Royal Nawarat Private High School

Royal Nawarat Private High School

Share

Private School

Photos from Royal Nawarat Private High School's post 17/08/2026

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ်အတွက် တော်ဝင်နဝရတ် ကိုယ်ပိုင်အထက်တန်းကျောင်း ၏ မိဘဆရာတွေ့ဆုံပွဲ အခမ်းအနားကို Grade 6,7, နှင့် 8 အတန်းများအတွက် နေ့အလိုက် အသီးသီးကျင်းပပြုလုပ်ခဲ့ပါတယ်ခင်ဗျာ။

မိဘများ၏ အကြံပြုချက်များ၊ ဆွေးနွေးမှုများကို ကြားသိခွင့်ရခဲ့တဲ့အတွက်လည်း အထူးဝမ်းသာမိပါတယ်ခင်ဗျာ။

မိဘအုပ်ထိန်းသူများ နှင့် ကျောင်းသား၊ ကျောင်းသူလေးများအားလုံး ကိုယ်ရော စိတ်ပါ ကျန်းမာ၊ ချမ်းသာကြပါစေခင်ဗျာ။

Photos from Royal Nawarat Private High School's post 17/08/2026

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် "တော်ဝင်နဝရတ်" ကိုယ်ပိုင်အထက်တန်းကျောင်း ၏ မူ/လယ်/ထက် ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ တတိယနေ့ပုံရိပ်များ 🔴🟠🟡🔵⚽️🏟️

Photos from Royal Nawarat Private High School's post 08/08/2026

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် "တော်ဝင်နဝရတ်" ကိုယ်ပိုင်အထက်တန်းကျောင်း ၏ မူ/လယ်/ထက် ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ဒုတိယနေ့ပုံရိပ်များ 🔵🟢⚽️🏟️

Photos from Royal Nawarat Private High School's post 05/08/2026

၂၀၂၆ - ၂၀၂၇ ပညာသင်နှစ် "တော်ဝင်နဝရတ်" ကိုယ်ပိုင်အထက်တန်းကျောင်း ၏ မူ/လယ်/ထက် ကျောင်းကောင်စီဘောလုံးပြိုင်ပွဲ ပထမနေ့ပုံရိပ်များ 🟠🔵🔴🟢⚽️🏟️

30/07/2026

မိဘများ နှင့် ကျောင်းသား၊ ကျောင်းသူများသို့ အသိပေး အကြောင်းကြားခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - -
ယနေ့ 31.7.2026 (သောကြာနေ့) တွင် ကျောင်းအဝင်လမ်း နှင့် ကျောင်းရှေ့လမ်းမတွင် ရေများ ကျသွားပြီဖြစ်ပါသောကြောင့် ပုံမှန်ကျောင်းချိန်အတိုင်း ကျောင်းတက်ရမည်ဖြစ်ပါကြောင်း အသိပေး အကြောင်းကြားလိုက်ရပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

တော်ဝင်နဝရတ်
ကိုယ်ပိုင်အထက်တန်းကျောင်း

30/07/2026

မိဘများ နှင့် ကျောင်းသား၊ ကျောင်းသူများသို့ အသိပေး အကြောင်းကြားခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - -
ယနေ့ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းအဝင်လမ်း နှင့် ကျောင်းရှေ့လမ်းမတွင် ရေများတက်နေပါသဖြင့် အိမ်ကြိုမိဘများအား လာကြိုနိုင်ပြီဖြစ်ပါကြောင်း အသိပေးလိုက်ရပါတယ်ခင်ဗျာ။

မိမိတို့နှင့် နီးစပ်ရာ ကျောင်းတူသူငယ်ချင်းများ နှင့် မိဘများကိုလည်း အသိပေးအကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

တော်ဝင်နဝရတ်
ကိုယ်ပိုင်အထက်တန်းကျောင်း

29/07/2026

ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့) တွင် ဗုဒ္ဓမြတ်စွာဘုရား ဟောကြားခဲ့သော ဓမ္မစကြာတရားတော်မှ သစ္စာလေးပါးမြတ်တရားကို မိဘအုပ်ထိန်းသူများနှင့်တကွ ကမ္ဘာသူ၊ ကမ္ဘာသားအားလုံးတို့သည် လျှင်မြန်စွာသိမြင်နားလည်နိုင်ပြီး ပြုပြုသမျှ ကုသိုလ်ဒါန၊ သီလ၊ ဘာဝနာ ကောင်းမှုတို့ကြောင့် ဘေးရန်ကင်းကွာ စိတ်ရော ကိုယ်ပါ ကျန်းမာ၊ ချမ်းသာကြပါစေလို့ တော်ဝင်နဝရတ် ကိုယ်ပိုင်အထက်တန်းကျောင်းမှ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ်ခင်ဗျာ 🙏🏼🙏🏼😇😇

27/07/2026

မိဘများ နှင့် ကျောင်းသား၊ ကျောင်းသူများသို့ အသိပေး အကြောင်းကြားခြင်း
- - - - - - - - - - - - - - - - - - - - - - - - - - - -
ယမန်နေ့ ညပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းအဝင်လမ်း နှင့် ကျောင်းရှေ့လမ်းမတွင် ရေများတက်နေပါသဖြင့် ယနေ့ ၂၈.၇.၂၀၂၆ (အင်္ဂါနေ့ )အတွက် ကျောင်းတက်ချိန်ကို နံနက် ၁၀ နာရီသို့ ရွှေ့ပြောင်းထားပါကြောင်း လေးစားစွာ အသိပေးလိုက်ရပါတယ်ခင်ဗျာ။
မိမိတို့နှင့် နီးစပ်ရာ ကျောင်းတူသူငယ်ချင်းများ နှင့် မိဘများကိုလည်း အသိပေးအကြောင်းကြားပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်ခင်ဗျာ။

ကျေးဇူးတင်ပါတယ်ခင်ဗျာ။

တော်ဝင်နဝရတ်
ကိုယ်ပိုင်အထက်တန်းကျောင်း

Photos from Royal Nawarat Private High School's post 27/07/2026

အာဇာနည်နေ့အကြို အထိမ်းအမှတ် ကျောင်းတွင်းပန်းချီပြိုင်ပွဲ🇲🇲
အနာဂတ်မျိုးဆက်သစ်များ၏ နိုင်ငံချစ်စိတ်၊ အာဇာနည်များအပေါ် လေးစားဂုဏ်ပြုစိတ်နှင့် အနုပညာဖန်တီးနိုင်စွမ်းများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ "အာဇာနည်စိတ်ဓာတ်ကို ဆက်လက်ရှင်သန်ကြစို့" ခေါင်းစဉ်ဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အားထက်သန်စွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပါသည်။
ကျောင်းသား၊ ကျောင်းသူများ၏ ဖန်တီးမှုတိုင်းတွင် အာဇာနည်များ၏ စွန့်လွှတ်အနစ်နာခံမှုနှင့် နိုင်ငံချစ်စိတ်ဓာတ်ကို အနုပညာလက်ရာများဖြင့် လှပစွာ ဖော်ကျူးထားသည်ကို တွေ့မြင်ရပြီး၊ ပါဝင်ယှဉ်ပြိုင်သူအားလုံးအား ဂုဏ်ပြုချီးကျူးအပ်ပါသည်။ 🌹🎨
"အာဇာနည်စိတ်ဓာတ်ကို ဆက်လက်ရှင်သန်ကြစို့"

Photos from Royal Nawarat Private High School's post 19/07/2026

အာဇာနည်နေ့အကြို အထိမ်းအမှတ် မူ၊လယ်၊ထက်အဆင့် ကျောင်းတွင်းပန်းချီပြိုင်ပွဲ 🎨

ကျောင်းသား၊ကျောင်းသူများ၏ စိတ်ကူးစိတ်သန်း၊ ဖန်တီးနိုင်စွမ်းနှင့် အနုပညာစွမ်းရည်များကို ဖော်ထုတ်ပြသခဲ့သည့် အမှတ်တရအခိုက်အတန့်များဖြစ်ပါတယ်။

အနာဂတ်မျိုးဆက်များ၏ အသိပညာနှင့် မျိုးချစ်စိတ်ဓာတ်များ ပိုမိုရှင်သန်ကြီးထွားကြပါစေ။ 🇲🇲✨

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No(17-B), Aung Ta Pyay Yeik Tar, Aung Theik Di Road, (3) Ward, Mayangone
Yangon
11062