18:00
Friday 08:00 - 18:00

Telephone

+959793301101

Alerts

Be the first to know and let us send you an email when Royal Bo Daycare Center - South Okkalar Branch posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Royal Bo Daycare Center - South Okkalar Branch:

Shortcuts

Share