The Economics Club of YUEco

The Economics Club of YUEco Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from The Economics Club of YUEco, Education, Yangon.

The Economics club is the first educational club at Yangon University of Economics and it is a student-led organization whose goal is to promote economics knowledge and to encourage leadership among students through clubs' activities.

The Economics Club of YUEco ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ကျောင်းသားလူငယ်အဖွဲ့စည်းတစ်ရပ်အနေဖြင့် သဘောထားထုတ်ပြန်ချက်။
03/02/2021

The Economics Club of YUEco

ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ကျောင်းသားလူငယ်အဖွဲ့စည်းတစ်ရပ်အနေဖြင့် သဘောထားထုတ်ပြန်ချက်။

Shortlisted Applicants are announced!!!📩📩Econ club ရဲ့ Volunteer Recruitment ကိုလျှောက်ထားကြတဲ့သူအားလုံးကို အရင်ဦးဆုံး က...
25/01/2021

Shortlisted Applicants are announced!!!📩📩

Econ club ရဲ့ Volunteer Recruitment ကိုလျှောက်ထားကြတဲ့သူအားလုံးကို အရင်ဦးဆုံး ကျေးဇူးတင်ပါတယ်။

Volunteer Recruitment မှာ လျှောက်ထားတဲ့လူတွေထဲကမှ Shortlisted Applicant အဖြစ်ရွေးချယ်ခံရတဲ့သူတွေကို Email ကနေတစ်ဆင့် Interview အတွက် အကြောင်းကြားထားပြီဖြစ်ပါတယ်။ ဒါကြောင့် Email လေးစစ်ကြည့်‌ပေးကြပါဦးနော်။🔥🔥

Email မှာပါတဲ့ အချက်အလက်တွေကို သေချာဖတ်ပြီး Interview ကျရင်လည်း အကောင်းဆုံးလုပ်နိုင်ကြပါစေ👀💪🏻💪🏻

Good Luck par🍀🍀🍀

Tik Tok Tik Tok 24 hrs left!!!⏰🛎️သူငယ်ချင်းတို့ရေ Econ Club ရဲ့ Volunteer Recruitment က Form ပိတ်ဖို့ ၂၄ နာရီပဲကျန်တော့တ...
21/01/2021

Tik Tok Tik Tok 24 hrs left!!!⏰🛎️

သူငယ်ချင်းတို့ရေ Econ Club ရဲ့ Volunteer Recruitment က Form ပိတ်ဖို့ ၂၄ နာရီပဲကျန်တော့တယ်နော်🤯🤯

Volunteer လျှောက်ဖို့က ဟုတ်ပါပြီ🤷🏻...
ဘယ်လိုအကျိုးကျေးဇူးတွေကို Econ Club ရဲ့
အဖွဲ့သားတစ်ယောက်အနေနဲ့ပိုင်ဆိုင်ရမှာလဲ....🙄

💯Volunteer လျှောက်ရင်ရမယ့်အကျိုးကျေးဇူးတွေက
👇🏻👇🏻
☑️စီးပွားရေးဆိုင်ရာဗဟုသုတတွေနဲ့ အမြဲလိုလိုထိတွေ့နေခွင့်ရမယ်
☑️စီးပွားရေးတက္ကသိုလ်တစ်ခုထဲက ကျောင်းသားတွေသာ မဟုတ်ဘဲ တခြားတက္ကသိုလ်ကကျောင်းသားတွေပါ ပါဝင်နေတဲ့အတွက် Network ကောင်းတစ်ခုဖြစ်တယ်
☑️Internal training, External training, Peer-learning စတဲ့ skill မြှင့်တင်နိုင်မယ့်အခွင့်အရေးတွေရှိတယ်
☑️Organization style က ရင်းနှီးမှုနဲ့ ကြိုးစားမှုကို အဓိကထားတာမို့ ကိုယ့်မှာအတွေ့အကြုံမရှိသေးဘူးဆိုရင်လည်း Peer ချောချောလေးတွေက ဆွဲခေါ်မှာမို့😚 လုံးဝရှိန်စရာမလိုဘူး၊ ရင်းနှီးကျွမ်းဝင်ပြီး အလုပ်တွေအများကြီးလုပ်လို့ရတယ်
☑️ကိုယ့်ရဲ့လူမှုအဖွဲ့အစည်း၊ အထူးသဖြင့်စီးပွားရေးနယ်ပယ်ကို အကျိုးပြုခွင့်တွေ ရမှာပဲဖြစ်ပါတယ်။

အကျိုးကျေးဇူးတွေဖတ်ပြီးသွားပြီဆိုတော့ ဘယ်လိုလူတွေကိုအဓိကထားရွေးချယ်မှာလဲ🤔
✨စီးပွားရေးနဲ့ပက်သက်ပြီး ဗဟုသုတရှိသူတွေ
✨Club ရဲ့ Vision, Missions ကိုအမှန်တကယ် စိတ်ဝင်စားပြီး အင်တိုက်အားတိုက်ပါဝင်ဆောင်ရွက်ချင်သူတွေ၊ တနည်းပြောရရင် Passion တကယ်ရှိတဲ့သူတွေ
✨အချိန်အများကြီးပေးစရာမလိုပေမယ့် Commitment အမှန်တကယ်ပေးနိုင်တဲ့သူတွေကို အဓိကထားရွေးချယ်မှာပဲဖြစ်ပါတယ်။

ဒါဆိုရင်တော့ လျှောက်ဖို့စိတ်ဝင်စားသွားပြီမလား....
၂၄ နာရီပဲကျန်တော့တာမို့ မြန်မြန်လေးလျှောက်ဖို့
Quote လေးတစ်ခုနဲ့ အားပေးချင်ပါတယ်

Martin Luther King Jr. ရဲ့
"Take the first step in faith. You don't have to see the whole staircase, just take the first step" ဆိုတဲ့ Quote အတိုင်း...

ပထမဆုံးလှေကားထစ်ကိုစလှမ်းဖို့ အခုပဲ ဒီပို့စ်ကနေတစ်ဆင့် အခုပဲလျှောက်ထားလိုက်ပါ...
https://www.facebook.com/420046068762277/posts/918594902240722/


{Quote Time}Hello🌤️🌤️ဒီနေ့မှာ မျှဝေပေးသွားချင်တဲ့ အဆိုအမိန့်လေးကတော့ အားလုံးချစ်ခင်လေးစားကြရတဲ့ အမေစု ခေါ် ဒေါ်အောင်ဆန်း...
19/01/2021

{Quote Time}
Hello🌤️🌤️
ဒီနေ့မှာ မျှဝေပေးသွားချင်တဲ့ အဆိုအမိန့်လေးကတော့ အားလုံးချစ်ခင်လေးစားကြရတဲ့ အမေစု ခေါ် ဒေါ်အောင်ဆန်းစုကြည်ရဲ့

“You should never let your fears prevent you from doing what you know is right.”

"မင်းရဲ့အကြောက်တရားတွေကို မင်းမှန်ကန်တယ်လို့သိနေတဲ့လုပ်ရပ်ကိုလုပ်ဖို့ ဘယ်‌တော့မှဟန့်တားခွင့်မပေးသင့်ဘူး"
‌ဆိုတဲ့ အဆိုအမိန့်လေးပဲဖြစ်ပါတယ်။

သူငယ်ချင်းတို့ရေ... တစ်ခါတစ်လေကြောက်ရွံ့မှုဆိုတာ ဖြစ်တတ်ပါတယ်။ ကျွန်တော်တို့တစ်တွေသာ လူသားသဘာ၀ ချစ်ခင်သူတွေကို ဆုံးရှုံးရမှာကြောက်တယ်၊ ကိုယ်လိုချင်တာတွေမရနိုင်တော့မှာကြောက်ကြတယ်၊ သူများထက်နောက်ကျကျန်ခဲ့မှာကိုကြောက်တယ်၊ သူများတွေနှိမ်မှာကိုကြောက်ကြတယ် စသဖြင့် အကြောက်တရားတွေရှိနေတတ်ပါတယ်။
ဒါပေမယ့် အကြောက်တရားရဲ့ တစ်ဖက်မှာ မှန်ကန်ခြင်းဆိုတာလည်းရှိတယ်မဟုတ်လား... ကိုယ်ဘာလုပ်ရမလဲဆိုတာကိုသာ မှန်မှန်ကန်ကန်သိနေပြီဆိုရင် ကိုယ့်ရဲ့အကြောက်တရားဟာ တစ်ဗန်းရှုံးပါပြီ။ အဲ့ဒီကနေမှ ကိုယ်ဆန္ဒရှိတာ၊ ကိုယ်ဖြစ်ချင်တာ၊ မှန်ကန်တယ်လို့ယုံကြည်တာတွေ လုပ်ဖို့အတွက် အကြောက်တရားကို အဟန့်အတားဖြစ်ခွင့်မပေး‌ပါတော့နဲ့။

ကြိုးစားရမယ့်ခရီးရှည်တစ်‌လျှောက်မှာ အကြောက်တရားကိုသိအောင်လုပ်ပြီး နိုင်အောင်ဖျောက်နိုင်ဖို့ အားပေးရင်း ဒီနေ့ရဲ့ Quote အစီအစဉ်လေးကတော့ ဒီလောက်ပါပဲ။ နောက်နေ့မှာလည်း သူငယ်ချင်းတို့အတွက်အကျိုးရှိနိုင်မယ့် ပညာရှင်တွေ၊ လူထုခေါင်းဆောင်တွေရဲ့ အဆိုအမိန့်တွေထပ်မံမျှဝေပေးသွားဦးမှာဖြစ်လို့ စောင့်ကြည့်ပေးကြပါဦးခင်ဗျာ။💙💙💙

"The Economics Club of YUEco"The Commanders of Club's Journey🔥ကျွန်တော်တို့ရဲ့ Econ Clubဟာ စီးပွားရေးနဲ့ဘောဂဗေဒဆိုင်ရာ အ...
18/01/2021

"The Economics Club of YUEco"
The Commanders of Club's Journey🔥

ကျွန်တော်တို့ရဲ့ Econ Clubဟာ စီးပွားရေးနဲ့ဘောဂဗေဒဆိုင်ရာ အခြေခံ အသိပညာဆောင်းပါးများ၊ ဝေါဟာရများကို မျှဝေပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးဆိုင်ရာ အခြေအနေအရပ်ရပ်ကို မျှဝေပေးနိုင်ဖို့ အတွက် ကြိုးစားနေသော
Club တစ်ခုဆိုတာ အားလုံးလည်းသိပြီးလောက်ပြီဖြစ်ပါတယ်။🏭🏭

အခုမှာတော့ Clubရဲ့ အဓိကအသက်သွေးကြောတွေလို့ပြောလို့ရမယ့် Econ Club ကို ကောင်းကောင်းလည်ပါတ်နိုင်အောင် ကြိုးစားပေးနေကြသော member တစ်ယောက်ချင်းစီအကြောင်းကို မိတ်ဆက်ဖို့အချိန်လည်းရောက်လာပြီဆိုတော့

👦🏻👧🏻ဘယ်သူတွေက Econ Clubမှာပါ၀င်ကူညီပေးနေကြလည်း?
👦🏻👧🏻သူတို့တွေက ဘယ်အပိုင်းတွေကိုအဓိကတာ၀န်ယူပြီး လုပ်ကိုင်ပေးနေကြလည်းဆိုတာ ဓါတ်ပုံနှင့် နှင့်အတူ မျှဝေပေးပါရစေ..

❗❗ဒါ့အပြင် Econ Club ကနေ စီးပွားရေးဆိုင်ရာအကြောင်းအရာတွေကို စိတ်၀င်တစားလေ့လာနေရင်းပြန်လည်မျှဝေပေးချင်တဲ့သူတွေ၊
၊ မိမိကျွမ်းကျင်ရာskills တွေကို လက်တွေ့အသုံးချလိုတဲ့ လူငယ်တွေနဲ့
မိမိရဲ့ စိတ်၀င်စားတဲ့အပိုင်းတွေကို ဆန္ဒပြင်းထန်စွာနဲ့ စတင်‌လ့လာချင်တဲ့လူငယ်တွေအတွက်လည်း volunteer ခေါ်နေပြီဖြစ်ပါတယ်။

Volunteerနဲ့ပါတ်သက်တဲ့အသေးစိတ်အကြောင်းအရာတွေကို ဒီ link ကတစ်ဆင့်၀င်ရောက်လေ့လာနိုင်ပါတယ်။
https://www.facebook.com/420046068762277/posts/918594902240722/


{Quotes Time}Hello🌥️⛅..သူငယ်ချင်းတို့ကို ဒီနေ့မှာတော့ အမေရိကန်နိုင်ငံရဲ့ တတိယမြောက်သမ္မတဖြစ်တဲ့ Thomas Jeffersonရဲ့ Quot...
17/01/2021

{Quotes Time}
Hello🌥️⛅..

သူငယ်ချင်းတို့ကို ဒီနေ့မှာတော့ အမေရိကန်နိုင်ငံရဲ့ တတိယမြောက်သမ္မတဖြစ်တဲ့ Thomas Jeffersonရဲ့ Quote လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။

"If you want something you've never had,
you must be willing to do something you've never done"

"မင်းဘ၀မှာ ဘယ်‌တော့မှမရခဲ့ဖူးတဲ့ အရာကိုလိုချင်တယ်ဆိုရင်..
မင်းဘ၀မှာ ဘယ်တော့မှ မလုပ်ဖူးခဲ့တဲ့ အရာကိုလုပ်ဖို့ ဆန္ဒရှိမှရမယ်"
ဆိုတဲ့ အဆိုအမိန့်လေးတစ်ခုပါ။✨✨

🙎🏻‍♂️🙎🏻‍♂️ကျွန်တော်တို့ဘ၀တွေမှာ ပြင်းထန်တဲ့ လိုချင်မှု‌တွေဖြစ်လာတဲ့အခါ ပုံမှန် လုပ်နေကြအရာတွေက ခွဲထွက်ပြီး ဘယ်တော့မှမလုပ်ခဲ့ဖူးတဲ့အရာတွေကို စတင် ကြိုးစားပြီးလုပ်ကိုင်ဖို့အတွက်လိုအပ်လာတာမျိုး‌ရှိလာကြတယ်။

"ပုံမှန် ကိုယ့်အနေနဲ့ စားလိုတာမှန်သမျှကို စားလေ့ရှိပြီး ကျန်းမာရေးမလ်ိုက်စားမိ ရာကနေ ကျန်းမာရေးပိုကောင်း လာပြီး ကိုယ်လိုချင်တဲ့ body အမျိုးအစားများ ရလာအောင် ကျန်းမာ ရေးနဲ့ညီညွတ်တဲ့အစားအစာ၊ စားသောက်ပုံ နဲ့ လေ့ကျင်ခန်းများကို စတင်လုပ်ဆောင်ဖို့ လိုအပ်လာတာကစလို့..

ကိုယ့်ဘ၀မှာပြင်းပြင်းထန်ထန်ဖြစ်ချင်တဲ့ အိမ်မက်တွေပေါ်လာတဲ့အခါ နေ့စဉ်ဓူ၀ လုပ်နေတဲ့ အကျိုးမရှိနိုင်တဲ့တဲ့အရာတွေကို စွန့်လွှတ်ပြီး မဆုတ်မနှစ် ကြိုးစားရလာတာမျိုးတွေရှိလာတတ်တယ်။
ဒါကြောင့် Thomas Jefferson ရဲ့ you must be willing to do something you've never done ဆိုတဲ့စကားအတိုင်း လိုချင်တာတွေအတွက် ကိုယ့်ဘ၀မှာ မလုပ်ဖူးတဲ့ အရာတွေကို လုပ်ဖို့အတွက်ဆန္ဒတွေ ရှိမှရမယ်ဆိုတာ ထောက်ပြရင်း
ဒီအဆိုအမိန့်ကိုသူငယ်ချင်းတို့ဆီမျှဝေပေးလိုက်ရပါတယ်။

✨Economics club ကနေပြီး volunteer အသစ် တွေခေါ်နေပြီဗျို့✨ကျွန်‌တော်တို့ရဲ့ Economics club ဟာ 25th February,  2019 မှာ စတ...
15/01/2021

✨Economics club ကနေပြီး volunteer အသစ် တွေခေါ်နေပြီဗျို့✨

ကျွန်‌တော်တို့ရဲ့ Economics club ဟာ 25th February, 2019 မှာ စတင်ဖွဲစည်းပြီးတော့ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ပိုမိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း၊ တိုင်းပြည်စီးပွားတိုးတက်‌ရေးနဲ့ ကျွန်တော်တို့ကိုယ်တိုင်ရဲ့ဖွံ့ဖြိုးတိုးတက်မှု‌တွေအတွက် အားစိုက်ထုတ်နိုင်တဲ့ ကျောင်းသားများဦး‌ဆောင်တဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ဖို့ ရည်ရွယ်ရင်း ပန်းတိုင်ကိုယ်စီကိုလျှောက်လှမ်းနေကြပါပြီ။ Economics club လေးရဲ့ရည်ရွယ်ချက်လေးကိုအတူတူပါဝင်ဖြည့်ဆည်း နိုင်ဖို့အခွင့်အရေး လေးလာပါပြီဗျ။

ဒီတစ်ခါမှာ Member Positions အနေနဲ့ (10) နေရာကို ခေါ်ယူမှာဖြစ်ပါတယ်။✨

🔸General Secretary (1post)
🔸Project officer(1post)
🔸 Project Associate (2posts)
🔸Graphic designer (2posts)
🔸Content writer (2posts)
🔸Video editor (2posts)

✔️ လျှောက်ထားရမယ့်ရက်‌တွေကတော့
Open date ⏰ 15th January, 2021 to
Closed date⏰ 22h January, 2021 ဖြစ်ပါတယ်။

✔️လျှောက်လွှာပိတ်ပြီး Interview ဖြေရမယ့်သူတွေကို
⌚ 23th January မှ 24th January အတွင်း ကြေညာပေးသွားမှာဖြစ်ပါတယ်။

✔️Interview စတင်ကျင်းပမယ့်ရက်ကတော့
⌚ 25th January, 2021 ဖြစ်ပါတယ်ဗျ။

အထက်မှာဖော်ပြထားတဲ့ positions တွေကိုစိတ်ဝင်စားလို့ ပါဝင်ချင်ရင်တော့ Position တစ်ခုချင်းစီရဲ့ လိုအပ်ချက်တွေ၊ လျှောက်ထားနိုင်မယ့် link တွေကို ပုံတွေအောက်မှာဖတ်ရှုပြီး👇🏻👇🏻 အချိန်မဆွဲဘဲ ပါဝင်လိုက်ကြရအောင်။။



Hello🌤️🌤️Quote Time!!!အခုဆိုရင်နှစ်သစ်လည်းရောက်လာခဲ့ပြီ။ သူငယ်ချင်းတို့ရော အိပ်မက်ကိုယ်စီအတွက် အားအင်အသစ်တွေနဲ့ကြိုးစားန...
13/01/2021

Hello🌤️🌤️
Quote Time!!!

အခုဆိုရင်နှစ်သစ်လည်းရောက်လာခဲ့ပြီ။ သူငယ်ချင်းတို့ရော အိပ်မက်ကိုယ်စီအတွက် အားအင်အသစ်တွေနဲ့ကြိုးစားနေကြပြီလား... ဒါဆိုရင်တော့ Quote လေးတစ်ခုနဲ့ တွန်းအားပေးချင်ပါတယ်။ ဒီနေ့မျှဝေပေးချင်တဲ့ Quote လေးကတော့ ဒီ quote လေးပဲဖြစ်ပါတယ်...
" If you don't sacrifice for your dreams then your dreams become a sacrifice. "
Unknown

" သင့်ရဲ့ အိပ်မက်တွေအတွက် စွန့်လွှတ်စရာရှိတာမစွန့်လွှတ်ဘူးဆိုရင်၊ သင့်ရဲ့အိပ်မက်တွေက သင်စွန့်လွှတ်ရမယ့်အရာတွေ ဖြစ်သွားပါလိမ့်မယ်။"
အမည်မသိစာဆို

တွန်းအားက နည်းနည်းတော့ကြမ်းတယ်မလား...🔥
ဒါပေမယ့် အမှန်တကယ်တွန်းအားဖြစ်စေပါတယ်နော်
ကိုယ့်ရဲ့အိပ်မက်တွေအတွက် အချိန်ဆွဲနေမိတုန်းပဲလား ဒါမှမဟုတ် အကြောင်းအရာတစ်စုံတစ်ခုကြောင့်နှောင့်နှေးနေရတာလား?
ကိုယ်ရူးသွပ်တဲ့အရာတွေလုပ်ဖို့ဆိုရင် အပင်ပန်းခံရတာ သူငယ်ချင်းတို့လည်းသိပြီးဖြစ်မှာပါ။ ကိုယ်ကကြိုးစားနေဆဲ၊ အရမ်းပင်ပန်းနေရင်လည်း ဇွဲမလျှော့ပါနဲ့။ လူငယ်တစ်ယောက်ပီပီသသ အဆုံးထိကြိုးစားအပင်ပန်းခံနိုင်ပါတယ်။ ကိုယ့်အိပ်မက်အတွက်ပဲ ထိုက်တန်ပါတယ်နော့်။
ဒီလိုမှမဟုတ်ရင်တော့ အခွင့်အရေး‌ရောက်လာချိန်နဲ့ အချိန် စတာတွေကို ထည့်စဉ်းစားရမှာဖြစ်တဲ့အတွက် ကိုယ့်အိပ်မက်အတွက် စွန့်လွှတ်စရာရှိတာ မစွန့်လွှတ်ရင် အိပ်မက်တွေကို စွန့်လွှတ်လိုက်ရနိုင်ပါတယ်။ ဒါကြောင့် အိပ်မက်တွေအတွက် အပင်ပန်းခံရမယ်ဆိုရင်လည်း ကြိုးစားလိုက်ရအောင်နော်💪💪

ဒီလိုလေးတွန်းအားပေးရင်း ဒီနေ့အတွက်တော့ ဒီလောက်ပါပဲ။ နောက်နေ့မှာလည်း စိတ်ဓာတ်ခွန်အား၊ တွန်းအားဖြစ်စေမယ့် Quote လေးတွေ တင်ဦးမှာမို့ စောင့်ကြည့်ပေးကြပါဦးနော်။💙💙💙
May you have a blessing day!!!

{Quotes Time}Hello!⛅⛅Econ Club ရဲ့ "Quotes Time" activities လေးကပျောက်နေတာလည်းကြာပြီဆိုတော့အားလုံး အတွက် နှစ်သစ်မှာအထောက...
06/01/2021

{Quotes Time}
Hello!⛅⛅

Econ Club ရဲ့ "Quotes Time" activities လေးကပျောက်နေတာလည်းကြာပြီဆိုတော့
အားလုံး အတွက် နှစ်သစ်မှာအထောက်အကူပြုနိုင်မယ့် Quote လေးတစ်ခုနဲ့ ၂၀၂၁ကိုစတင်ဖို့ ပြန်လည်ရောက်ရှိလာပါပြီ။ဒီနေ့အတွက် Quotes လေးကတော့
British Author တစ်ယောက်ဖြစ်တဲ့Charles Lambရဲ့..

"New Year's Day is every man's birthday."

"နှစ်သစ်ကူးတဲ့နေ့ဟာ လူတိုင်းရဲ့ မွေးနေ့ပါပဲ။"
ဆိုတဲ့အဆိုအမိန့်လေးကိုရွေးချယ်ထားပါတယ်။✨✨

သူငယ်ချင်းတို့ရေ အခုဆိုရင် ကျွန်တော်တို့အားလုံးဟာ 2021 ခုနှစ်ထဲကို ရောက်ရှိလာကြပြီနော်။

အချိန်တွေဟာ တရွေ့ရွေ့နဲ့ ကုန်ဆုံးသွားတာ မြန်ဆန်လှပါတယ်။
မတူညီတဲ့ဒေသတွေ၊ ကွဲပြားတဲ့ ယဉ်ကျေးမှုတွေကနေ ကိုယ်စီကိုယ်စီ မွေးဖွား ကြီးပြင်းလာကြတဲ့ ကျွန်တော်တို့တတွေဟာ အခုဆို 2021 ဆိုတဲ့ ခုနှစ်သက္ကရာဇ်ကို အတူတကွ ဖြတ်သန်းကြရတော့မယ်။
တကယ်တော့ နှစ်သစ်ကူးတဲ့‌နေ့ ဆိုတာ လူတိုင်းရဲ့ မွေးနေ့‌လေးပါပဲ။ အဲဒီနေ့မှာ ကျွန်တော်တို့အားလုံးကို လောကကြီးက အခွင့်အရေးတစ်ရပ်ထပ်ပေးတယ်။
အားလုံးရဲ့ ဘဝတွေစီ တူညီတဲ့အချိန်တွေကိုပေါ့။
ကျွန်တော်တို့အားလုံးကို 2021 မှာ မွေးဖွားခဲ့တယ်လို့ယူဆလိုက်ကြရအောင်။
ကျွန်တော်တို့တွေ ဘဝအသစ်တစ်ခုကို ပိုင်ဆိုင်နေပါပြီ။
အခုကစပြီး ခြေလှမ်းအသစ်တွေကို ကြိုးစားလျှောက်လှမ်းရင်း အောင်မြင်မှုတွေစီ ချီတက်နိုင်ကြပါစေဗျာ။💚💚

🤗သူငယ်ချင်းတို့ရေ Happy New Year ပါနော်…🤗မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့Econ club ရဲ့  G-suite & Canva training's competition...
02/01/2021

🤗သူငယ်ချင်းတို့ရေ Happy New Year ပါနော်…🤗

မကြာသေးခင်ကမှ ကျင်းပခဲ့တဲ့
Econ club ရဲ့ G-suite & Canva training's competition လေးကတော့
အောင်အောင်မြင်မြင်နဲ့ ပြီးဆုံးသွားခဲ့ပါပြီ။🎉

ပြိုင်ပွဲ၀င်အဖွဲ့အသီးသီးရဲ့
အကြိတ်အနယ်ယှဉ်ပြိုင်မှုတွေအပြီးမှာ
ဆုရရှိသွားတဲ့ winner group ‌တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။🤩🤩

ပြိုင်ပွဲရဲ့ အဓိက ဆုကြီးတွေဖြစ်ကြတဲ့

🏆External voting and Most Popular Award 🏆ကို Group 3 ရဲ့ Sunshine for Unschooled Children project က ဆွတ်ခူးသွားခဲ့ပြီး

🏆Internal voting and Project Winner Award 🏆ကိုတော့ Group 1 ရဲ့ Butterfly project က ဆွတ်ခူးသွားတာပဲဖြစ်ပါတယ်။

ဒါ့အပြင် Econ club က ချီးမြှင့်တဲ့
🎖️Tittle Award 🎖️တွေအနေနဲ့

🏅The Best Idea Award- Group 1

🏅The Best Innovative Award- Group 2

🏅The Best Teamwork Award- Group 3

🏅The Best Presentation Award- Group 4

🏅The Most Social Impactful Award- Group 5

စသဖြင့် အသီးသီးရရှိသွားကြပါတယ်။ 👏👏 👏

🎉Congratulations ပါ သူငယ်ချင်းတို့ရေ …🎉

ကျွန်တော်တို့ Econ Club အနေနဲ့ ဆုရရှိသွားကြတဲ့
Group member တစ်ယောက်ချင်းစီတိုင်းနဲ့အတူ
ထပ်တူထပ်မျှ ၀မ်းသာဂုဏ်ယူမိတဲ့အတွက် ဒီpostလေးနဲ့ ဂုဏ်ပြုပေးလိုက်ပါတယ်။ 🙆🙆🙆

သာယာတဲ့နှစ်သစ်မနက်ခင်းလေးဖြစ်ပါစေ☀️🍃Econ Club wishes you "Happy New Year 2021"2020 ကုန်ဆုံးပြီး 2021 နှစ်သစ်ကိုရောက်ရှိလ...
01/01/2021

သာယာတဲ့နှစ်သစ်မနက်ခင်းလေးဖြစ်ပါစေ☀️🍃

Econ Club wishes you "Happy New Year 2021"

2020 ကုန်ဆုံးပြီး 2021 နှစ်သစ်ကိုရောက်ရှိလာပါပြီ...

သူငယ်ချင်းတို့ 2020 မှာ စိတ်ညစ်စရာတွေ၊ အိမ်တွင်းအောင်းနေရတာတွေ၊ မျှော်မှန်းထားသလောက် Productive မဖြစ်နိုင်ခဲ့တာတွေရှိခဲ့မှာပါ။ Econ Club က သူငယ်ချင်းတွေကိုယ်တိုင်လည်းရှိခဲ့ပါတယ်🙁
ဒါပေမယ့် အဆိုးတွေချည်းပဲတော့မဟုတ်ဘူးပေါ့...🤔 ကိုယ်မျှော်မှန်းထားတာတွေ မပြည့်၀ခဲ့ပေမယ့် ကြိုးစားပြီး‌နေထိုင်ခဲ့ကြတယ်မဟုတ်လား။ ဒါကလည်း ချီးကျူးစရာတစ်ခုပါပဲ။ ဒီထက်ပိုပြီး ချီးကျူးခံထိုက်အောင်... နှစ်သစ်မှာ အားလုံးအတူတူ
♦️ပိုပြီးကြိုးစားနေထိုင်ကြမယ်
♦️ကျန်းမာရေးကိုပိုပြီးဂရုစိုက်ကြမယ်နော်🙆

Econ Club ကနေပြီးတော့ 2021 မှာ သူငယ်ချင်းတို့အားလုံး
♦️ မျှော်လင့်နေတဲ့ lifestyle ကို ရရှိနိုင်ကြပါစေ
♦️ ရည်မှန်းထားသမျှတွေအကုန်လုံးကို လုပ်ဆောင်နိုင်ပါစေ
♦️ စိတ်ဓာတ်ပိုမိုကြံ့ခိုင်ပြီး အခက်အခဲမှန်သမျှကိုကျော်ဖြတ်နိုင်ပါစေ လို့ Economics Club ကနေ ဆုတောင်းပေးလိုက်ပါတယ်✨✨💥



သူငယ်ချင်းတို့ရေ မနက်ဖြန်ဆိုနှစ်သစ်ရောက်ပါပြီ...Econ Club ရဲ့ G-suite & Canva for Christmas training လေးကလည်း ပြီးဆုံးသွ...
31/12/2020

သူငယ်ချင်းတို့ရေ မနက်ဖြန်ဆိုနှစ်သစ်ရောက်ပါပြီ...
Econ Club ရဲ့ G-suite & Canva for Christmas training လေးကလည်း ပြီးဆုံးသွားပြီဖြစ်ပါတယ်။

ဒီ Training မှာပါ၀င်ပြီး အားကြိုးမာန်တက်ပြိုင်ပွဲ၀င်ခဲ့ကြတဲ့ Participants တွေအနေနဲ့
- Digital skills ရဲ့ အခြေခံကျတဲ့ G-suite tools တွေကို သေချာအသုံးချတတ်သွားမယ်လို့မျှော်လင့်ပါတယ်။
- ဒါ့အပြင် Canva လိုမျိုး Online Design Creating Tools တွေကိုပါ ကောင်းကောင်းအသုံးချတတ်သွားမယ်လို့ယုံကြည်ပါတယ်။

ကျေးဇူးတင်လွှာ~~~
♥️ Training အတွင်းမှာ‌ သေချာသင်ကြားမျှ‌ဝေပေးခဲ့ပြီး ပြိုင်ပွဲနေ့မှာရော၊ Closing Ceremony မှာပါ အတူရှိပေးပြီး စိတ်ဓာတ်ခွန်အားပေးခဲ့တဲ့ အစ်မ Naw Ray May Dee ကို ကျေးဇူးအများကြီးတင်ပါတယ်။
♥️ Training တစ်‌လျှောက်လုံးအားကြိုးမာန်တက်ပါ၀င်ပေးခဲ့ကြတဲ့ Participants တွေအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်။

ဒါကတော့ Club အတွက်ရော Participants တွေအတွက်ပါအမှတ်တရဖြစ်အောင် Training တစ်‌လျှောက်က ပုံရိပ်လေးတွေကိုတင်ပေးလိုက်တာဖြစ်ပါတယ်🤩🤩 2020 December မှာ Digital skills & Design skills တွေတိုးတက်ခဲ့ကြမယ်လို့ ယုံကြည်ပါတယ်.... See you all guyss!!!

Address

Yangon
11431

Opening Hours

Monday 09:00 - 15:30
Tuesday 09:00 - 15:30
Wednesday 09:00 - 15:30
Thursday 09:00 - 15:30
Friday 09:00 - 15:30

Website

Alerts

Be the first to know and let us send you an email when The Economics Club of YUEco posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category