08/09/2026
🎸 Guitarist တစ်ယောက်အနေနဲ့ Blues ကို ဘာလို့လေ့လာသင့်တာလဲ?
Blues ဆိုတာ “သီချင်းဟောင်းတွေကို တီးတဲ့ Music Genre တစ်ခု” လောက်ပဲ မဟုတ်ပါဘူး။
တကယ်တော့ Modern Guitar ရဲ့ အခြေခံအုတ်မြစ်တွေထဲက တစ်ခု လို့တောင် ပြောလို့ရပါတယ်။
အထူးသဖြင့် Guitar တီးတာကို
“Chord တွေမှတ် → Scale တွေကျက် → Song တွေတီး”
ဒီအဆင့်မှာပဲ ရပ်နေတယ်ဆိုရင် Blues ကို လေ့လာကြည့်သင့်ပါတယ်။
ဘာတွေတိုးတက်လာနိုင်လဲ?
1️⃣ Solo ကို ပို Musical ဖြစ်လာစေတယ်
Scale ကို အပေါ်အောက် ပြေးတီးတာနဲ့
Melody တစ်ခုကို “ပြောပြသလို” တီးတာ မတူပါဘူး။
Blues က Bending, Vibrato, Phrasing, Space တွေကို အသုံးချပြီး Note အနည်းငယ်နဲ့တောင် Expression ပေါ်အောင် တီးတတ်စေပါတယ်။
2️⃣ Improvisation အတွက် အခြေခံကောင်းတစ်ခုရတယ်
Solo ကို ကိုယ်တိုင်ဖန်တီးချင်ရင်
“ဘယ် Note ကို ဘယ်အချိန်မှာ တီးရမလဲ” ဆိုတာ သိဖို့လိုပါတယ်။
Blues က Improvisation ကို စတင်လေ့လာဖို့ အရမ်းကောင်းတဲ့ Training Ground တစ်ခုပါ။
3️⃣ Pentatonic Scale ကို တကယ်အသုံးချတတ်လာတယ်
Minor Pentatonic ကို Guitarist တော်တော်များများ သိကြပါတယ်။
ဒါပေမယ့်…
Scale Shape သိတာနဲ့
အဲ့ဒီ Scale ကို Music အဖြစ်အသုံးချတတ်တာ မတူပါဘူး။
Blues က Pentatonic ကို ဘယ်လို Phrase လုပ်မလဲ၊ ဘယ်လို Bend လုပ်မလဲ၊ ဘယ်လို Resolve လုပ်မလဲဆိုတာ နားလည်လာစေပါတယ်။
4️⃣ Rock / Metal / Jazz Guitar ကိုတောင် အထောက်အကူပြုတယ်
Blues ကို လေ့လာပြီးရင်
Rock Solo, Classic Rock, Hard Rock, Funk, Jazz နဲ့ Metal Guitar Solo တွေကို နားလည်ဖို့ ပိုလွယ်လာတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Guitar Solo ရဲ့ Phrasing နဲ့ Musical Vocabulary အများကြီးက Blues ဆီကနေ အမြစ်တွယ်လာတာကြောင့်ပါ။
5️⃣ “Note များများတီးတာ” နဲ့ “ကောင်းကောင်းတီးတာ” ကွာခြားချက်ကို သိလာတယ်
တစ်ခါတလေ Iconic Solo က Notes တွေအများကြီး
မလိုပါဘူး။ Note 3–4 လုံးနဲ့တောင်Bend တစ်ချက်၊ Vibrato တစ်ချက်နဲ့တင် လူနားထဲမှာ မှတ်မိနေတဲ့ Phrase တစ်ခု ဖြစ်သွားနိုင်ပါတယ်။ ဒါကြောင့် Blues ကို လေ့လာတာဟာ Blues Music တီးတတ်ဖို့အတွက်ပဲ မဟုတ်ပါဘူး။ Guitar ကို “တီးတတ်တာ” ကနေ
“Music ကိုပြောပြတတ်တာ” အထိ တိုးတက်လာဖို့အတွက်ပါ။ ပြီးတော့ Blues ကို နားလည်လာတဲ့အချိန်မှာ
Guitar Solo တွေကို နားထောင်တဲ့ပုံစံတောင် ပြောင်းသွားနိုင်ပါတယ်။ 🎸
ဒါကြောင့် ကိုယ့် ရဲ့ Solo တွေကို ပိုပြီးအသက်၀င်ချင်တယ်ဆိုရင် Blues Music ကိုလေ့လာဖို့ အကြံပေးပါတယ်။
ဂီတနှင့်ပျော်ရွှင်ပါစေ 🎵