Thet Hein's Knowledge Nest

Thet Hein's Knowledge Nest Knowledge & Experience Sharing

သိပ္ပံနည်းကျသော ပျော်ရွှင်မှု (scientific happiness)ဆိုတာ📌📌📌📌📌လူတွေကပျော်ရွှင်မှုကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ကြလည်းတော့မသိဘူး...
04/12/2024

သိပ္ပံနည်းကျသော ပျော်ရွှင်မှု (scientific happiness)ဆိုတာ📌📌📌📌📌

လူတွေကပျော်ရွှင်မှုကိုဘယ်လိုအဓိပ္ပာယ်ဖွင့်ကြလည်းတော့မသိဘူး။ဒါပေမဲ့ကျွန်တော်ကတော့ပျော်ရွှင်မှုကို သိပ္ပံနည်းကျစွာဘဲ defineလုပ်ချင်ပါတယ်။ ပျော်ရွှင်မှုဆိုတာ ခန္ဓကိုယ်မှစိတ်ခံစားချက် ကောင်းစေသောဟော်မုန်း(၄)မျိုးထဲမှတစ်မျိုးသော်လည်းကောင်းနှစ်မျိုးသော်လည်းကောင်းရောစပ်ထွက်ရှိလာခြင်းဖြစ်ပါတယ်။ ဆိုတော့ပြောချင်တာကထိုဟော်မုန်းတွေထွက်အောင်လုပ်နိုင်ရင်ပျော်ရမာပါဘဲ။ဒါကြောင့် ပျော်ရွှင်မှုဆိုတာ ဖန်တီးကြိုးစားယူလို့ရတယ်လို့ကျွန်တော်ကအခိုင်အမာပြောချင်ပါတယ်။😎
.🔎🔎🔎..ဆိုတော့ဟော်မုန်းဆိုတာဘာလဲ၊ထိုခံစားချက်ကောင်းစေတဲ့ဟော်မုန်းတွေကဘာတွေလဲ၊ဘလိုထွက်အောင်လုပ်ရမလဲ ဆိုတဲ့မေးခွန်း၃ခုကိုဘဲတင်ပြသွားပါမယ်။ရိုးရှင်းစွာဘဲပြောသွားပါမယ်။⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇⬇

၁။ ပထမမေးခွန်းအတွက်ရိုးရှင်းနားလည်လွယ်သောအဖြေက;

hormone ဆိုတာ ခန္ဓာကိုယ်ရဲ့ လုပ်ငန်းတွေလုပ်ဖို့ နှိုးဆွထိန်းညှိပေးတဲ့အရာလို့အကြမ်းဖြင့်မှတ်လိုက်ရင်ရပါတယ်။ 🎬


၂။ ဒုတိယ နှင့် တတိယ မေးခွန်းတွေ အတွက်က တော့;

feel-good hormone ဆိုတဲ့စိတ်ခံစားချက်ကောင်းစေသောဟော်မုန်း (၄)မျိုးရှိပါတယ်။ ✔🔴

(၁)Dopamine(ဒိုပါမင်း):ဆုရ ဟော်မုန်း ဖြစ်ပါတယ်။ တစ်ခုခုကိုအောင်အောင်မြင်မြင်လုပ်ပြီးတဲ့ အခါထွက်လာလေ့ ရှိပါတယ်။ ကိစ္စတစ်ခုသေးသေးကြီးကြီးဖြစ်ဖြစ်လုပ်ပြီးတဲ့အခါရလာတဲ့ပျော်စရာခံစားချက်ဟာဒိုပါမင်းထွက်လာလို့ ဖြစ်တာဟုပြောနိုင်ပါတယ်။ အသိအမှတ်ပြုခံရတဲ့အခါ လည်းထွက်လာနိုင်ပါတယ်။🙂
ဘလိုထွက်အောင်လုပ်မလဲကတော့ကိုယ့်ဟာကိုယ်တွေးပါ။social mediaတွေကလူတွေကိုအများကြီးသုံးအောင် ဒါကိုအသုံးချထားတာဖြစ်ပါတယ်။ 🎮

(၂)Serotonin(ဆီရိုတိုနင်): ဒါကတော့မောင်ပျော်ရွှင်ဟော်မုန်း, စိတ်အခြေအနေကိုတည်ငြိမ်အောင်ထိန်းတတ်သူကြီးပေါ့နော်။ အတိုင်းအတာတစ်ခုအဖြစ်ဘဲပြောချင်ပါတယ်။ လူတစ်ယောက်ဟာတစ်နေ့မှာ ခြုံငုံကြည့်ပါက စိတ်အေးချမ်းပျော်နေတဲ့ အချိန်များနေလျှင် serotonin level မြှင့်တယ်လို့ပြောနိုင်ပါတယ်။
ဒီဟော်မုန်းများများထွက်နေတဲ့သူဟာ စိတ် အေးချမ်းကာပျော်နေသူလို့ပြောရပါမယ်။ လူ တွေနှင့်ပြောဆိုဆက်ဆံခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း နှင့် နေ ရောင်ခံခြင်းတွေမှ ထွက်လာတတ်တယ်လို့ လည်းသိရပါတယ်။ 🏕

(၃)Endophins(အန်ဒိုဖင်း):သဘာ၀အကိုက်အခဲပျောက် ဆေးပါ။ ခန္ဓာမှသဘာ၀အလျောက်ထွက်ပါတယ်။ ဒါဏ်ရာ အနာတရ ရတဲ့အခါနာကျင်မှုသက်သာအောင် ဦးနှောက်မှထုတ်ပေးလေ့ရှိပါတယ်။ဆိုတော့ဒီဟော်မုန်တွေများများ ထွက်အောင်ဖန်တီးတတ်ရင် စိတ်ဖိစီးမှု၊နာကျင်မှုတွေ့လျော့ပါး လာပါလိမ့်မယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊တရားထိုင်ခြင်း၊ ရယ်မောခြင်း၊ အစပ်စားခြင်းတွေက လည်းထွက်လာလေ့ရှိတယ်လို့သိရပါတယ်။ 🌄

(၄)Oxytocin(အောက်ဆီတိုဆင်): ဒါလေးကတော့ အချစ်ဟော်မုန်း လေးပါ။အချစ်ဟော်မုန်း ဆိုတဲ့အတိုင်းကောင်းမွန်တဲ့ ဆက်ဆံရေးတွေကနေ ထွက်လာတတ်ပါတယ်။ မိဘနှင့်သားသမီးကြားကချစ်ခင်နွေးထွေးမှု၊ ရည်းစားလေးနဲ့လက်လေးဆွဲပြီးလျောက်လည်တာတို့၊ ထိတွေ့ ပိုပိုပေးတာတို့ ၊ သူငယ်ချင်းတွေနဲ့စကားပြောရယ်မောတာတို့၊
တိ လေးတွေနှင့်ကစားတာတို့ စစသောရင်းနှီးတဲ့ဆက်ဆံရေးတွေကလာလေ့ရှိပါတယ်။ 🤣 FA တွေအထွက်နည်းပါမယ်။ပျော်ချင်ရင်ကိုယ်ချစ်ရတဲ့သူတွေကို အချိန် ပေးကုန်ဆုံးနိုင်ပါတယ်။💙 😇


....🌠......ဆိုတော့ပြောချင်တာကသိပ္ပံနည်းကျစွာဘဲ ပျော်ရွှင်မှုကို ဖန်းတီးလေ့ကျင့် ယူလို့ရပါတယ်။ ဒီဟော်မုန်းတွေထွက်အောင် လုပ်တတ်ရင်ကို နေ့စဉ်ဘ၀ ဟာပျော်စရာကောင်းပါလိမ့်မယ်။ ပြောချင်တာတစ်ခုကဘလိုဘဲတစ်ခြားသူတွေကပျော်အောင်လုပ် ပေးလုပ်ပေးပျော်ဖို့မကြိုးစားတဲ့သူကမပျော်ပါဘူး။ဒါပါဘဲ ကျွန်တော့် လေ့လာသလောက်လေးနှင့် အမြင်ကိုပါတစ်ခါတည်းရေးထားတာပါ။ အမှားတေပါနိုင်တာမို့ သုံးသပ် ဝေဖန်ပြီးမှ ယူစရာရှိတာယူပါ။ ✋🌠

📌မိတ်ဆက်သလိုဘဲအကြမ်းဖြင်းရေးတာပါအသေးစိတ်သာပြောနေရင်ကုန်မာမဟုတ်ပါဘူး။ပိုသိချင်ရင်ကိုယ့်ဟာကိုယ်ရှာဖွေလေ့လာဖတ်နိုင်ပါတယ်။with love 🍎

Photo credit from Google:

01/12/2024

Emotional Regulation ( ခံစားချက်တွေကိုပုံမှန်ဖြစ်အောင်ထိန်းညှိတတ်ခြင်း) ဆိုတာ📌📌📌📌📌

ဒီ..skill..ဟာ ကျွန်တော့်အတွက်တော့ခက်ပါတယ်...လူတိုင်းအတွက်ရောခက်ပါလိမ့်မယ်..ဒါပေမဲ့ ဘယ်တတ်နိုင်မလဲနော်..ကိုယ့်ခံစားချက်ကိုထုတ်ပြချင်တိုင်းပြလို့မရတဲ့ အခြေအနေတွေဆိုတာရှိတယ်လေ...ဒီစာမှာတော့ကျွန်တော်ဘလိုလုပ်သလဲ..ဆိုတဲ့ approach ကိုဘဲပြောသွားမှာပါ..လူတိုင်းအတွက်မမှန်နိုင်ပါဘူးနော်..ပြီးတော့..general ဆန်ပါမယ်..သေချာလေး analyze လုပ်ပြီးမှ ယူစရာရှိတာယူစေချင်ပါတယ်..🌠

🔥 မကောင်းတဲ့ Emotions တွေဖြစ်လာတဲ့အခါ

၁။ ဘာဖြစ်နေတာလဲ အတိအကျ သိအောင်လုပ်ပါတယ်။ ဒေါသထွက်တာလား..မနာလိုတာလား..မကျေနပ်တာလား..မုန်းတာလား..ကြည့်မရတာလား..သိမ်ငယ်တာလား..စိတ်ညစ်တာလား..အဆင်မပြေတာလား..ကြောက်တာလား..စိုးရိမ်တာလား..အစရှိသဖြင့်..ကိုယ့်ကိုကိုယ်မေးပါတယ်..ချရေးပါတယ်..ချရေးလိုက်သိလာပါလိမ့်မယ်..just try it..သိလာရင်

၂။ attentionကို ပြောင်းပြီး ခံစားပါတယ်။ ပြောရရင် ခတ္တခနရှောင်ကာ ၅min လောက်ခံစားပါတယ်။ toiletသွားလိုက်တာမျိုး,အပြင်ခနသွားလိုက်တာမျိုး ပေါ့။ ပြောချင်တာက ခံစားလိုက်ဖို့ပါ emotionတွေကိုဖိသိပ်မထားပါနဲ့။ အချိန်အများကြီးတော့ မဟုတ်ဘူး ၅မိနစ်လောက် ခံစားရင်ရပါပြီ။ လူအများကြီးရှေ့မာလုံးဝမခံစားပြပါနဲ့ ပိုဆိုးသွားမယ်။ ဒီအဆင့်က ကျွမ်းကျင်သွားရင်အတင်းလုပ်ဖို့မလိုပါဘူး, အော်ငါကိုဒီလိုပြောတာဘဲ ငါဒီလိုခံစားရတာဘဲဆိုပြီးပြီ။ ပြီးတော့manageလုပ်ပါတယ်....

၃။ manage မလုပ်ခင် သိရမာက ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေကိုစီမံခန့်ခွဲလို့မရဘူးဆိုတာဘဲ။ တစ်ခြားလူတွေဟာကိုယ့်influenceအောက်မှာမရှိပါဘူး, ဆိုတော့ကိုယ့်ဟာကိုယ်ဘဲmanageလုပ်လို့ရပါမယ်, လူတွေကိုအပြည့်မရပါဘူး။ မကောင်းတဲ့ခံစားချက်ကိုmanageလုပ်တဲ့အခါအသက်ရှုနည်းကိုလေ့ကျင့်တာပါဘဲ။စိတ်ကိုပုံမှန်အခြေအနေရောက်အောင် ရေသောက်လိုက်တာမျိုး၊အချိုစားလိုက်တာမျိုး၊ခံစားချက်တွေကိုစာအုပ်မာချရေးလိုက်တာမျိုး၊ပြေးလိုက်တာမျိုးလုပ်ပါတယ်။တစ်ခြားစိတ်သက်သောင့်သက်သာရှိစေမဲ့activities​ေတွလုပ်လို့ရပါတယ်။ပြန်ပြောရရင်manageလုပ်တယ်ဆိုတာဟာစိတ်ကိုပုံမှန်အ​​ခြေအနေရောက်အောင်ဆွဲခေါ်ဖန်တီးတာမျိုးပါ...ပုံမှန်ဖြစ်ပီဆိုတာနဲ့....

၄။ moveရပါမယ်,emotionတစ်ခုမာဘဲရပ်နေလို့မရပါဘူး,လုပ်စရာရှိတာလုပ်ရပါမည်,ကိုယ့်ကိုယ်ဘသူမှလာကယ်မာမဟုတ်ဘူး,အပြုံးနန့်ဘဲ​..ပြန်ဆက်ဆံပြောဆို,professionalကျသူဆိုတာမြင်အောင်ပြနိုင်ရင်ပိုကောင်းပါတယ်...လူတိုင်းရှေ့မာemotionတွေကိုမပြမိပါစေနဲ့..သတိနန့်ထိန်းညှိပါ။ခံစားမလွယ်ပါစေနဲ့၊ပိုကြံ့ခိုင်အောင်ဖြည်းဖြည်းချင်းကျင့်သွားရပါမယ်။

📌..ဒါဟာကျွန်တော်လုပ်တဲ့နည်းလမ်းပါ။လူတိုင်းအတွက်မကိုက်ညီနိုင်ပါဘူး။သဘောထားကွဲလွဲပိုင်ခွင့်အပြည့်အဝရှိပါတယ်။
🤍with love




Address

Yangon

Website

Alerts

Be the first to know and let us send you an email when Thet Hein's Knowledge Nest posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category