09/03/2024
📢အားလုံးကို ဒီနေ့ ပြောပြပေးချင်တာလေးကတော့ Coursera က courses တွေကို Free လေ့လာနိုင်ပြီး Free Certificate ပါရမယ့် STIC Portal လေးအကြောင်းပဲဖြစ်ပါတယ်။💫
What is STIC Portal?🤷
ASEAN Region တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိက အခန်းကဏ္ဍတွေဖြစ်တဲ့ Science, Technology and Innovation skills တွေ သင်ယူနိုင်ဖို့ The U.S. Department of State, Bureau of East Asia Pacific Affairs, the Association of Southeast Asian Nations (ASEAN) and Arizona State University (ASU) တို့က ပူးပေါင်းပြီး ထားရှိပေးထားတဲ့ Learning Platform ပဲဖြစ်ပါတယ်။ အရှည်ကောက်ကတော့ The US-ASEAN Science, Technology, and Innovation Cooperation (STIC) ပဲဖြစ်ပါတယ်။
အဲ့ဒါဆို STIC Portal မှာ ဘာတွေ သင်ယူလို့ရလဲ?👀
STIC Portal မှာ
- ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝတွေကို ပြောင်းလဲပေးနိုင်တယ့် “Science and Technology Track”👨🔬👩🔬
- ကိုယ့်ရဲ့ idea ကို reality အဖြစ်ပြောင်းလဲချင်ကြတယ့်သူတွေအတွက် “Entrepreneurship and Innovation Track"👨💼👩💼
- လက်တွေ့လုပ်ငန်းခွင်အတွက် ထိရောက်စေမယ့် “Industry Professional Credentials Track” ဆိုပြီး (၃) မျိုး offer ပေးထားပါတယ်။💼🧑🔧
အသေးစိတ်လေ့လာနိုင်ရန်အတွက်လည်း Academy တစ်ခုစီ သီးသန့် ထပ်ခွဲပေးထားပါသေးတယ်။
Science and Technology Track မှာဆို
(i) Advanced Space Technology
(ii) Biotechnology
(iii) Food Science Technology
(iv) Geoinformatics (Intersection of geography, information science, and technology)
(v) Information Technology
(vi) Marine Science and Technology
(vii) Material Science and Technology
(viii) Microelectronics
(ix) Space Technology and Applications ဆိုပြီး (၉) မျိုး ကိုယ်စိတ်ဝင်စားရာကို အထူးပြုလေ့လာနိုင်ပါတယ်။
လေ့လာရာမှာ Mandatory course section, Cross-cutting themes section, Guided Projects section ဆိုပြီး သုံးမျိုးစလုံးလေ့လာရပါတယ်။
Mandatory course section က course တွေက အကုန် ပြီးဆုံးအောင် တက်ဖို့လိုအပ်ပြီး ကျန်ရှိတဲ့ Cross-cutting themes section နဲ့ Guided Projects section က courses တွေကတော့ အနည်းဆုံး course တစ်ခုစီ ပြီးမြောက်ဖို့လိုအပ်ပါတယ်။
Course တစ်ခုချင်းစီ ပြီးတဲ့အခါမှာလည်း Course ပြီးဆုံးကြောင်း Course-level Certificate ရရှိမှာ ဖြစ်သလို ကိုယ် enroll လုပ်ထားတဲ့ Track ထဲမှာ ရှိတဲ့ courses တွေ ပြီးဆုံးသွားတဲ့ အခါမှာတော့ STIC ကထုတ်ပေးတဲ့ program ပြီးဆုံးကြောင်း Program-level certificate ကို ရရှိမှာ ဖြစ်ပါတယ်။
ဒါ့အပြင် STIC ရဲ့ Program-level certificate ကို ရရှိပြီထားဆိုရင် ရရှိနိုင်တယ့် အခွင့်အရေးတွေများစွာ ကျန်ရှိပါသေးတယ်။ STIC Research and Publishing Grants Program ကို ဝင်ရောက်လျှောက်ထားဖို့ eligible ဖြစ်ခွင့်ရမှာတွေ၊ STIC Annual Conference တက်ခွင့်တွေ၊ Online Business Venture Incubator ပါဝင်ခွင့်တွေ အပြင် တခြားသော opportunities တွေကိုလည်း ရနိုင်ပါသေးတယ်။🎉✨
STIC Portal မှာ လေ့လာလို့ရတဲ့ Course တွေကကော ဘယ်သူတွေ သင်မှာလဲ။🧑🏫
U.S. top university တွေ ဖြစ်ကြတဲ့ Princeton University, University of Pennsylvania, Duke University တို့အပြင် Google, Microsoft, Meta, IBM စတဲ့ company ကြီးတွေက ပို့ချထားတဲ့ courses တွေကို သင်ယူနိုင်မှာဖြစ်ပါတယ်။
ဒီ Courses တွေဟာဆိုရင် Coursera Learning Platform မှာ တင်ပေးထားတဲ့ courses တွေပဲ ဖြစ်ပါတယ်။ Coursera website မှာလည်း course အများစုကို Free လေ့လာလို့ရပေမဲ့ Completion Certificate လိုချင်ရင် Fee ပေးရပါတယ်။ သို့မဟုတ် course တစ်ခုချင်းစီအတွက် Financial Aid လျှောက်ရပါတယ်။
ဒါပေမဲ့ ခု STIC Portal ကနေ တက်ရောက်မယ်ဆိုရင်တော့ ဒီ courses တွေ အကုန်လုံးကို Free တက်ခွင့်ရမယ့်အပြင် Certificate ပါ Free ရဦးမှာဆိုတော့ အကုန်လုံးကို တက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။
သင်ယူရမယ့် ပုံစံကတော့ self-paced learning ပါ။ Coursera က အတန်းတွေ တက်ရောက်ဖူးတွေကတော့ ရင်းနှီးမှာပါ။ self-paced learning ဆိုတာကတော့ ကျောင်းဘက်မှ ကြိုတင်ပြင်ဆင်ထားတဲ့ video တွေ text တွေကို ကိုယ့်စိတ်ကြိုက်အချိန်မှာ ကြည့်ပြီး သင်ယူရတာပဲဖြစ်ပါတယ်။
👋 သတိချပ်ရမှာလေး တစ်ခုကတော့ “Science and Technology Track” နဲ့ “Entrepreneurship and Innovation Track” ကို လျှောက်ထားသူတွေက သက်ဆိုက်ရာ Track အလိုက် လိုအပ်တဲ့ courses တွေကို (၂) လ အတွင်း ပြီးမြောက်အောင် တက်ရောက်ရမှာ ဖြစ်ပြီး
“Industry Professional Credentials Track” အတွက်ကတော့ (၆) လ အထိ အချိန်ပေးထားပါတယ်။
စိတ်ဝင်စားလို့ လျှောက်ထားချင်တယ်ဆိုရင်တော့ ဒီ link လေးထဲကနေတဆင့် ဝင်ရောက်လေ့လာ လျှောက်ထားနိုင်ပါတယ်။ တက်ခွင့်ရမရကို email ကနေ တဆင့် တစ်ပတ်အတွင်း အကြောင်းပြန်ပေးပါတယ်။
Credit to owner
https://stic.asuengineeringonline.com/
Have a good day, everyone 🫶
STIC Portal The U.S. – ASEAN Science, Technology, and Innovation Cooperation (STIC) Portal, a cutting-edge platform that empowers learners to upskill and gain valuable expertise in priority areas for the ASEAN region. Apply Now View All Courses Top Categories The courses available in the STIC Port...