03/10/2025
🪔🕯️သီတင်းကျွတ်ဆုမွန်ကောင်း🪔🕯️
ဝါလကင်းလွတ်သီတင်းကျွတ်အခါသမယတွင် မိဘဘိုးဘွားဆွေမျိုးများနှင့် မိတ်ဆွေပေါင်းသင်းရောင်းရင်းများသို့ စိတ်ထားကြည်လှင်ပျော်ရွင်စွာဖြင့် မီးထွန်းသဘင်ပွဲ ဆင်နွှဲနိုင်ကြပါစေကြောင်း ရွှေမြန်အောင်ကုမ္ပဏီလီမိတက်မှ ခွန်းချိုမေတ္တာ ပို့သပါ၏။🙏🙏🙏
07/12/2023
♦️ (၁၀၃) နှစ်မြောက် မြန်မာ အမျိုးသားနေ့အား ဂုဏ်ပြု ကြိုဆိုအပ်ပါသည်။
#အမျိုးသားနေ့
16/11/2023
♦️ ဒီနှစ် ရွှေမြန်အောင် ကုမ္ပဏီ မိသားစုမှ ပုလဲမြို့သစ်ရှိ ရှင်မတောင် ပရိယတ္တိ စာသင်တိုက်မှာ ကထိန် သင်္ကန်း ဆက်ကပ်လှူဒါန်း ခဲ့ပါတယ်။
♦️
၁။ မပန်မကြား၊ လိုရာသွား၊ ပြစ်များမရှိပြီ။
၂။သုံးထည်ထဲမှာ၊ ထားလိုရာ၊ ထားကာသွား နိုင်သည်။
၃။လေးပါးတူပင်၊ ဂိုဏ်းဘောဇဥ်၊ စားချင်စား နိုင်သည်။
၄။သင်္ကန်းများစွာ၊ ငါးလမှာ၊ သိမ်းကာထား နိုင်သည်။
၅။သံဃာလှူငြား၊ သင်္ကန်းများ၊ သူ့အားသာဖြစ်သည်။
ဆိုတဲ့ ကထိန်သင်္ကန်း ဆက်လှူရတဲ့ အကျိုးကျေးဇူးများကို ရွှေမြန်အောင် ကုမ္ပဏီမှ ဝယ်ယူအားပေးလျက်ရှိသော မိတ်ဖက်များ၊ customers များလည်း ရရှိပြီး (၇)ရက် သား၊သမီးများအားလုံး အမျှကုသိုလ် ရရှိ၍ သာဓု အနုမောဓနာ ခေါ်ဆိုနိုင်ကြပါစေသော်။ 🙏🙏🙏
27/10/2023
♦️ "ဂါရဝေါစ နိဝါတောစ" လို့ဆိုတဲ့ အတိုင်း မိမိထက် အသက်ကြီးသူ၊ ဝါကြီးသူ၊ ကျေးဇူးရှိသူများကို ကာယကံ၊ ဝဇီကံ၊ မနောကံ စသည်ဖြင့် သိလို့ဖြစ်စေ၊ မသိလို့ဖြစ်စေ ပစ်မှားမိသည့် အပြစ်များကို ကျေအေးပေးစေရန် ရှိခိုးတောင်းပန်သည့် ချစ်စရာကောင်းသည့် သီတင်းကျွတ် ပွဲလေး ကို ရုံးမှာ စီစဉ်ပေးဖြစ်ခဲ့ပါတယ်။
♦️ ရုံးက လူကြီးများကလည်း မုန့်ဖိုးလေးပေး၊ မုန့်လေးကြွေးနဲ့ အပျော်လေးများ ကူးစက်စေရန် မျှဝေပေးလိုက်ပါတယ်။
♦️ လူကြီးမင်းတို့လည်း ပျော်ရွှင်ဖွယ်သီတင်းကျွတ် အချိန်ကို ပျော်ရွှငိစွာ ဖြတ်သန်းရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ 🙏🏻🙏🏻🙏🏻
09/10/2023
❣️ရွှေမြန်အောင်ဝန်ထမ်းများ၏ စဉ်ဆက်မပြတ်လုပ်ငန်းခွင်ကျွမ်းကျင်မှုသင်တန်းများ အဆင့်မြှင့် တိုးတက်နိုင်စေရန် ရည်ရွယ်၍ Shwe Myan Aung Co., Ltd မှ Matrix Institute of Professionals နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူညီမှုလက်မှတ်ရေးထိုးခြင်း
ယခုလို အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ရွှေမြန်အောင်ကုမ္ပဏီ ဝန်ထမ်းများသည် Finance, Accounting ဆိုင်ရာ သင်တန်းများကို Special Discount ဖြင့် ရရှိခံစားခွင့်ရမှာဖြစ်ပြီး Matrix Institute of Professionals ကျောင်းမှ စီစဉ်ကျင်းပပေးမည့် Free Seminar, Workshop လေးတွေမှာ ဦးစားပေးအနေဖြင့် တက်ရောက်ခွင့် ရမှာဖြစ်ပါတယ်။
လူ့စွမ်းအားအရင်းအမြစ်ဌာနအနေနှင့် ကုမ္ပဏီ၏ လစ်လပ်ရာထူးနေရာများအတွက် Collaboration ပြုလုပ်ထားသော ကျောင်း၏ Official page တွင် ကြေညာခြင်းများ ပြုလုပ်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်!
ရွှေမြန်အောင် ကုမ္ပဏီအနေဖြင့်လည်း အခုလို Matrix Institute of Professionals နှင့် အကျိုးတူပူးပေါင်း ဆောင်ရွက် ခွင့်ရတဲ့အတွက် များစွာဂုဏ်ယူဝမ်းမြောက် ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာ အသိပေးကြေညာအပ်ပါတယ်ရှင့်!
18/01/2021
လူကြီးမင်းတို့ရဲ့ အဖိုးတန် စီးတော်ယာဉ် အမျိုးမျိုးအတွက် အရည်အသွေးမှန်ကန်တဲ့ စက်သုံးဆီကို အသုံးပြုဖို့က အရေးကြီးပါတယ်။
👉 ရွှေမြန်အောင်ရဲ့ စက်သုံးဆီတွေက အရည်အသွေးပြည့်ဝမှန်ကန်တဲ့အပြင် PPRD ရဲ့ ထောက်ခံချက်ရရှိပြီးသားဖြစ်လို့ Quality ကို စိတ်ချယုံကြည်လို့ရပါတယ်။
👉 ဆီကုန်နေလို့ လှည့်ပြန်သွားရတယ်ဆိုတာ မဖြစ်ရလေအောင် အချိန်တိုင်း စက်သုံးဆီ tanker ကြီးတွေနဲ့ အလှည့်ကျ ဆီဖြည့်တင်းမှု လုပ်ပြီး Quantity ပိုင်းမှာလည်း အလုံအလောက်ပြင်ဆင်ထားပါတယ်။
👉 ရွှေမြန်အောင်ရဲ့ ဆီဆိုင်တွေက ကျယ်ဝန်းတဲ့မြေနေရာတွေရှိလို့ လူကြီးမင်းတို့ကားတွေ ခဏတာရပ်နားလို့ရသလို တစ်ချိန်တည်းမှာ ယာဉ် (၈) စီး ကို တပြိုင်ထဲ ဆီဖြည့်တင်းမှု လုပ်နိုင်တဲ့အတွက် အကြာကြီး တန်းစီစောင့်နေဖို့လည်း မလိုပါဘူး။
ကျွန်တော်တို့ရဲ့ ရွှေမြန်အောင် ဆိုင်တွေမှာ မီးဘေးလုံခြုံရေးအတွက်လည်း လိုအပ်တဲ့ Safety Measures တွေပြုလုပ်ထားတဲ့အတွက် လူကြီးမင်းတို့အနေနဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို စိတ်အေးလက်အေး ရယူလို့ရပါတယ်။
✅ ဝန်ထမ်းတွေရဲ့ ယဉ်ကျေးပျူငှာတဲ့ ဝန်ဆောင်မှု၊ ဆီအချိန်အတွယ်နှင့်အရည်အသွေး ပြည့်ဝမှန်ကန်မှု၊ ဆီအမျိုးအစား စုံစုံလင်လင် ရရှိနိုင်မှု တို့ကြောင့် ရွှေမြန်အောင်ကိုလာတိုင်း လူကြီးမင်းတို့ကို စိတ်ကျေနပ်မှု အပြည့်အဝရရှိစေမှာပါ။ 😊💯
05/01/2021
ပင်လယ်ထဲရောက်နေလည်း စိတ်မပူပါနဲ့
ရွှေမြန်အောင်က မိတ်ဆွေတို့ဆီကို အရောက်လာခဲ့ပါမယ်။
ကျွန်တော်များ Shwe Myan Aung Co.,Ltd မှာ လှိုင်းဒဏ်၊ လေဒဏ်ခံနိုင်ပြီး အရွယ်အစားကြီးမားတဲ့ ဆီတင် မော်တာ Tanker သေင်္ဘာကြီးတွေရှိတာမို့ ပင်လယ်ကမ်းရိုးတန်းတစ်လျှောက် ပြေးဆွဲပေးနိုင်ပြီး မိတ်ဆွေတို့ရဲ့ သဘေင်္ာတွေဆီအရောက်လာပြီး လိုအပ်တဲ့ စက်သုံးဆီကို လာရောက်ဖြည့်တင်းပေးနိုင်ပါတယ်။
ဒါကြောင့်မို့ သေင်္ဘာသုံး စက်သုံးဆီတွေ လိုအပ်လာလျှင် အရေသွေးပြည့်မှီတဲ့ဆီများတင်ပြီး အချိန်တွယ်ပြည့်တဲ့ liquid flow meter များဖြင့်ဆီဖြည့်ပေးနေပါတယ်။
အောက်မှာပေးထားတဲ့ ဖုန်းနံပါတ်တွေကို ဆက်ပြီး စုံစမ်းမေးမြန်း ဝယ်ယူနိုင်ပါကြောင်း Shwe Myan Aung မှ သတင်းကောင်းပါးလိုက်ပါတယ်နော်။👇
☎️ ဖုန်းနံပါတ် - 095533111 , 09765485361
🏡 လိပ်စာ - တိုက် (စီ-၁) ၁၀၄၊ နှင်းဆီလမ်း၊ ယုဇနဟိုင်းဝေးအိမ်ယာ၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။
01/01/2021
Happy New Year ပါ မိတ်ဆွေတို့ရေ
ပျော်ရွှင်ဖွယ်နှစ်သစ်လေးဖြစ်ပါစေ ခင်ဗျာ
2021 နှစ်သစ်အခါသမယမှာ ရွှေမြန်အောင်ကို အားပေးကြတဲ့ မိတ်ဟောင်း၊ မိတ်သစ်များအားလုံး ကိုယ်ရောစိတ်ပါ ကျန်းမာချမ်းသာပြီး စီးပွါးရေးလုပ်ငန်းများအားလုံး တိုးတက်ကြီးပွါးကြပါစေကြောင်း နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါတယ် ခင်ဗျာ။