၂၀၂၆ မှာ Reach ကျနေတဲ့ page တွေကို ပြန်ကယ်တင်နည်း (Step-by-Step Tutorial)
၂၀၂၆ မှာ page Reach တွေ တအားကျနေလို့ စိတ်ညစ်နေပါသလား?
အရင်လို Like ရဖို့ထက် ရောင်းအားတက်ဖို့အတွက် Meta Algorithm က ဘာတွေပြောင်းလဲသွားပြီလဲ?
ဒီဗီဒီယိုမှာ Lily က Marketing Manager တစ်ယောက်အနေနဲ့ရော၊ Content Writer တစ်ယောက်အနေနဲ့ပါ အတွေ့အကြုံတွေကို အခြေခံပြီး ၂၀၂၆ Facebook Algorithm အသစ်အကြောင်းနဲ့ Reach ပြန်တက်စေမယ့် နည်းလမ်းကောင်း (၃) ခုကို အသေးစိတ် ရှင်းပြပေးသွားမှာပါ။ အထူးသဖြင့် Online Seller တွေနဲ့ လုပ်ငန်းရှင်တွေ လုံးဝကြည့်သင့်တဲ့ ဗီဒီယိုဖြစ်ပါတယ်။
✅ ၂၀၂၆ Facebook Algorithm က ဘယ်လိုအလုပ်လုပ်တာလဲ?
✅ "Conversion to Conversation" ဆိုတာ ဘာလဲ? (Like ထက် အရေးကြီးတဲ့အရာ) ✅ Multi-format Strategy နဲ့ Reach ပြန်ပွင့်အောင်လုပ်နည်း
✅ Facebook Story ကို သုံးပြီး Feed Reach ဆွဲတင်နည်း
✅ Looping Engagement: Comment ကနေ အရောင်းပိတ်နည်း
✅ Facebook Shadow Ban မဖြစ်အောင် ဘာတွေကို ရှောင်ရမလဲ?
Digital Marketing ဗျူဟာတွေနဲ့ နည်းပညာအသစ်တွေကို အမြဲလေ့လာချင်တယ်ဆိုရင် Lily ရဲ့ Channel ကို Subscribe လုပ်ထားဖို့ မမေ့နဲ့နော်။ 🔔
Lily - Digital Marketing Specialist
Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Lily - Digital Marketing Specialist, Educational consultant, Yangon.
02/02/2026
Meta ရဲ့ Andromeda ဆိုတဲ့ Update အသစ်ကို လူတော်တော်များများက "ခလုတ်တွေ၊ Setting တွေ" ပြောင်းသွားတာလို့ ထင်နေကြတယ်။ တကယ်တော့ မဟုတ်ပါဘူး။
အဓိက ပြောင်းလဲသွားတာက "စာသားနဲ့ ပုံ (Creative)" ပါ။
အရင်လို Audience တွေ လိုက်ရွေးနေတာ၊ Setting တွေ Budget တွေ ခဏခဏ နှိပ်ပြီး ပြင်နေတာထက်... အခု AI စနစ်က တစ်ခုပဲ ကြည့်တော့တယ် -
"မင်းရေးထားတဲ့စာက လူတွေအတွက် တကယ်ရော အဓိပ္ပာယ်ရှိရဲ့လား?"
အခုခေတ်မှာ Ads တစ်ခု အောင်မြင်ဖို့ဆိုရင် -
❌ Setting တွေ အလွန်အကျွံ လိုက်ပြင်နေစရာ မလိုတော့ဘူး။
✅ ကိုယ့်စာသားက ဘာကိုဆိုလိုတာလဲဆိုတာ ရှင်းလင်းနေဖို့ ပဲ လိုတော့တယ်။
ကိုယ့်ရဲ့ ရေးထားတဲ့ စာသားတွေက ဝိုးတဝါးဖြစ်နေရင်၊ ဘာရောင်းမှန်း သေချာမပေါ်လွင်ရင် ဒါမှမဟုတ် ကိုယ့် Brand က ဘာလဲဆိုတာ သေချာမသိရင် System က မင်းရဲ့ Ads ကို တွန်းမပို့ပေးတော့ပါဘူး။
Andromeda က အရင်ထက် ပိုတော်လာတာထက် "အရင်လို လျော့ပေါ့ပြီး Ads တွေ ပေးမလုပ်တော့တာ" လို့ ပြောရင် ပိုမှန်ပါလိမ့်မယ်။
အခုချိန်မှာ အောင်မြင်တဲ့ Marketer တွေက Ads Setting တွေ Target Audience တွေကို ထိုင်ပြင်မနေတော့ပါဘူး။
ဝယ်သူတွေ တကယ်ဘာဖြစ်ချင်တာလဲဆိုတာကို နားလည်အောင်လုပ်ပြီး "ပိုကောင်းတဲ့ စာသားနဲ့ ပုံတွေ" ကိုပဲ အချိန်ပေး ဖန်တီးနေကြပါပြီ။
အနှစ်ချုပ်ပြောရရင်... အခုခေတ်မှာ
"ဘာရောင်းရောင်း ရှင်းရှင်းလင်းလင်းနဲ့ လူသားဆန်ဆန် ပြောနိုင်တဲ့သူ" ကပဲ နိုင်မှာပါ။ ✨
02/02/2026
🎉Facebook Boosting ပညာဒါန သင်တန်း 🎉
🤵SME လုပ်ငန်းရှင်များ
📝Content Writer များ
💡Digital Marketing သမားများ
📲 Social Media နှင့် ပတ်သတ်ပြီး လုပ်ကိုင်နေသူများအတွက် သီးသန့်ဖွင့်တာဖြစ်လို့
Facebook Boosting အဓိက လိုအပ်တဲ့ အချက် များ Boosting လုပ်နည်းနှင့် သီအိုရီများကို လိုရင်း တိုရှင်း သင်ကြားပေးသွားမှာဖြစ်ပါတယ်။
Computer အခြေခံရှိသူ မည်သူမဆိုတက်ရောက်နိုင်ပါတယ်။
လူဦးအကန့်အသတ်နဲ့ လူနည်းစုဖြင့်သာသင်ကြားပေးမှာ ဖြစ်လို့ အခုပဲစာရင်းပေးလိုက်တော့နော်📜
📞09 8970 61841 (Phone/Viber)
📞09 9540 44908
💬
01/02/2026
ဒီရက်ပိုင်း Facebook နဲ့ Instagram မှာ ကြော်ငြာ (Ads) တင်ရတာ အရင်လိုမဟုတ်တော့ဘဲ တစ်မျိုးကြီး ထူးဆန်းနေတယ်လို့ ခံစားနေရတယ်မလား? 🧐
အဲ့ဒါ တခြားကြောင့်မဟုတ်ပါဘူး။ Meta ရဲ့ အသစ်ထွက်လာတဲ့ "Andromeda" Update ကြောင့်ပါ။
အခုနောက်ပိုင်း Andromeda AI စနစ်က အရင်လို Audience တွေကို ကိုယ်တိုင်လိုက်ရွေးနေရတဲ့ (Manual Targeting) ခေတ်ကို အဆုံးသတ်လိုက်ပါပြီ။ အခုက ကိုယ်သုံးတဲ့ Creative (ပုံ၊ ဗီဒီယို၊ စာသား) ပေါ်မူတည်ပြီး Algorithm က ဘယ်သူ့ကို ပြရမလဲဆိုတာကို အဓိက ဆုံးဖြတ်သွားတာပါ။
ဒါက Marketer တွေအတွက် ဘာကို ဆိုလိုတာလဲ? 👇
✅ Creative က Targeting ပဲ: ကိုယ်သုံးတဲ့ Ad Caption တွေနဲ့ Keyword တွေကပဲ ဘယ်သူ့ကို Ads ပြရမလဲဆိုတာကို သတ်မှတ်ပေးသွားမှာပါ။
✅ ပုံစံအမျိုးမျိုး စမ်းဖို့လိုမယ်: အိုင်ဒီယာအသစ်တွေ အများကြီးထုတ်ဖို့ လိုလာပြီ။ Campaign တစ်ခုထဲမှာတင် Variation ပေါင်း ၅၀ ကနေ ၈၀ အထိတောင် ရှိသင့်တယ်လို့ ဆိုကြတယ်။
✅ Broad က ပိုကောင်းတယ်: Audience ကို အသေးစိတ် လိုက်ကန့်သတ်နေတာထက် Broad ထားတာက ပိုပြီး ထိရောက်လာပါတယ်။
✅ နည်းလမ်းဟောင်းတွေက ပိုက်ဆံဖြုန်းတာပဲ: အရင်က သုံးနေကျ Strategy ဟောင်းတွေကိုပဲ ဆုပ်ကိုင်ထားရင် အလုပ်မဖြစ်တော့ဘဲ Budget တွေပဲ အိတ်စိုက်ရုံ ရှိတော့မှာပါ။
အပြောင်းအလဲမြန်တဲ့ Digital လောကမှာ ဒီ Update ကို သိထားမှ ကိုယ့် Ads တွေက Reach ကောင်းကောင်းနဲ့ Target ဆီ ရောက်မှာပါ! 🚀
📞 Digital marketing နဲ့ Social media ဆိုင်ရာ အကြံဉာဏ်ယူချင်တာပဲဖြစ်ဖြစ်၊ အလုပ်အတူတူ လုပ်ချင်တာပဲဖြစ်ဖြစ် Lily ဆီ တိုက်ရိုက် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင်။
01/02/2026
Join "Digital Marketing Service အကူအညီလိုသူများ" on Viber.
Digital Marketing Serviceအကူအညီလိုသူများ on Viber Digital Marketing အခက်အခဲတွေအတွက် ✅ Solution တွေ ရှာပေးမယ် ✅ အခက်အခဲတွေ မေးမယ် ✅ Experience တွေ မျှဝေမယ် ✅ Platform Update တွေ၊ Trendsတွေ Share ကြမယ်။ 💚...
Ads တစ်ခု မ run ခင် ဒါကို အရင်လုပ်ပါ! 🛑
ကိုယ့်ပြိုင်ဘက်တွေ ဘယ်လို Content မျိုးနဲ့ ရောင်းနေရတာလဲ? သူတို့ Ads တွေက Active ဖြစ်နေလား? ဒါတွေကို သိဖို့ Ad Library က အကောင်းဆုံးပါပဲ။
Google မှာ Meta Ad Library လို့ ရိုက်ရှာလိုက်ပါ။
ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Page နာမည်ကို ရိုက်ထည့်ရုံနဲ့ သူတို့ အခုလက်ရှိ run နေတဲ့ Ads တွေ အကုန်လုံးကို အခမဲ့ ကြည့်လို့ရပါတယ်။
သူတို့ ဘယ်လို Hook တွေ သုံးလဲ၊ ဘယ်လို Design တွေ သုံးလဲဆိုတာကို လေ့လာပြီး ကိုယ့် Ads တွေမှာ ပြန်အသုံးချကြည့်ရအောင်။
Lily ရဲ့ ဗီဒီယိုထဲမှာ Ad Library ကို အထိရောက်ဆုံး သုံးနည်းကို တစ်ဆင့်ချင်း ရှင်းပြပေးထားပါတယ်။
ဒါမျိုး Marketing Tips တွေ ထပ်သိချင်ရင် Channel လေးကို Subscribe လုပ်ထားပေးပါဦး။ ✨
ခလုတ်တစ်ခု နှိပ်လိုက်ရုံနဲ့ ပစ္စည်းတွေ ရောင်းရမယ်လို့ ထင်နေရင်တော့ လမ်းမှားနေပါပြီ။ 😁
Boost တာ ဘာခက်လို့လဲ ဒီ ခလုတ်အပြာလေး နှိပ်လိုက် ရတာပဲဆိုသူတွေပေါ့… Money money fly fly ဖြစ်ကုန်တာ.. 😁
စိတ်ဓာတ်တွေကျသွားလိုက် ရောင်းရရင် ကြည်နူးလိုက်နဲ့ ..နှစ်ကာလတစ်ခု အချိန်ပေးလိုက်မှ
Ads run တဲ့ Strategy သဘောတရားလေး နားလည်လာတာမျိုး.. 📈
Boost Post ဆိုတာ လူကြည့်များဖို့ပဲ ကောင်းတာပါ...
တကယ်ရောင်းရဖို့ကျတော့ Ads Manager ရှိမှ ဖြစ်မှာ။ 👩🏻💻
ပိုက်ဆံမကုန်ခင် Ads Manager အသုံးပြုနည်းကို သေသေချာချာ လေ့လာလိုက်ရအောင်။
ဒီ Mentorship Program မှာက Ads Manager ကို ဘယ်လိုသုံးရမလဲ ဆိုတဲ့ ခလုတ်နှိပ်နည်းသက်သက် မဟုတ်ဘဲ၊
Marketing Manager တစ်ယောက်ရဲ့ Strategic Thinking တွေးပုံခေါ်ပုံ Plan ချပုံတွေပါ သင်ယူလေ့လာနိုင်မယ့် လက်တွေ့ အသုံးချသင်တန်း ဖြစ်ပါတယ်။
Lily ကိုယ်တိုင် 1-on-1 ၁ လပြတ် တစ်ဦးချင်းစီ တစ်ဆင့်ချင်း သင်ပေးသွားမှာပါ။
𝑻𝒉𝒆 𝑺𝒕𝒓𝒂𝒕𝒆𝒈𝒊𝒄 1-𝒐𝒏-1 𝑨𝒅𝒔 𝑴𝒆𝒏𝒕𝒐𝒓𝒔𝒉𝒊𝒑: 4-𝑾𝒆𝒆𝒌 𝑴𝒂𝒔𝒕𝒆𝒓𝒚 𝑷𝒓𝒐𝒈𝒓𝒂𝒎
(𝑫𝒆𝒔𝒊𝒈𝒏𝒆𝒅 𝒇𝒐𝒓 𝑩𝒖𝒔𝒊𝒏𝒆𝒔𝒔 𝑶𝒘𝒏𝒆𝒓𝒔 & 𝑨𝒔𝒑𝒊𝒓𝒊𝒏𝒈 𝑴𝒂𝒓𝒌𝒆𝒕𝒆𝒓𝒔)
Mentorship Program အသေးစိတ် 👇
https://tinyurl.com/1-on-1-Ads-Mentorship
Scan the QR for Program details.
18/01/2026
၂၀၂၆ မှာ 𝐌𝐞𝐭𝐚 𝐀𝐝𝐬 𝐫𝐮𝐧 ပြီး ပစ္စည်းတွေ ကောင်းကောင်း
"ရောင်း" ထွက်ချင်ရင် ဒါတွေ သိထားမှ ရတော့မယ်! 💻📈
အခုနောက်ပိုင်း 𝐀𝐝𝐬 𝐫𝐮𝐧 ရတာ အရင်လို 𝐈𝐧𝐭𝐞𝐫𝐞𝐬𝐭 တွေ လိုက်ထည့်နေရုံနဲ့
မလုံလောက်တော့ဘူးဆိုတာ လုပ်ငန်းရှင်တွေ သတိထားမိကြမှာပါ။
၂၀၂၆ မှာ 𝐌𝐞𝐭𝐚 ရဲ့ 𝐀𝐈 က အရမ်းတော်လာတာမို့လို့ ပစ္စည်းတွေ တကယ်ရောင်းရအောင်
𝐌𝐞𝐭𝐚 𝐀𝐝𝐬 𝐫𝐮𝐧 တဲ့အခါ 𝐋𝐢𝐥𝐲 တို့ဘက်က ဒီအချက်တွေကို ပြောင်းလဲဖို့ လိုလာပါပြီ။
၁။ "ရောင်း" ချင်လေလေ... 𝐂𝐨𝐧𝐭𝐞𝐧𝐭 ကို အာရုံစိုက်လေလေ လုပ်ပါ
အရင်ကလို "ဘယ်သူ့ကို ပြရမလဲ" ဆိုတဲ့ 𝐓𝐚𝐫𝐠𝐞𝐭𝐢𝐧𝐠 ကိုပဲ အချိန်ကုန်မခံပါနဲ့တော့။
၂၀၂၆ မှာ 𝐌𝐞𝐭𝐚 ရဲ့ 𝐀𝐈 က 𝐋𝐢𝐥𝐲 တို့ တင်လိုက်တဲ့ ပုံနဲ့ ဗီဒီယိုကို ကြည့်ပြီး
ဘယ်သူဝယ်မလဲဆိုတာကို သူကိုယ်တိုင် လိုက်ရှာပေးနိုင်နေပါပြီ။
ဒါကြောင့် လူတွေ မြင်တာနဲ့ ရပ်ကြည့်ပြီး ဝယ်ချင်စိတ်ပေါက်သွားမယ့်
𝐂𝐨𝐧𝐭𝐞𝐧𝐭 ကောင်းကောင်းလေးတွေ လုပ်ဖို့က အဓိကပါပဲ။
၂။ 𝐀𝐈 ကို လွှတ်ပေးထားလိုက်ပါ
"ကိုယ်တိုင် ချိန်မှ စိတ်ချရမယ်" ဆိုပြီး 𝐦𝐚𝐧𝐮𝐚𝐥 လုပ်နေတာထက်
𝐌𝐞𝐭𝐚 ရဲ့ 𝐀𝐈-𝐝𝐫𝐢𝐯𝐞𝐧 (𝐀𝐝𝐯𝐚𝐧𝐭𝐚𝐠𝐞+) 𝐂𝐚𝐦𝐩𝐚𝐢𝐠𝐧 တွေကို သုံးကြည့်ပါ။
သူတို့က လူတွေရဲ့ အပြုအမူကို 𝐋𝐢𝐥𝐲 တို့ထက် ပိုသိတာမို့လို့
တကယ်ဝယ်မယ့်သူတွေဆီ ပိုရောက်ပြီး ရောင်းအားကို ပိုတက်စေပါတယ်။
၃။ 𝐌𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 ထဲရောက်ရင် "အေးတိအေးစက်" မလုပ်ပါနဲ့
𝐀𝐝𝐬 က လူကို ဆိုင်ရှေ့ခေါ်လာပေးတာပဲ ရှိတာပါ။
တကယ်ရောင်းရဖို့က 𝐌𝐞𝐬𝐬𝐚𝐠𝐞 ထဲမှာ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 ကို
ဘယ်လို ဆက်ဆံမလဲဆိုတာ အရေးကြီးပါတယ်။
သူတို့ သိချင်တာကို မြန်မြန်ဖြေပေးပြီး
ယုံကြည်အောင် လုပ်နိုင်မှသာ ပစ္စည်းက တကယ် "ရောင်း" ထွက်မှာပါ။
၂၀၂၆ မှာ 𝐀𝐝𝐬 𝐫𝐮𝐧 တဲ့အခါ နည်းပညာတွေအောက်မှာ ပိတ်မိမနေဘဲ
ကိုယ့်ရဲ့ 𝐂𝐮𝐬𝐭𝐨𝐦𝐞𝐫 စိတ်ကို ဘယ်လိုဆွဲဆောင်မလဲဆိုတာပဲ အဓိကထားရမယ့် နှစ်ပါပဲ။
၂၀၂၆ မှာ 𝐀𝐝𝐬 𝐫𝐮𝐧 ရတာ အဆင်ပြေရဲ့လား?
ဘယ်လို အခက်အခဲတွေ ရှိနေလဲ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာ ပြောပြသွားပါဦးနော်။ 👇❤️
17/01/2026
Ads တွေ run ပေမယ့် "စာပဲဝင်ပြီး မရောင်းရတာ" ဘာကြောင့်လဲ?
Group တွေထဲကြည့်လိုက်ရင် လူအတော်များများက Ads ပိုက်ဆံကုန်ပြီး ရောင်းမရတဲ့ပြဿနာကို အဖြေရှာချင်နေကြတာချည်း တွေ့ရတယ်။
တကယ်တော့ Lily ကိုယ်တိုင်လည်း Ads တွေအများကြီး ကိုင်ပေးဖူးတော့ လုပ်ငန်းရှင်တွေ ဘာကြောင့် မရောင်းရလဲဆိုတာ လက်တွေ့ကျကျ တွေ့ရတာလေးတွေ ရှိတယ်။
အဓိကကတော့ ဒီ ၃ ချက်ကြောင့်ပါ-
၁။ ဈေးကွက်ထဲမှာ ကိုယ့်ပုံတွေက "ရိုး" နေပြီ
Customer တွေက ကြော်ငြာတွေကို ရိုးနေပါပြီ။ သူများတွေတင်နေကျ ပုံစံခွက်ထဲက ပုံတွေ၊ စာသားတွေနဲ့ဆိုရင် သူတို့ လက်မနဲ့ အသာလေး ကျော်သွားမှာပဲ။
“ဒီပစ္စည်းက ဘာကောင်းတာလဲ" ဆိုတာထက် "သုံးလိုက်ရင် သူတို့အတွက် ဘာတွေ ထူးခြားသွားမလဲ" ဆိုတာကို ပုံနဲ့ စာမှာ ပေါ်လွင်အောင် မပြနိုင်ရင် အချိန်နဲ့ ပိုက်ဆံ အလကား ကုန်တာပဲ ရှိပါလိမ့်မယ်။
၂။ Targeting ချိန်တာ "ကျဉ်း" လွန်းနေတာ
လူတော်တော်များများက Interest တွေ အများကြီးထည့်မှ၊ လူတွေကို အများကြီး ထည့်ထား ရွေးထားမှ Ads ကောင်းတယ် ထင်ကြတယ်။
တကယ်တော့ အဲ့ဒါက အခု Facebook AI အသစ်ကို မျက်စိလည်အောင် လုပ်နေသလိုပဲ။ ကိုယ့်ပစ္စည်းကို တကယ်ဝယ်မယ့် လူအုပ်စုကိုပဲ လွတ်လွတ်လပ်လပ် တည်ပြီး ရှာခိုင်းတတ်ဖို့ လိုပါတယ်။
၃။ စာဖြေတာ "အေးတိအေးစက်" ကြီး
ဒါက အဖြစ်အများဆုံးပဲ။ စာလာမေးတဲ့သူကို စျေးနှုန်းလေးပဲ ပြောပြီး ပစ်ထားလိုက်တာမျိုး၊ Customer ရဲ့ စိုးရိမ်မှုကို မဖြေရှင်းပေးတာမျိုးပေါ့။
Ads တွေက လူကို ဆိုင်ရှေ့ခေါ်လာပေးတာပဲ ရှိတာပါ။ ဆိုင်ထဲရောက်လာတဲ့သူကို "ရောင်း” တတ်ဖို့က ကိုယ့်
ဘက်က မဖြစ်မနေ ရှိရမယ့် အရည်အချင်းတစ်ခုပါပဲ။
3️⃣ ဒီ ၃ ချက်ကိုပဲ သေချာပြန်စစ်ကြည့်ပါ။
ကြီးကြီးမားမား ပြောင်းလဲတာမျိုး မဟုတ်ဘဲ ဒီလို အသေးအဖွဲလေးတွေကို ပြင်လိုက်တာနဲ့တင် Ads Result က သိသိသာသာ ကွာသွားတတ်ပါတယ်။
ဒါလေးကို လက်တွေ့ ဘယ်လိုပြင်ရမလဲဆိုတာ Lily နောက်ရက်တွေမှာ အသေးစိတ် ထပ်ပြောပြပေးမယ်နော်။ ကိုယ်တိုင်ရော ဘယ်အချက်မှာ အခက်တွေ့နေလဲ... Comment မှာ ပြောပြသွားပါဦး။ 💛
Digital အလွဲများ i
Page ဝယ်ပြီး Boost တာ တကယ်ထိရောက်လား? 🙂↔️
Click here to claim your Sponsored Listing.
Location
Category
Culinary Team
Attire
Contact the school
Telephone
Address
Yangon