Nihon Ichi Japanese Language School 日本一日本語学校

Nihon Ichi Japanese Language School  日本一日本語学校 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Nihon Ichi Japanese Language School 日本一日本語学校, Language school, No. 110 Yarzadirit Street 8th Block East Dagon Township, Yangon.

ခိုင်မာတဲ့အလုပ်အကိုင်တွေနဲ့ ဂျပန်မှာ အလုပ်လုပ်ချင်တယ်ဆို Nihon Ichi နဲ့ ဆက်သွယ်ပါ။
人材育成を通して、自国の発展に貢献していく所存です。
進学先や就職先を紹介し、来日してからでもオンラインを通じて、ずっとサポートしていきます。
共に未来を築こう

23/08/2026

အလုပ်အင်တာဗျူး ဝင်ဖြေရဖို့က အင်တာဗျူး Practice တန်းကို မတက်မနေရ တက်ရမှာလား..
ပုံမှန်အားဖြင့် အာ့လို မသတ်မှတ်ထားပါဘူးခင်ဗျ..
သတ်မှတ်ချက်နဲ့ကိုက်ညီရင် တင်ပေးပါတယ်..
အင်တာဗျူး practice class က လိုအပ်တဲ့​သူတွေ အတွက် ကျွန်တော် တတ်နိုင်သလောက် လေ့ကျင့်ပေးမယ်ဆိုပြီး စီစဥ်ပေးထားတာပါ..

အသေးစိတ်ကို သေချာကြည့်ပေးနော်.

23/08/2026

အခြေခံ အသံထွက်သင်ခန်းစာ 3
んနဲ့ပေါင်းဖတ်တဲ့အအသံ..
ဒီအသံက ကျွန်တော်တို့ မြန်မာတွေအတွက် ဖတ်ရခက်တဲ့ အသံတွေမို့ နှုတ်ခမ်းအနေအထားကို သတိထားပြီး ခဏခဏ လေ့ကျင့်သင့်ပါတယ်

ဂျပန်စာ စလေ့လာမည့်သူတွေအတွက် အရေးကြီးတဲ့ အခြေခံ အသံထွက်ပုံ သင်ခန်းစာ ၆ခုကို တစ်နေ့တစ်ခုတင်ပေးမယ်နော်..
ဒါတွေကို သတိထားပြီး များများလေ့ကျင့်ရင် အသံထွက် တိုးတက်လာမှာပါ..
ဂျပန်စာ စလေ့လာမည့်သူတွေအတွက်လည်း ပြန်လည်မျှဝေပေးကြပါဦး

Nihon Ichi Japanese Language School 日本一日本語学校

22/08/2026

အခြေခံ အသံထွက်သင်ခန်းစာ 2
ဂျပန်စာ စလေ့လာမည့်သူတွေအတွက် အရေးကြီးတဲ့ အခြေခံ အသံထွက်ပုံ သင်ခန်းစာ ၆ခုကို တစ်နေ့တစ်ခုတင်ပေးမယ်နော်..
ဒါတွေကို သတိထားပြီး များများလေ့ကျင့်ရင် အသံထွက် တိုးတက်လာမှာပါ..
ဂျပန်စာ စလေ့လာမည့်သူတွေအတွက်လည်း ပြန်လည်မျှဝေပေးကြပါဦး

Nihon Ichi Japanese Language School 日本一日本語学校

22/08/2026

အသံထွက် ကောင်းအောင် ဘယ်လို လေ့ကျင့်ရမလဲ..
အတော်များများ မေးကြတဲ့ မေးခွန်းပါပဲ..
အသံထွက်မှန်ဖို့ ကောင်းဖို့အတွက် တစ်နေ့တစ်ရက်တည်း နည်းလမ်းပြောပြတာနဲ့ မရပါဘူး..
ပထမဆုံး အသံထွက်ပုံပေါ့ နှုတ်ခမ်းဘယ်လိုထားရလဲ ဘာတွေသတိထားရလဲ ဒါကို သေချာသိရပါမယ်..
ပြီးတဲ့အခါ Native ဂျပန်လူမျိုးအသံကို သေချာအာရုံစိုက်နားထောင်တဲ့အလေ့အကျင့် လိုပါတယ် အဲဒီအချိန်မှာ အရေးကြီးတာ မြန်မာလို အသံကို စာလုံးပေါင်းမမှတ်ဖို့ပါ..
အသံထွက်ကို တိတိကျကျ မှန်အောင် မြန်မာလို မရေးနိုင်သလို ရေးထားတာပြန်ဖတ်ရင် ပိုတောင်လွဲနိုင်ပါတယ်..
သေချာ နားထောင် ကြိုးစားလိုက်ပြော ပေါ့..
ဒီလောက်ကတော့ လုပ်တဲ့သူများပေမယ့် ကိုယ့်အသံကို ပြန်နားထောင်ဖို့တော့ အတော်များများ မလုပ်ကြပါဘူး..
အရေးအကြီးဆုံးက ကိုယ့်အသံပြန်နားထောင်ဖို့ပါ ပြီးရင် ဂျပန်အသံနဲ့ပြန်ယှဥ်ကြည့်မှသာ ကိုယ်ပြောနေတာ မှန်မမှန်သိတာမျိုးပါ..
ဒါကို ပုံမှန် အာရုံစိုက်လုပ်သွားရင် တဖြည်းဖြည်း ပြောရတာ ပိုအသားကျပြီး အသံထွက်ကောင်းလာမှာပါ

22/08/2026

အခြေခံ အသံထွက်သင်ခန်းစာ 1
ဂျပန်စာ စလေ့လာမည့်သူတွေအတွက် အရေးကြီးတဲ့ အခြေခံ အသံထွက်ပုံ သင်ခန်းစာ ၆ခုကို တစ်နေ့တစ်ခုတင်ပေးမယ်နော်..
ဒါတွေကို သတိထားပြီး များများလေ့ကျင့်ရင် အသံထွက် တိုးတက်လာမှာပါ..
ဂျပန်စာ စလေ့လာမည့်သူတွေအတွက်လည်း ပြန်လည်မျှဝေပေးကြပါဦး

Nihon Ichi Japanese Language School 日本一日本語学校

21/08/2026

N3 မအောင်သေးလည်း ဆရာ့အင်တာဗျူးအတန်းတက်လို့ရလား တဲ့..
ဟုတ်ဗျ မအောင်သေးလည်း လေ့ကျင့်လို့ရပါတယ်..ကြိုဆိုပါတယ်

ရည်ရွယ်တာကို ကြိုသိနေလို့ တစ်ခါတည်း ကြိုမှာပါရစေ
N3 အောင်ဖြစ်ရမယ်လို့ သတ်မှတ်ထားတာက ဂျပန်ဖက်က ခေါ်မည့်ကုမ္ပဏီက သတ်မှတ်ထားတာမို့ အင်တာဗျူးတော့ ထည့်ပေးလို့မရပါဘူး..

လေ့ကျင့်ပေးတဲ့အတန်းတက်တာ မတက်တာက အလုပ်အင်တာဗျူး ဖြေခွင့်ရခြင်း မရခြင်း အောင်ခြင်းမအောင်ခြင်း နဲ့တိုက်ရိုက် မသက်ဆိုင်ပါဘူး..

ငါ့အတန်းမတက်ရင် ဂျပန်ဖက်ကို မတင်ပေးဘူးကွာ ချပလိုက်မယ်ကွာလို့လည်း မရှိပါဘူး.. ကျွန်တော်က ခန့်မည့်သူလည်းမဟုတ်ဘူးလေ..

ကျွန်တော်တို့က ကျောင်းဖြစ်တဲ့အတွက် ဝင်တက်သူတွေကို ကျွန်တော်တို့ တတ်နိုင်သမျှ တကယ် အရည်အချင်းရှိအောင် ပျိုးထောင်ပေးမယ်..
ဒီအင်တာဗျူးသာမက နောက်ပိုင်း အလုပ်ပြောင်းချင်တဲ့အခါ ဘယ်လိုပြင်ဆင်ရမယ် ဘယ်လိုလေ့ကျင့်ရမယ်ဆိုတာ ကို အသေးစိတ်လေ့ကျင့်ပေးမှာပါ..
ဒါ့အပြင် နောက်ပိုင်း ဂျပန်စာလေ့လာတဲ့အခါ ရေရှည်အတွက် အရေးကြီးတဲ့ အမူအကျင့်တွေ အခြေခံတွေကို သေချာလေ့ကျင့်ပေးဖို့အတွက်ပဲ တာဝန်ယူတာပါ..

ကျေးဇူးတင်ပါတယ်..
သက်ဖူးလွင်
Nihon Ichi Japanese Language School

🇯🇵🇲🇲မနေ့က Shizuokaဘက်က ဂျပန်စာကျောင်းတကျောင်းနဲ့ဆွေးနွေးဖြစ်ရင်း ဆရာကြီးပြောတဲ့အထဲကမှတ်သားစရာအကြောင်းလေးတွေ ပြန်မျှဝေပေး...
21/08/2026

🇯🇵🇲🇲မနေ့က Shizuokaဘက်က ဂျပန်စာကျောင်းတကျောင်းနဲ့ဆွေးနွေးဖြစ်ရင်း ဆရာကြီးပြောတဲ့အထဲကမှတ်သားစရာအကြောင်းလေးတွေ ပြန်မျှဝေပေးလိုက်ပါတယ်🌈

🌟ကိုယ်ကတော့ မြန်မာပြည်ကနေ ကျောင်းနဲ့လာချင်တဲ့ကလေးတော်တော်များများက တက္ကသိုလ်၊ ကောလိပ်ဆက်တက်ဖို့ထက် တနှစ်လောက်ဂျပန်စာတက်ပြီး တိုခုတေးအလုပ်ကိုင်ပြောင်းတာမျိုး အကျိုးဆောင်ပေးတာမျိုးရှိလား တိုင်ပင်ဖြစ်ခဲ့ပါတယ်

🇯🇵တနှစ်နဲ့ကျောင်းဆင်းလက်မှတ်ပေးပြီး တိုခုတေးအလုပ်ကိုဗီဇာပြောင်းလျှောက်တဲ့အခါ ဂျပန်လဝကနဲ့တိုင်ပင်ပြီးမှ လုပ်ပေးတယ်ပြောပါတယ်၊ တချို့လဝက တာဝန်ခံတွေက အခွန်တွေဆောင်ထားပြီး၊ ကျောင်းခေါ်ချိန်လည်း မှန်၊ အချိန်ပိုင်းအလုပ်၂၈နာရီကျော်မလုပ်ထားရင်တော့ ရပါတယ်ပြောပေမယ့် တခါတလေလည်း အလုပ်ရှင်ကခန့်စာပေးပေမယ့်ဗီဇာချပေးမချပေးမသေချာဘူးပြောပါတယ်

💦ဗီယက်နမ်လူမျိုးတွေဆိုရင် အဲ့လိုအခြေနေမျိုးမှာ တိုင်းပြည်ကိုတခေါက်ပြန်ပြီး အလုပ်ဗီဇာနဲ့ချက်ချင်းပြန်လျှောက်ရင် ခွင့်ပြုပေးတော့ ချက်ချင်းပြန်လာလို့ရပေမယ့် မြန်မာကျောင်းသားကျတော့ အဲ့လို့မရလို့ စိတ်ပူရတယ်ပြောပါတယ်

🇲🇲အကောင်းဆုံးက ဂျပန်စာ ၂နှစ် သို့ တနှစ်ခွဲတန်းကို ပြီးမြောက်အောင်တက်၊ ကျောင်းလခတက်နိုင်တဲ့သူ၊ ငယ်သေးတဲ့သူတွေက မိမိဝါသနာပါရာ ကောလိပ်၊ တကွကသိုလ်ဆက်တက်တာ ရွေးသင့်သလို၊ ကျောင်းစရိတ်မတက်နိုင်သူတွေက စကောလာပေးမယ့် ကားကျောင်းလိုမျိုး၊ ခိုင်းဂေါ့ကောလိပ်လိုမျိုးဆက်တက်တာ သို့ N2အောင်၊ဘွဲ့ရထားသူတွေက work visaအလုပ်လျှောက်တာမျိုး သို့ တိုခုတေးအလုပ်အမျိုးစားတွေကို ပြောင်းတာမျိုးလုပ်သင့်တယ်အကြံပေးပါတယ်

🇯🇵ဂျပန်မှာရေရှည်နေပြီး အလုပ်လုပ်သွားချင်တဲ့သူတွေကတော့ ကျောင်းပဲဆက်တက်တက်၊ အလုပ်ပဲလုပ်လုပ် N2levelလောက်စာစကား ရအောင်သေချာကြိုးစားထားဖို့တော့ လိုတယ်ထောက်ပြတော့ ကျမလည်း ဆရာကြီးစကားကို အပြည့်ဝထောက်ခံဖြစ်ပါတယ်

🇯🇵🇲🇲လက်ရှိ အလုပ်ထဲအဆင်ပြေမှုတွေ ဖြစ်ကြတာရဲ့ အဓိကအချက်က ဂျပန်စကားအားနည်းမှုကြောင့်လို့ထင်ပါတယ်၊ နားမလည်တော့ ဘာပြောမှန်းမသိ၊ ပြန်ပြောတတ်သလိုပြောတော့ အဓိပ္ပါယ်တွေလွဲမှားပြီး ပြဿနာတွေ ဖြစ်ကြတာများမယ်ထင်ပါတယ်

🇲🇲🇯🇵ဘာဗီဇာနဲ့ပဲနေနေ ဂျပန်မှာဆက်နေမယ့်သူတွေက တနေ့ထက်တနေ့ ဂျပန်စာအရည်ချင်းတိုးတက်အောင် အစဉ်မပြတ်လေ့လာကြဖို့ တိုက်တွန်းပါတယ်

🇲🇲🇯🇵ကိုယ့်ဘက်က အရည်ချင်းမပြည့်မှီပဲ လစာအရမ်းများတဲ့အလုပ်တွေရဖို့ဆိုတာ ထင်သလောက်မလွယ်ပါဘူး၊ ကံကောင်းတဲ့သူတချို့တော့ ရကောင်းရနိုင်ပေမယ့် နည်းနိုင်ပါတယ်

🍀မနေ့ကဆွေနွေးဖြစ်တဲ့ ဂျပန်စာကျောင်းက ကိုယ်နဲ့chemistry မိသလိုခံစားပါတယ်၊ ကိုယိကကျောင်းသားယောက်ဂျပန်ရောက်ရင်ပြီးရော ဆိုတာမျိုးနဲ့ မခေါ်ပေးချင်ပါဘူး

🍀ရောက်ရင် အချိန်ပိုင်းအလုပ်ရအောင်သေချာမိတ်ဆက်ပေးမှာလား၊ စာရောသေချာတတ်မြောက်အောင်သင်ပေးမှာလား၊ ကျောင်းသားတွေအခက်ခဲရှိရင် သေချာအဆင်ပြေအောင် ဆောင်ရွက်ပေးသလား၊ ကျောင်းဆင်းတဲ့အခါရော ကလေးတွေဆန္ဒအတိုင်း အကောင်းဆုံးလမ်းကြောင်း လမ်းညွှန်ပေးနိုင်တဲ့ကျောင်းမျိုးလာဆိုတာကို သေချာလေးမေးဖြစ်ပါတယ်

🇲🇲🇯🇵ရောက်လာကြတဲ့ ကျောင်းသားတွေလည်း အချိန်မရွေးအခက်ခဲကို လာတိုင်ပင်ရင် ကိုယ်တတ်နိုင်သလောက် လမ်းမှားမလျှောက်မိဖို့ အမြဲအကြံပေးဖြစ်ပါတယ်

📣📣📣၂၀၂၇ ခုနှစ်ဧပြီတန်းအတွက် ကျောင်း၄ကျောင်းရွေးချယ်ပြီး ကိုက်ညီတဲ့ကျောင်းကို လျှောက်ထားလို့ရပါမယ်နော်

📣📣📣အသေးစိတ်ကို tag တွဲထားတဲ့ ကိုသက်ဖူးလွင်၊ ကိုစည်သူအောင်ကြိုင်တို့ကိုလည်း ဆွေးနွေးတိုင်ပင်နိုင်ပါတယ်

21/08/2026

ရုံးချိန်လွတ်၊ ကျောင်းချိန်လွတ် Basic+N5 Video +Zoom Class တန်းခွဲသစ်ကို ဒီနေ့ ည ၇နာရီက စ လေ့ကျင့်ပါမယ်..
အခြေခံကစပြီး စနစ်တကျ လေ့လာမယ်ဆို နှစ်ပတ်အတွင်း စာရင်းပေးအပ်နှံပြီး အတူ ပျော်ပျော်ပါးပါး လေ့ကျင့်ကြစို့

20/08/2026

ဒီနေ့လည်း Shizuoka ဖက်က ကျောင်းတစ်ကျောင်းနဲ့ zoom က စည်းဝေးဖြစ်တယ်..
ကျောင်းပြီးတဲ့အခါ Tokutei စတဲ့အလုပ်အကိုင် မိတ်ဆက်ပေးတာ ၊ ဘွဲ့ရတဲ့သူတွေကို ဟိုတယ်ပိုင်းစတဲ့ Work visa အလုပ်မိတ်ဆက်ပေးတာ၊ စကော်လာရတဲ့ ကားပြင် Senmon gakkou တွေ Kaigo senmongakkou တွေ မိတ်ဆက်ပေးနေတဲ့ အတော်ကို ပံ့ပိုးပေးတဲ့ကျောင်းပါ..
4 လပိုင်း တန်းခွဲလျှောက်ထားလိုသူများက Chat box ကနေ အသေးစိတ် ဆက်သွယ်စုံစမ်းနိုင်ပါပြီ

🇲🇲🇯🇵ဟိုကိုင်းဒိုး(ဆာပိုရို) ဂျပန်စာကျောင်းတနှစ်ပဲတက်ပြီး တိုခုတေးဂိနိုးအလုပ်ကို သွင်းပေးတဲ့ကျောင်း ၂၀၂၆၊၁၀လပိုင်း ကျောင်...
20/08/2026

🇲🇲🇯🇵ဟိုကိုင်းဒိုး(ဆာပိုရို) ဂျပန်စာကျောင်းတနှစ်ပဲတက်ပြီး တိုခုတေးဂိနိုးအလုပ်ကို သွင်းပေးတဲ့ကျောင်း ၂၀၂၆၊၁၀လပိုင်း ကျောင်းသားအားလုံး COE pass ပါတယ်၊おめでとうございます㊗️㊗️㊗️😇😇😇🎉🎉🎉
🇯🇵🇲🇲၂၀၂၇၊ ၄လပိုင်းအတန်းလျှောက်ချင်တဲ့ ကျောင်းသားများလည်း စုံစမ်းနိုင်ပါတယ်
🌟 အချိန်ပိုင်းအလုပ်ကိုလည်း ရောက်တဲ့လကစပြီးသွင်းပေးလို့ အလုပ်မရမှာ၊ ဝင်ငွေမရမှာလုံးဝပူဖို့မလိုပါဘူး
🌟ကျောင်းသားတွေကိုလည်း စာသေချာတတ်အောင် ဂရုစိုက်သင်ပေးတဲ့ကျောင်းတွေကိုပဲ မိတ်ဆက်ပေးပါတယ်

Address

No. 110 Yarzadirit Street 8th Block East Dagon Township
Yangon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959425705833

Website

Alerts

Be the first to know and let us send you an email when Nihon Ichi Japanese Language School 日本一日本語学校 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Nihon Ichi Japanese Language School 日本一日本語学校:

Shortcuts

Share