14/07/2024
#ညာတောကျေးရွာပညာမြေစာကြည့်တိုက်
၃လတစ်ကြိမ် စာအုပ်အများဆုံး ဖတ်ရှုသူ၁၀ဦးကို
ဆုလက်ဆောင် အဖြစ်ကော်မာဘူး တစ်ယောက်တစ်ဘူးစီပေးအပ်လိုက်ပါသည်။
အနာဂတ်အလင်းရောင် ပညာရေးဖောင်
14/07/2024
#ညာတောကျေးရွာပညာမြေစာကြည့်တိုက်
၃လတစ်ကြိမ် စာအုပ်အများဆုံး ဖတ်ရှုသူ၁၀ဦးကို
ဆုလက်ဆောင် အဖြစ်ကော်မာဘူး တစ်ယောက်တစ်ဘူးစီပေးအပ်လိုက်ပါသည်။
01/02/2024
#ညာတောကျေးရွာပညာမြေစာကြည့်တိုက်
ဇန်နဝါရီလအတွင်း ရရှိသောအလှူငွေနှင့် ကုန်ကျစရိတ်ရှင်းတမ်း လစဉ်လတိုင်း အလှူငွေများထည့်ဝင်လှူဒါန်း
ပေးတဲ့အလှူရှင် မိသားစုများအားကျေးဇူးအထူးတင်ပါသည်။
#ပညာမြေစာကြည့်တိုက်တာဝန်ခံကိုခင်မောင်ဌေး
#စာအုပ်စာပေနှင့်အလှူငွေများထည့်ဝင်လှူဒါန်းလိုပါက
ဆက်သွယ်ရန်ဖုန်းနံပါက် 09771175461//09421570210
30/01/2024
#ပညာမြေစာကြည့်တိုက်သို့
ရန်ကုန်တိုင်းဒေသကြီး၊အလုံမြို့နယ်နေ ဦးထိန်လင်းမှ
တတိယအကြိမ်မြောက် စာအုပ်များလှူဒါန်းပေးပါသည်
မကြာခဏ ပညာမြေစာကြည့်တိုက်သို့ စာအုပ်နဲ့ပစ္စည်းများ
လှူဒါန်းပေးသည့်အတွက် အထူးပင်ဝမ်းသာပီတိဖြစ်မိပါသည် စေတနာသဒ္ဓါတရားထက်သန်စွာဖြင့် မကြာခဏလှူ
ဒါန်းပေးသည့်အတွက် ကျေးဇူးအထူးတင်ပါသည်။
#ပညာမြေစာကြည့်တိုက်တာဝန်ခံကိုခင်မောင်ဌေး
#စာအုပ်စာပေနှင့်အလှူငွေများထည့်ဝင်လှူဒါန်းလိုပါက
ဆက်သွယ်ရန်ဖုန်း 09771175461//09421570210
28/01/2024
#ညာတောကျေးရွာပညာမြေစာကြည့်တိုက်
ကျောင်းပိက်ရက်မှာ ပျော်ပျော်ပါးပါး စာဖတ်နေတဲ့
အနာဂတ်မျိုးဆက်သစ်တွေ သူတို့လေးတွေအတွက်
ဒိထက်မက စာဖတ်ဓလေ့ ထွန်ကားလာအောင် စွမ်းနိုင်
သလောက်ကြိုးစားပေးပါအုံးမည်
#ပညာမြေစာကြည့်တိုက်တာဝန်ခံကိုခင်မောင်ဌေး
#စာအုပ်စာပေနှင့်အလှူငွေများထည့်ဝင်လှူဒါန်းလိုပါကဆက်သွယ်ရန်ဖုန်းနံပါက် 09771175461//
09421570210
21/01/2024
Hay Mon book မိသားစုမှ ပေးပို့လှူဒါန်းပေးပါသည်
ဟေမွန်စာပေမိသားစုအားလုံးကိုကျေးဇူးအထူးတင်ပါသည်။
#ပညာမြေစာကြည့်တိုက်တာဝန်ခံကိုခင်မောင်ဌေး
#စာအုပ်စာပေနှင့်အလှူငွေများထည့်ဝင်လှူဒါန်းလိုပါက
09771175461
09421570210
21/01/2024
#ပညာမြေစာကြည့်တိုက်သို့
ဆရာမကြီးဒေါ်သန်းမြင့်အောင်မှ ကိုယ်တိုင်ရေး
စာအုပ်များနှင့် တခြားသောစာအုပ်များပါ စုစုပေါင်း
စာအုပ်၁၅အုပ်လှူဒါန်းပေးပါသည် ဆရာမကြီး ကျန်းမာ၊ချမ်းသာပြီး ဒိထက်မက ပြည်သူလူထုအတွက်
ပရဟိတအကျိုးတွေ ဆောင်ရွက်နိုင်ပါစေခင်ဗျာ
11/01/2024
သို့ လူတစ်ယောက် တစ်လ တစ်ထောင် လှူဒါန်းသည့်အစီအစဥ်တွင် ကူညီထည့်ဝင်ပေးကြသူ တစ်ယောက်စီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်
၂၀၂၄ အတွက် Save The Library အစီအစဥ်
#စာကြည့်တိုက်တစ်တိုက်ကိုတစ်နှစ်ကိုနှစ်ကြိမ်စာအုပ်များလှူဒါန်းပေးခြင်း
#စာကြည့်တိုက်များနှင့်အလှူရှင်များအားတိုက်ရိုက်ချိတ်ဆက်ပေးခြင်း
ေတာများအတွက်လိုအပ်သောအကူအညီများပေးခြင်း
#တက်ပလက်အင်တာနက်ဒေတာများလိုအပ်သောစာကြည့်တိုက်များအားရရှိအောင်ဆောင်ရွက်ပေးခြင်း
#စာကြည့်တိုက်များအတွက်အခြေခံစာကြည့်တိုက်ပညာနှင့်နည်းပညာအကူအညီပေးခြင်း
#စာကြည့်တိုက်ဆိုင်ရာကိစ္စရပ်များအတွက်လိုအပ်သောအကူအညီတောင်းခံပါကဆွေးနွေးပေးခြင်း
စတဲ့လုပ်ငန်းများကို လုပ်ဆောင်သွားမှာဖြစ်သလို တစ်လ တစ်ထောင် ပါဝင်ပေးသောလှူဒါန်းငွေအားလုံးကိုအထက်ပါလုပ်ငန်းများအတွက်ပြန်လည်အသုံးပြုသွားမှာဖြစ်ပါတယ်။
ပူးပေါင်းလုပ်ဆောင်ချင်သူများ
Page Messenger ကနေဆက်သွယ်နိုင်သလို ဖုန်း - 09757624855 ကိုလည်းဆက်သွယ်နိုင်ပါတယ်။
05/01/2024
#ပညာမြေစာကြည့်တိုက်သို့
စာရေးဆရာ ကိုပေါက် (မန္တလေး)မှဆရာကိုယ်တိုင်ရေး
ထားတဲ့စာအုပ်နဲ့ တခြားသော စာအုပ်နှစ်အုပ်ပါ
လှူဒါန်းပေးပါသည် ကျေးဇူးအထူးတင်ပါတယ်ဆရာ
နောင်လည်း စာကောင်းပေကောင်းတွေ ရေးသားပီးအများ
ကြီးထုပ်ဝေနိုင်ပါစေဆရာ။
#ပညာမြေစာကြည့်တိုက်တာဝန်ခံကိုခင်မောင်ဌေး
09771175461
09421570210
21/11/2023
#စာဖတ်နည်း
မျက်စိဖြင့် စာကိုကြည့်၍ ဖတ်ရှုခြင်း။
နားဖြင့် အသံများ နားထောင်၍ ဖတ်ရှုခြင်း။
ခြေဖြင့် ခရီးသွား လေ့လာ၍ မှတ်ရှုခြင်း ဟု သုံးမျိုးရှိပါသည်။
၁။ စာအုပ်နောက်မှ ဖတ်သူ = စာအုပ်ထဲပါတဲ့အတိုင်းသာ ရိုးရိုးလေးပဲ ဖတ်သွားတယ်။
၂။ စာအုပ်နှင့် တန်းတူဖတ်သူ = စာအုပ်ထဲမှ အကြောင်းအရာကိုတော့ ပြန်လည် တွေးတောတယ်။
၃။ စာအုပ်ရှေ့မှ ဖတ်သူ = စာအုပ်ခေါင်းစဉ် မာတိကာ စသည်ကိုကြည့်ကာ ဘယ်လိုအကြောင်းအရာ ဖြစ်နိုင်တယ်၊
ဘာတွေပါလာနိုင်တယ်ဆိုတာ ခန့်မှန်းကာ နှိုင်းယှဉ်ဖတ်ရှုခြင်း ဟု သုံးမျိုးရှိသည့်အထဲမှ နံပါတ်သုံး လူသည်သာလျင်
တိုးတက်မှုမြန်သလို အကောင်းဆုံး စာဖတ်နည်း ဖြစ်ပါတယ်။
အမေရိကန် ၁၆ ဆက်မြောက် လင်ကွန်း၏ စာဖတ်နည်း
၁။စာကို ရတဲ့အချိန် ရောက်တဲ့နေရာမှာ ဖတ်ရှုခြင်း။
၂။ ကြာကြာမှတ်မိစေဖို့ အနှစ်ချုပ်မှတ်စုရေးခြင်း၊တခြားသူ
တွေကို ပြောပြခြင်း။
၃။ ကိုယ့်လုပ်ငန်း ကိုယ့်လိုအပ်ချက်စာတွေကိုသာ အဓိက
အားစိုက်၍ ဖတ်ရှုခြင်းပဲ ဖြစ်ပါတယ်။
(အတန်းပညာနည်းပေမယ့် စာဖတ်အား ကောင်းသော
ကြောင့် သမ္မတ ဖြစ်သွားပါတယ်)။
21.11.2023
အတွေးထဲ ပေါ်လာတာလေး ပြန်လည်မျှဝေလိုက်ပါတယ်
crd
12/11/2023
ပရဟိတလို့ မိမိကိုယ်မိမိခံယူထားရင်
အလွတ်ကျက်ထားပါ။
ငြီး မပြနဲ့...
မင်းတို့ကို ဘယ်သူကမှ မလုပ်ခိုင်းဘူး။
ငို မပြနဲ့...
မင်းတို့ကို ဘယ်သူကမှရိုက်ပြီးမခိုင်းဘူး။
ကြွေ မပြနဲ့...
မင်းတို့က သူများအပူကိုငြိမ်းပေးရမှာ။
ဇာတ်လမ်းတွေ ဆင်မပြနဲ့...
ဒါ ရုပ်ရှင်
ရိုက်နေတာမဟုတ်ဘူး။
လက်ဖြန့်မတောင်းနဲ့...
မင်းတို့က ယူရမယ့်သူတွေမဟုတ်ဘူး။
ပေးရမယ့်သူတွေကွ!
မင်းတို့ဘဲ "ပရဟိတ" လုပ်ချင်လှပါရဲ့ဆိုပြီး
မင်းတို့လုပ်ကြတာဘဲ။
ကိုယ့်ကိုကိုယ် သိပ်သနားပြနေရင် ပရဟိတ
မလုပ်ဘဲ ဒုက္ခသည်ဘဝပြောင်းကြည့်ပါလားကွ!
ငါတို့ လာကူပါ့မယ်... ဟုတ်ပြီလား။
ပရဟိတသစ္စာဆိုနိုင်ကြပါစေ...
#ကျော်သူ
Credit:
10/11/2023
"စာဖတ်သူ နှင့် စာမဖတ်သူ"
==================
စာပေဗဟုသုတရှိသူသည် စာပေဗဟုသုတမရှိသူထက် အမြဲတမ်း ခေါင်းတစ်လုံးမြင့်နေတယ်။...
အနောက်တိုင်းသားများက အရှေ့တိုင်းသားများထက် နေရာတိုင်းတွင် သာနေခြင်းမှာ စာဖတ်ခြင်းကြောင့်ပင်ဖြစ်သည်။...
အင်္ဂလန်၌ ရပ်ကွက်တစ်ခုဖော်တိုင်း မဖြစ်မနေပါရသောအရာမှာ "စာကြည်တိုက်"ပင်ဖြစ်သည်။...
ရပ်ကွက်စာကြည်တိုက်ပင်ဖြစ်သော်လည်း ထိုစာကြည်တိုက်တွင် ကမ္ဘာ့ဂန္ထဝင်စာအုပ်အားလုံး ရှိနေရသည်။...
ထိုစာပေဗဟုသုတအားကြောင့်လည်း ကျွန်းနိုင်ငံလေး တစ်ခုသာဖြစ်သော အင်္ဂလန်သည် တစ်ကမ္ဘာလုံးနီးပါးကို အုပ်ချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။..
(မေတ္တာရှင်...ရွှေပြည်သာ)...
စာဖတ်ခြင်းက သင့်ကို ဘယ်လိုထူးခြားတဲ့စွမ်းအင်တွေ ပေးနိုင်တယ်လို့ထင်ပါသလဲ
စာဖတ်ခြင်းက ဗဟုသုတတိုးပွားဖို့အတွက်ပဲလို့ ထင်နေကြပါတယ်။ တကယ်တော့ စာဖတ်ခြင်းကနေ ဗဟုသုတ တိုးပွားရုံသာမက သင်မသိသေးတဲ့ အခြားကောင်းမွန်တဲ့ရလဒ်တွေ အများကြီး ရှိပါသေးတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ စာအုပ်
လေးတွေ ဖတ်ပေးပါ။
၁. ဦးနှောက်ကို ပိုမိုလှုံ့ဆော်ပေးနိုင်
တယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့ဦးနှောက်ကို အ
လုပ်လုပ်စေပါတယ်။ ဦးနှောက်ဟာ ခန္ဓာကိုယ်ရဲ့ တခြားကြွက်သားတွေလိုပဲ သင့်
လေ့ကျင့်ခန်းလုပ်လေ သင်ရဲ့ကြွက်သား
တွေ ကြီးထွားလာလေ ဖြစ်ပါတယ်။
၂. စာဖတ်ခြင်းက အာရုံစူးစိုက်မှုအား
ကောင်းစေပါတယ်။
ဘ၀မှာ တစ်ခုခုကို အောင်မြင်ချင်တယ်ဆိုရင် အာရုံစူးစိုက်မှုရှိနေဖို့က အရမ်းအရေးကြီးပါတယ်။
သင်ဟာ စာအုပ်တစ်အုပ်ကိုဖတ်နေတဲ့အခါမှာ
စာရွက်ပေါ်က စာလုံးတွေတိုင်းအပေါ်ကို
အာရုံစူးစိုက်ထားပြီး ဇာတ်လမ်းထဲမှာ
မျောပါနေပါတယ်။
စာဖတ်ခြင်းဟာ သင့်ရဲ့ အာရုံစူးစိုက်မူအကျင့်ကို
အလွယ်တကူ ပြုစုပျိုးထောင်ပေးနိုင်ပါတယ်။
၃. ဗဟုသုတများစွာ ကြွယ်ဝစေတယ်။
စာအုပ်ဖတ်ခြင်းဟာ ဗဟုသုတကြွယ်ဝစေပြီး
အတွေးအခေါ် မြင့်တက်လာစေနိုင်ပါတယ်။
စာအုပ်လေး ဘယ်လောက်ပါးပါစေ
သင် တစ်ချိန်ချိန်မှာ ပြန်လည် အသုံးပြုရမယ့်
အသိပညာတွေပါ၀င်ပြီး သင် စာများများ ဖတ်နိုင်လေ သင့်အတွက် ပိုအကျိုးများလေ ဖြစ်ပါတယ်။
၄. စိတ်ဖိစီးမှုလျော့ကျစေတယ်။
စာအုပ်ကောင်းကောင်း၊ ၀တ္ထုကောင်း
ကောင်းတစ်အုပ်ဟာ သင့်ကို တခြားကမ္ဘာတစ်ခုဆီ ဆွဲခေါ်သွားနိုင်ပြီး သင့်လက်ရှိဘ၀ရဲ့ စိတ်ဖိစီးမှုတွေကို ကုသဖို့အတွက် အကောင်းဆုံး နည်းလမ်း တစ်ခုဖြစ်ပါတယ်။
၅. စာဖတ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်စေနိုင်ပါတယ်။
စာအုပ်တစ်အုပ်ကိုင်လိုက်တာနဲ့ အိပ်ပျော်သွားတဲ့သူတွေ များစွာ ရှိတတ်ပါတယ်။ စာဖတ်တဲ့ အလေ့အကျင့်မရှိသေးကြလို့ ဖြစ်ပါတယ်။
ဒါပေမယ့် သင်ဟာ အိပ်ယာမ၀င်ခင် စာအုပ်ကို
နည်းနည်းပဲဖြစ်ဖြစ်
ဖတ်တတ်တဲ့အကျင့်ရှိမယ်ဆိုရင် သင့်အိပ်စက်ချိန်မှာ ပိုပြီး နှစ်နှစ်ခြိုက်ခြိုက်
အိပ်ပျော်နိုင်မှာ ဖြစ်ပါတယ်။
၆. လူတွေကို ပိုပြီး နားလည်ပေးနိုင်လာ
မယ်။
တခြားလူတွေရဲ့အတွေ့အကြုံတွေ၊ အ
ခက်အခဲတွေကို ဖတ်ရှုခြင်းဟာ ဘ၀မှာ တခြားလူတွေရဲ့ အခက်အခဲတွေကို ပိုမိုသိလာပြီး လူတွေကို ပိုမိုနားလည်တတ်လာပါတယ်။ လူတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဝေဖန်ဖို့က လွယ်ပါတယ်။ သို့ပေမယ့် သင်ဟာ စာအုပ်တွေထဲကနေ လူအများရဲ့ အတွေ့အကြုံမျိုးစုံကို ဖတ်ထားမယ်ဆိုရင် လူအမျိုးမျိုးကို ပိုပြီး နားလည်ပေးတတ်နိုင်လာပါတယ်
မည်သည့်ကျောင်းဆရာမှ တပည့်များအား
တစ်သက်လုံး သုံးမကုန်နိုင်လောက်သော
ပညာသုတကို ပေးလိုက်နိုင်သည်မဟုတ်။
ကျောင်းသား၏ နှလုံးသားကို ပညာမွတ်သိပ်လာအောင် လုပ်နိုင်သူပင်လျှင် အတော်ဆုံးဆရာဖြစ်သည်ဟု ဆာရစ်ချယ်လစ်ဗင်းစတုန်း ဆိုသော
ပုဂ္ဂိုလ်ကြီးကပညာရေးသြဝါဒစကား ဆိုခဲ့ဖူးပါသည်။
ထိုနောက်တစ်ဖန်
လူငယ်တို့၏ဘဝကို ပညာနှင့် ကိုယ်ကျင့်တရားကောင်းမွန်စေရန် စိတ်အားထက်သန်လေ့ရှိသော
ဆရာကြီးဦးအောင်သင်း၏ အမှာစကားက
ဘယ်သူတွေ ဘာပြောနေနေ
မင်းကိုမင်းချစ်ရင်
ပညာသင်ပါ၊စာဖတ်ပါ
မိဘကိုချစ်ရင် ပညာသင်ပါ၊စာဖတ်ပါ
တိုင်းပြည်နဲ့လူမျိုးကိုချစ်ရင်
ပညာသင်ပါ ၊ စာဖတ်ပါ ။
ပညာဆိုတာဘာလဲ။
မေးရင် မသိဘူး။ မမေးရင် သိတယ်။
ပညာသင်တယ်ဆိုတာ အတွေးအကြံနဲ့
အတွေ့အကြုံကို လက်ဆင့်ကမ်းခြင်းဖြစ်ပါတယ်။
ဘာကြောင့် စာဖတ်သင့်တာလဲ။
စာအုပ်ဆိုတာ ဝင့်ခွင့်ဖြေစရာမလိုတဲ့
တက္ကသိုလ် သို့မဟုတ် ကျောင်းတော်ကြီးဖြစ်နေလို့ပါဘဲ။
ဒါပေမယ့် ကျောင်းဆရာမရှိဘူး။ ဝင်ကြေးမပေးရဘူး။
ထိ့ုနောက်တစ်ဖန်
လူမျိုးတစ်မျိုး၏ အခြေအနေ အဆင့်အတန်း
အနိမ့်အမြင့်ကို သိလိုပါလျှင်
ထိုလူမျိုးတို့ လေ့လာလိုက်စားသော
စာပေ၊ အနုပညာ၊ ဂီတတို့ကို ကြည့်မှ
သိနိုင်မည် ဟု မြဝတီမင်းကြီး ဦးစက မှတ်တမ်း
ပြုခဲ့တာကို ကြည့်မည်ဆိုလျှင်လည်း
စာအုပ် စာပေသည်ပင်လျှင် လူ့တန်ဖိုး
လူ့အဆင့်အတန်းကို ဖော်ပြနေပေသည်။
တကယ်တော့ စာဖတ်ခြင်းသည်
သစ်ပင်စိုက်ပျိုးခြင်းနှင့် တူ၏။
တဖြည်းဖြည်းချင်း လူသားဘဝကို ကောင်းကျိုးပေး
သောသဘောရှိ၏။
အချိန်ကြာလေ အကျိုးရှိလေဖြစ်၏။
စာအုပ်စာပေ လူ့မိတ်ဆွေ၊
အလိမ္မာ စာမှာရှိ၊
စာပေစကား နေ့တိုင်းကြားက ထူးခြားလိမ္မာရှိသည်သာ။
စတဲ့ ဆောင်ပုဒ်များသည် စာအုပ်စာပေကို
ဖတ်စေချင် မြတ်နိုးစေချင်သော
စာရေးဆရာကြီး ပညာရှိကြီးတို့၏
စေတနာ အမှာစကားများပင် ဖြစ်တော့သည်။
စာ ဘာကြောင့် သင်ရတာလဲ?
တကယ်တော့ စာသင်တာ စိတ်တတ်ဖို့ပါ
စာသာတတ်ပြီး စာမဖတ်ရင် စိတ်မတတ်တော့ပါ
စိတ်မတတ်ရင် ပညာတတ် လူပေါကြီးတွေဖြစ်သွားတတ်ပါတယ်။
မရှိတာလည်း ရှိအောင်လုပ်ရင် ရှိနိုင်ပါတယ်
မသိတာလည်း သိအောင်လုပ်ရင် သိနိုင်ပါတယ်
မလုပ်တာကတော့ ဘာမှမဖြစ်နိုင်တော့တာမို့
အခက်အခဲဆုံးလို့ ပြောပါတယ်။
ဒီလိုဆိုရင် စာဖတ်ပြီး သိသွားနိုင်ပါတယ်။
အသိနဲ့ အလုပ်လုပ်မည်ဆိုပါက သေချာပေါက်
ရှိလာမှာပါ။
ဘဝမှာ ကိုယ်ဘာသိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာရှိချင်သလဲ စာဖတ်ပါ။
ဘဝမှာ ကိုယ်ဘာလုပ်ချင်သလဲ စာဖတ်ပါ။
စာဖတ်ခြင်းဟာ မင်းကို ဗဟုသုတနဲ့ပြည်ဝတဲ့သူတစ်ယောက်ဖြစ်စေတယ်။
ဥာဏ်ကောင်းသူတစ်ယောက်ပေါ့။
မင်းဥာဏ်ကောင်းချင်ရင် စာများများဖတ်ပါ။
စာရေးခြင်းဟာ မင်းကို တိကျသေချာတဲ့သူတစ်ယောက် ဖြစ်စေပါတယ်။
နှုတ်တစ်ရာ စာတစ်လုံးဆိုတဲ့
စကားပုံကို မင်းကြားဖူးမှာပါ။
တွေးတော့ကြံဆခြင်းကတော့ မင်းကိုပြီးပြည့်စုံတဲ့
သူတစ်ယောက်ဖြစ်စေပါတယ်။ လိုလျှင်ကြံဆ နည်းလမ်းရဆိုသလိုပေါ့။
တွေးတတ်ဖိုဆိုတာကလည်း မင်း စာများများ
ဖတ်မှ တွေးတတ်မယ်ဆိုတာ မင်းငြင်းချင်သေးလား။
နောက်ဆုံးပြောချင်တာကတော့
မိမိကိုယ်ကိုယ်ချစ်ရင် ကောင်းကောင်းစာဖတ်ပါ။
မင်းကိုယ်မင်း မချစ်ရင်တော့ စာမဖတ်ဘဲ နေချင်သလိုသာ နေလိုက်တော့။
စာမဖတ်ခြင်းက မင်းဘဝကို နိမ့်ကျစေမှာဖြစ်ပြီး
စာဖတ်ခြင်းကတော့ မင်းဘဝကိုတောက်ပစေမှာဖြစ်ပါတယ်
Credit
ပြန်လည်မျှဝေပါသည် ။
| Monday | 09:00 - 17:00 |