23/09/2026
SKI မှာ Basic ကိုအခြေခံပိုင်နိုင်အောင် ဒီလိုမျိူးတွေလည်းလေ့ကျင့်ပေးပါတယ်🇯🇵💛
စာအုပ်ထဲမှာ တည်ဆောက်ထားတဲ့ အသိပညာက အရေးကြီးသလို၊ အတန်းထဲမှာ ကိုယ်တိုင် ပါဝင်လှုပ်ရှားပြီး လေ့ကျင့်ရတာကလည်း ဂျပန်စာ တိုးတက်ဖို့အတွက် အဓိက သော့ချက်ပါပဲ။
SKI မှာလည်း စာအုပ်ထဲမှာပဲ ကြည့်ပြီး မှတ်ထားတာမျိုးမဟုတ်ဘဲ Whiteboard ပေါ် တစ်ယောက်ချင်းထွက်ရေးပြီး လက်တွေ့လေ့ကျင့်ပေးပါတယ်။ ✍🏻
တစ်ယောက်ချင်းထွက်ရေးရတဲ့အတွက် ကိုယ်တိုင်သိထားတာ ဘယ်လောက်အထိ ပိုင်နိုင်လဲဆိုတာ သိလာသလို၊ မသေချာတဲ့စာလုံးတွေ၊ ရေးပုံရေးနည်းမှားတာတွေကိုလည်း Sensei က ဘေးကနေ တစ်ခါတည်းကြည့်ပြီး ပြင်ပေး၊ ပြန်ရေးခိုင်းပေးပါတယ်။
ဒီလို ရေးလိုက်၊ မှားလိုက်၊ ပြန်ပြင်လိုက်နဲ့ လေ့ကျင့်ရင်း ကိုယ့်ရဲ့ အားနည်းချက်တွေကို သိလာပြီး အမှားကနေ အမှန်ကို သင်ယူနိုင်ပါတယ်။
အခြေခံကတည်းက စနစ်တကျနဲ့ ယုံကြည်မှုရှိရှိ သင်ယူချင်တယ်ဆိုရင် SKI ကို လှမ်းခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါရစေရှင်! 💛✨