17/05/2025
IGCSE O Level ပြီးရင် ဘယ်လမ်းကြောင်းတွေ ဆက်သွားလိုရသလဲ? 🤷♀️🤷♂️
ခေတ်ရေစီးကြောင်းနဲ့ အညီ ပြောင်းလဲလာတယ့် ပညာရေးလမ်းကြောင်းမှာ IGCSE O level ပြီးရင် ဘယ်လမ်းကြောင်းတွေသွားရမလဲဆိုတာတွေ အမေးများလာကြပါတယ်?
အဲ့ဒါကြောင့် မင်မင်ကနေပြီးတော့ ဘယ်လိုလေးတွေ သွားလိုရတယ် ဘယ်လမ်းကြာင်းလေးတွေရှိတယ်ဆိုတာကို ပြောပြပေးသွားမှာမို အဆုံးထိ ဖတ်ပေးကြပါဦးရှင့်...✨✨✨✨
IGCSE OLevel ပြီးသွားရင်တော့ အခြေခံအထက်တန်းပညာပြီးဆုံးသွားပြီလို့ ပြောလိုမရပါဘူးနော်..... အဲ့ဒီအခါ ဘာတွေဆက်လုပ်လိုရမလဲဆိုတဲ့အခါမှာ
𝟏. 𝐀 𝐋𝐞𝐯𝐞𝐥
𝟐. 𝐎𝐒𝐒𝐃
𝟑. 𝐍𝐔𝐂𝐊
𝟒. 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 ဆိုပြီး အများအားဖြင့် သိကြတယ့် ၄ခုကိုရှင်းပြပါမယ်ရှင့်.......⚡️
𝟏. 𝐀 𝐋𝐞𝐯𝐞𝐥
A levelဆိုတာကတော့ UKကနေအခြေခံပညာအထက်တန်းပြီးဆုံးကြောင်း လက်မှတ်တခုဖြစ်ပါတယ်။ ဘယ်လိုလူတွေတက်ရောက်ကြတာလဲဆိုရင်တော့ အခြေခံပညာကို အခြေခံကျကျသင်ယူချင်တယ်ဆိုတယ့်လူတွေ၊ ကျောင်းလျှောက်တယ့်အခါ အမှတ်မြင့်မြင့်နှင့် လျှောက်ချင်တယ့်သူတွေအပြင်၊ IGCSE O Levelအောင်ထားပြီး Ranking မြင့်တယ့်ကျောင်းတွေကို foundation တက်စရာမလိုဘဲနဲ့ First Yearကစတက်ရောက်သင်ယူလိုသောကျောင်းသားကျောင်းသူများတက်ရောက်နိုင်ပါတယ်...📚📚📚📚
𝟐. 𝐎𝐒𝐒𝐃
OSSD ဆိုတာကတော့ ကနေဒါနိုင်ငံ Ontario ပြည်နယ်မှ အထက်တန်းပြီးဆုံးကြောင်း ထုတ်ပေးတယ့် လက်မှတ် ၁ခု ဖြစ်ပါတယ်။ ကျောင်းသားအများစုဟာ canadaကို ကျောင်းသွားတက်ရန်သော်လည်ကောင်း၊ အသက်အရွယ်အရ အချိန်မပေးနိုင်လိုသော်လည်ကောင်း တက်ကြတာဖြစ်ပါတယ်... 📚📚📚📚
𝟑. 𝐍𝐔𝐂𝐊
NCUK International Foundation Yearသည် IGCSE, GED သိုမဟုတ် တက္ကသိုလ်ဝင်တန်းစာမေးပွဲများပြီးမြောက်ပြီးထိပ်တန်းတက္ကသိုလ်များကိုဆက်လက်တက်ရောက်လိုသော ကျောင်းသားကျောင်းသူများအတွက်လိုအပ်သောအခြေခံအုတ်မြစ်များကိုပြင်ဆင်ပေးသော University Preparation Programme တစ်ခုဖြစ်ပါတယ်...📚📚📚
𝟒. 𝐔𝐧𝐢𝐯𝐞𝐫𝐬𝐢𝐭𝐲 𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧
သူကတော့အရိုးရှင်းဆုံးဖြစ်ပါတယ်.... ကိုယ် တက်မယ့် Universityရဲ့ Foundation ကနေစတက်ကမှာဖြစ်လို ပြီးသွားတာနဲ့ First Yearကနေစမှာဘဲဖြစ်ပါတယ်။ University Foundation အတန်းတွေဟာဆိုရင် များသောအားဖြင့် ၆လကနေ ၁နှစ် အတွင်းရှိပါတယ်။ ဒီမှာဆိုရင်တော့ အရေးကြီးဆုံးကတော့ ကိုယ့်တက်မယ့်ကျောင်းအကြောင်းကိုသေချာသိဖိုလိုပါလိမ့်မယ်ရှင့်.....📚📚📚
𝐀 𝐋𝐞𝐯𝐞𝐥 နဲ့ 𝐍𝐔𝐂𝐊 က feesလည်းမကွာဘူး အချိန်လည်း မတူဘူး၊ အချိန်ပိုတိုတယ့် 𝐍𝐔𝐂𝐊 ကိုဘဲတက်မှာပေါ့ဆိုတာတွေလည်းရှိကြပါတယ်။ NCUKကိုဆိုရင်တော့ သူနဲ့ partnership လုပ်ထားတယ့်ကျောင်းတွေကနေဘဲတက်လိုရတာဖြစ်ပြီး ၊ Partnership မလုပ်ထားတယ့်ကျောင်းတွေဆိုရင်တော့ foundation ပြန်တက်ဖိုလိုပါလိမ့်မယ်..... 𝐀 𝐋𝐞𝐯𝐞𝐥 ကတော့ တစ်ကမ္ဘာလုံးကအသိမှတ်ပြုတာမို first yearကနေစတက်လိုရမှာပါ။
𝐀 𝐋𝐞𝐯𝐞𝐥 , 𝐎𝐒𝐒𝐃, 𝐍𝐔𝐂𝐊 တို့ကို တက်ပြီးမှ ကိုယ့်တက်မယ့်ကျောင်းက Requirement နဲ့မညီဘူးဆိုရင် သူတိုဆီမှာ university foundation အတန်းပြန်တက်ဖိုလိုပါလိမ့်မယ်၊ ကျောင်းသားအတွက် အချိန်တွေ ကုန်သလိုမျိုး မိဘတွေအတွက်လည်း အဆင်မပြေတာမို၊ ကျောင်းကိုသေချာရွေးပြီး ကြည့်ပြီးမှ တက်တာကတော့ အကောင်းဆုံးပါမို သေချာကြည့်ပြီးမှရွေးချယ်ဖို အကြံပေးရင်းနဲ့ အဆုံးသတ်ပါရစေရှင့်...........😍😍😍😍
သင်တန်းနှင့်ပတ်သက်ပြီးအသေးစိတ်သိရှိလိုပါက 𝟎𝟗 𝟐𝟔𝟔𝟔𝟔𝟐𝟔𝟎𝟏/𝟎𝟐 (သို့) 𝐏𝐌 𝐓𝐫𝐚𝐢𝐧𝐢𝐧𝐠 𝐂𝐞𝐧𝐭𝐫𝐞 𝐩𝐚𝐠𝐞 သို့လာရောက်မေးမြန်းစုံစမ်းနိုင်ပါပြီရှင့်။
🏫 𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 (𝟐𝟏𝟒), အင်းစိန်လမ်းနဲ့ပါရမီလမ်းထောင့် ၊ဘုရားလမ်းမှတ်တိုင်အနီး၊လှိုင်မြို့နယ်။
#𝐏𝐌𝐭𝐫𝐚𝐢𝐧𝐢𝐧𝐠𝐜𝐞𝐧𝐭𝐫𝐞
#𝐚𝐥𝐥𝐥𝐚𝐧𝐠𝐮𝐚𝐠𝐞𝐬