PADC.com.mm

PADC.com.mm

Share

Digital Product တစ်ခုတည်ဆောက်ရာမှာ လိုအပ်တဲ့ Skill Set တွေကို လေ့လာနိုင်ဖို့စီစဉ်ထားတဲ့ သင်တန်းဖြစ်

၂၀၁၆ ဇွန်လ လောက်က ဖန်တီးရာမှာ ဖွင့်ခဲ့တဲ့ PADC (Professional Android Developer Course) လေးလ သင်တန်းကို လက်ရှိ မြန်မာနိုင်ငံက သင်တန်းသား သင်တန်းသူတွေရဲ့ Initial Capacity Segment တွေ အကုန်လုံး အတွက် အသင့်တော်ဆုံးဖြစ်အောင် ပြန်လည်မွမ်းမံထားတဲ့ knowledge base တစ်ခု ဖြစ်ပါတယ်

09/12/2024

Encoding Error တက်နေလို့ Video တွေ ကြည့်မရဖြစ်နေတဲ့သူတွေအတွက် iOS FTC က Persistence Layer ပြီးတဲ့အထိ Video တွေကို Update လုပ်ပေးလိုက်ပါပြီ။

ကျန်တဲ့ Module တွေက Dec လမကုန်ခင်တော့ ပြီးပါလိမ့်မယ်။

Android FTC ကိုလဲ Update လုပ်ပေးသွားပါမယ်။

Flutter FTC ကတော့ ရှေ့မှာ Video တွေ အကုန် တစ်ခေါက် Update လုပ်ပေးထားတော့ ဒီ Issue ရှိမှာ မဟုတ်ပါဘူး။

12/09/2024

PADC-16 ရဲ့ Discussion Board မှာ ကျန်နေတဲ့ Module တွေကို Request လုပ်ထားတဲ့ သူ ၃ ယောက်လုံးကို ကျန်နေသလောက် Module တွေ Publish လုပ်ပေးလိုက်ပါပြီ။

သင်တန်းပြီးသွားတဲ့အထိ လိုက်မမှီလို့ Lecture Video တွေကနေ ဆက် Study လုပ်ချင်တဲ့သူတွေရှိရင် ကိုယ့်အတန်းက Discussion Board မှာ ပြောလိုက်ပါ။ (Enrollment ID ကို Learning Portal က Account ကို ကြည့်ပြီး ယူရတာ မို့လို့ပါ)

တစ်ချို့ Module တွေမှာ ဖြစ်နေတဲ့ Playback Error ကိုလည်း ဒီရက်ပိုင်းအတွင်း အစ်ကို တစ်မျိုးမျိုးနဲ့ အဆင်ပြေအောင် ရှင်းပေးပါမယ်။

27/01/2024

Flutter Full-Term Course ရဲ့ Revamp ပြုလုပ်ထားတဲ့ Data Layer & Network Layer Module မှာ ဒီ အစိတ်အပိုင်းတွေကို လေ့လာသွားကြရမှာ ဖြစ်ပါတယ် ..

Data Layer နဲ့ Network Layer ကို စတင်ထိတွေ့တဲ့ အပိုင်းမှာ
* ​Real Data တွေ App ထဲမှာ ပြပေးနိုင်ဖို့ စပြင်ဆင်တဲ့အခါမှာ Network အပိုင်း Data အပိုင်းတွေအတွက် စီစဥ်ထားတဲ့ PADC Architecture ပုံစံ
* Web Service အမျိုးအစားတွေ ၊ Http Method တွေနဲ့ Data Format တွေ အကြောင်းတွေ
* The Movie Booking App အတွက် အသုံးပြုသွားမဲ့ API တွေအတွက် TheMovieDB.org မှာ လိုအပ်တဲ့ setup တွေ ပြုလုပ်နိုင်ဖို့နဲ့ API တွေကို Postman ကနေ ခေါ်ကြည့်နိုင်ဖို့ လိုအပ်တာတွေ ပါဝင်ပါလိမ့်မယ်

ကိုယ်တိုင် The Movie Booking App မှာ Data Layer Network Layer integrate ပြုလုပ်နိုင်ဖို့ အပိုင်းမှာတော့
* Network API တွေကို Http, Dio နဲ့ Retrofit package တွေကို အသုံးပြုပြီး ခေါ်နိုင်မဲ့ ပုံစံတွေ
*​ API တွေက ပြန်ရလာမဲ့ Response တွေအတွက် VO နဲ့ Response Object တွေ တည်ဆောက်နိုင်ဖို့ အပိုင်း
* Json ကနေ Dart Obj ကို Parse လုပ်တာမှာ manual parse လုပ်နိုင်မဲ့ ပုံစံနဲ့ package တွေကို သုံးပြီး parse လုပ်နိုင်မဲ့ ပုံစံတွေ
* Home Screen ကို API integrate ပြုလုပ်တာနဲ့ ဆက်စပ်ပြီး State Management အပိုင်း ၊ Data Layer ကို View Layer နဲ့ ချိတ်တဲ့ အပိုင်း
* Movie Details Screen အတွက် API Integrate ပြုလုပ်တဲ့အပို်င်းနဲ့ MovieVO ကို attribute အသစ်တွေနဲ့ modify ပြုလုပ်တဲ့ အပိုင်း
* API ခေါ်ရာမှာ Error ဖြစ်လာရင် Handle ပြုလုပ်နိုင်မဲ့ ပုံစံနဲ့ End-User ကို Communicate ပြုလုပ်နိုင်မဲ့ ပုံစံတွေကို လေ့လာရင်း လက်တွေ့ပြုလုပ်သွားကြပါမယ်

သိထားဖို့ လိုတဲ့ Theory & Concept တွေ အနေနဲ့ကတော့
* Network Layer ကို Abstract ပြုလုပ်နိုင်မဲ့ ပုံစံနဲ့ OOP Concept ဖြစ်တဲ့ Polymorphism ကို အသုံးပြုနိုင်မဲ့ ပုံစံတွေ
*​ Dependency ဆိုတဲ့ Concept နဲ့ Design Pattern တွေထဲက တစ်ခုဖြစ်တဲ့ Singleton Pattern
* Model Obj ကို နားလည်ဖို့နဲ့ သူ့ရဲ့ Responsibiilities တွေ ၊ Abstraction နဲ့ Polymorphism ကို လက်တွေ့အသုံးပြုနိုင်မဲ့ ပုံစံတွေ ကို Cover ပြုလုပ်သွားပါမယ် ..

ဒီလောက်ဆို Junior Developer တစ်ယောက် Layering အပိုင်းတွေကို စတင်ထိတွေ့ နားလည်နိုင်ဖို့ လုံံလုံလောက်လောက် Cover ဖြစ်နိုင်မှာပါ 🤗🤗

20/01/2024

Flutter FTC 16 က သင်တန်းသား / သူ တွေက The Movie Booking App design နဲ့ လုပ်ရတဲ့ 1st Student Project ရဲ့ View Layer အပိုင်းကို ဒီနေ့ပဲ ပြီးသွားကြပါတယ် ..

The Movie Booking App design က ရုံတင်နေတဲ့ ရုပ်ရှင်တွေကို Booking လုပ်နိုင်မဲ့ app design ပုံစံဖြစ်ပြီး Show Time ရွေးတာ ၊ ရုပ်ရှင်ရုံ ရွေးတာ ၊ Seating Chart အပိုင်း ၊ Snack နဲ့ Checkout အပိုင်းနဲ့ Ticket QR အပိုင်းတွေ ပါဝင်တဲ့ App design တစ်ခုပါ ..

သင်တန်းသား / သူတွေရဲ့ 61.54% က Project တစ်ခုလုံးစာရဲ့ View Layer အပိုင်းကို တစ်ယောက်ချင်းစီ အပြီးအစီး သပ်သပ်ရပ်ရပ် လုပ်ပြီးကြပါတယ် ..

ဒီ Module ပြီးရင် Data Layer, Network Layer နဲ့ Persistence Layer အပိုင်းတွေကို App မှာ ကိုယ်တိုင် ဖြည့်သွားနိုင်ဖို့ လေ့လာသွားကြမှာပါ ..

The Movie Booking App project ပြီးရင် The Library App project နဲ့ WeChat Redesign project တွေကို သင်ခန်းစာတွေကို လေ့လာရင်းနဲ့ ဆက်လုပ်သွားကြရဦးမှာပါ ..

သင်တန်းကာလ ၆ လအပြီးမှာ Student Project ၃ ခုစလုံး အပြီးအစီး ကိုယ်တိုင် ပြီးအောင် လိုက်လုပ်နိုင်လိုက်တဲ့ သူတွေကတော့ ကိုယ်ဘာလုပ်နိုင်တယ်ဆိုတာ ရှည်ရှည်ဝေးဝေးတွေ ပြောနေစရာမလိုဘဲ App ကို ဖွင့်ပြ ၊​Source Code ကို ဖွင့်ပြပြီး Local / Oversea Interview တွေကို ယုံကြည်ချက် ရှိရှိ ဖြေနိုင်ကြမှာ ဖြစ်ပါတယ် ..

ဘယ်သူတွေ သင်တန်းကာလပြီးတဲ့အထိ Self-Discipline ရှိနိုင်မလဲ ဆိုတာကိုတော့ စောင့်ကြည့်ကြရဦးမှာပါ .. 🤗🤗

07/12/2023

ပြီးခဲ့တဲ့ Sat, Sun မှာတော့ PADC-16 Flutter Full-Term Course ရဲ့ Getting-Started Module မှာ
* Flutter ဆိုတာ ဘာလဲ
* Flutter ကို Windows နဲ့ Mac မှာ Install & Configure ပြုလုပ်နိုင်မဲ့ ပုံစံတွေ
* Android Studio နဲ့ လိုအပ်တဲ့ Plug-in တွေကို Install & Configure ပြုလုပ်နိုင်မဲ့ ပုံစံတွေ
* Flutter Project အသစ်တစ်ခု တည်ဆောက်တဲ့ step-by-step
* Flutter Project (Skeleton) မှာ ပါဝင်လာတဲ့ အစိတ်အပိုင်းတွေကို နားလည်နိုင်ဖို့ နဲ့
* Skeleton Project ကို Android နဲ့ iOS Emulator တွေမှာ Run နိုင်ဖို့
အပိုင်းတွေကို လေ့လာပြီးစီးခဲ့ကြပါတယ် ..

ရှေ့မှာ Flutter Full-Term Course ကို တက်ပြီးခဲ့ကြတဲ့ သူတွေကလည်း လိုအပ်ရင် ဒီ Lecture Video အသစ်တွေနဲ့ Flutter အပိုင်းကို ပြန်နွေးလို့ ရကြပါတယ် ..

01/12/2023

PADC က သင်တန်းသားဟောင်းတွေက
Same Full-Term Course ကိုပဲ
အကြောင်းအမျိုးမျိုးကြောင့် ပြန်တက်တာဆိုရင်
50% Discount Coupon ကို
Page Messenger မှာ လာ Request လုပ်နိုင်ပါတယ် ..

PADC.com.mm Digital Product တစ်ခုတည်ဆောက်ရာမှာ လိုအပ်တဲ့ Skill Set တွေကို လေ့လာနိုင်ဖို့စီစဉ်ထားတဲ့ သင်တန်းဖြစ်

29/11/2023

Flutter FTC ရဲ့ ပထမဥိးဆုံး Module က ပထမဦးဆုံး Lecture Video မှာ "Flutter ဆိုတာ ဘာလဲ" ဆိုတာကို ကိုဇော်ထက်နိုင်က ဒီလို ရှင်းပြပေးသွားပါတယ် ..

What’s new in Flutter 3.16 19/11/2023

Flutter 3.16 မှာ
- Material 3 (theme) က Default ဖြစ်သွားပါပြီ
- iOS မှာ text ကို select လုပ်လိုက်ရင် Share menu ပြပေးလို့ ရပါပြီ
- Text တွေအတွက် Single Tap, Double Tap, Double Tap & Drag နဲ့ Long Press & Drag မှာ Selection Area က Native App တွေကလို ပြောင်းသွားပါပြီ
- flutter_test class မှာ အသစ်ပါလာတဲ့ PaintPattern ဆိုတဲ့ Class ကို သုံးပြိး Canvas ကို လုပ်တဲ့ Paint Call တွေကို Validate လုပ်နိုင်ပါပြီ
- Rendering engine အနေနဲ့ Impeller က Preview Feedback on Stable Channel လို့ ပြောထားပါတယ် (Better screen performance, yay!)
- Flutter နဲ့ Mobile Game တွေ ရေးချင် / ရေးနေတဲ့ သူတွေအတွက် Casual Game Toolkit ကို တော်တော်လေး Upgrade လုပ်ထားတယ်လို့ သိရပါတယ် ..
- တခြား Specific Area တွေမှာလည်း Update တွေ တော်တော်များများ Announce လုပ်ထားတာ တွေ့ရပါတယ် (စမ်းတော့ မကြည့်ရသေး)

What’s new in Flutter 3.16 Material 3 by default, Impeller preview for Android, DevTools extensions, and much more

12/11/2023

PADC-16 Flutter FTC အတွက် ပထမ တစ်သုတ်စာ ဝင်ခွင့်ဖြေထားတဲ့သူတွေကို စီစစ်ပြီး Result တွေ Publish လုပ်ပေးလိုက်ပါပြီ ..

ဝင်ခွင့် Test မှာ မေးခွန်း ၂၅ ခုပါပါတယ် .. မေးခွန်းတွေက Theory ကို နားလည်သလို ပြန်ရေးပေးရတာတွေ ပါသလို Dry Run ပြီး Result ကို ရွေးပေးရတာတွေလည်း ပါပါတယ် ..

မေးခွန်းကို ၄ မှတ်ပေးပါတယ် .. စုစုပေါင်း အမှတ် ၁၀၀ ဖိုး ဆိုပါတော့

တစ်ချို့မေးခွန်းတွေက အဖြေမှန် တစ်ခုတည်းပဲ ရှိပါတယ် .. အဲဒီလိုမေးခွန်းမျိုးကတော့ မှန်ရင် ၄ မှတ်ရပြိး မမှန်ရင်တော့ Zero ပါ ..

တစ်ချို့ မေးခွန်းတွေက မှန်တဲ့ အချက် ၄ ၅ ခု အထိ ရှိပါတယ် .. အဲဒီလို မေးခွန်းမျိုးဆိုရင် Bare Minimum မှန်တဲ့ အဖြေမျိုးတွေကို ၂ မှတ်ပေးပြိး မှန်တဲ့ အချက် အကုန်ပါတဲ့ အဖြေမျိုးတွေကိုတော့ ၄ မှတ် အပြည့်ပေးပါတယ် ..

တစ်နေရာရာက တိုက်ရိုက် ကူးချလာတဲ့ အဖြေလို့ သံဿယရှိရင်တော့ အများဆုံး ၂ မှတ်ပဲ ပေးပါတယ် ..

မေးခွန်းတွေက Foundational နားလည်သင့်တဲ့ အချက်တွေ ဖြစ်တဲ့ အပြင် Open Book တွေပါ .. Google မှာ ရှာလို့ ရသလို ChatGPT မှာလည်း သွားမေးလို့ ရပါတယ် ..

ဒါပေမဲ့ နားလည်အောင်တော့ ပြန်ဖတ်ပါ .. နားလည်အောင် ပြန်ဖတ်ဖို့ ၊​ နားလည်တဲ့အတိုင်း ပြန်ရေးဖို့ လောက်အောင် အင်အား မစိုက်ထုတ်ချင်ရင်တော့ Full-Term Course ၆ လကို ဘယ်လိုမှ Survive မဖြစ်နိင်ဘူး ..

PADC-16 Flutter Full-Term Course ကို Dec 2nd မှာ စ သွားမှာ ဖြစ်ပါတယ် ..

05/11/2023

အစ်ကိုတို့ PADC.com.mm က Batch 16 အတွက် Flutter Full-Term Course ကို Dec 2nd 2023 မှာ စတင်သွားမှာ ဖြစ်ပြီး ဝင်ခွင့် Test ကိုတော့ ဒီနေ့ (Nov 5th 2023) ကနေ စတင်ဖြေဆိုနိုင်ပါပြီ။

Flutter Framework ဟာ လက်ရှိ အချိန်မှာ လုံလုံလောက်လောက် Mature ဖြစ်နေပြီ ဖြစ်တဲ့ အပြင် Codebase တစ်ခုတည်းနဲ့ Android App ရော iOS App ပါ ရရှိစေမှာ ဖြစ်တဲ့အတွက် Mobile App Development ကို ဇောက်ချ လုပ်ကိုင်လိုသူတွေအတွက် အသင့်တော်ဆုံး လေ့လာစရာ တစ်ခု ဖြစ်နေပါပြီ ။

ဒါ့အပြင် Flutter Framework ဟာ Web App တွေ တည်ဆောက်ရာမှာလဲ အတိုင်းအတာတစ်ခုအထိ အသုံးပြုနေနိုင်ပြီ ဖြစ်တဲ့အတွက် Codebase တစ်ခုတည်းနဲ့ Android, iOS App တွေအပြင် Web App တည်ဆောက်ရာမှာပါ Flutter ကို စတင်အသုံးပြုလာကြပါပြီ

(PADC.com.mm Learning Poral ရဲ့ Android & iOS App နဲ့ Web App ကို Flutter Framework ကို အသုံးပြုပြီး Single Code-base ပုံစံနဲ့ တည်ဆောက်ထားတာ ဖြစ်ပါတယ်) ။

ဒီ Flutter FTC Course ဟာ Programming နဲ့ ပတ်သတ်ပြီး အတိုင်းအတာ တစ်ခုအထိ အတွေ့ အကြုံ ရှိထားပြီးသာ လူငယ်တွေအတွက် ရည်ရွယ်တာ ဖြစ်ပါတယ် ။ သင်တန်းမှာ Dart Programming Language နဲ့ Flutter Framework ကို အသုံးပြုပြီး Professional Mobile Apps (Android & iOS) တွေ တည်ဆောက်နိုင်ဖို့ အပိုင်းကို အဓိက အသားပေး သင်ကြားသွားမှာ ဖြစ်ပါတယ် ။

ဒီ Course ကို PADC ရဲ့ ကိုယ်ပိုင် Learning Portal ကနေတဆင့် အသေးစိတ် ပြုလုပ်ထားတဲ့ Lecture Video တွေ ၊ အပတ်စဥ် Lecturer တွေနဲ့ Live Session တွေနဲ့ သင်ခန်းစာ တစ်ခုချင်းကို လုံလုံလောက်လောက် ကြေညက်နိုင်ဖို့ Pop-Quiz တွေ Assignment တွေနဲ့ App တစ်ခုလုံးစာ အစအဆုံး ကိုယ်တိုင် ပြုလုပ်ရတဲ့ Student Project တွေကို အသုံးပြုပြီး သင်ကြားသွားမှာ ဖြစ်ပါတယ် ။

ဒါကြောင့် သင်တန်းသားတွေဟာ ကောင်းမွန်တဲ့ Internet Access ရှိတဲ့ ဘယ်နေရာ ဒေသက မဆို သင်ခန်းစာတွေကို ပြည့်ပြည့်ဝဝ သင်ယူနိုင်မှာ ဖြစ်ပါတယ် ။

သင်တန်းစ ဖွင့်မဲ့နေ့ − 2023 Dec 2nd (စနေနေ့)
အပတ်စဥ် Live Session အချိန် − စနေ ၊ တနဂ်နွေ
(နေ့လည် ၁၂ နာရီ ကနေ ၁ နာရီ အထိ)
သင်တန်းကာလ − ၆ လ
(Course-Works + 4 Student Projects)
သင်တန်းကြေး − ၄ သိန်း ခွဲ
ဝင်ခွင့် Test ဖြေဆိုရန် − https://bit.ly/flutter_16
(ဝင်ခွင့် ဖြေဆိုနိုင်ဖို့ PADC.com.mm မှာ Register ပြုလုပ်ဖို့ လိုအပ်ပါမယ်)
အခြားမှတ်ချက် − သင်တန်းသားတိုင်း 8GB Memory အနည်းဆုံး ရှိတဲ့ Laptop တစ်လုံး နဲ့ Decent Internet Connectivity တစ်ခု ရှိနေဖို့ လိုအပ်ပါတယ် ။

ဝင်ခွင့်ဖြေဆိုပြီးတဲ့အခါမှာ Result ကို ပြန်လည် သိရှိနိုင်ဖို့ ၃ ရက်ကနေ တစ်ပတ်ခန့် စောင့်ဆိုင်းရနိုင်ပါတယ် ။ Result ကို Publish ပြုလုပ်လိုက်ပြီဆိုရင် PADC.com.mm Mobile App ကနေတဆင့် Notification ပေးပို့ အကြောင်းကြားပေးသွားမှာ ဖြစ်ပါတယ် ။ Result မှာ Pass / Fail အပြင် ကိုယ်ဖြေခဲ့တဲ့ အဖြေတစ်ခုချင်းစီအလိုက် ဘယ်လောက် % မှန်ကန်တယ် ဆိုတာနဲ့ Overall Remark တို့ကိုပါ ကြည့်ရှုနိုင်အောင် စီစဉ်ပေးထားပါတယ် ။

သင်တန်းသားတွေအနေနဲ့ တစ်ခု သတိထားဖို့ လိုအပ်မှာက အပတ်စဥ် Lecturer တွေနဲ့ ပြုလုပ်မဲ့ Live Session တွေဟာ လေ့လာပြီးသား သင်ခန်းစာတွေနဲ့ Tutorials တွေကို ပြန်လည် Review ပြုလုပ်နိုင်ဖို့ ၊ နားမလည်တဲ့ အပိုင်းတွေကို မေးမြန်းနိုင်ဖို့ပဲ ဖြစ်တဲ့အတွက် Live Session အချိန် ပြင်ပမှာ Lecture Video တွေ ၊ Tutorials & Assignment တွေကို လေ့လာပြုလုပ်နိုင်ဖို့ အချိန် လုံလုံလောက်လောက် ရှိနေဖို့ လိုအပ်ပါမယ် ။

ဒါ့အပြင် Class မှာပါဝင်တဲ့ Module တစ်ခုချင်းစီအလိုက် Tutorials တွေ Pop-Quiz တွေ Assignment တွေကို လက်စသတ်ပြီး ၊ Live Session တွေမှာ Lecturer တွေကို လာပြပြီးမှပဲ Next Module တွေကို Access ရနိုင်မှာ ဖြစ်ပါတယ် ။

သင်တန်းကာလ ၆လ ပြီးသွားရင်တော့ မမှီလိုက်တဲ့ Module တွေကို Request ပြုလုပ်တဲ့ သင်တန်းသား / သူတွေကို Publish ပြုလုပ်ပေးသွားမှာပါ။

သင်တန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ သင်တန်းအပြီးမှာ သင်တန်းသားတွေ အနေနဲ့ Industry-Level Mobile App Development တွေမှာ Professional ကျကျ ဝင်ရောက်တွဲဖက် လုပ်ကိုင်ဖို့ ရည်ရွယ်တာ ဖြစ်ပါတယ် ။

ဒါကြောင့် သင်တန်းပြီးဆုံးသွားတဲ့ အခါမှာလည်း အလျဉ်းသင့်ရင် သင့်သလို မိတ်ဖက် Company တွေဆီက Internship Program တွေမှာ ပါဝင် အတွေ့အကြုံယူနိုင်ဖို့ စီစဉ်ပေးသွားမှာ ဖြစ်ပါတယ်။

Flutter Full-Terms Course မှာ ပါဝင်မဲ့ Course-work တွေရဲ့ အသေးစိတ်ကတော့
- Flutter Development မှာ UI Layer အပိုင်းအတွက် မဖြစ်မနေ ကျွမ်းကျင်နေဖို့ လိုအပ်တဲ့ UI Widget တွေနဲ့ Layout Widget တွေ
- Dart Programming Language ရဲ့ အခြေခံ Building Block တွေနဲ့ Iterable, Collections, Futures, Steams, Async / Await စတဲ့ Dart ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေ
- တည်ဆောက်ထားတဲ့ UI Layer မှာ Data Layer, Network Layer နဲ့ Persistence Layer တို့ Setup ပြုလုပ်နိုင်မဲ့ ပုံစံတွေ
- Reactive Programming Concept ကို Dart + Flutter မှာ အသုံးပြုနိုင်မဲ့ ပုံစံတွေနဲ့ RxDart နဲ့ ပတ်သတ်တဲ့ အပိုင်း အသေးစိတ်
- Professional Flutter Development တွေမှာ အသုံးပြုနိုင်မဲ့ State Management ပုံစံတွေနဲ့ BLOC, Redux, MVI စတဲ့ Architecture ပုံစံတွေ
- Professional UI တွေ တည်ဆောက်ရာမှာ အသုံးပြုနိုင်တဲ့ Resuable Custom View အမျိုးမျိုး တည်ဆောက်ပုံ အပိုင်းတွေ
- တည်ဆောက်နေတဲ့ Mobile App ရဲ့ Backend အနေနဲ့ အသုံးပြုနိုင်မဲ့ Firebase ရဲ့ Product အမျိုးမျိုးကို Flutter Development မှာ အသုံးပြုနိုင်မဲ့ ပုံစံတွေ
- Google Play Services တွေကို Flutter Development မှာ အသုံးပြုနိုင်မဲ့ ပုံစံတွေနဲ့ local / cloud-based notification တွေ setup ပြုလုပ်ပုံတွေ
- Flutter မှာ အသုံးပြုနိုင်မဲ့ Implicit-Animations, TweenAnimationBuilder နဲ့ Built-in Explicit Animations အပိုင်းတွေ ပါဝင်မှာ ဖြစ်ပါတယ် ။
ဒါ့အပြင် မိတ်ဆက်အနေနဲ့ Flutter Development ရဲ့ Advanced အပိုင်းတွေ ဖြစ်တဲ့ Test Automation အပိုင်း ၊ Build Configuration တွေ setup ပြုလုပ်ပုံအပိုင်း နဲ့ Android နဲ့ iOS App တွေကို Internal Release တွေ ပြုလုပ်နိုင်မဲ့ အပိုင်းတွေအတွက် Lecture တွေလည်း ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ် ။

သင်တန်းစ ဖွင့်မဲ့နေ့ − 2023 Dec 2nd (စနေနေ့)
အပတ်စဥ် Live Session အချိန် − စနေ ၊ တနဂ်နွေ
(နေ့လည် ၁၂ နာရီ ကနေ ၁ နာရီ အထိ)
သင်တန်းကာလ − ၆ လ
(Course-Works + 4 Student Projects)
သင်တန်းကြေး − ၄ သိန်း ခွဲ
ဝင်ခွင့် Test ဖြေဆိုရန် − https://bit.ly/flutter_16
(ဝင်ခွင့် ဖြေဆိုနိုင်ဖို့ PADC.com.mm မှာ Register ပြုလုပ်ဖို့ လိုအပ်ပါမယ်)
အခြားမှတ်ချက် − သင်တန်းသားတိုင်း 8GB Memory အနည်းဆုံး ရှိတဲ့ Laptop တစ်လုံး နဲ့ Decent Internet Connectivity တစ်ခု ရှိနေဖို့ လိုအပ်ပါတယ်။

PADC.com.mm Digital Product တစ်ခုတည်ဆောက်ရာမှာ လိုအပ်တဲ့ Skill Set တွေကို လေ့လာနိုင်ဖို့စီစဉ်ထားတဲ့ သင်တန်းဖြစ်

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Telephone

Address


Golden Gate Tower, The Corner Of Yay Kyaw Road & Upper Pazungdaung Road, Room-4D
Yangon