Movement Global Academy

Movement Global Academy

Share

GOOD MOVEMENT and career development for Myanmar young educated.

03/01/2021

အခုတလောမှာ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်တဲ့ Title လေးတခုက trend ဖြစ်နေတာကို တော်တော်များများသိကြ ပြီးသားဖြစ်မယ်ထင်ပါတယ်ရှင့် 😢

ဘယ်သူ့ကိုမှ အပြစ်ဖို့လို့မရတဲ့ကိစ္စ တစ်ခုဖြစ်တာကြောင့် နောက်နောင်များမှာ ကျွန်မတို့အတူတကွ ဆင်ခြင်နိုင်ရန်အတွက်ဗဟုသုတအနေနဲ့ vd လေးတစ်ခု ပြင်ဆင်ထားပါတယ် ❣❣❣✌✌✌

စိတ်ဝင်စားတဲ့သူများအနေနဲ့ လေ့လာစေနိုင်ဖို့အတွက် ကျွန်မတို့ MGA မှ ဆရာတစ်ဦးဖြစ်တဲ့Mr.Leo(Sentimental)
မှ ကိုယ်တိုင် အသံနောက်ခံစကားပြောအပြင် မြန်မာစာတန်းထိုးနဲ့တကွ ဘာသာပြန်ပေးထားတဲ့ video လေးတစ်ခုကိုတင်ဆက်ပေးလိုက်ပါတယ်ရှင့်😍😍😍

သဘောကျခဲ့ရင် ပြန်လည်ဝေမျှပေးကြပါဦးရှင် 💜💜💜💜💜

ဆရာ့ရဲ့ ကိုယ်ပိုင် video လေးဖြစ်တာကြောင့် ဆရာ့ post ကို link နဲ့တကွ credit ပေးထားပါတယ်🙏🙏🙏💜💜💜

ပြန်လည်ဝေမျှချင်တဲ့သူတွေလည်း အသိအမှတ်ပြုတဲ့အနေနဲ့ credit လေးတွေပေးပေးဖို့မေတ္တာရပ်ခံပါတယ်ရှင့်
😘😘😘

https://m.facebook.com/story.php?story_fbid=204840884627999&id=100053062671748

25/12/2020

Hello guys........ 🎉🎉🎉
We wish you all to have a merry Christmas. ❤❤❤
အရင်နှစ်တွေလို ပျော်ပွဲရွှင်ပွဲ၊ ဆုတောင်းပွဲတွေမလုပ်နိုင်ပေမယ့် အားလုံးပဲ Fighting ပါနော်....💪💪💪
ကျွန်မတို့တွေကျော်ဖြတ်နိုင်ကြမှာပါ 😍

22/12/2020

👉...ဒီနေ့မှာတော့ English စာကိုလေ့လာနေတဲ့ learners တွေကြားထဲမှာ တဖြည်း ဖြည်းနဲ့ ရေပန်းစားလာတဲ့ IELTS အကြောင်းလေးကိုပြောပြပေးချင်ပါတယ်...🤗🤗🤗

👉-IELTS ဆိုတာဘာလဲ❓❓❓
-IELTS သင်ရင်ကိုယ့်အတွက် ဘယ်လိုအကျိုးကျေးဇူးတွေရမလဲ❓❓❓
-IELTS ကိုဘယ်သူတွေတက်သင့်သလဲ❓❓❓

👉...IELTS ရဲ့ အရှည်ကောက်ကတော့ International English Language Testing System ပဲဖြစ်ပါတယ်။👥

👉...IELTS ဟာEnglish ကိုလေ့လာလိုတဲ့ native speaker မဟုတ်တဲ့သူတွေအတွက် နိုင်ငံတကာမှာ စံသတ်မှတ်ထားတဲ့ test တစ်ခုပဲဖြစ်ပါတယ်။👩‍🎓👨‍🎓💯

👉...IELTS ကို British Council,IDP: IELTS Australia နဲ့ Cambridge Assessment English တို့ကပူးပေါင်းစီစဉ်ပြီး 1989 ခုနှစ်ထဲက စတင်တည်ထောင်ခဲ့ကြပါတယ်။နိုင်ငံပေါင်းများစွာက ကျောင်းပေါင်းများစွာမှာ လက်ခံကျင့်သုံးနေတဲ့ စနစ်တခုဖြစ်ပါတယ်၊☑🌍

👉အခုအချိန်မှာတော့ နိုင်ငံတကာ တက္ကသိုလ်အများစုက IELTS ကို ဝင်ခွင့်သဘောတစ်ခုလိုမျိုးတောင်လက်ခံလာတာကိုတွေ့ရပါတယ်(IELTS score အနည်းဆုံးဘယ်လောက်ရမှ တက်ခွင့်ရမယ်ဆိုတဲ့ကန့်သတ်ချက်မျိုးတွေရှိလာတာပါ)😱😱😱

👉...ဒါ့အပြင် IELTS ဟာ လေ့လာဖို့ခက်ခဲပါတယ်၊ IELTS ကိုလေ့လာဖို့အတွက် ငယ်စဥ်ထဲက Starter,mover, Flyer လိုမျိုး International test တွေနဲ့ပတ်သက်ပြီး အခြေခံရှိခဲ့ရင်တော့ လွယ်လွယ်ကူကူကျော်ဖြတ်နိုင်လောက်ပေမယ့် သာမန် English skill ရှိသူတွေအတွက်တော့ သာမန်ထက်ပိုပြီး အာရုံစိုက်သင့်တဲ့ test တခုဖြစ်ပါတယ်၊✌✌✌🤓🤓🤓

👉...IELTS မှာ English 4 skills ဖြစ်တဲ့ Writing, Reading, Speaking, Listening စတဲ့အပိုင်းတွေကို ကိုယ်ပိုင်အတွေး အခေါ်၊ General knowledge တွေနဲ့တွဲပြီး နည်းစနစ်ကျကျ ဖြေဆိုရတဲ့ test ဖြစ်ပါတယ်၊IELTS score ဟာ Band (1 to 9) အထိရှိပါတယ်။ဒါပေမဲ့ Score 5 မှ 9 အထိရနိုင်မှအဆင်​ပြေမှာဖြစ်ပါတယ်။

👉...Scholarshipလျှောက်မယ့်သူတွေအတွက်ကတော့ Score များလေ အကျိုးရှိလေဖြစ်ပါတယ်💪💪💪

👉...4 skills လုံးမှာမတိမ်းမယိမ်းထူးချွန်နေမယ်ဆိုရင် Score ကောင်းကောင်းရနိုင်ပြီး Score 5 အောက်ကိုရတယ်ဆိုရင်တော့ အရည်အချင်းမပြည့်မှီဘူးလို့ယူဆနိုင်ပြီး နောက်တကြိမ်ဖြေဆိုနိုင်ပါတယ်၊စာမေးပွဲ၀င်ကြေးက USD 200 ပတ်လည်လောက်ကျသင့်မှာဖြစ်ပြီး တခါထဲအောင်မြင်ရင်တော့အကောင်းဆုံးဖြစ်တာကြောင့် သေချာအချိန်ယူလေ့လာသင့်ပါတယ်၊📒📕📔🎉

👉...IELTS ဟာ နိုင်ငံခြား မှာကျောင်းသွား တက်မယ့် လူငယ်တွေအပြင် လုပ်ငန်း ခွင်ဝင်ရောက်တဲ့သူတွေအတွက်လည်း အသုံးဝင်တဲ့လက်မှတ်တခုဖြစ်ပါတယ်၊ အခုခေတ်မှာက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ အလုံးအရင်းနဲ့ဝင်ရောက်လာတဲ့အချိန်မှာနိုင်ငံတကာအသိ အမှတ်ပြုအဂ်လိပ်စာအရည်အချင်းရှိတယ်ဆိုတာက ကိုယ့်ရဲ့အလုပ်အကိုင်အခွင့်အလမ်းအတွက် အတော်လေးအထောက်အကူဖြစ်စေမှာပါ၊👍👍👍💻💻💻

👉...ဒါ့အပြင် UK,Canada, Australia စတဲ့ နိုင်ငံမျိုးတွေမှာ အလုပ်လုပ်ချင်တဲ့ skilled worker တွေနဲ့ အခြေတကျ ရွှေ့ပြောင်းနေထိုင်ချင်တဲ့သူတွေ အတွက်တောင်မှ ဖြေထားသင့်တဲ့ test တခုဖြစ်ပါတယ်၊📑📑📑🌍🌍🌍

👉...အခုဆိုရင်နှစ်စဥ် နှစ်စဥ် နိုင်ငံတ ကာမှဝင်ရောက်ဖြေဆိုသူပေါင်း 3 million ခန့်ရှိပြီး ဝင်ရောက်ဖြေဆိုသူပမာဏဟာလည်း တနှစ်ထက်တနှစ် များပြားလာလျှက်ရှိပါတယ်။📈📈📈

👉...IELTS ကတော့ အခုလက်ရှိအချိန်မှာ နိုင်ငံတကာကလက်ခံထားတဲ့ test တွေထဲမှာရေပန်းအစားဆုံးဖြစ်ပြီးတော့ နောက်တပတ်မှာလဲ IELTS လိုမျိုး International ကလက်ခံထားတဲ့ test တွေဖြစ်တဲ့ TOEFL, TOEIC, SAT, PTE:A နဲ့ OPI/OPIc တို့အကြောင်းကိုလဲ တတ်နိုင်သမျှ sharing လုပ်ပေးသွားမှာမို့လို့ စောင့်မျှော်ပေးကြပါဦး....😍😍😍💙💙💙

Photos from Movement Global Academy's post 15/12/2020

➡လက်တွေ့ဘဝက စကား​ပြောတွေနဲ့ စာအသုံးအနှုန်းတွေဆိုတာ တစ်ခါတစ်လေ ထပ်တူမကျတာမျိုးတွေရှိတတ်ပါတယ်...💯❌⁉

➡ပြောချင်ပေမယ့် စဥ်းစားမရလို့ မပြောခဲ့လိုက်ရတဲ့စကားလုံးတွေ 😣 နားလည်သလိုလိုနဲ့ ဘာကိုဆိုလိုချင်မှန်းမသိလိူက်တဲ့အခြေအနေတွေရှိဖူးကြမယ်ထင်ပါတယ်...😟😿🚫

➡ကျွန်မတို့မြန်မာမှာတောင် နေ့စဥ်နဲ့အမျှစကားလုံးအသုံးအနှုန်းအသစ်တွေထွက်နေတာဆိုတော့ international သုံးဖြစ်တဲ့ Eng စာမှာ ဒီလိုအခက်အခဲရှိတတ်တာမဆန်းပါဘူး...💁💁💁

➡သင်တန်းတွေဘယ်လောက်တတ်ထားတတ်ထား နေ့စဥ်နဲ့အမျှပြောင်းလဲနေတဲ့ ဗန်းစကားတွေ အသုံးအနှုန်းတွေကိုမလေ့လာရင်တော့ နောက်ကောက်ကျကျန်ခဲ့မှာပါပဲ...😞😞😞

➡ကျွန်မတို့ MGA ကနေ အပတ်စဥ် sharing လုပ်ပေးနေမယ့် ဒီအသုံးအနှုန်းလေးတွေကို တနေ့ နည်းနည်းစီ လေ့လာပြီး သင့်အဂ်လိပ်စာ level ကိုမြှင့်တင်ရင်းနဲ့ အထာကျကျ အဂ်လိပ်စကားပြောလိုက်ကြရအောင် 💪💪💪 🙋🙋🙋

29/10/2020

Hello Everyone...😍

ဒီနေ့ MGA ကနေ မျှဝေပေးသွားမယ့်အရာလေးကတော့ Most Used English short forms(part-1) ဖြစ်ပါတယ်🌍

လုပ်ငန်းခွင်မှာဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့အဖြစ်ဖြစ် အပြန်အလှန် e-mail ပို့နေတုန်း စကားပြောနေတုန်း ဟိုဘက်က အတိုကောက်စာလုံးတခုခုပို့လိုက်ရင်
ဟဲ့ အဲ့ဒါဘာလဲလို့ ကပ်တိုးလေး ပြန်မေးရတဲ့အ​ခြေအနေလေးတွေရှိဘူးတယ်ဟုတ်... 😞😞😞

အဲ့ဒီအတွက်မပူပါနဲ့တော့ MGA ကနေ
A to Z အထိ အသုံးများတဲ့ short forms ေလးတွေကို part လေးတွေခွဲ ပြီးတင်ပေးသွားမှာမလို့လေ့လာ ကြည့်လိုက်ပါဦး 😍
---------------------------------------------------
1️⃣ ABT (about)
ABT ဆိုလို့ long term အရှည်ကြီးတွေစဥ်းစားစရာမလိုပါဘူး about ကိုအထာကျကျစကားပြောချင်ရင် ABT ကိုအသုံးပြုလို့ရပါတယ်၊

2️⃣AKA(Also known as)
ဒီစာလုံးကိုကြားဖူးကြလားမသိဘူး admin ကတော့ခဏခဏကြားနေရတာရှင့် သူ့ကိုတော့အကြမ်းဖျင်းအားဖြင့် နာမည်နှစ်မျိုးရှိတဲ့သူတွေအတွက်သုံးလို့ရပါတယ်
(Eg. Joe AKA Joseph)

3️⃣Aweso(Awesome)
ဒါကိုတော့ထွေထွေထူးထူးမပြောပြတော့ပါဘူးနော် အကုန်လုံးနီးပါးသိပြီးသားဖြစ်မယ်ထင်ပါတယ်၊

4️⃣App(Application)
ဒါကတော့ ဖုန်း app တွေမှာ used to ဖြစ်ပြီးသား စာလုံးလေးပါ၊

5️⃣ASAP(As soon as possible)
ဒီစာလုံးကလုပ်ငန်းခွင်မှာ အရမ်းအသုံးများပါတယ် 'တတ်နိုင်သလောက်မြန်မြန်' ဆိုတဲ့အဓိပ္ပါယ်နဲ့သုံးပါတယ်၊

6️⃣AOE(Area of Effect)
ဒါကတော့ gamer လေးတွေအတွက်ပါ spell တွေထဲမှာ AOE လို့ပါတတ်တာ တခြားမဟုတ်ပါဘူး spell သက်ရောက်တဲ့ Area ကြီးတဲ့ hero တွေမှာသုံးတတ်ပါတယ်၊ အပြင်လောကမှာလည်းသုံးလို့ရပါတယ်၊

7️⃣AFK(Away from Keyboard)
ဒါကတော့ AOE ထက်ပိုပြီးလူသိများမယ်ထင်တယ် keyboard ရှေ့မှာမရှိနိုင်တဲ့အခြေအနေ ဒါမှမဟုတ် offline ဖြစ်သွားတဲ့အခြေအနေမျိုးမှာသုံးပါတယ်

***************************************
ဒီနေ့ကတော့ A နဲ့စတဲ့ အသုံးများတဲ့ short forms လေးတွေပါ၊ နောက်နေ့တွေမှာလဲ အသုံးဝင်တဲ့ knowledge တွေ sharing လုပ်ပေးသွားဦးမှာမို့လို့ page ထဲခဏခဏလာလည်ကြပါဦးနော် 😁😍

ကိုယ့်အတွက်တခုခုများအသုံးဝင်ခဲ့ရင် like and share လေးလုပ်ပေးပါဦးရှင့် 💜

27/10/2020

Hello Everyone! 😍
Long time no see ပါနော်၊👋👋👋

👉အခုလိုကိုဗစ်ကာလအတွင်းမှာ ကျွန်မတို့သင်တန်းအနေနဲ့ page ကနေ အကြာကြီးပျောက်နေရတဲ့အတွက် တောင်းပန်ရင်းနဲ့ အဲ့ဒီအချိန်အတွင်းမှာပဲသင်တန်းရဲ့ system upgrade အတွက် သေသေချာချာလေးဆောင်ရွက်ထားကြောင်းလေးကို အသိပေးချင်လို့ပါရှင်
🎉🎉🎉

👩‍🎓👨‍🎓သင်တန်းသူ၊ သင်တန်းသားတွေအတွက်သာမက ပညာရပ်တခုကိုစိတ်ဝင်စားလို့ လေ့လာဖို့အတွက် page ကို like and follow လုပ်ထားတဲ့သူတွေအတွက်ရော တကယ့် suprise အစီအစဥ်တွေအများကြီးရှိတယ်နော်... 💜💜💜

📒အပြင်မှာ သင်တန်းကြေး​ပေးတက်နေရတဲ့ ပညာရပ်တချို့တွေအတွက် ကျွန်မတို့က ပညာဒါန သင်တန်းတွေအများကြီးစီစဥ်​ပေးဖို့အပြင် တခြားစိတ်လှုပ်ရှားစရာအစီအစဥ်တွေနဲ့အတူတူ ကျွန်မတို့ Movement Global Academy ပြန်လာတော့မှာမို့လို့

💖So stay tuned guys.........!✌

💟 knowledge sharing တွေ ဆက်တိုက် ရှိနေမယ့်အပြင် တကယ့် special plan တွေရောက်လာရင်မသိလိုက်ရမရှိလေအောင် 💜💜💜
အခုထဲက like,share and see first လေးနဲ့ noti ယူထားကြပါနော်၊ 🚩🚩🚩

Photos from Movement Global Academy's post 11/06/2020

Hello !

We are coming Back !

Movement က သင်တန်းများကို July လမှ စတင်ကာ

Covid အကာအကွယ် နည်းလမ်းများကို စနစ်တကျချမှတ်ကာ

သင်တန်းများပြန်လည်တက်ရောက်နိုင်ပြီ ဖြစ်ကြောင်း သတင်းကောင်းလေးပါးလိုက်ချင်ပါတယ် ။

👉Japan မှာပညာတော်သင်သွားချင်သူများ

👉Japan မှာ အလုပ်လုပ်ချင်သူများအတွက်

Movement က စီစဉ်ဆောင်ရွက်ပေးနေပါပြီနော်။

💜သန့်ရှင်းသပ်ရပ်ပြီး ကျယ်၀န်းသော အခန်းမှာ အေးအေးဆေးဆေးလေးဂျပန်စာလေ့လာနိုင်ဖို့ Movement ကို အမြန်လှမ်းခဲ့နော်။💜

သင်တန်းပြန်လည်စတင်ခြင်းအနေနဲ့

😲Japan Language(N5) ပညဒါနအတန်းလေး ဖွင့်ပေးလိုက်ပါပြီ

သင်တန်းကြေးသွင်းဖို့မလိုအပ်ဘဲ စာရွက်စာတမ်းကြေး 15000MMK လေးဘဲသွင်းရုံနော်။

အတန်းချိန်လေးတွေက....

📒 Tue & Thu & Fri - 6:30pm to 7:30pm

📒Sat & Sun - 5:00pm to 7:00pm

မိမိအဆင်ပြေမည့် အတန်းချိန်အား ရွေးချယ်နိုင်ပါတယ်နော်။

Movement Global Academy မှာ ဘာကြောင့်တတ်သင့်လဲ ဆိုရင်...
💯 ကျယ်ဝန်းတဲ့စာသင်ခန်းတွေ နဲ့သင်ကြားရမှာနော်
💯 တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ နားအေးပါးအေးသင်လို့ရတယ်
💯 ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုကိုမေ့ပြီး Aircon လေးနဲ့ အေးအေးလူလူ စာသင်နိုင်မယ်…
💯 Facility အပြည့်နဲ့ တက်တက်ကြွကြွသင်ကြားပေးမှာ
🏡 ဒီလိုသင်တန်းကောင်းမျိုးမှာမှ Wi-Fi Free လေး သုံးရင်း အေးအေးဆေးဆေး လေ့လာနိုင်စေတာ Movement Global Academy ပါ။

🏠အမှတ် - F 002, သုမင်္ဂလာလမ်း၊ သဇင်မင်းရိပ်သာ၊ နနွင်းကုန်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
📞Hot Line - Ph: 09969728880, 09969728881
📩Command, Messenger Or Viber – 09969728880

21/01/2020

Auto-CAD drawing ကို
************************ Printer ရွေးပြီး စကေးကိုက်
************************ ပုံထုတ်ရန်
*********
မိမိပုံထုတ်မယ့် Autocad dwg (model space)ကိုဖွင့်ထားပါ၊ drawing unit က ပေ၊လက္မ(archi) စကေးလား၊ မီတာလား၊ မီလီစကေးလား သိထားရပါမယ်
Status bar ပေါ်က layout tab ကိုနှိပ်ပါ၊ mv >enter( viewport တစ်ခုဖန်တီးတာပါ)
ဒီနေရာမှာ command line မှာ Specify corner of viewport ဆိုပြီး viewport area တောင်းလိမ့်မယ်
ဒီနေရာမှာ ကျွန်တော်က ဥပမာအနေနဲ့ မီတာနဲ့ဆွဲထားတဲ့ topo drawing တစ်ခုကို A3 portrait ပေါ်မှာ graphic scale; fractional scale(ratio scale) တွေနဲ့ ပုံထုတ်ချင်တယ်ဆိုပါစို့
A3 paper ရဲ့ size က 297mm×420mm ရှိတာကို ဦးစွာသိထားရပါမယ်( paper size တွေက plotter box မှာရှိပါတယ်)
ခုနက viewport area တောင်းတဲ့ command line မှာ
0, 0>enter; 0.279, 0.420>enter ရိုက်ထည့်ပါ( acad dwg ကို မီတာနဲ့ဆွဲထားတာဖြစ်လို့ paper space ကို မီတာပြောင်းထည့်တာပါ)
Landscape နဲ့ထုတ်မယ်ဆိုရင်တော့ 0,0> enter; 0.420, 0.297>enter ရိုက်ထည့်ပါမယ်
Viewport ရဲ့ ဘယ်အောက်ဘက်ထောင့်က UCS မှာကပ်နေတဲ့ အကွက်ထဲမှာ drawing ရောက်လာပါပြီ၊ အဲဒီ rectangle က paper space မှာ A3 portrait ဖြစ်ပါတယ်
အဲဒီ rectangle ကို မြင်သာအောင်ချဲ့ထားပါ
Paper space ရဲ့ အတွင်းတစ်နေရာကို double click ပေးပြီး model spaceထဲဝင်လိုက်ပါ( model space ဆိုတာ on-ground scaleကို ပြတဲ့ပုံဖြစ်ပြီး paper space ကတော့ စာရွက်ပေါ်က စကေးဖြစ်ပါတယ်၊ paper space ဆိုတာ မြေပြင်အရှိပုံကို လှမ်းကြည့်လို့ရတဲ့ ပြတင်းပေါက်ပါပဲ)
model space ထဲမှာ ပုံကို အနေတော် center ရွှေ့ပါ၊ zoom in /out လုပ်ပါ
paper unitနဲ့ model unitရဲ့ relative scale ကို status bar
မှာ ပြနေလိမ့်မည်
သင့်တော်တဲ့နေရာမှာ zoom ကို ရပ်ထားပြီး viewport scale ထဲမှာ စကေးတွေ လိုက်ရွေးကြည့်ပါ
လိုအပ်လျှင် Custom ထဲမှာဝင်ပြီး scale သစ်တွေ ထပ်ထည့်ပြီး လိုက်စမ်းရပါမယ်၊
ဥပမာ -Custom ထဲက Add scale ထဲမှာ 1:500/ 1:1000/ 1:1500/ 1:2000/ 1:2500/ 1:750 etc ထည့်စမ်းကြည့်ရပါမယ်
Name appearing in scale list မှာ 1:1000ထည့်တယ်ဆိုပါစို့၊
Drawing unit boxမှာ 1000ထည့်ပါ> OK
ပြီးတော့ Viewport scale ထဲမှာ 1:1000ကို ရွေးလိုက်ပါ
model space မှာ အဆင်မပြေသေးလျှင် နောက်တစ်မျိုးပြောင်းကြည့်ပါ
Title block area ချန်ပြီး ပုံထွက်အဆင်ပြေလောက်တဲ့ စကေးမှာ viewport scaleကို Lockလုပ်ထားခဲ့ပါ
ဥပမာ -ကျွန်တော့် ပုံကြမ်းမှာတော့ 1: 2500 က အဆင်ပြေတယ်ဆိုပါစို့
Layout မှထွက်ပြီး model ထဲပြန်ဝင်ပါ၊လိုအပ်တဲ့ graphic scale bar ကို Symbol managerမှ ခေါ်ထည့်ပါ၊ အဆင်မပြေလျှင် အဲဒီ scale bar size ကို on-ground scaleနဲ့ လိုက်ဖက်အောင် စကေးချုံ့/ချဲ့နဲ့ပြင်ပါ၊
ဥပမာ -ကျွန်တော့်ပုံမှာ မီတာ100 line တစ်လိုင်းဆွဲပြီး အဲဒီအလျားအတိုင်းရအောင် scale bar ကိုချဲ့၊ ပြီးတော့ ratio scale မှာ 1:2500 ပြောင်းလိုက်ပါတယ်၊(Tool pelette ထဲကသွားနည်း မသိပါ)
graphic scaleရဲ့ အားသာချက်ကတော့ Printout drawing paper ပေါ်မှာ သိချင်တဲ့ point ၂ ခုရဲ့အကွာအဝေးကို graphic scale မှာပေတံနဲ့ ထောက်ကြည့်ပြီး on-ground distance ကို အဖြေ အနီးစပ်ဆုံးတန်းထုတ်နိုင်တာပါပဲ
Fractional scale/Ratio စကေးကတော့ ပုံမှာ ပေတံနဲ့တိုင်းလို့ရတဲ့ distance ကို ဆိုင်ရာ Scale factor နဲ့မြှောက်ပြီးမှ အဖြေထုတ်တာပါ
စကေးကိုက် drawing ထုတ်ပြီးတဲ့အခါ drawing paper ပေါ်မှာ ပေတံနဲ့တိုင်းလို့ရလာတဲ့ ပမာဏကို တွက်ထုတ်ရာမှာ graphic scale က ပြတဲ့ အဖြေနဲ့ Ratio scale ကပေးတဲ့ အဖြေ ၂ မျိုး အနီးစပ်ဆုံး ကိုက်ညီရပါမယ်
နောက်ဆုံး အဆင့်အနေနဲ့ ပုံထုတ်ဖို့ Plotter /Printer ထဲဝင်ပါ၊
Printer, Paper size တွေရွေးပြီးတဲ့အခါ
Plot area မှာ Extents, Center the plotရွေး
Scale မှာ 1:1 ထား၊ unit ရွေး၊ drawing orientation ရွေး------ပုံထုတ်လို့ရပါပြီ
ထွက်လာတဲ့ပုံကို စကေး မှန်/မမှန်သိရအောင် ပေတံနဲ့ ပြန် CHECK ကြည့်ပါ။ ။
မှတ်ချက်။ ဒီပိုစ့်မှာ လိုအပ်ချက်များကိုလည်း ထောက်ပြဆွေးနွေးပေးကြပါ၊
ကျေးဇူးတင်ပါတယ်-- Tr . Than Soe Aung

18/01/2020

[unicode]
ခုလိုအချိန်မှာ ပညာတွေဖြည့်မယ်၊ လိုတာတွေဖြည့်မယ်၊ ဘဝအတွက်လိုအပ်ချက်တွေကို အကောင်းဆုံးပြင်ဆင် ကြမယ်။ အဲဒါတွေကို Movement Global Academy ကနေ ဖြည့်ဆည်းပေးချင်လို့ ယုံကြည်စွာနဲ့ အရောက်လှမ်းလာခဲ့ပါနော်။

ဘယ်အရွယ်ကနေစပြီး computer သင်လို့ရတာလဲ?
ဘယ်လိုသင်တန်းမျိုးကိုစတင် တက်ရောက်ရမှာလဲ?
Computer ဘာသာရပ်တွေက..အမျိုးမျိုးရှိတာလား ?
Computer အခြေခံတတ်ပြီးရင် လုပ်ငန်းခွင်မှာ ဘယ်လိုအလုပ်တွေ ဝင်ရောက်လုပ်ကိုင်နိုင်ပါသလဲ?
Computer အခြေခံတက်မြောက်ပြီးပါက Designer အဖြစ်လုပ်ငန်းခွင်တွင် လုပ်ကိုင်ချင်ပါကမည်သည့် သင်တန်းကို ဆက်လက်တက်ရောက်ရမှာလဲ?
အခုလို ICT ခေတ် ထဲမှာ IT ပညာရှင်အဖြစ်ရပ်တည်ချင်တာလား?
IT Engineer အဖြစ် လစာ အထူးကောင်းမွန်စွာနဲ့ လုပ်ငန်းခွင်မှာ ဝင်ရောက်လုပ်ကိုင် ဖို့အတွက်… ဘယ်ဘာသာရပ်ကို ဆက်လက်သင်ကြားဖို့လိုလဲ??
Programming ဘာသာရပ်ကိုစိတ်ဝင်စားတာမို့ ဘယ်လိုဘာသာရပ်တွေကို သင်ကြားရမှာလဲ??
ဒီမေးခွန်းတွေရဲ့ အဖြေကိုသိချင်တယ်ဆိုရင်တော့…. Movement Global Academy ကနေ အသေးစိတ် ရှင်းလင်းဆွေးနွေးပြောပြပေးသွားမှာပါ။

Computer ကို အသေးစိတ် အခြေခံကနေစပြီး သိအောင်၊ တက်အောင် ဂရုစိုက်သင်ကြားတာမို့ အတွေးမမှားဖို့ ပြောပြချင်ပါတယ်နော်။

Computer Operation လို့ခေါ်တဲ့ Computer တစ်လုံးဘယ်လိုအလုပ်လုပ်သလဲ?
Window System ဆိုတာ ဘာတွေလဲ၊ ဘာကိုခေါ်တာလဲ?
Hardware နဲ့ Software အကြောင်းတွေ၊ တစ်ခုနဲ့တစ်ခု ဘယ်လိုချိတ်ဆက်ထောက်ပံ့အလုပ်လုပ်လဲဆိုတာတွေ…
Mouse Function & Mouse Operation…
Keyboard Layout & Typing Layout…နဲ့သက်ဆိုင်တာတွေအကုန်လုံးကို အသေးစိတ်ကစပြီး သင်ကြားပေးမှာပါ…

Batch 1
✅သင်တန်းကာလ - ၂ လ (တစ်ပတ်ကို စနေ၊ တနင်္ဂနွေ(၂)ရက်- တစ်ရက်ကို (၃) နာရီ (၃၀)မိနစ်)
✅သင်တန်းကြေး - ၅၅,၀၀၀ ကျပ်

⏰သင်တန်းအချိန် - နေ့လည် ၃ နာရီ မှ ညနေ ၆ နာရီ ၃၀ မိနစ်အထိ⏰
⏰စတင်တက်ရောက်ရမည့်ရက် - ၂၆.၁.၂၀၂၀⏰

Batch 2
✅သင်တန်းကာလ - ၂ လ ခွဲ (တစ်ပတ်ကို ကြာသပတေး၊ သောကြာ (၂) ရက် - တစ်ရက်ကို (၂) နာရီ)
✅သင်တန်းကြေး - ၅၅,၀၀၀ ကျပ်

⏰သင်တန်းအချိန် - နေ့လည် ၂ နာရီ မှ ညနေ ၄ နာရီ အထိ⏰
⏰စတင်တက်ရောက်ရမည့်ရက် - ၂၃.၁.၂၀၂၀⏰

🏠အမှတ် - F 002, သုမင်္ဂလာလမ်း၊ သဇင်မင်းရိပ်သာ၊ နနွင်းကုန်းရပ်ကွက်၊ သင်္ဃန်းကျွန်းမြို့နယ်၊ ရန်ကုန်။
📞Hot Line - Ph: 09969728880, 09969728881
📩Command, Messenger Or Viber – 09969728880

[zawgyi]




Batch 1


Batch 2



15/01/2020

Vacancy Announcement(Urgent Position)
We are now seeking the candidates to fill the following positions

Training Manager(For Training Center) 1 post

> Bachelor Degree in Business Administration/Management or MBA.
> Age must be 35 to 45.
> More than 5 years working experiences in Training Center management field.
> English 4 Skills, Able to communicate in Japanese.
> Manages all operation actives of the training center including staffing, facilities.
> Develops corporate training center strategies and initiatives that reflect the organizations goals.
> Collaborate with educational institutions to provide additional or specialized training.
> Manage to achieve the students with advertisement on social network and etc.
> Planning process to quality improvement of the training center.
> Manage subordinate staff in the day-to-day performance of their jobs.
> Extensive knowledge of department processes.
> Strong analytical, problem solving and organizational skills.
> Good personality with high commitment.
> Salary --- Negotiate

Address: F002, Thazinmin Avenue, Thumingalar Street, Thingangyun Tsp, Yangon.
Ph: 0996972880,09969728881(9:00am to 5:00pm)
Email: [email protected]

Thank You.

15/01/2020

Hello!
Admin တို့ရဲ့
Movement Global Academy pageလေး
ငြိမ်သက်နေလို့ မစိုးရိမ်ပါနဲ့နော်
2020မှာ အသစ်အသစ်သော
တန်းခွဲလေးတွေ...
ပိုမိုကောင်းမွန်သော ၀န်ဆောင်မှု့တွေ
စိတ်လှုပ်ရှားဖွယ် Discount လေးတွေနဲ့
ပြန်လာမှာမို့ ....
ခဏလေးတော့ သည်းခံပေးကြဖို့
တောင်းဆိုပါတယ်နော်....
မဂ်လာရှိသော နေ့ရက်လေးပိုင်ဆိုင်နိုင်ကြပါစေ.....
Movement Global Academy

Photos from Movement Global Academy's post 23/12/2019

Unicode
English Speaking Only & 4 Skills တန်းခွဲသစ်များ ဖွင့်လှစ်ပါပြီ
Movement Global Academy မှာ ဘာကြောင့်တတ်သင့်လဲ ဆိုရင်...
💯 ကျယ်ဝန်းတဲ့စာသင်ခန်းတွေ နဲ့သင်ကြားရမှာနော်
💯 တိတ်ဆိတ်ငြိမ်သက်တဲ့ ပတ်ဝန်းကျင်မှာ နားအေးပါးအေး သင်လို့ရတယ်
💯 ပူလောင်အိုက်စက်နေတဲ့ ရာသီဥတုကိုမေ့ပြီး Aircon လေးနဲ့ အေးအေးလူလူ စာသင်နိုင်မယ်…
💯 Facility အပြည့်နဲ့ တက်တက်ကြွကြွသင်ကြားပေးမှာ
🏡 ဒီလိုသင်တန်းကောင်းမျိုးမှာမှ Wi-Fi Free လေး သုံးရင်း အေးအေးဆေးဆေး လေ့လာနိုင်စေတာ Movement Global Academy ပါ။
သင်တန်းကြေးနဲ့ အတန်းချိန်အသေးစိတ်အချက်အလက်တွေကို ပုံမှာကြည့်လို့ရပါတယ်နော်။

Zawgyi
English Speaking Only & 4 Skills တန်းခွဲသစ်များ စတင်ပါပြီ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Website

Address


Thumingalar Road
Yangon
11071

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00