25/04/2023
အချိန်တွေကို ဖော်ပြရာမှာ in, on, atကို သုံးတတ်ကြပါတယ်။
In ကို နေ့တစ်နေ့ရဲ့အစိတ်အပိုင်းတွေ (မနက်၊ နေ့လည်၊ ညနေ)၊ လတွေ၊ ရာသီတွေနဲ့ နှစ်တွေရှေ့မှာ သုံးလေ့ရှိပါတယ်။
Example -
* in the morning, in the afternoon, in the evening
(မှတ်ချက်။ ။ ညကိုတော့ atနဲ့ တွဲသုံးရပါတယ်။)
* in January, in February, in Match
* in the spring, in the summer, in the autumn
* in 1990, in 2000, in 2017
On ကို နေ့တွေနဲ့ ရက်စွဲတွေရှေ့မှာ သုံးရပါတယ်။
Example -
* on Thursday, On Friday, on Saturday evening
* on May Day, on her birthday
* on April 6th (on April the sixth သို့မဟုတ် on the sixth of Aprilလို့ ပြောရပါတယ်။)
At ကို တိကျတဲ့အချိန်တွေ၊ ပုံမှန်သဘော သတ်မှတ်ထားတဲ့စားသောက်ချိန်တွေရှေ့မှာ သုံးရပါတယ်။
Example -
* at 11 a.m., at four o'clock
* at breakfast, at lunch-time, at tea-time, at dinner
( at night, at the weekend, at Thingyan festival လို့လည်း သုံးကြပါတယ်။)
------------------------------------------
Reference: Grammar Spectrum (Ken Paterson)
အင်္ဂလိပ်စာဗဟုသုတ တိုးပွားကြပါစေ။
KMT