IMO Team Myanmar

IMO Team Myanmar

Share

We aim to create a friendly space for students and math enthusiasts to connect, collaborate, and celebrate their passion for math together.

31/01/2026

IMO Myanmar အသင်းမှ Cambridge University သို့ ဝင်ခွင့်ရခြင်း

ကမ္ဘာ့အဆင့် (၂) တက္ကသိုလ်ဖြစ်တဲ့ Cambridge University, Churchill College မှာ Bachelor in Mathematics ကို ဝင်ခွင့်ရရှိသွားတဲ့ Swan Htet Nay Khaing ကို ဂုဏ်ပြုပါတယ်။ Swan Htet Nay Khaing က IMO 2025 ပြိုင်ပွဲမှာ မြန်မာကိုယ်စားပြု ဖြစ်ခဲ့ပြီး၊ IMO Team Myanmar Page အဖွဲ့ဝင် တစ်ဦးလည်း ဖြစ်ပါတယ်။

Cambridge University ကို မြန်မာကျောင်းသားတစ်ယောက် အနေနဲ့ အခုလို ဝင်ခွင့်ရရှိဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ ကျောင်းစာမေးပွဲရမှတ်တွေ ထိပ်တန်းဖြစ်ရုံနဲ့မရသလို၊ ကျောင်းပြင်ပ Supercurricular, Extracurricular တွေ ရှိရုံနဲ့လည်း မရသေးပါဘူး။ Admission မရခင် Placement Test ပေါင်းစုံ၊ မေးခွန်းကို လက်တန်းတွက်ပြပြီး ကိုယ့်တွက်နည်းကို ပြန်ရှင်းပြရတဲ့ Interview Stage တွေကို ကျော်ဖြတ်ပြီးမှ ဝင်ခွင့်ရတယ်၊ မရဘူး ဆုံးဖြတ်တာပါ။ ဒီလို စာမေးပွဲတွေ၊ Interview တွေမှာ IMO ပြိုင်ပွဲက ရခဲ့တဲ့ အတွေ့အကြုံတွေက တော်တော် အထောက်အကူ ပြုသွားတယ်လို့ ယုံကြည်ပါတယ်။

Swan Htet Nay Khaing ရဲ့ အောင်မြင်မှုကို ကျွန်မတို့ IMO Team Myanmar က အထူးဂုဏ်ပြုပါတယ်။ Swan Htet Nay Khaing ရဲ့ ပညာရေး ခရီးတစ်လျှောက်လည်း အောင်မြင်မှုတွေနဲ့ ပြည့်စုံနေပါဆို့လည်း ဆုမွန်ကောင်း တောင်းလိုက်ရပါတယ်။

Content Writer - Phuu Pwint Thura

Photos from IMO Team Myanmar's post 02/12/2025

MSM မှကျင်းပသော 2025-2026 MOMC Round 1 ရဲ့ Senior II, Senior I, Junior II, Junior I results တွေကိုတင်ပေးလိုက်ပါတယ်။

2024-2025 MOMC Round 2 Finalists များနှင့် T&H မှကျင်းပသော MMO Gold Medalists များသည် MOTC နှင့် MSM မှတာဝန်ယူကျင်းပသော European Mathematical Cup (EMC) ကိုလည်း ဖြေဆိုနိုင်ပါသည်။ For further details, please check out the MSM group.

QSMT Camp မှာတက်ခဲ့သော Senior ကျောင်းသားကျောင်းသူများ ဒီ Round I ကိုကျော်လွှားနိုင်ခဲ့တာကို IMO 2025 Team မှအင်မတန်ဝမ်းသာပြီး၊ ကျန်တဲ့ကျောင်သားကျောင်းသူများကိုလဲ Congratuations and good luck for Round-2!

Photos from IMO Team Myanmar's post 30/10/2025

2025 MOMC Senior I Round I Solutions

October 25, 2025 မှာကျင်းပခဲ့တည့် MOMC Senior I ရဲ့ solutions တွေကို 2025 IMO Team Member, Swan Htet Nay Khaing မှရေးသားပြီးတင်ပေးလိုက်ပါတယ်။
အကုန်လုံး ဖြေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ Good Luck!

PDF Link: https://drive.google.com/file/d/1QG4CDfVqtr_XjNYfUerEsFR3QL29z0uJ/view?usp=sharing

Photos from Bridge International's post 04/10/2025

🚨🚨Thailand မှာရှိနေသောကျောင်းသားများအတွက် အထူးအခွင့်အရေးဖြစ်ပါတယ်။

IMO အတွက် first step ဖြစ်တဲ့ MOMC ပြိုင်ပွဲကို ပထမဆုံး International Test Centre အနေနဲ့ Bridge International မှာဖြေဆိုခွင့်ရှိသွားမည်ဖြစ်ပါတယ်။

Don’t miss this grand opportunity👀

Photos from IMO Team Myanmar's post 03/10/2025

𝙌𝙎𝙈𝙏 𝙍𝙀𝙎𝙐𝙇𝙏𝙎 𝘼𝙍𝙀 𝙊𝙐𝙏 ‼️

ကျွန်တော်တို့ IMO Team Myanmar အဖွဲ့က academic year 2025-2026 မှာကျင်းပခဲ့တဲ့ ဒုတိယမြောက် Quadrischool Mathematics Tournament ကြီး 26.09.2025 မှာ အောင်မြင်စွာပြီးဆုံးသွားခဲ့ပြီ ဖြစ်ပြီး ကျောင်းတစ်ကျောင်းဆီမှ ~winners~ တွေထွက်ပေါ်လာပြီ ဖြစ်ပါတယ်။ 👀

QSMT ကို ထူးချွန်စွာ ‌‌ဖြေဆိုလာခဲ့ကြတဲ့ winners တွေကတော့ Myanmar Open Mathematics Competition (MOMC) အတွက် fee-waiver လက်ခံရရှိမှာ ဖြစ်ပါတယ် ခင်ဗျ။ Congratulations to the winners! 🎉

အခုလက်ရှိမှာတော့ QSMT မှာပါ၀င်တဲ့ ကျောင်းသား ကျောင်းသူအားလုံး က Pre-Tournament stage၊ စာမေးပွဲ မဖြေခင် 20.9.2025 မှ 25.9.2025 ထိပြုလုပ်ပေးတဲ့ mini-camp နှင့်တကွ the tournament စာမေးပွဲကြီးကို ထူးထူးချွန်ချွန် ပြီးဆုံးသွားခဲ့ကြပါပြီ။ ✅ ကျွန်တော်တို့ဘက်ကလည်း ပြိုင်ပွဲ၀င်တွေက commitment အပြည့်နဲ့ ကြိုးစားအားထုတ်တာကို တွေ့ရတဲ့အတွက် အရမ်းအားတက်ရပါတယ်။ 💪💪

Next step 👉 နောက်တစ်ဆင့်အနေနဲ့ ပြိုင်ပွဲ၀င် အားလုံးက Post-Tournament stage မှာပြုလုပ်ပေးမယ့် Main camp ကို unlock လိုက်နိုင်ပါပြီ ဖြစ်ပါတယ်။ 🔐👀

QSMT 2025-2026 ဖြစ်ပေါ်လာအောင် အစစအရာရာ ငွေအား၊ လူအား၊ နေရာအား အကူအညီပေးခဲ့တဲ့
✨ Sayar Chit Academy
✨ Ascend International School
✨ IIP International School
✨ Hinthar International School
အစရှိတဲ့ ကျောင်းလေးကျောင်းနဲ့ သက်ဆိုင်ရာတာ၀န်ရှိသူတွေနှင့်အတူ ထိုကျောင်းလေးကျောင်းမှ ပြိုင်ပွဲ၀င် ကျောင်းသား၊ ကျောင်းသူတွေကို ကျေးဇူးတင်စကားပြောရင်း Tournament တုန်းက photos တွေကို အမှတ်တရ ပြန်လည်မျှဝေပေးလိုက်ပါတယ် ခင်ဗျ။ 📸

Content Writer ✍️ - Hsu Wutt Yee Lin
Graphics Designer 🎨 - Nyan Phone Win

Photos from IMO Team Myanmar's post 19/09/2025

🚨🚨Reminder: The training camp starts tomorrow!

Registration လုပ်တာနဲ့ training camp ကို automatically invite မှာမလို့ camp မလွတ်အောင် register လုပ်ကြသင့်ပါတယ်ဗျ

➡️QSMT register လုပ်တဲ့အချိန်ကျရင် “MOMC exam slip” section မှာ “T&H Maths Centre” မှာ online နဲ့ register လုပ်ခဲ့သောကျောင်းသားများ online payment screenshot ထည့်ရင်လဲရပါတယ်။

🔔Exam Date: Friday, 26th September, 2025

Photos from IMO Team Myanmar's post 12/09/2025

𝐐𝐮𝐚𝐝𝐫𝐢𝐬𝐜𝐡𝐨𝐨𝐥 𝐌𝐚𝐭𝐡𝐞𝐦𝐚𝐭𝐢𝐜𝐬 𝐓𝐨𝐮𝐫𝐧𝐚𝐦𝐞𝐧𝐭 𝐢𝐬 𝐛𝐚𝐜𝐤!🎉🎉

QSMT ဆိုတာ မနှစ်က IMO Team Myanmar က စတင်ခဲ့တဲ့ ပြိုင်ပွဲတစ်ခုပါ။ နာမည်အရ စာသင်ကျောင်းပေါင်း (၄) ကျောင်းနဲ့ ဆက်သွယ်ပြီး ဒီ(၄)ကျောင်းက ကျောင်းသားတွေကို IMO အတွက် Olympiad Question တွေ အရင်ဆုံး Training လုပ်၊ ပြီးတော့ ပြိုင်ပွဲ ဖြေခိုင်းပြီး တစ်ကျောင်းချင်းဆီက အမှတ်မြင့်သူတွေကို MOMC မှာ Scholarship အနေနဲ့ စရိတ်ငြိမ်း ပြိုင်စေခဲ့တာပါ။ ဒါကြောင့် 2027 IMO မှာ ပါဝင်ကြဖို့ QSMT ပြန်လာပါပြီ။

𝑸𝑺𝑴𝑻 ရဲ့ ရည်ရွယ်ချက်🙋

မြန်မာကျောင်းသားတွေကို Olympiad သင်္ချာနဲ့ မိတ်ဆက်ပေးဖို့ ရည်ရွယ်ပါတယ်။ ပြီးတော့ Myanmar Open Mathematics Competition (MOMC) မှာ ပါဝင်ကြဖို့ အတွက် တစ်ကျောင်းချင်းရဲ့ အတော်ဆုံး ကျောင်းသား နှစ်ဦးဆီကို စာမေးပွဲ စရိတ် ထောက်ပံ့ပေးမှာပါ။ ✨✨

ဒါပေမယ့် စရိတ်ထောက်ပံ့တာ မရဘူးဆိုရင်တောင် လှည့်မပြန်ပါနဲ့ဦး။ QSMT က လာ register တဲ့ ကျောင်းသားတိုင်းကို MOMC မှာ ကိုယ့်ကိုကိုယ် ယုံကြည်ချက် အပြည့်နဲ့ ဖြေနိုင်ဖို့အတွက် Training Camp အခမဲ့ သင်ပေးမှာ ဖြစ်လို့ပါ။🙌

𝐐𝐒𝐌𝐓 𝐫𝐞𝐪𝐮𝐢𝐫𝐞𝐦𝐞𝐧𝐭𝐬✅

Partner Schoolတွေဖြစ်တဲ့

✔️𝑰𝑰𝑷 𝑰𝒏𝒕𝒆𝒓𝒏𝒂𝒕𝒊𝒐𝒏𝒂𝒍 𝑺𝒄𝒉𝒐𝒐𝒍

✔️𝑺𝒂𝒚𝒂𝒓 𝑪𝒉𝒊𝒕 𝑨𝒄𝒂𝒅𝒆𝒎𝒚

✔️𝑯𝒊𝒏𝒕𝒉𝒂𝒓 𝑰𝒏𝒕𝒆𝒓𝒏𝒂𝒕𝒊𝒐𝒏𝒂𝒍 𝑺𝒄𝒉𝒐𝒐𝒍

✔️𝑨𝒔𝒄𝒆𝒏𝒅 𝑰𝒏𝒕𝒆𝒓𝒏𝒂𝒕𝒊𝒐𝒏𝒂𝒍 𝑺𝒄𝒉𝒐𝒐𝒍

မှာတက်ရောက်နေတဲ့ ကျောင်းသားဖြစ်ကြောင်း သက်သေပြရပါမယ်။ ကျောင်းသားကဒ်တို့၊ ထောက်ခံစာတို့ တင်ပြလို့ရပါတယ်။

July 1, 2007 နောက်ပိုင်း မွေးသူဖြစ်ရပါမယ်။ IMO ပြိုင်ပွဲက အသက်အကန့်အသတ်ရှိလို့ လူရွေးထဲက အသက်လွန်နေလို့ မရလို့ပါ။

MOMC Senior I or Senior II ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ စာရင်းသွင်းထားရပါမယ်။ (Junior I or Junior II ဖြေဆိုမည့်ကျောင်းသားများမရပါ❌)

MOMC registration process အပိုင်းအတွက်မေးခွန်းရိုတဲ့သူများ step-by-step registration guide ကိုဝင်ကြည့်လို့ရပါတယ်
docs.google.com/document/d/1XrU0L0FS0Mb4432qnXWypqlYVugHE7fF_Zbm43W8dTc/edit?usp=sharing

𝐑𝐞𝐠𝐢𝐬𝐭𝐫𝐚𝐭𝐢𝐨𝐧 𝐃𝐞𝐚𝐝𝐥𝐢𝐧𝐞⭐

QSMT ကို register လုပ်မဲ့ကျောင်းသားတွေ QR Code ကို scan ပြီး သို့မဟုတ် google form link ကနေလုပ်လို့ရပါတယ်
QSMT Registration Link: https://forms.gle/6Dgiow1YRN97Ddw98

September 24, 2025 (24. 9. 2025) မှာ Form ပိတ်ပါမယ်။

🚨ဒါပေမယ့် Mini Training Camp လေးက September 20,2025 မှာ စမှာဖြစ်လို့ ဒီcamp လေးအမှီ Register ဖို့ recommend ပါတယ်။

𝐓𝐞𝐬𝐭 𝐅𝐨𝐫𝐦𝐚𝐭

ဒီ test ရဲ့ format ကတော့ American Invitational Mathematics Examination (AIME) မှာ မေးတဲ့ question format ပဲဖြစ်ပါတယ်။ မေးခွန်းပေါင်း 8 ခု ဖြေဆိုရမှာဖြစ်ပြီး IMO မှာ မေးတဲ့ Algebra, Combinatorics, Geometry, Number Theory ဖြစ်ကြတဲ့ maths field တစ်ခုဆီထဲက မေးခွန်း 2ပုဒ်ဆီ ဖြေဆိုသွားကြရမှာပါ။ မေးခွန်းတွေရဲ့ syllabus ကတော့ IGCSE ရဲ့ mathematics သင်ရိုးထက် အနည်းငယ်သာပိုခက်တဲ့ မေးခွန်းတွေဖြစ်လို့ သိပ်မစိုးရိမ်ကြပါနဲ့နော် ✊
Sample Questions တွေကိုလဲ တင်ပေးထားပါတယ်။ ကျွန်တော်တို့ကို solutions လာတောင်းလို့လည်း ရပါတယ်။

𝐖𝐡𝐲 𝐲𝐨𝐮 𝐬𝐡𝐨𝐮𝐥𝐝 𝐫𝐞𝐠𝐢𝐬𝐭𝐞𝐫:

👉Training Camp နှစ်ခုတောင်ရှိပါမယ်။ ပြိုင်ပွဲနေ့မတိုင်ခင်မှာ တစ်ခု၊ ပြိုင်ပွဲပြီးနောက်တစ်ခု နှစ်ခါ ခွဲလုပ်သွားမှာပါ။

👉ပထမ Training Camp ကတော့ Olympiad Maths နဲ့မရင်းနှီးတဲ့ လူသစ်တွေကော၊ အတွေ့အကြုံရှိပြီးသား ကျောင်းသားတွေအတွက်ကော Maths Concepts လေးတွေ Review လုပ်သွားမယ့် Training ပါ။

👉ဒုတိယ Camp ကတော့ MOMC အတွက် Intensive သင်ကြားသွားမှာပါ။

သင်ပြသွားမယ့် Trainer တွေကလည်း IMO ပြိုင်ပွဲတွေမှာ မြန်မာကိုယ်စားပြု ပါဝင်ခဲ့တဲ့ ပြိုင်ပွဲဝင်တွေ ကိုယ်တိုင်ပါ။ ဒါ့ကြောင့် Maths သာမက၊ ပြိုင်ပွဲ အတွေ့အကြုံတွေပါ သိမှာနော်။

နောက်ဆုံးအချက်ကတော့ သင်္ချာစိတ်ဝင်စားသူအချင်းချင်း မိတ်ဖွဲ့ပြီး အသိုင်းအဝန်းလေး ရဖို့ ရည်ရွယ်ပါတယ်။ IMO အထိ ဒီသူငယ်ချင်းတွေနဲ့ပဲ အတူတူ ယှဉ်ပြိုင်သွားကြရမှာ ဆိုတော့ ကြိုတင် မိတ်ဖွဲ့ထားရင် ပိုတောင် ပျော်ဖို့ကောင်းမယ် ထင်ပါတယ်။

Content Writer- Phuu Pwint Thura
Graphics Designer - Nyan Phone Win

Photos from Euclidiad's post 10/09/2025

🙋‍♂️ ကျောင်းသားတွေ အမေးများဆုံးမေးခွန်းကတော့ "MOMC အတွက် ဘယ်လိုပြင်ဆင်ရမှာလဲ" ❓ ထို့ကြောင့် IMO Team Myanmar က ကျောင်းသားကျောင်းသူတွေအတွက် ပြည့်စုံသော handoutကို ပြုစုထားပါသည်!
မနှစ်က MOMC စာမေးပွဲများကို ဖြေဆိုခဲ့ရသည့် IMO 2025 candidates တွေကိုယ်တိုင် အရင်းအမြစ်များရှာဖွေခြင်းဆိုင်ရာ စိန်ခေါ်မှုများနှင့် သင့်လျော်သောစာအုပ်တစ်အုပ်ကို မတွေ့ရခြင်းအတွက် စိတ်ပျက်ခဲ့ရခြင်းများကို ဖြတ်သန်းခဲ့ကြသော IMO 2025 Team Myanmarမှ နောင်လာမည့် MOMC-ers များအတွက် ဤပြဿနာမရှိတော့အောင် ရေးသားခဲ့ပါတယ်။

“MOMC: Guide to the IMO” Post လည်းမကြာမီလာမည်ဖြစ်သောကြောင့် စောင့်မျှော်ပေးကြပါရန်…👀

[English Version]

🙋‍♂️The most often asked question by students is, “How do you prepare for MOMC”❓
So we’ve compiled a complete handout for you!
This handout is written by the IMO 2025 candidates who had to take the MOMC exams last year who had gone through the challenges of finding resources, and the frustration of not finding any suitable book, and thus we took it upon ourselves to solve this problem for future MOMC-ers!✅

We’ve also got a “MOMC: Guide to the IMO” post coming soon so please look forward to that…👀

Photos from IMO Team Myanmar's post 13/08/2025

2025 IMO Problem 1 and Problem 4 solutions by Contestant Number 2, Ma Hsu Wutt Yee Lin

🏆 2025 ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ IMO သမိုင်းမှာ အမြင့်ဆုံးအမှတ် နဲ့၊ Honourable Mention ဆု အများဆုံး ရရှိထားသူ ဖြစ်ပါတယ်။ သုံးနှစ်ဆက်တိုက် Honourable Mention ဆုကို ရရှိခဲ့ပြီး IMO မေးခွန်း ၆ ပုဒ်မှာ ၂ ပုဒ်မှန်အောင် ပထမဆုံးဖြေဆိုခဲ့တဲ့ ပြိုင်ပွဲဝင်ပဲဖြစ်ပါတယ်။

✏️ P1 နဲ့ P4 ပုစ္ဆာနှစ်ခုလုံးမှန်အောင် ဖြေဆိုခဲ့တဲ့ မဆုဝတ်ရည်လင်း စာမေးပွဲမှာ ထုတ်လာတဲ့ ဖြေရှင်းနည်း (solution) တွေကို တင်ပြလိုက်ပါတယ်။

English Version

🏆 As of 2025, Hsu Wutt Yee Lin holds the highest score in Myanmar’s IMO history and the record for the most Honourable Mentions. She achieved Honourable Mention for three consecutive years and became the first contestant from Myanmar to correctly solve 2 out of the 6 IMO problems.

✏️ Here are the solutions that Ma Hsu Wut Yee Lin came up with in the exam, in which she correctly solved both Problem 1 and Problem 4.

PDF link: https://drive.google.com/file/d/1Dn2wcASPyl0U92-Lkwgwm_P5eGpXOd0r/view?usp=sharing

Photos from IMO Team Myanmar's post 08/08/2025

Meet the faces of IMO Team Myanmar 2025 🇲🇲

July လ 10 ရက်ကနေ 20 ရက်အထိ Sunshine Coast, Queensland, Australia 🇦🇺 မှာ ကျင်းပတဲ့ IMO 2025 camp မှာ ပါဝင်ခဲ့တဲ့ ပြိုင်ပွဲဝင် ၆ ဦးကို သူတို့ရဲ့ profile တွေ၊ fun facts တွေနဲ့အတူ မိတ်ဆက်ပေးပါမယ် 🤗🏅

📑👉 တစ်ယောက်ချင်းစီရဲ့ Introduction post ကို ဓာတ်ပုံတွေထောက်ကြည့်ပြီး ဖတ်လို့ရပါတယ်



📝 Kyi Nuu Khant
🎨 Hsu Wutt Yee Lin (Graphic Designer)

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Website

Address


Yangon