15/03/2026
🌟 CONGRATULATIONS!!! Ms. Honey Ei Ei Win 🌟
Torah ရဲ့ အသီးအပွင့် အနေ နဲ့ GED Science ကို Batch 5 ကျောင်းသား၊သူတွေထဲကနေ အောင်မြင်စွာ ဖြေဆိုတဲ့အတွက် ကျောင်းမှ ဆရာ၊ဆရာမ များ၊ အဖက်ဖက်မှ ပါဝင်ကူညီပေးသော ဆရာ၊ဆရာမများနှင့် Torah မိသားစုဝင်များမှ ကြည်နူးဝမ်းမြောက်စွာ ဂုဏ်ယူ အသိအမှတ်ပြုပါတယ်။
နောက်ထပ်ဖြေဆိုမယ့် ဘာသာရပ်တွေမှာလည်း ထူးချွန်စွာ အောင်မြင်ပါစေကြောင်း ဆုတောင်းပါတယ်။
Blessed are you! You did it!
Come one, Come all ... A door to the world.
Torah: School of Life
👉 TORAH GED Batch အသစ် ကို April ၂၀၂၆ တွင် စတင်တော့မှာ မို့ လာရောက် စုံစမ်း အပ်နှံ နိုင်ပါသည်။ 👈
12/03/2026
Official Graduate
Listed No.16
12/03/2026
🌟 CONGRATULATIONS!!! Mr. Jimmy Joe 🌟
Torah ရဲ့ အသီးအပွင့် အနေ နဲ့ GED RLA ကို Batch 2 ကျောင်းသား၊သူတွေထဲကနေ အောင်မြင်စွာ ဖြေဆို ခဲ့ပြီး Torahရဲ့ GED Graduate ဖြစ်သွားတဲ့အတွက်ကျောင်းမှ ဆရာ၊ဆရာမ များ၊ အဖက်ဖက်မှ ပါဝင်ကူညီပေးသော ဆရာ၊ဆရာမများနှင့် Torah မိသားစုဝင်များမှ ကြည်နူးဝမ်းမြောက်စွာ ဂုဏ်ယူ အသိအမှတ်ပြုပါတယ်။
ဆက်လက် တက်လှမ်းမယ့် ပညာရေးလမ်းမှာလည်း ထူးချွန်စွာ အောင်မြင်ပါစေကြောင်း ဆုတောင်းပါတယ်။
Blessed are you! You did it!
Come one, Come all ... A door to the world.
Torah: School of Life
👉 TORAH မှာလည်း Batch အသစ် စတင်တော့မှာ မို့ လာရောက် စုံစမ်း အပ်နှံ နိုင်ပါသည်။ 👈
12/03/2026
Official Graduates
Listed No.1 to No.15
08/03/2026
Torah GED Batch 1 to 6 ရဲ့ 2024,2025, နှင့် 2026 နှစ်အစပိုင်း အတွင်း GED ဖြေဆိုအောင်မြင်ခဲ့သော ကျောင်းသား၊သူများ ဖြစ်ပါတယ်။ တချို့ကတော့ Torah နဲ့အစပြုပြီး အခြေအနေအမျိုးမျိုးကြောင့် ရောက်ရှိတဲ့နေရာ ဒေသမှာ ဆက်လက်သင်ယူဖြေဆိုကြသူများဖြစ်ပြီး၊ အများစုကတော့ Pure Torah အနေနဲ့ အောင်မြင်ခဲ့သူများ ဖြစ်ပါတယ်။ ဘာပဲဖြစ်ဖြစ် ဒီကျောင်းသူ၊သားများ ရဲ့ GED မျိုးစေ့ကို စတင်ပေးခဲ့သော Torah School of Life အနေဖြင့် အောင်မြင်သူ GED Graduates များကို ဂုဏ်ပြုအပ်ပါသည်။
Torah's GED Graduates
Batch (1)
1.Kay Khaing Aung
2.Mann Yin Kwin Oo
3.Samuel Nyein Chan Maung
4.Lydia Htoo Pe
Batch (2)
5.Min Khant Phyu
6.Li Mari
7.Ngwe Ma Shan
8.John Terry
9.Thuta Zaw
10.Starlight Htoo
11.Pann Akari Kyaw
Batch (3)
12.Esther Aye Pyint Sone
Batch (4)
13.Hsar Kanyaw Soe
14.Moe Than Zin
Batch (5)
15.Hser Eh Tar
ကျောင်းဘက်က သင်ကြားပို့ချခဲ့သူ ကျောင်းသူ၊သား အယောက် ၇၀ ကျော်မှ စာရင်းပေးပြီးသူများကိုသာ ဖော်ပြပေးခြင်းဖြစ်ပါသည်။
Torah မှ စဖြေမယ့်သူများနှင့် ဖြေဆိုနေဆဲသူများကို လည်း အကောင်းဆုံး ဖြေဆိုနိုင်ကြပါစေ။
07/03/2026
🌟 CONGRATULATIONS!!! Mr. Hsar Kanyaw 🌟
Torah ရဲ့ အသီးအပွင့် အနေ နဲ့ GED RLA ကို Batch 4 ကျောင်းသား၊သူတွေထဲကနေ အောင်မြင်စွာ ဖြေဆို ခဲ့ပြီး Torahရဲ့ GED Graduate ဖြစ်သွားတဲ့အတွက်ကျောင်းမှ ဆရာ၊ဆရာမ များ၊ အဖက်ဖက်မှ ပါဝင်ကူညီပေးသော ဆရာ၊ဆရာမများနှင့် Torah မိသားစုဝင်များမှ ကြည်နူးဝမ်းမြောက်စွာ ဂုဏ်ယူ အသိအမှတ်ပြုပါတယ်။
ဆက်လက် တက်လှမ်းမယ့် ပညာရေးလမ်းမှာလည်း ထူးချွန်စွာ အောင်မြင်ပါစေကြောင်း ဆုတောင်းပါတယ်။
Blessed are you! You did it!
Come one, Come all ... A door to the world.
Torah: School of Life
👉 TORAH မှာလည်း Batch အသစ် စတင်တော့မှာ မို့ လာရောက် စုံစမ်း အပ်နှံ နိုင်ပါသည်။ 👈
26/02/2026
📲 Hello ဆရာ... အကူအညီတောင်းစရာရှိလို့ပါ ...
အပိုင်း (၁) အရှေ့ နာမည် ပြဿနာ
Torah မှာ GED တက်ခဲ့တဲ့ ကျောင်းသားတစ်ယောက် ကျောင်းဘက်ကို ဆက်သွယ်လာတယ်။ ဖြစ်ချင်တော့ ထိုကျောင်းသားက ❤️ V Day မှာ GED သွားဖြေမှာ 😮... အချစ်ထက် ဘဝကို ပို ကြိုးစားသူများလား? 🤔💭
ဖြစ်ချင်တော့ ဆက်သွယ်လာတာ မဖြေခင် ၂ရက်အလို၊ အကြောင်းအရာကတော့
GED အကောင့်ထဲက Profile နာမည်မှာ NRC က နာမည် အရှေ့တစ်လုံးဖြစ်တဲ့ တိုင်းရင်းသားနာမည် Saw မပါဘူး။ ပြောချင်တာက GED ထဲက နာမည်နဲ့ NRC က နာမည် အတိအကျ တူမနေတာပေါ့။
"ဆရာ ဘယ်လို လုပ်ရမလဲ၊ ဖြေလို့ရနိုင်လား" မေးလာတော့ ...
ကဲ ဘယ်လိုလုပ်မလဲ
အမေရိကန်တွေအကြောင်းကလည်း သိတယ်ဟုတ်!?
တခုခုဆို business day ... Business hour သမားတွေလေ။
အဲ့တော့ ကလေးကိုတော့ အကြံပေးလိုက်တယ် သွားသာဖြေလိုက်ပါလို့။ အနောက်က ကိစ္စ ဆရာ ကူပေးမယ်လို့။ လွယ်တော့ မနေတာမှန်ပေမယ့် ပိုက်ဆံကလည်း ဖြေဖို့ ပေးထားပြီးသားဆိုတော့ Exam အတွက် ပြင်တင်ထားတဲ့ Tempo နဲ့ Mood ကို မထိစေချင်ဘူး။
ကိုယ့်ဘက်ကတော့ GED ဌာနချုပ်သို့ Dear .... 📨 ဆိုပြီး စာပို့လိုက်ရတာပေါ့။
စာမေးပွဲဖြေမယ့် ရက်ရောက်တော့ ကိုယ်စောင့်နေလိုက်တယ်
စိတ်ထဲကလည်း သိနေတယ် တခုခုတော့ ဖြစ်ကိုဖြစ်ရမယ် ဘာလို့ဆို Professionally အလုပ်လုပ်နေတာမို့ ဒီလို အမှားတွေ၊ကိစ္စတွေက Pass လုပ်လို့မရဘူးဆိုတာ။
အဲ့တော့ ထင်တဲ့အတိုင်းပဲ Message ဝင်လာတယ်။
ကျောင်းသားက ပြောလာတယ်။
"Test Center က ပေး မဖြေဘူး ဆရာ"
"NRC နဲ့ GED Profile ထဲကနာမည် တွေ တူမနေဘူး"
မတူတဲ့ အနေအထားကိုပြောပြရရင် ဒီလိုပါ
NRC မှာက Saw Torah School of Life ပေါ့
GEDမှာက Torah School of Life ဖြစ်နေတာ။
အဲ့တော့ ပေးမဖြေပါဘူးကွယ်။
ကိုယ်သာ အလုပ်လုပ်နေတဲ့ လုပ်ငန်းရှင်ဆို ပေးဖြေမယ်ဟုတ်??!!
But ဒါက Accredited Test System မို့ ကလော်ကလာ မရပါ။
အဲ့တော့ ကျောင်းသားလည်း စိတ်မကောင်း၊ ကိုယ်လည်း Test Center က ပြောလာမယ့် တောင်းဆိုလာမယ့် အခွင့်အရေးလေးတခုကို စောင့်နေလိာင်တယ်။ မကြာပါဘူး ကျောင်းသားကမေးလာတယ် ။
"ဆရာရေ GED HQ ကို စာပို့ထားတာ သို့ သူတို့ စာပြန်ထားတာရှိလား" ဆိုပြီးတော့ပေါ့။
That is what I am praying and waiting.
ချက်ချင်းပဲ SS ရိုက်ပြီး ပို့ပေးလိုက်တယ်။ Test Center ကလည်း စစ်ကြည့်တယ်။ နောက်တော့ သူတို့က ကေျာင်းသားကို
"ပေးတော့ဖြေမယ်နော် ဒါပေမယ့် နာမည်ပြန်ပြင်သွားရင် အမှတ် ပျောက်မပျောက် reset ဖြစ်သွားတာဆိုတာဝန်မယူဘူးဆိုတာမျို့ပေါ့"
မှန်ပါတယ် ပေးဖြေတာကိုပဲ အထူး thanks.
အဲ့တော့ ကျောင်းသားဖြေဖြစ်သွားတယ် ၊ ကောင်းမွန်စွာအောင်မြင်သွားတယ်။
တခုတော့ ပြောပြမယ်နော် အဲ့ချိန်ထိ GED HQ က reply မပြန်သေးပါ။
Because that day is Saturday.... ဆိုတော့ သူတို့ Weekendမှာ အလုပ်မလုပ်သိလို mail ကို လှည့်တောင်မကြည့်ပါ။ တွေ့မိရင်လည်း စာမပြန်သေးပါ။
⏳⌛⏰ 7 or 10 days later...
သူတို့ Reply ပြန်လာပါတယ်။ လိုအပ်တဲ့ အချက်အလက်နဲ့ Special တော်ကီ တချို့ကို Office Work Formal Letter ရေးပြီး ပြန်ပို့ပေးလိုက်ပါတယ်။ မကြာပါဘူး တစ်ရက် နှစ်ရက်နေတော့ အတည်ပြုမှုရပြီး ကျောင်းသားအကောင့်ကို ပြန်စစ်ကြည့်တော့
NRC က အတိုင်း GED အကောင့်မှာ ပြန် ဖြစ်သွားသလို၊ ဖြေထားတဲ့ အမှတ်လည်း အကောင်းအတိုင်းရှိနေပါတယ်။
Hallelujah!!!
Lesson to Learn
- Check to avoid possible mistakes when you create your own GED account
- Read Rules and Regulations
- Know Policies
- Pray and Believe for Miracles
- Trust Torah Wellspring Advisory
Torah မှာ GED & PreGED ကို Online Class တွေ သင်ကြားပို့ချပေးသလို
GED အကောင့်ဖွင့်ခြင်း၊ Ready Test & Schedule Test လုပ်ပေးခြင်း၊ GED ဆိုင်ရာ ဖြစ်တတ်သော error များကို ကူညီဖြေရှင်းခြင်းများ လုပ်ဆောင်ပေးပါသည်။ (Torah မှ ကျောင်းသား၊သူများ အတွက် Free Service ပါ)
Torah က မဟုတ်ပေမယ့်လည်း GED ဆိုင်ရာ လိုအပ်ချက်များရှိလာလို့ service အပ်နှံသူများကိုလည်း မိမိ ကျောင်းသူ၊သားများကဲ့သို့ အဆင်အပြေဆုံးဖြစ်အောင် ကူညီပေးပါသည်။ (Service Fee တော့ရှိပါသည်။
Come one .... Come all ... A Door to the World
Torah Telegram Channel
https://t.me/TorahWA
Torah Viber (Hotline)
+959 421054374
Torah Line
+959 421054374
Torah Instagram
https://www.instagram.com/torahsol?igsh=MTdmYzZtaWU2NGY3cA==
Torah Wellspring Advisory Channel
Official TWA's Telegram Channel for Courses, Classes, Events and Programs
19/02/2026
Pentateuch Cup Season 2
ပြိုင်ပွဲ ၅ခုအပြီး စုစုပေါင်း ရမှတ် ဖြစ်ပါသည်။
ပြိုင်ပွဲအနှစ်ချုပ်:
✨2025-26 Pentateuch Cup ✨
🧠 Academic Champion - Leviticus 🐫 ❤️
💪 Athletics Champion - Leviticus 🐫 ❤️
🖼️ Arts Champion - Deuteronomy 🦅🤍
📸 Photography Champion - Exodus 🐳💙
🎙️ Music Champion - Numbers 🦁💛
🏆 Pentateuch Champion (Overall) - Leviticus 🐫❤️