EFG International Preschool & Learning Centre - North Dagon Campus
EFG IQ/EQ Developing & International Learning Centre
20/08/2026
EFG EVENT COMING SOON …❤️🧡💜
08/08/2026
https://www.facebook.com/share/14oRNq6zkqJ/?mibextid=wwXIfr
ကျောင်းတွင်း ကလေးချင်း အနိုင်ကျင့်ခြင်းဆိုတာ
***********************************************
ကလေးတွေရဲ့လူမှုရေး၊ စိတ်ဓာတ်နှင့် ဉာဏ်ရည်ဖွံ့ဖြိုးမှု ဖြစ်စဉ်များမှာတော့ သဘာဝအတိုင်း ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာတစ်ခုဖြစ်ပါတယ်။
ဒါကိုစနစ်တကျ နားလည်သဘောပေါက်အောင်
သင်ကြားပေးမယ်ဆိုရင် ထိရောက်စွာ
ကာကွယ်တားဆီးနိုင်ပါတယ်ရှင်။
ကျောင်းတွင်း အနိုင်ကျင့်ရသည့်
အဓိက အကြောင်းအရင်းတွေကို ပြောရမယ်ဆိုရင်
(Lack of Emotional Regulation)လို့ခေါ်တဲ့ မိမိ၏ ဒေါသ၊ အားငယ်မှု ဒါမှမဟုတ် မကျေနပ်မှုတွေကို မှန်ကန်တဲ့နည်းလမ်းနဲ့ ထုတ်ဖော်ပြသဖို့ မတတ်မြောက်သေးတာပါ။
အခြားကလေးတွေကို ရုပ်ပိုင်း၊ နှုတ်ပိုင်းဆိုင်ရာ
ထိခိုက်အောင် ပြုလုပ်တတ်လာတာမျိုးလဲ ဖြစ်ပါတယ်။
စာနာထောက်ထားစိတ် နည်းပါးတဲ့အခါမျိုးမှာ ဒါမှမဟုတ် အခြားသူ၏ ခံစားချက်ကို ကိုယ်ချင်းစာတတ်သည့် အသိဉာဏ် မဖွံ့ဖြိုးသေးတဲ့အခါမျိုးမှာ မိမိပြောလိုက်တဲ့စကား ဒါမှမဟုတ် ပြုမူချက်တွေက အခြားသူ မည်မျှနာကျင်သွားမှာကို မသိတာပါ။
ပတ်ဝန်းကျင်နှင့် မိသားစုဆီက အတုယူတာမျိုး အိမ် သို့မဟုတ် တီဗီ၊ ဂိမ်းတွေမှာအကြမ်းဖက်မှု၊ အနိုင်ကျင့်မှုနဲ့ အမိန့်ပေးနိုင်နင်းမှုများကို မြင်တွေ့ရတာမျိုးတွေမှာ အဲ့လိုအပြုအမူတွေဟာ အားကျစရာလို့ယူဆသွားကြတာ ဖြစ်ပါတယ်။
အာရုံစိုက်ခံချင်ခြင်း၊ အုပ်စုဖွဲ့ လွှမ်းမိုးချင်ခြင်း အတန်းဖော်များ၏ အာရုံစိုက်မှုကို ရယူလိုခြင်း၊ အုပ်စုအတွင်း ခေါင်းဆောင်နေရာယူလိုခြင်းဆိုတာတွေကလဲ အခြားသူအပေါ် အနိုင်ယူချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။
မိမိကိုယ်ကို ယုံကြည်မှုနည်းပါးခြင်းကို ဖုံးကွယ်ဖို့ရန်လဲ အခြားသူကို အနိုင်ကျင့်လေ့ရှိတတ်ပါတယ်။
🔺ကလေးများ၏ စိတ်ကို သင်ကြားပြသပေးရမည့်
နည်းလမ်းများကိုလဲ ပြောပြပေးပါမယ်။
၁။စိတ္တဇနယ်ပယ်နှင့် စာနာစိတ်ကို
အမည်တပ်သင်ကြားပေးခြင်း
(အခြားသူနေရာမှာ ဝင်ကြည့်ခိုင်းတာမျိုးပါ)။
၂။ သူ့နေရာမှာ မင်းဆိုရင် ဘယ်လိုခံစားရမလဲ"
ဆိုတဲ့မေးခွန်းကို အမြဲ မေးမြန်းစရာအဖြစ် ကျင့်သုံးရမှာပါ။ (အနိုင်ကျင့်ခြင်း" နှင့် "စနောက်ခြင်း"
အခြားစီဖြစ်ကြောင်း ရှင်းပြပေးရပါမယ်)
၃။ နှစ်ဦးစလုံး ပျော်ရွှင်ပါက "စနောက်ခြင်း" ဖြစ်သော်လည်း၊ တစ်ဦးဦး စိတ်ဆိုး၊ ဝမ်းနည်းပြီး ထပ်ခါထပ်ခါ ပြုလုပ်ပါက "အနိုင်ကျင့်ခြင်း" ဖြစ်ကြောင်း ကလေးများကို တိကျစွာ
ခွဲခြားပြသရပါမယ်။
၄။ ဘေးမှကြည့်သူမဟုတ်ဘဲ ကူညီသူ
(Upstander) ဖြစ်စေရပါမယ်။
(အနိုင်ကျင့်မှုကို မြင်ပါက တိတ်တဆိတ် ကြည့်မနေဘဲ "ဒါမလုပ်နဲ့" ဟု ရဲရင့်စွာ ပြောဆိုရန်နဲ့ လူကြီး၊ဆရာသမားထံ ချက်ချင်း သတင်းပို့ရန်သင်ကြားပေးရပါမယ်)
(အကြောင်းကြားခြင်းသည် တိုင်ကြားခြင်း" မဟုတ်ဘဲ "ကူညီခြင်း" ဖြစ်ကြောင်းလဲ ရှင်းပြပေးရပါမယ်)
🔺ယက္ခု ကျွန်မတို့ကျောင်းပွဲကြီးနဲ့ စာနာစိတ်ဆိုတာကိုစပ်လျဉ်းပြီးတော့လဲ အထူးသတိပြုစရာလေး
ထပ်ဆောင်းပြောချင်ပါတယ်။
ကျောင်းပွဲဆိုတာ အပျော်သက်သက် ငွေကုန်ကြေးကျခံ ရည်ရွယ်ချက်မဲ့ ပြုလုပ်နေရခြင်း မဟုတ်ပါဘူး။
အဲ့ဒီကနေ အဓိကရလာနိုင်တဲ့ ရလဒ်က ကလေးလေးတွေရဲ့ စာနာတတ်တဲ့စိတ်ထားလေးရယ် ပြီးတော့ စိတ်နှလုံး နူးညံ့လာစေဖို့အပြင် အစုအပေါင်းနဲ့လုပ်နိုင်ကြရင် ရလာမယ့်
ရလဒ်တွေကို အမြောက်အများပြသနိုင်စေဖို့
အဓိကရည်ရွယ်ခြင်း ဖြစ်ပါတယ်။
ကလေးများ အနိုင်ကျင့်တတ်ခြင်း အနိုင်ကျင့်ခံရခြင်း အစဉ်ထာဝရ ကင်းဝေးကြပါစေ။
ချစ်တဲ့ ချယ်မေမေ(EFG)🩷💚💙
Pre KG
Nursery
Click here to claim your Sponsored Listing.
Location
Category
Contact the school
Telephone
Website
Address
No. 1385, Bayint Naung Road, Thakhin Pho Hla Gyi Street Corner, 43 Ward, Dagon Myothit (North)
Yangon
11421
Opening Hours
| Monday | 09:00 - 21:00 |
| Tuesday | 09:00 - 21:00 |
| Wednesday | 09:00 - 21:00 |
| Thursday | 09:00 - 21:00 |
| Friday | 09:00 - 17:00 |
| Saturday | 09:00 - 21:00 |
| Sunday | 09:00 - 21:00 |
17/08/2026
15/08/2026