15/08/2022
အားလုံးပဲ မင်္ဂလာပါဗျ။ 🍀❤️
FEC ရဲ့ sharing session လေးကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။😎🤗
ဒီနေ့မှာတော့ အရင်အပတ်က ပြောသွားတဲ့ Helping verb တွေထဲက ကျန်တဲ့ ၂ ခု ဖြစ်တဲ့
Verb to do
Modal auxiliary verb
တွေ ကို ဘယ်လိုအသုံးပြုကြလဲဆိုတာနဲ့ပတ်သက်ပြီးပြောပြပေးသွားမှာပဲဖြစ်ပါတယ်။
Verb to do တွေ ဖြစ်တဲ့ (do , does , did) တွေကလည်း အရှေ့က လိုပါပဲ။
Main verb အနေနဲ့ သုံးရင် “ ပြုလုပ်သည်။” လို့ ဘာသာ ပြန်လို့ရပြီး
Helping verb အနေနဲ့ သုံးမယ်ဆိုရင်တော့ မြန်မာလို ရေးသားတဲ့ အခါ ဘာသာ ထည့် ပြန်စရာ မလိုပါဘူးဗျ။
🍀Example🍀
🍀I don’t like playing football.
🍀ငါ ဘောလုံး ကန်ရတာကို မကြိုက်ဘူး။
🍀I do like pizza.
🍀ငါ pizza ကို တကယ် ကြိုက်တာ။
ဒါဆိုရင် တော့ နောက်ဆုံး ပြောပြရမယ့် modal-auxiliary verb တွေ ဆီကို ရောက်လာပြီပဲ ဖြစ်ပါတယ်။
Modal verb တွေ လို လူသိများကြတဲ့
(can , could , shall , should , will , would , may , might , must , etc…) ဒီ verb တွေ ကိုလည်း helping verb အနေနဲ့ သုံးလို့ ရပါတယ်။
🍀Example🍀
🍀I should exercise every day.
🍀ငါ နေ့တိုင်း လေ့ကျင့်ခန်း လုပ်သင့်တယ်။
🍀I must listen to my teacher.
🍀ငါ့ ဆရာ စကားကို ငါ လုံးဝ နားထောင်ရမယ်။
ဒါမဲ့ ဒီမှာ တစ်ခု သတိထားရမှာကတော့ modal-auxiliary verb တွေနောက်က လိုက်မယ့် verb တွေကတော့ base form တစ်နည်းအားဖြင့် s/es တွေ ပါဝင်ခြင်းမရှိတဲ့ verb 1 ပုံစံပဲဖြစ်ပါတယ်။
ဒါ့အပြင် modal verb တွေရဲ့ အသုံးက အရမ်းကျယ်ပြန်လို့ အသေးစိတ်ကို နောက်ရက်တွေမှာ FEC ကနေ sharing ထပ်လုပ်ပေးသွားမှာပဲဖြစ်ပါတယ်။
ဒါဆိုရင်တော့ helping verb တွေက ဘာတွေ လဲ ဆိုတာနဲ့ ပတ်သက်ပြီး သိရှိသွားပြီပဲဖြစ်ပါတယ်။
နောက်ရက်မှာတော့ helping verb တွေထဲကမှ modal-auxiliary verb တွေဖြစ်တဲ့ (can , could , shall , etc…) ဒါတွေကို ဘယ်လို သုံးကြမလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောပြ ပေးသွား မှာ ဖြစ်လို့ FEC page လေးကို see first လုပ်ထားဖို့ ပြောချင်ပါတယ်ဗျ။
ဒါအပြင် ဒီနေ့ sharing လေးက ကိုယ်အတွက် knowledge တစ်ခုခုရခဲ့တယ်ဆိုရင် ကိုယ်ရဲ့ သူငယ်ချင်းတွေကိုလည်း အတူတူရသွားအောင် like and share လေး လုပ်သွားဦးနော် ။🍀❤️
မေ့တော့မလို့…
Comment box ထဲမှာလည်း ကိုယ်ပိုင် စာကြောင်းလေးတွေ ရေးပေးသွားပါဦးနော်။ 🍀❤️
See you all 🍀❤️