Polaris Language Academy

Polaris Language Academy We believe in Education which can change the world.

Polaris Language Academy equips youth with essential English skills while fostering creative, logical and critical thinking skills to create a better world for brighter future of youth.

26/02/2026

ကြိုးစားသူတိုင်းအတွက်
POLARIS က အသင့်ရှိပါတယ်။

သင်တန်းသစ်များ စ ပါပြီ။

22/02/2026


Welcome to POLARIS

20/02/2026

📢နွေရာသီတွင် စ သင်မည့် သင်တန်းများ

1. English for Teen Beginners
2. Beginner English for Kids
3. English Composition for Elementary

📢နွေရာသီ သင်တန်းသစ်များ

1. English for Teen Beginners

*သင်ရိုးအဖြစ်သုံးမည့်စာအုပ်က
👉နာမည်ကျော် National Geographic Learning မှ ထုတ်ဝေ သော World Wonders 1 (Student's book+ Workbook) ကို အသုံးပြု၍ သင်ကြားပါမည်။

*သင်ကြားမည့်ပုံစံ
💯ဘာသာစကားဆိုင်ရာကျွမ်းကျင်မှု(၄)မျိုး(ရေး၊ဖတ်၊ပြော၊နားထောင်) (English 4 Skills) အပြင်၊ သင်ခန်းစာနှင့် ဆက်စပ်သော ပြင်ပ ဗဟုသုတ နှင့် ဘဝရပ်တည်မှုအတွက် လိုအပ်သော၊ ဝေဖန်ပိုင်းခြား စဉ်းစား တွေးခေါ်ခြင်း၊ ပြဿနာဖြေရှင်းခြင်း ဆိုင်ရာ ကျွမ်းကျင်မှုတွေဖြစ်တဲ့ (Knowledge + Creative, Logical, Critical Thinking and Problem-solving Skills) တွေကိုပါ ထည့်သွင်း လေ့ကျင့် သင်ကြားပေးပါမည်။

*တက်ရောက်သင့်သူများ
👉အနည်းဆုံး အခြေခံပညာ အလယ်တန်း (Grade 5, 6) ဖြေဆို ထားသော ကျောင်းသား/သူများ မှ စ၍ တက်ရောက် နိုင်ပါတယ်။

*စ သင်မည့် ရက်
🔔ဖေဖော်ဝါရီလ (၂၃) ရက် တနင်္လာနေ့ (23.2.2026)

*သင်ကြားမည့်ရက်များ
🔔တနင်္လာနေ့ မှ ကြာသပတေး နေ့ အထိ (တစ်ပတ် ၄ ရက်)

*သင်ကြားမည့် အချိန်
🕣နံနက် ၈:၃၀ မှ ၁၀:၀၀ နာရီ🕙 အထိ။
(အတန်းချိန် ပြောင်းလဲခြင်း၊ အတန်းသစ်ထပ်တိုးပေးခြင်း ရှိမည် မဟုတ်ပါ။ လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံပါမည်။)

*သင်တန်းကြေး
💰တစ်လလျှင် (၃၀၀၀၀) ကျပ်။ (စာအုပ်ဖိုး မပါ။)

2. Beginner English for Kids

*သင်ကြားမည့် နည်းလမ်း
💯နာမည်ကျော် သင်ထောက်ကူစာအုပ်များဖြစ်သော Let's Go, Grammar Friends စာအုပ်များ၊ Listening skill and Visual Learning အတွက် Audio & Video များကို အသုံးပြု၍ သင်ကြားပါမည်။

*သင်တန်းမှ ရရှိနိုင်မည့် အကျိုး ကျေးဇူးများ
💯အင်္ဂလိပ်ဘာသာစကားကို အခြေခံမှ စ၍ စနစ်တကျ တတ်မြောက်ခြင်း၊ ယုံကြည်ချက်ရှိရှိ ပြောဆို ရေးသားနိုင်ခြင်း၊ စိတ်ဖိစီးမှုမရှိပဲ လွပ်လပ် ပျော်ရွှင် လုံခြုံစိတ်ချစွာ သင်ယူ နိုင်ခြင်း။

*တက်ရောက်သင့်သူများ
👉အခြေခံ ပညာ မူလတန်းအဆင့် (Grade 2, 3, 4) ဖြေဆိုပြီးသူများ

*စ သင်မည့် ရက်
🔔ဖေဖော်ဝါရီ (၂၁) ရက်၊ စနေနေ့ (21.2,2026)

*သင်ကြားမည့်ရက်များ
🔔စနေ+တနင်္ဂနွေ (အပတ်စဥ်)

*သင်ကြားမည့်အချိန်
⌛နံနက် ၁၀:၃၀ မှ ၁၂:၀၀ နာရီ အထိ

*သင်တန်းကြေး
💰တစ်လလျှင် (၃၀၀၀၀) ကျပ် (စာအုပ်ဖိုး မပါ။)

3. English Composition for Elementary

*ရည်ရွယ်ချက်
💯မိမိအတွေး အယူအဆ နှင့် စိတ်ကူးများကို စာဖြင့် စနစ်တကျ ရေးသားဖော်ပြနိုင်စေဖို့၊ Essay & Letter writing အတွက် ကိုယ်တိုင်ရေးနိုင်အောင် လေ့ကျင့်ဖို့ ရည်ရွယ်ပြီး ဒီသင်တန်းကို ဖွင့်ရခြင်းဖြစ်ပါတယ်။

*တက်ရောက်သင့်သူများ
👉အခြေခံ ပညာ အလယ်တန်းအဆင့် (Grade 6, 7, 8) ဖြေဆိုပြီးသူ များ

*စ သင်မည့်ရက်
🔔ဖေဖော်ဝါရီ (၂၃) ရက်၊ တနင်္လာနေ့ (23.2.2026)

*သင်ကြားမည့် ရက်များ
🔔တနင်္လာနေ့မှ ကြာသပတေးနေ့ အထိ (တစ်ပတ် ၄ ရက်)

*သင်ကြားမည့် အချိန်
🕝နေ့လည် ၂:၃၀ မှ ညနေ ၄ နာရီ🕓 အထိ

*သင်တန်းကြေး
💰တစ်လလျှင် (၃၀၀၀၀) ကျပ်။ (စာအုပ်ဖိုး မပါ။)

🏫ဆက်သွယ် စုံစမ်းရမည့် လိပ်စာ

POLARIS Language Academy

အမှတ်(၃၆)၊ မာန်ပြေ (၁၉) လမ်း (အရှေ့) ၊ (၃) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်မြို့။
☎️ဖုန်း ၀၉ ၉၆၅ ၆၆၆ ၂၂၀၊
၀၉ ၇၉၈ ၅၄၇ ၈၀၆

Language Academy







#သာကေတ
#နွေရာသီ
#အင်္ဂလိပ်စာ
#သင်တန်း

G11, G12 English စာ သီးသန့် အရင်က ကျောင်းချိန်တွေ ညှိရခက်လို့ ‌စာမေးရင် ရှင်းပြတာကလွဲလို့ အတန်းကျောင်းစာတွေ မသင်ပေးပါဘူး...
17/07/2025

G11, G12 English စာ သီးသန့်

အရင်က ကျောင်းချိန်တွေ ညှိရခက်လို့ ‌စာမေးရင် ရှင်းပြတာကလွဲလို့ အတန်းကျောင်းစာတွေ မသင်ပေးပါဘူး။
ဒီနှစ်တော့ G11 , G12 အတွက် Writing သင်ဖြစ်တော့၊ သင်လက်စနဲ့ English သင်ရိုး သီးသန့် သင်တန်းပါ ထပ်ဖွင့်‌မလားလို့ပါ။
သာကေတ၊ ဒေါပုံမှာ နေကြတဲ့ ကျောင်းသား/သူတွေအတွက် G11, G12 English စာ သီးသန့် သင်မယ်ဆို တက်ချင်တဲ့သူ ရှိမလား။

တပတ် ၂/ ၃ ရက်တော့ သင်ဖြစ်မယ်။
စာသင်ချိန်က ညနေ ၄:၀၀ မှ ၅:၃၀ ထိ လောက် မှန်းထားတယ်။
သင်တန်းကြေးကတော့ နည်းနည်း‌ယူမယ်။

တက်ချင်တဲ့သူတွေရှိရင် ဖုန်းဆက်/ Messenger က စာပို့ပြီး မေးပါ။




Language Academy

Updated
ညနေ ကျောင်းဆင်းချိန် မအားကြတာနဲ့၊ စာသင်ချိန်ကို မနက်ပိုင်း ၇:၀၀ ကနေ ၈:၁၅ ထိ ပြောင်းပါမယ်။ သင်မယ့်ရက်ကတော့ ဥပုသ်၊ တနင်္ဂနွေ ဖြစ်မယ်။

📢 English Grammar and Writing      အခြေခံပညာ အထက်တန်း ကျောင်းသား/သူများအတွက် English Grammar and Writing အင်္ဂလိပ် သဒ္ဒါ...
19/06/2025

📢 English Grammar and Writing

အခြေခံပညာ အထက်တန်း ကျောင်းသား/သူများအတွက် English Grammar and Writing အင်္ဂလိပ် သဒ္ဒါနဲ့ အရေး သင်တန်း ဖွင့်ပါမယ်။

သင်မည့်ရက်။ စနေ+တနင်္ဂနွေ
သင်မည့်အချိန်။ နံနက် ၈း၃၀ မှ ၁၀း၀၀ ထိ
စတင်မည့်ရက်။ ၅ / ၇/ ၂၀၂၅ စနေနေ့
သင်တန်းကြေး။ ၃၀၀၀၀ ကျပ် (လစဉ်)
(စာအုပ်စာတမ်းကြေး မပါ။)

အခြေခံပညာ Grade 10/11/12 တက်ရောက်နေသူများ၊ လာရောက်သင်ယူနိုင်ပါတယ်။ Online Class မဟုတ်ပါ။ သင်တန်းရှိရာသို့ လာရောက် သင်ယူရမှာဖြစ်ပါတယ်။

သင်တန်းသား/သူ (၁၀) ယောက်သာ လက်ခံပါမည်။

မှတ်ချက်။ World Wonders 4 (Level 4) တက်ရောက်ပြီးသူများ သင်တန်း တက်ရောက်ရန် မလိုပါ။

(ဆရာ့နဲ့ပဲ သင်ချင်ပါတယ်လို့ ဂျီကျနေသူများ လာတက်လို့ရပါပြီ။)

📢 World Wonders 3 (Level 3)

World Wonders 2 (Level 2) တက်ရောက် ပြီးသူများအတွက်၊ level 3 သင်တန်း ဆက်ဖွင့်ပါမယ်။
သင်မည့်ရက်။ စနေ+တနင်္ဂနွေ
သင်မည့် အချိန်။ နေ့လည် ၁၂း၃၀ မှ ၂း၀၀ ထိ
သင်တန်းကြေး။ ၃၀၀၀၀ ကျပ် (လစဉ်)
(စာအုပ်စာတမ်းကြေး မပါ။)

(Pre-intermediate Level တက်ရောက်ရန် စောင့်ဆိုင်းနေသူများ၊ စာလုပ်နိုင်မည့် သူများ တက်ရောက်နိုင်ပါသည်။)

ကျောင်းဆရာဘဝ တလျှောက်၊ စိတ်ပင်ပန်းစရာတွေ ကြုံရဆုံရပေမယ့်လည်း ဒီအလုပ်ကို ဆက်လုပ်ဖြစ်နေရတဲ့ အကြောင်းရင်းတွေပေါ့။ရင်ထဲ နွေး...
02/06/2025

ကျောင်းဆရာဘဝ တလျှောက်၊ စိတ်ပင်ပန်းစရာတွေ ကြုံရဆုံရပေမယ့်လည်း ဒီအလုပ်ကို ဆက်လုပ်ဖြစ်နေရတဲ့ အကြောင်းရင်းတွေပေါ့။
ရင်ထဲ နွေးရပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။

*POLARIS Language Academy မှာ ၁။ ဘာတွေကို ဘယ်လိုသင်ပေးတာလဲအင်္ဂလိပ် ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု ၄ မျိုး (Reading, Writ...
23/02/2025

*POLARIS Language Academy မှာ

၁။ ဘာတွေကို ဘယ်လိုသင်ပေးတာလဲ

အင်္ဂလိပ် ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု ၄ မျိုး (Reading, Writing, Listening and Speaking) ကို Text books, Workbooks, Videos, Audio, Handouts တွေ အသုံးပြုပြီးသင်ပါတယ်။

၂။ သင်ရိုးစာအုပ်၊ သင်ကြားနည်းတွေက ခေတ်မီ အဆင့်မီရဲ့လား

သင်ရိုးစာအုပ်တွေက ကမ္ဘာကျော် တက္ကသိုလ်တွေဖြစ်တဲ့ Cambridge University, Oxford University က ထုတ်တဲ့ စာအုပ်တွေ၊ ကမ္ဘာကျော် National Geographic ကထုတ်တဲ့၊ latest version နောက်ဆုံးထုတ် စာအုပ်တွေကို အသုံးပြုပြီး သင်တာဖြစ်လို့ အဆင့်မီ ခေတ်မီရဲ့လားဆိုတာ မေးစရာတောင် မလိုတော့ပါဘူး။

၃။ သင်ကြားနည်းနဲ့ ပတ်သက်လို့ကတော့ သင်တန်းကျောင်းတည်ထောင်သူ ဆရာကိုယ်တိုင်ကပညာရေး‌ပေါ်မှာပဲ စိတ်နှစ်ထားပြီး၊ ပညာရေးလောကမှာ နှစ်ပေါင်းများစွာ ကျင်လည် လုပ်ကိုင်ခဲ့သူ၊ NGO တခုနဲ့အတူ ဆရာအတတ်သင် Teacher Trainings သင်တန်းတွေ ပို့ချပေးခဲ့ သူ၊ Education Consultant ပညာရေးဆိုင်ရာ အကြံပေးသူ၊ Translator ဘာသာပြန်ဆရာ အဖြစ် လုပ်ကိုင်နေသူ ဖြစ်တာကြောင့် ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုနဲ့ သင်ကြားနည်းကို စိတ်ပူစရာ မလိုပါ။

၄။ သင်တန်းရဲ့ ထူးခြားချက်တွေက ဘာတွေလဲ

ဒီသင်တန်းမှာက သက်ဆိုင်ရာ အတန်းအလိုက် လိုအပ်သော Language four skills အပြင်၊ သင်ခန်းစာပါ အကြောင်းအရာအလိုက် သင်ခန်းစာနှင့်ဆက်စပ်ပြီး၊ သိသင့်သိထိုက်တဲ့ ပညာဗဟုသုတ contextual additional wider knowledge တွေပါ အများကြီးရနိုင်ခြင်း။
စာဖတ်တဲ့အခါ စကားလုံးတစ်ခုရဲ့ ဆိုလိုရင်းအဓိပ္ပာယ်အပြင်၊ ဆင့်ပွားအဓိပ္ပာယ်၊ ဒီစကားလုံးအပြင် တခြားသုံးလို့ရနိုင်တဲ့ စကားလုံးတွေ၊ စကားလုံး တစ်ခုရဲ့ အဓိပ္ပာယ် အကန့်အသတ်နဲ့ စကားလုံး ရွေးချယ်မှု အကြောင်း၊ ဝါကျတည်ဆောက်ပုံအရ ဝါကျတစ်ကြောင်း‌ရဲ့ ဆိုလိုရင်း အဓိပ္ပာယ် ကွဲပြားပုံ၊ စသည်အားဖြင့် deep learning အထိရောက်အောင် ချဲ့ထွင် သင်ယူနိုင်ခြင်း။
မိမိကိုယ်ကို ယုံကြည် တန်ဖိုးထားမှု self-confidence and self-esteem ရှိလာအောင်‌လေ့ကျင့်‌ သင်ယူနိုင်ခြင်း။
နေ့စဉ်ဘဝမှာ လိုအပ်တဲ့ ဝေဖန်ပိုင်းခြား စဉ်းစား တွေးခေါ် သုံးသပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုတွေဖြစ်တဲ့ creative, logical and critical thinking skills တွေကို စာသင်ရင်း တပါတည်း လေ့ကျင့် သင်ကြားပေးခြင်းဖြစ်ပါတယ်။

*POLARIS Language Academy မှာတက်ရင် ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ

၁။ အင်္ဂလိပ်ဘာသာစကားကို အခြေခံကနေ အဆင့်မြင့်ထိ၊ တဆင့်ပြီးတဆင့် စနစ်တကျ တတ်မြောက်ခြင်း။
၂။ ဘာသာစကားသင်ရင်းနဲ့ အတွေးအခေါ် ဗဟုသုတပါ ရရှိခြင်း။
၃။ တကယ့်ပညာတတ်အောင် လေ့ကျင့်သင်ကြား‌ပေးခြင်း။
၄။ သင်တန်း တခုပြီးတိုင်း သက်ဆိုင်ရာ အဆင့်အလိုက်၊ ဘာသာစကားစွမ်းရည်နဲ့အတူ၊ အသိဉာဏ်ပညာ၊ ဗဟုသုတ၊ မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှုအပြင်၊ ကိုယ်ရည်ကိုယ်သွေးပါမကျန် တိုးတက်ကောင်းမွန်စေခြင်း၊ အစရှိတဲ့ အကျိုးကျေးဇူးတွေကို မိမိလက်ခံယူနိုင်သလောက် ရရှိနိုင်မှာ ဖြစ်ပါတယ်။

*သိထားစေချင်တဲ့ အချက်များ*

သင်တန်းနဲ့ ပတ်သက်ပြီး သိထားစေချင်တဲ့ အချက်တချို့ ရှိပါတယ်။
အလွတ်ကျက် ပညာရေးစနစ်ကို အားမပေးတာကြောင့် စာကျက်ခိုင်းမှာ မဟုတ်ပါဘူး။ အဲဒီအစား မှတ်မိအောင် လေ့ကျင့်ခန်းတွေလုပ်မယ်၊ သင်ထောက်ကူပစ္စည်းတွေ သုံးမယ်၊ လိုအပ်သလိုထပ်တလဲလဲ သင်ပေး ပြောပေးပါမယ်။
အင်္ဂလိပ် သဒ္ဒါ English Grammar ကို ပုံသေနည်းတွေ ကဗျာတွေနဲ့ ဝါကျမှာ စကားလုံးအစားထိုး လေ့ကျင့်ခန်းတွေ patterns and substitution drills နဲ့ သင်တဲ့ စနစ်အစား၊ မိမိဘာသာ ခံစားနားလည်ပြီး၊ ကိုယ့်အတွေး ကိုယ့်ခံစားချက် ကိုယ့်အယူအဆကို ကိုယ်တိုင်ရေးတတ် ပြောတတ်အောင် လေ့ကျင့် သင်ကြားပေးပါတယ်။
Hello, how are you? စတဲ့ အလ္လာပ သလ္လာပ small talks တွေ dialogues တွေကို ကျက် (သို့) ကြည့်ပြီး ပြောခိုင်းတဲ့ စကားပြောသင်နည်းတွေ အစား၊ ကိုယ့်စိတ်ထဲက ခံစားချက် အတွေးအမြင်ကို ပြောတတ်အောင် သင်ပါတယ်။
စာအုပ်ထဲ ပါသမျှကိုပဲ ဖတ်ပြပြီး သင်တဲ့ (ပါတာဖတ်) သင်တန်းမဟုတ်ပါ။ သက်ဆိုင်ရာ သင်ခန်းစာကို နားလည် သဘောပေါက်ရုံမျှ မက၊ ပညာတတ်အောင် စဉ်းစားတွေးခေါ် ဝေဖန်ပိုင်းခြားတတ်အောင်၊ နှလုံးလှ ပညာတတ် အဖိုးတန်လူသားရင်းမြစ် ဖြစ်အောင်ပဲ ပြုစု ပျိုးထောင်ပေးပါတယ်။
ဒါကြောင့်မို့ အချိန်ခဏလေး ပေးရုံနဲ့တော့ ဘာမှ ထူးခြားလာမှာ မဟုတ်ပါဘူး။ ရေရှည်တက်နိုင်မှ စိတ်ပါလက်ပါ ကြိုးစားအားထုတ်နိုင်မှသာ POLARIS Language Academy မှာ လာတက်စေချင်ပါတယ်။

(မသိ မတတ်တာကို၊ သိအောင် တတ်အောင် သင်ပေးဖို့က ဆရာ/မ ရဲ့တာဝန်ပါ။ ပေးတဲ့တာဝန်ကို ကျေအောင်လုပ်ပြီး ကြိုးစားအားထုတ်ဖို့က ကျောင်းသူ/သား ရဲ့ တာဝန်ပါ။)

ကောင်းမွန်တဲ့ အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်းတခုကို ရွေးတော့မယ်ဆိုရင်၁။ သင်တန်း အမျိုးအစား     အဲဒီသင်တန်းကျောင်းမှာ သင...
19/02/2025

ကောင်းမွန်တဲ့ အင်္ဂလိပ်ဘာသာစကား သင်တန်းကျောင်းတခုကို ရွေးတော့မယ်ဆိုရင်

၁။ သင်တန်း အမျိုးအစား

အဲဒီသင်တန်းကျောင်းမှာ သင်ပေးနေတဲ့ (သို့) သင်ယူလို့ရနိုင်တဲ့ သင်တန်းအမျိုးအစားတွေက ဘာတွေလဲ။ မိမိကိုယ်တိုင်အတွက်ဆိုရင် ကိုယ့်ရဲ့လိုအပ်ချက်နဲ့ (သို့) မိမိသားသမီးအတွက်ဆိုရင်လည်း သူတို့ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား စဉ်းစားပါ။

၂။ သင်တန်းဆရာ/မ ရဲ့ ကျွမ်းကျင်မှု

အဲဒီသင်တန်းကျောင်းမှာ သင်ကြားနေတဲ့ ဆရာ/မ ရဲ့ အရည်အချင်းနဲ့ သင်ကြားရေးဆိုင်ရာ ကျွမ်းကျင်မှု၊ ဘာသာစကား တတ်မြောက်မှုကို စုံစမ်းလေ့လာပါ။ အဲဒီသင်တန်းကျောင်းက သင်တန်းသူ/သား တွေရဲ့ အရည်အချင်းနဲ့ ဘာသာစကားစွမ်းရည် တိုးတက်မှုကို လေ့လာပါ။

၃။ သင်တန်းကျောင်းရဲ့ တည်နေရာ

သင်တန်းကျောင်းက ဘယ်နေရာမှာ ရှိတာလဲ၊ သွားရေးလာရေး အဆင်ပြေရဲ့လား၊ အဲဒီကို ဘယ်လိုသွားရင် အဆင်ပြေမလဲ၊ စတဲ့ အချက်တွေကိုလည်း ကြိုတင်စဉ်းစားထားဖို့ လိုပါတယ်။

၄။ ထင်မြင်ယူဆချက်တွေ

အဲဒီသင်တန်းကို တက်ရောက်ဖူးသူ (သို့) တက်ရောက်သင်ယူနေဆဲ သူများ (သို့) သင်တန်းကျောင်း ပတ်ဝန်ကျင်မှာ အဲဒီသင်တန်းကျောင်းနဲ့ ဆရာ/မ အပေါ် ထင်မြင်ယူဆချက်က ဘယ်လိုရှိသလဲ ဆိုတာကို စုံစမ်းမေးမြန်းပါ။

၅။ သင်ကြားနည်းစနစ်နဲ့ သင်ထောက်ကူတွေ

အဲဒီသင်တန်းကျောင်းမှာ သုံးနေတဲ့ သင်ရိုးစာအုပ်တွေ၊ သင်ထောက်ကူပစ္စည်းတွေနဲ့၊ သင်ကြားနည်းစနစ်တွေက ခေတ်နဲ့ လျော်ညီရဲ့လား၊ အဆင့်မီရဲ့လား၊ လိုအပ်ချက်နဲ့ ကိုက်ညီရဲ့လား၊ သင်ကြားနေတဲ့ နည်းလမ်းကရော တကယ်ပဲထိရောက်မှု ရှိလား၊ (သို့) တတ်မြောက်စေတယ်လို့ ယုံကြည်ထိုက်ရဲ့လား ဆိုတာကို စုံစမ်းလေ့လာပါ။

၆။ သင်တန်းကြေး

သင်တန်းကြေးက ကိုယ်တတ်နိုင်တဲ့ ပမာဏဖြစ်ရဲ့လား၊ ပေးရဝာာနဲ့ ပြန်ရတာကရော ထိုက်တန်ရဲ့လား ဆိုတာလည်း ထည့်သွင်းစဉ်းစားရမှာပါ။

၇။ ရွေးဖို့ခက်နေတုန်းပဲလား

သင်တန်းကျောင်းတွေ အများကြီးထဲမှာမှ ကိုယ်နဲ့(သို့) ကိုယ့်သား သမီးနဲ့ အစဉ်ပြေတဲ့ (သို့) လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ သင်တန်းကို ရှာရတာ နည်းနည်းတော့ ခက်ပါတယ်။
ရွေးဖို့ခက်နေတယ်ဆိုရင်တော့ POLARIS Language Academy ကို စုံစမ်းလေ့လာပါ (သို့) အဲ့ဒီမှာ သင်တန်းတက်ကြည့်ပါလို့ တိုက်တွန်းလိုက်ပါရစေ။

သင်တန်းကျောင်းရဲ တည်နေရာက

POLARIS Language Academy
အမှတ်(၂၇) A2 ၊ မာန်ပြေလမ်းမကြီးနှင့် မာန်ပြေ (၁၆)လမ်းထောင့်၊ (၃) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။
ဖုန်း။ ၀၉ ၇၉၈ ၅၄၇ ၈၀၆

15/02/2025

🌞နွေရာသီ သင်တန်းသစ်🌞
1. English for Beginner
(World Wonders 1)

📢နွေရာသီ အင်္ဂလိပ်ဘာသာစကား သင်တန်း English for Beginner (အတန်းသစ်) ဖွင့်ပါမည်။

📖သင်ရိုးစာအုပ်
နာမည်ကျော် National Geographic မှ ထုတ်ဝေသော World Wonders 1 (Student's book+ Workbook) ကို အသုံးပြု၍ သင်ကြားပါမည်။

👨‍🏫သင်ကြားမည့် ပုံစံ
ဘာသာစကားဆိုင်ရာ ကျွမ်းကျင်မှု ၄ မျိုး (ရေး၊ဖတ်၊ပြော၊နားထောင်) ( English 4 Skills) အပြင်၊ သင်ရိုးနှင့်ဆက်စပ်သော ပြင်ပ ဗဟုသုတနှင့် ဘဝရပ်တည်မှုအတွက် လိုအပ်သော၊ တွေးခေါ် စဉ်းစား ဝေဖန်ပိုင်းခြား ခြင်းဆိုင်ရာ ကျွမ်းကျင်မှုများ (Knowledge+ Creative , Logical and Critical Thinking Skills) များကိုပါ ထည့်သွင်း သင်ကြားလေ့ကျင့် ပေးပါမည်။

👧တက်ရောက်သင့်သူများ🧒

အနည်းဆုံး အခြေခံပညာ အလယ်တန်း (Grade 5/6) ဖြေဆိုထား‌သော ကျောင်းသား/သူများ မှ စ၍ တက်ရောက်နိုင်ပါသည်။
( Beginners Level ဖြစ်သော်လည်း အင်္ဂလိပ်စာ အခြေခံအားနည်းပါက အခက်အခဲရှိနိုင်ပါသဖြင့် Grade 4 ဖြေဆိုထားပြီး Grade 5 တက်မည့်သူများအတွက် အဆင်မပြေနိုင်ပါ။)

🗓️စ သင်မည့် ရက်
မတ်လ (၃)ရက် တနင်္လာနေ့ (3.3.2025)

🔔သင်ကြားမည့်ရက်
တနင်္လာနေ့မှ ကြာသပတေးနေ့အထိ တစ်ပတ် (၄)ရက် သင်ပါမည်။
(စာသင်ကျောင်းများ ပြန်ဖွင့်ချိန်တွင် စနေ+တနင်္ဂနွေ သို့ ပြန်ပြောင်းပါမည်။)

🕝သင်ကြားမည့် အချိန်🕓
နေ့လယ် ၂:၃၀ မှ ၄:၀၀ နာရီအထိ။
(လူဦးရေ အကန့်အသတ်ဖြင့်သာ လက်ခံပါမည်။အတန်းချိန် ထပ်မံ ပြောင်းလဲခြင်း၊ အတန်းသစ်ထပ်တိုး‌ပေးခြင်း ရှိမည် မဟုတ်ပါ။)

💰သင်တန်းကြေး တစ်လလျှင် ၂၅၀၀၀ ကျပ်။ (စာအုပ်ဖိုး မပါ)

( အခြေအနေအရ သင်တန်းတစ်ခုစာလုံးအတွက် အပြီးအစီး သင်တန်းကြေး မယူပါ။ အများစု တတ်နိုင်မည့် သင်တန်းကြေး (အသက်သာဆုံး)ကိုသာ ယူထားပါသဖြင့် ရေရှည်တက်ရောက် သင်ယူနိုင်မည့်သူ၊ အမှန်တကယ်ကြိုးစား သင်ယူလိုသူများ သာ တက်ရောက်စေချင်ပါသည်။)

☎️ဆက်သွယ် စုံစမ်း မေးမြန်ရန်။

POLARIS Language Academy
အမှတ်(၂၇) A2 ၊ မာန်ပြေလမ်းမကြီးနှင့် မာန်ပြေ (၁၆)လမ်းထောင့်၊ (၃) ရပ်ကွက်၊ သာကေတမြို့နယ်၊ ရန်ကုန်။
ဖုန်း။ ၀၉ ၇၉၈ ၅၄၇ ၈၀၆

Polaris Language Academy equips youth with essential English skills while fostering creative, logical and critical thinking skills to create a better world for brighter future of youth. We believe in Education which can change the world.

World Wonders 2 (English for Elementary) (Level 2)သင်တန်းလေး ဆက်ဖွင့်ဖြစ်ပါတယ်။1.9.2024 (တနင်္ဂနွေ)နေ့ (ခန့်မှန်း) စဖြစ်...
17/08/2024

World Wonders 2 (English for Elementary) (Level 2)
သင်တန်းလေး ဆက်ဖွင့်ဖြစ်ပါတယ်။

1.9.2024 (တနင်္ဂနွေ)နေ့ (ခန့်မှန်း) စဖြစ်မယ် ထင်ပါတယ်။

သင်မယ့်ရက်တွေက ဝါတွင်းကာလအတွင်း (တနင်္ဂနွေ+ဥပုသ်) ၊ ဝါပ ကာလရောက်ရင် (စနေ+တနင်္ဂနွေ) ဖြစ်ပါမယ်။

သင်မယ့်အချိန်တွေက နေ့လည် (၁၂:၃၀ မှ ၂:၀၀) /(၂:၃၀ မှ ၄:၀၀) အတန်း ၂ ခုရှိလို့၊ အဆင်ပြေတဲ့အတန်းချိန်ကို ရွေးတက်လို့ရပါတယ်။

Level 1 ပြီးသွားတဲ့သူတွေအတွက်၊ နောက်တဆင့်ထပ်တိုး သင်တာဖြစ်လို့၊ အခုမှ စ တက်မယ့်သူတွေက သူတို့နဲ့အတူတူ တက်ရမှာပါ။

သင်တန်းကြေးက တလ ၂၅၀၀၀ ကျပ်ပါ။

အဲဒီရက်လောက်မှာပဲ
World Wonders 4
(English for Intermediate)
(Level 4) လည်း ဆက်ဖွင့်ဖြစ်မယ်။

Level 4 ကို အခုမှ စ တက်ချင်တယ်ဆိုရင်တော့ ဝင်ခွင့်ဖြေဖို့ လိုပါမယ်။

သင်မယ့်ရက်က (အပေါ်က အတိုင်း) Level 2 နဲ့ အတူတူပါပဲ။

အချိန်ကတော့ မနက် (၁၀:၃၀ မှ ၁၂:၀၀) ပါ။

သင်တန်းကြေးက တလ ၃၀၀၀၀ ကျပ်ပါ။

( ဘယ်အတန်းမှာပဲ တက်တက် အတန်းမှန်မှန်တက်ပြီး စာတကယ်လုပ်နိုင်မှ၊ တကယ်တတ်ချင်မှ လာပါ။)

Address

19th St(east), ManPyay
Yangon
11231

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Polaris Language Academy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share