24/08/2026
🌟 Primary မှာ တည်ဆောက်တဲ့ အခြေခံကောင်းမှ — အနာဂတ်မှာ ထူးချွန်တဲ့ Student ဖြစ်လာမှာပါ
📚 A4 International School ဟာ Cambridge Curriculum နဲ့ သင်ကြားပေးနေတဲ့ ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။
ကလေးတစ်ယောက်ရဲ့ ပညာရေးမှာ Primary အတန်းတွေဟာ အလွန်အရေးကြီးပါတယ်။
ဒီအရွယ်မှာ သင်ခန်းစာတွေကို အလွတ်ကျက်ရုံမဟုတ်ဘဲ
အခြေခံ Concept တွေကို မှန်မှန်ကန်ကန် နားလည်အောင်၊ စဉ်းစားတတ်အောင်၊ လေ့လာတတ်အောင် တည်ဆောက်ပေးရပါတယ်။
💡 Primary မှာ Foundation ကောင်းရင် —
အတန်းကြီးလာတဲ့အခါ ပိုခက်ခဲတဲ့ Cambridge subjects တွေကိုလည်း ယုံကြည်မှုရှိရှိ ဆက်လက်သင်ယူနိုင်မှာပါ။
ဒါကြောင့် Primary ကလေးတို့ကို ပျိုး ထောင်တဲ့ ဖေဖေ မေမေ ဆရာ၊ဆရာမ တို့ အနေနဲ့
✨ အခြေခံကို သေချာတည်ဆောက်ပေးပါ။
✨ နေ့စဉ်စာ ပုံမှန် လေ့ကျင့်ကြိုးစားပါ။
✨ မသိနားမလည်တာကို မေးပါ
✨ နားလည်အောင် သင်ယူပါ
✨ ကိုယ့်ရဲ့ အကောင်းဆုံးရလဒ်ရအောင် ကြိုးစားပါ
🏆 A4 Scholarship Award
A4 International School မှာ All Subjects ကို A နှင့်အထက် ရရှိတဲ့ ကျောင်းသား/သူများကို A4 Scholarship Award ဖြင့် ဂုဏ်ပြုချီးမြှင့်ပေးပါတယ်။
ဒီဆုဟာ အမှတ်ကောင်းရုံအတွက်ပေးတဲ့ ဆုတစ်ခုမဟုတ်ပါဘူး။
ကြိုးစားခဲ့တဲ့ အချိန်တွေ၊ မလျှော့ခဲ့တဲ့ စိတ်ဓာတ်တွေ၊ အခြေခံကောင်းအောင် တည်ဆောက်ခဲ့တဲ့ ကြိုးစားမှုတွေကို အသိအမှတ်ပြုတဲ့ ဆုပါ။ ❤️
🌟 A4 Scholarship Award ရရှိခဲ့ကြတဲ့ ကျောင်းသား/သူအားလုံးကို အထူးဂုဏ်ယူပါတယ်။
ဒီနေ့ရဲ့ A grade ဟာ
မနက်ဖြန်ရဲ့ A* အတွက် အစပြုခြင်းတစ်ခု ဖြစ်နိုင်ပါတယ်။
Keep learning. Keep improving. Keep achieving.
🎓 Your strong foundation today builds your bright future tomorrow.
A4 International School
Building strong foundations. Inspiring brighter futures.
2026-27 Academic Year, Quarter 1 ,Primary မှာ A4 scholarship award ရရှိသူများ စာရင်းဖြစ်ပါတယ်။
A4 International School
ခြံအမှတ် ၂/၄
တော်ဝင်လမ်းနှင့်စကားဝါလမ်းထောင့်
ဒဂုံမြို့နယ်။
☎️ 09 4444 99 369
09 444499 359
09 4444 99 349