09/05/2022
Happy Monday!
ဒီနေ့မှာတော့ အောင်မြင်တဲ့ ကိုယ်ပိုင်လုပ်ငန်းရှင်အဖြစ်ရပ်တည်ချင်တဲ့ သူတွေအတွက် The Light Bulb ကနေ ထောက်ခံအကြံပြုချင်တဲ့ ဉီးစားပေးလုပ်ရမဲ့ အချက် ၃ ချက်ထဲက ဒုတိယတစ်ခုအကြောင်း ဆက်လက်ဖေါ်ပြပေးပါ့မယ်။
‼️ လုပ်ငန်းကောင်းမွန်စွာ စတင်နိုင်ဖို့နဲ့ စဉ်ဆက်မပြတ်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေပမာဏကို ကြိုတင်တွက်ချက်ထားပါ။
စာဖတ်သူတွေထဲမှာ စီးပွားရေးနဲ့ စီမံခန့်ခွဲမှုနယ်ပယ်က မဟုတ်တဲ့သူတွေ လွယ်လွယ်ကူကူ နားလည်စေဖို့အတွက် တတ်နိုင်သမျှအရိုးရှင်းဆုံး ပြောပြပေးသွားပါ့မယ်။
လုပ်ငန်းတစ်ခုလည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးပမာဏကို ကြိုတင်တွက်ချက်ပြင်ဆင်ထားတာက ကိုယ့်လုပ်ငန်း ကြီးပွားအောင်မြင်အောင် ဘယ်လိုလုပ်မလဲဆိုတာကို သေချာအစီအစဥ်ချပြီးလုပ်သလိုမျိုးပဲ အရမ်းအရေးကြီးတဲ့အဆင့်ဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ လုပ်ငန်းကောင်းကောင်းလည်ပတ်နိုင်ဖို့အတွက် အချိန်ဘယ်လောက်ယူရမလဲဆိုတာကို အရင်ဆုံးဖြတ်ရပါမယ်။ ၅နှစ်လား? ဒါမှမဟုတ် ၁၀နှစ်လား စသည်ဖြင့်ပါ။
ပြီးတော့ ကိုယ့်စီးပွားရေးလုပ်ငန်း စတင်နိုင်ဖို့အတွက် လိုအပ်မဲ့စက်ပစ္စည်းအမျိုးအစားတွေနဲ့ ငွေကြေးအသုံးပြုဖို့လိုမဲ့ အကြောင်းအရာတွေကို သေချာရွေးထုတ်ထားရပါမယ်။ ဥပမာအားဖြင့် ကော်ဖီဆိုင်ဖွင့်ဖို့ ရည်ရွယ်ထားတဲ့သူတွေအနေနဲ့ သေချာပေါက် ကော်ဖီဖျော်စက်လိုအပ်မှာပါ။ ကိုယ်ရင်းနှီးမြှပ်နှံနိုင်တဲ့ ငွေကြေးပမာဏပေါ်မူတည်ပြီးတော့ စက်ကိုဝယ်မလား၊ ငှားပြီးသုံးမလားဆိုတာကို ရွေးချယ်ရပါမယ်။ နောက်ထပ်ဥပမာအနေနဲ့ ကိုယ်လုပ်ငန်းဆောင်ရွက်မဲ့ မြေနေရာနဲ့အဆောက်အဦးကို ငှားမှာလား၊ အပိုင်ဝယ်မှာလားဆိုတာကိုလည်း ထည့်တွက်ရပါမယ်။ အဲ့ဒါတွေအပြင် ကိုယ့်လုပ်ငန်းကောင်းမွန်စွာလည်ပတ်နိုင်ဖို့အတွက် လိုအပ်မဲ့ ကော်ဖီစေ့၊ ကော်ဖီမှုန့်၊ ပန်းကန်ခွက်ယောက်၊ တခြားလိုအပ်မဲ့ကုန်ကြမ်းတွေနဲ့ ဝန်ထမ်းအင်အားကို ကြိုတင်ဖြည့်တင်းထားဖို့လိုပါလိမ့်မယ်။
လုပ်ငန်းကောင်းမွန်စွာ စတင်နိုင်ဖို့နဲ့ စဉ်ဆက်မပြတ်လည်ပတ်နိုင်ဖို့အတွက် လိုအပ်တဲ့ ငွေကြေးပမာဏကို ကြိုတင်ချိန်ဆတဲ့အပိုင်းမှာ အသက်တမျှအရေးကြီးတာကတော့ လုပ်ငန်းပုံမှန်လည်ပတ်ဖို့အတွက် ငွေဘယ်လောက်သုံးရမယ်ဆိုတာကို ကြိုတင်တွက်ချက်ထားတာပဲ ဖြစ်ပါတယ်။ နောက်ပြီး ဝန်ထမ်းဘယ်နှယောက်ခန့်မှာလဲ။ စက်ပစ္စည်းထိန်းသိမ်းခက ဘယ်လောက်ရှိမလဲ? အပြင်ကနေဝယ်ယူသုံးစွဲရမဲ့ ကုန်ကြမ်းအတွက် ကုန်ကျစားရိတ်က ဘယ်လောက်လဲ? ဒီအချက်တွေအားလုံးကို သေချာတွက်ထားပြီး လုံလောက်တဲ့ငွေပမာဏကို ကိုယ့်လက်ထဲမှာရှိအောင် ကြိုတင်ပြင်ဆင်ထားဖို့ သေချာပေါက်လိုအပ်ပါတယ်။ ဒါမှပဲ လုပ်ငန်းထဲကို ငွေတွေပြန်မဝင်သေးတဲ့အချိန်မှာ ကုန်ကျစားရိတ်အားလုံးကို ပေးချေနိုင်ပြီး ဟန်မပျက် ဆက်လက်လည်ပတ်နိုင်မှာပါ။
ကိုယ့်လုပ်ငန်းအတွက် လိုအပ်တဲ့ ငွေကြေးပမာဏကို တိတိကျကျသိပြီးသွားပြီဆိုရင် လိုအပ်တဲ့အရင်းအနှီးကို ဘယ်နေရာက ရယူမလဲဆိုတာကို စဥ်းစားအဖြေရှာရပါမယ်။
ရင်းနှီးမြှုပ်နှံငွေရနိုင်မဲ့ ခိုင်မာတဲ့ လမ်းကြောင်းတစ်ခုရှိထားရပါမယ်။ ဥပမာအားဖြင့် ဘဏ်ကနေအတိုးနှုန်းနည်းနည်းနဲ့ ချေးငွေရယူတာမျိုးပါ။ မြန်မာနိုင်ငံမှာတော့ မိဘဆွေမျိုး သို့ ရင်းနှီးတဲ့မိတ်ဆွေတွေဆီကနေ ချေးငှားပြီးတော့ လုပ်ငန်းစတင်တတ်ကြတာကိုလည်း တွေ့ရပါတယ်။ ဒါ့အပြင် ကိုယ့်လုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံချင်တဲ့သူတွေဆီက ငွေကြေးအရင်းအနှီးရယူပြီး ရှယ်ယာပြန်ပေးတာမျိုးလည်း လုပ်လို့ရပါသေးတယ်။ Sydney တက္ကသိုလ်ရဲ့ MBA ဒါရိုက်တာဖြစ်တဲ့ Professor Guy Ford က " ကြွေးမှီရှိခြင်းက လုပ်ငန်းတစ်ခု စတင်ဖို့၊ လည်ပတ်ဖို့နဲ့ ချဲ့ထွင်ဖို့အတွက်အပြင် လုပ်ငန်းတစ်ခုရဲ့ သေရေး၊ ရှင်ရေးတမျှအရေးကြီးတဲ့ သော့ချက်လည်း ဖြစ်တယ်။ ဒါကြောင့် ဥာဏ်ကိုလွှာပြီး အကျိုးရှိရှိသုံးကြပါ။" ဆိုပြီး ပြောထားပါတယ်။
အနှစ်ချုပ်ပြီးပြန်ပြောရမယ်ဆိုရင် အဓိကလိုအပ်တဲ့ အချက် ၃ ချက်ကတော့
1- လုပ်ငန်းကောင်းမွန်စွာလည်ပတ်ဖို့လိုအပ်မဲ့ အချိန်အတိုင်းအတာသတ်မှတ်တာ။
2- လိုအပ်မဲ့ ပစ္စည်းအမျိုးအစားတွေနဲ့ လုပ်ငန်းလည်ပတ်ဖို့အတွက် သုံးရမဲ့ငွေပမာဏကို တိတိကျကျတွက်ချက်ထားတာ။
3- လုပ်ငန်းခိုင်ခိုင်မာမာစတင်ပြီး ရပ်တည်ဖို့အတွက် ခိုင်မာတဲ့ငွေရပေါက်ရလမ်းတွေ ထားရှိဖို့ပဲဖြစ်ပါတယ်။
ပွင့်ပွင့်လင်းလင်းပြောရမယ်ဆိုရင် ဒီအကြောင်းအရာတွေက လိုအပ်နိုင်တာတွေကို ခြံငုံပြီးပြောပြထားတာပါ။ ခက်ခဲနက်နဲတဲ့အသေးစိတ်အကြောင်းအရာအတွက် အဖြေကတော့ ဝါရင့်စီးပွားရေးကဝေဆီကပဲ ရနိုင်မှာပါ။ ဒါကြောင့်မို့လို့ အတွေ့အကြုံများပြီး အရည်အချင်းပြည့်ဝတဲ့ စီးပွားရေးဆိုင်ရာအကြံပေးပုဂ္ဂိုလ်ဆီကနေ တိကျတဲ့လမ်းညွှန်မှုနဲ့ အကြံဥာဏ်ရယူဖို့ကိုလည်း တိုက်တွန်းချင်ပါတယ်။
** English version**
Happy Monday!
Let us try to write this post as less technical as possible as many of our readers might not come from a Finance background.
It is equally important for you to have your finances sorted out just as you have your business growth plan developed. First you have to decide the length of your business plan. Is it five years? Ten years?
Next, you have to identify the type of assets you require to set up your business. For example, if you are setting up a coffee shop, you will need a coffee making machine. Depending on the capital you have, you can either rent or buy the machine. Another example is leasing or buying a building or land for your business to operate. You also need to consider stocks you require to start the operations such as grounded coffees, cutleries, resources, etc.,
Calculating the operating cost of your business is another critical element in the capital outlay calculation. How much resources are you going to hire? What is the maintenance cost of your assets? How much will you need to spend monthly on external suppliers? You need to ensure that you have enough funds to run your operations before revenue comes in to cover the expense sufficiently.
Now that you know what and how much you need to start your business, you need to figure out where to obtain the required funds. One way is to source through financing, for example, from the banks with a certain amount of interest. In Myanmar, it is common to get the funds by borrowing money from your parents or family or even friends. You also have an option to work with the investors where they invest in your company in exchange for equity. Professor Guy Ford, Director of MBA Program from the University of Sydney mentioned once that “Debt is necessary to set up/ operate/ expand a business and it could also be a life/death plug for your business. Use it wisely.”
In summary, there are three key factors - (i) the length of your business plan (ii) type of assets required and operation cost to run the business (iii) source of funds required for the set up.
I would like to highlight that this is a very high level explanation and the details lie in the devil. Therefore, we recommend you to consult with experienced financial experts to give you more accurate advice.