21/05/2026
၂၀၂၆ မှာ ကျောင်းနေအရွယ်
သားသားမီးမီးတွေရဲ့ မိဘတိုင်း သိသင့်တဲ့ သင်တန်း
ကိုယ့်ရဲ့ သားသားမီးမီးလေးတွေကို
ထူးချွန်ထက်မြက်စေချင်တာ မိဘတိုင်းရဲ့ အိပ်မက်ပါ
ဒါပေမယ့်
❝ကလေးက စာကိုလည်းစိတ်မဝင်စားဘူး❞
❝ကလေးက စာကျက်တာတော့ကျက်နေတယ် အမှတ်လဲမကောင်းဘူး❞
❝ကလေးဉာဏ်ရည်နဲ့ဆို ဒီထက်ကောင်းတဲ့အဆင့်ရနိုင်တာကို ဘာလို့အဆင့်က နည်းနေတာလဲ❞
❝ကလေးကို ဘယ်လောက်ပဲစာသင်ပေးပေး ခေါင်းထဲမဝင်ဘဲဖြစ်နေတယ်❞
ဒီစကားတွေကို ပတ်ဝန်းကျင်မှာ ဘယ်နှစ်ခေါက်လောက် ကြားပြီးပြီလဲ❓
✅အားလုံးသိကြတဲ့အတိုင်းပဲ ကိုယ့်ရဲ့ကလေးဆိုတာ ကိုယ်အချစ်ရဆုံးနဲ့ တန်ဖိုးအထားရဆုံးရတနာလေးတွေပါ။ကိုယ့်ရဲ့အချစ်ရဆုံးလေးတွေကို ဖြစ်စေချင် ၊ ကောင်းစေချင်တော့ တစ်ခါတစ်လေကိုယ်ဖြစ်စေချင်သလိုဖြစ်မလာလို့ ဒေါသတွေထွက်မိတာ မဆန်းတော့ပါဘူး။
✅ကျွန်တော်တို့ငယ်ငယ်ကမိဘတွေအမြဲတမ်းလိုလိုပြောနေတာတစ်ခုရှိပါတယ်။❝စာကျက်၊စာကျက်❞ တဲ့။ တစ်ချိန်လုံးစာကျက်ဖို့ပဲပြောနေကြပါတယ်။စာကျက်ခိုင်းတာကတော့ ဟုတ်ပါပြီ။ ဒါပေမယ့် ဘယ်သူကမှ စာကျက်နည်းလည်းလာမပြောကြပါဘူး။
✅တစ်ချို့ကပြောကြတယ်။ ကျောင်းမှာ အဆင့်နည်းတယ်၊ အမှတ်နည်းတယ်ဆိုရင်အဲ့တာက စာကျက်နည်းလို့ဖြစ်တာတဲ့။ ကျွန်တော်လည်း တစ်ခုစဉ်းစားမိတယ်ဗျ။
တစ်ဘာသာကို ပျမ်းမျှ အမှတ်(၅၀)ရဖို့ တစ်နေ့ကို စာ(၈)နာရီကျက်တယ်။
ဒါဆိုရင် တစ်ဘာသာကို ပျှမ်းမျှအမှတ်(100) ရဖို့ တစ်နေ့ကို (၁၆)နာရီ စာကျက်ရမှာလား?😅😅
🔸အဲလိုလဲမဟုတ်သေးဘူးလေ။
ဒါဆိုရင်အိပ်ချိန်(၈)နာရီနှုတ်လိုက်ရင် ကျန်တဲ့အချိန်တွေမှာ တခြားအလုပ်လုပ်စရာတောင်ရှိမှာမဟုတ်တော့ဘူး။ ပြန်စဉ်းစားကြည့်မယ်ဆိုရင်Top Students တွေလည်းအားလုံးလိုပဲတစ်နေ့ကို (၂၄) နာရီအချိန်ရကြတယ်။
ဒါပေမယ့် သူတို့လည်းအဆင့် (၁) ရဖို့ တစ်နေ့ (၁၆) နာရီ စာကျက်နေရတာလည်း မဟုတ်ပါဘူး။
🔸ဒါဆိုရင်သေချာတဲ့အဖြေကတော့ စာပိုရဖို့ပိုကျက်ရမယ်ဆိုတာကတော့မဖြစ်နိုင်လောက်ပါဘူး။ဒီထက်ကောင်းတဲ့အဖြေတစ်ခုတော့ ရှိရပါလိမ့်မယ်။
🔸လွန်ခဲ့တဲ့ (၁၄) နှစ်လောက်ကစပြီး Neuro Linguistic Programming (NLP) ဆိုတဲ့ ပညာရပ်ကို စပြီးလေ့လာကြည့်တဲ့အခါ ကျွန်တော် လူ့ဦးနှောက်ရဲ့အလုပ်လုပ်ပုံ ၊ တွေးပုံခေါ်ပုံ စတာတွေကို လေးလေးနက်နက် လေ့လာဖြစ်ခဲ့တယ်။
🔸လေ့လာတဲ့အချိန်မှာသိလိုက်ရတာတစ်ခုကတော့ကျွန်တော်တို့ရဲ့ဦးနှောက်ကြီးကအင်မတန်မှဆန်းကြယ်ပါတယ်။ဒီဦးနှောက်ကြီးထဲကိုကြိုက်တဲ့ Information ကိုကြိုက်သလောက်ထည့်လို့ရသလို၊ လိုတဲ့အချိန်မှာ ကြိုက်သလိုဆွဲထုတ်လို့ရပါတယ်။ပြောချင်တာက စာဆိုတာကို ကျက်ချင်ရင် ချက်ချင်း ကျက်လို့ရသလို၊ မှတ်ထားတဲ့စာတွေကိုလဲ လိုတဲ့အချိန်မှာပြန်ထုတ်လို့ရပါတယ်။
ဒါက အသက်ကြီးကြီး ၊ ငယ်ငယ် ဘယ်သူမဆိုလုပ်လို့ရတာပါ။
ဒါဆို မိတ်ဆွေလည်း အခုစဉ်းစားနေပါပြီ။
❝ကိုယ့်ရဲ့ကလေးကိုဒီလိုစာကောင်းကောင်းကျက်နိုင်ဖို့ဘယ်လိုလုပ်ကြမလဲ❞ အဖြေကတော့ ❝ခေါင်းထဲကိုသေချာရောက်စေတဲ့စာလေ့လာနည်းပါ❞
ဘာတွေလဲဆိုတာ စိတ်ဝင်စားနေပြီ ဟုတ်❗️
ခေါင်းထဲကိုတစ်ခါတည်းရောက်တဲ့စာကျက်နည်း(၆)မျိုးရှိပါတယ်
🔰Speed Reading
➖➖➖➖
Speed Reading ဆိုတာကတော့စာကိုအချိန်တိုတိုနဲ့ ဖတ်နိုင်တာဖြစ်ပါတယ်။
လူတော်တော်များများက Speed reading(စာမြန်မြန်ဖတ်)လိုက်တာနဲ့ စာမရတော့ဘူးဆိုပြီး ထင်တတ်ကြပါတယ်။
တစ်ကယ်က အဲလိုမဟုတ်ပါဘူး။ Speed Reading ဆိုတာက စာနားလည်တာကိုလုံးဝမလျော့ကျဘဲ အချိန်တိုအတွင်း မှာအာရုံစိုက်ပြီးစာဖတ်တာပဲဖြစ်ပါတယ်။
ကိုယ်ကလေးကစာတွေကိုအချိန်တိုအတွင်းမှာဖတ်လာနိုင်တော့ဘာဖြစ်လာမလဲ?
ဥပမာ-တခြားကလေးတွေကစာတစ်ခန်းကို၂နာရီလောက်နားလည်အောင်ဖတ်ရတဲ့အချိန်မှာ ကိုယ့်ရဲ့ကလေးက၁နာရီကျော်ကျော်လေးနဲ့ဖတ်လို့ပြီးမယ်။ ပြောရရင်ကလေးတခြားလုပ်ချင်တာ လေးတွေလုပ်ဖို့ပိုအချိန်ရတာပေါ့။
🔰Critical/Creative Thinking
➖➖➖➖
Critical Thinkingဆိုတာကတော့ပြဿနာတွေကို လက်တွေ့ကျကျနဲ့ ရင်ဆိုင်ဖြေရှင်းဖို့စဉ်စားတတ်တာ ဖြစ်ပါတယ်။
ကိုယ့်ကလေးရဲ့ ကျောင်းသားဘဝတင်မကဘူး၊ အလုပ်ဝင်တဲ့အခါမှာလည်းအောင်မြင်ဖို့အတွက် Critical thinkingကောင်းကောင်းရှိဖို့လိုပါတယ်။
ဝေဖန်တွေးတောနိုင်တဲ့သူတွေဟာဆုံးဖြတ်ချက်တွေကောင်းကောင်းချတတ်လာပါလိမ့်မယ်။
အလိုလိုက်ခံရတဲ့ကလေးတွေဟာပြဿနာတစ်ခုခုနဲ့ကြုံရရင် မိဘတွေဆီကို ငိုပြီးသွားလေ့ရှိကြပါတယ်။
အဲဒီကလေးတွေ အသက်ကြီးလာတဲ့အခါမှာလဲ ပြသနာတစ်ခုခုကြုံလာရင် အားကိုးဖို့ပဲရှာကြရပါတယ် ကိုယ်တိုင်မဖြေရှင်းနိုင်ကြပါဘူး။
Critical thinking ကောင်းကောင်းရှိတဲ့ကလေးတစ်ယောက်က ဘယ်တော့မှ အဲလိုဖြစ်မလာပါဘူး။
🔰V.A.K Learning
➖➖➖➖
V.A.K Learning ဆိုတာကတော့ Visual, Auditory, Kinesthetic (အမြင်၊အကြား၊အထိအတွေ့)ဆိုတဲ့ အခြေခံသင်ကြားနည်း ၃ မျိုးဖြစ်ပါတယ်။
လူတွေမှာကိုယ်အားသန်တဲ့လေ့လာသင်ကြားမှုပုံစံအမျိုးမျိုးရှိတယ်ဆိုတာ တော်တော်များများ သတိမထားမိကြပါဘူး။
တစ်ချို့ကလေးတွေကအမြင်အာရုံကိုအဓိကထားပြီးသင်ရတာကို သဘောကျတတ်ကြပါတယ်။
ဥပမာ - ကာတွန်းပုံတွေ၊ပန်းချီကားတွေ၊အရုပ်လေးတွေကို ကြည့်ပြီးသင်ရတာကို အရမ်းသဘောကျလေ့ရှိပါတယ်။
တချို့ကလေးတွေက အကြားအာရုံကို အဓိကထားပြီး သင်ရတာကို သဘောကျတတ်ကြပါတယ်။
ဥပမာ - သီချင်းနားထောင်ရင်းသင်ရတာတို့၊ပုံပြင်နားထောင်ရင်းသင်ရတာတို့၊ စတဲ့အသံနားထောင်ပြီး သင်ရတာကို သဘောကျလေ့ရှိကြပါတယ်။
တစ်ချို့ကလေးတွေဆို သူများစာကျက်တာနားထောင်ရင်းနဲ့တောင် စာရသွားတတ်ကြပါတယ်။
အထိအတွေ့ကို အဓိကထားပြီးသင်တတ်တဲ့ကလေးတွေဟာ ကိုယ်တိုင်လိုက်ပြီးလုပ်ရမှပိုမှတ်မိပြီးပိုလွယ်ကူသွားတတ်ကြပါတယ်။
ရှေ့မှာ လုပ်ပြသွားတာတွေကို နောက်ကနေလိုက်လုပ်ရမှ၊ကိုယ်တိုင်လုပ်ကြည့်လိုက်ရမှ ပိုပြီး လွယ်လွယ်ကူကူမှတ်မိတဲ့ကလေးတွေဖြစ်ပါတယ်။
ကျွန်တော်တို့က အဲဒီကလေးတွေကို သူ့ပုံစံနဲ့သူမဟုတ်ဘဲ သွားသင်လိုက်ရင် ဘာပဲသင်သင် အရာမရောက်ဘဲဖြစ်လေ့ရှိပါတယ်။
ကိုယ်သင်သလောက်၊တတ်စေချင်သလောက် သူတို့မရနိုင်ဘဲဖြစ်တာပေါ့။
ဥပမာ - အမြင်အာရုံကိုအဓိကထားပြီးသင်ရတာကြိုက်တဲ့ကလေးတွေကို သီချင်းတွေပုံပြင်တွေနဲ့ တွဲပြီးသင်ပေးနေမိတာမျိုး၊နောက်ကနေ လိုက်လုပ်လိုက်ရမှ နားလည်လွယ်တဲ့ကလေးကို ပုံတွေ၊အရုပ်တွေပဲပြပြီး သင်ပေးနေမိတာမျိုးတွေပေါ့။
ကျွန်တော်တို့က အဲဒီအတွက် ကလေးတွေဘယ်လို သင်ယူကြလဲဆိုတာကို အရင်လေ့လာပြီးမှ သင်ကြရပါတယ်။
🔰 Mind Mapping
➖➖➖➖
Mind Mapping ဆိုတာ စကားလုံးတွေ၊အရောင်တွေ၊ပုံတွေနဲ့ အကိုင်းအခက်တွေကို သုံးပြီး သတင်းအချက်အလက်တွေကို မြေပုံတစ်ခုလိုမျိုးဆွဲလိုက်တာဖြစ်ပါတယ်။ဒါတွေကကလေးတွေ သင်ထားရတဲ့သင်ခန်းစာတွေ၊အခန်းတစ်ခုလုံးကိုဖြစ်ဖြစ်အလွယ်တကူပြန်မှတ်မိစေပါတယ်။
Mind Mapping လုပ်ခြင်းက မှတ်ဉာဏ်တွေပေါ်လာစေရုံတင်မဟုတ်ပဲ၊စွဲမြဲနေရစ်စေပါတယ်။
ဒါတင်မဟုတ်သေးပါဘူး။ Mind mapping ကနည်းစနစ်တကျတီတွင်ကြံဆဉာဏ်နဲ့စဉ်းစားဉာဏ်ကိုကောင်းစေတဲ့အတွက် စာသင်နေတဲ့ ကလေးတိုင်း သိထားသင့်တဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။
🔰Memory Games
➖➖➖➖
ဒါလေးဖြစ်ဘူးလား?
စာတစ်ခန်းကျက်တယ်..
Okay တယ်.
နောက်တစ်ခန်းကျက်တယ်.
Okay တယ်. ဒါပေမယ့် ပထမတစ်ခန်းမေ့သွားတယ်.
အဲ့ဒါနဲ့ပထမတစ်ခန်း ပြန်ကျက်တယ်.
ဒုတိယအခန်းပြန်မေ့တယ်.ဒါနဲ့အဲ့နှစ်ခန်းကနေမတက်တော့ဘူး။😅
ကိုယ့်ရဲ့ကလေးအဲ့လိုဖြစ်နေမယ်ဆိုရင် Memory Game ရှိပါတယ်။
Memory Games တွေက ကလေးတွေရဲ့ ဦးနှောက်ကို အာရုံစိုက်နိုင်စွမ်း တိုးတက်လာစေနိုင်ပါတယ်။
ဦးနှောက်အတွက်အကောင်းဆုံးလေ့ကျင့်ခန်းလုပ်နည်းလို့လဲပြောလို့ရပါတယ်။
ဒီလို ဂိမ်းလေးတွေဆော့ပေးလိုက်တာနဲ့ သူတို့ရဲ့ အာရုံစူးစိုက်မှုတွေ မြင့်တက်လာမယ်၊သိမြင်လာမှုတွေ မြင့်မားလာမယ်၊ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကို အထောက်အကူကောင်းကောင်းပြုမယ်။
Memory games နဲ့ ကျွန်တော်ခုနကပြောခဲ့သလို စာမေ့တာတွေ မဖြစ်နိုင်တာကြောင့် ကလေးငယ်တွေ မဖြစ်မနေဆော့ကြည့်သင့်တဲ့ Game လေးတစ်ခုပါ။
🔰Whole Brain Note-Taking Technique
➖➖➖➖
ကျွန်တော်တို့မှာ ဘယ်ဘက်ဦးနှောက် နဲ့ ညာဘက်ဦးနှောက်ရှိပါတယ်။
ဘယ်ဖက်အခြမ်းကို အချက်နဲ့အလက်နဲ့ အလုပ်မှာ မှန်မှန်ကန်ကန်လုပ်ရမယ့် ကိစ္စတွေမှာသုံးဖြစ်ပြီးတော့ ညာဖက်အခြမ်းကိုတော့ တီထွင်ကြံဆတာဖြစ်ဖြစ်၊အနုပညာရပ်မှာဖြစ်ဖြစ်သုံးကြပါတယ်။
ကျောင်းသားတွေအနေနဲ့ဆရာ၊ဆရာမတွေစာသင်တဲ့အခါအနောက်ကနေ မှတ်စုလိုက်မှတ်တဲ့အခါ အကောင်းဆုံးနည်းလမ်းကတော့ ကျွန်တော်တို့ရဲ့ ဦးနှောက်နှစ်ဖက်လုံး ကိုသုံးပြီးမှတ်တာကအကောင်းဆုံးဖြစ်ပါတယ်။
မှတ်စုမှတ်တယ်ဆိုရင်ကလေးတော်တော်များများက ဆရာမစာသင်တာကိုအကုန်ကိုလိုက်မှတ်ကြပါတယ်.
တကယ့်မှတ်စုမှတ်နည်းကဒီလိုမဟုတ်ပါဘူး။
ဆရာမစာသင်တဲ့ထဲကအရေးကြီးတဲ့အချက်ကိုပဲလိုက်မှတ်ရမှာပါ။
ဆရာမသင်တာကကျွန်တော်တို့ရေးနိုင်တာထက်မြန်တဲ့အတွက်ကြောင့် မိအောင်ရေးနိုင်ရင်တောင်ခေါင်းထဲထည့်ဖို့အချိန်မရပါဘူး။
ကျွန်တော်တို့ဦးနှောက်နှစ်ဖက်လုံးကိုသုံးတဲ့မှတ်စုမှတ်နည်းကိုသုံးမယ်ဆိုရင် (Whole Brain Note Taking Technique) ကိုယ့်ရဲ့ကလေးကဆရာမစာသင်တာတွေထဲကအရေးကြီးဆုံးအချက်ကိုမှတ်နိုင်ရုံသာမကပဲမှတ်ထားတာတွေကခေါင်းထဲကိုချက်ချင်းရောက်သွားမှာပါ။
ဒီအထိသေချာစာကိုဖတ်လာပြီဆိုထဲက ကိုယ့်ရဲ့ကလေးကို ဒီနည်းလေးတွေသင်ပေးချင်နေပြီ လို့ယုံကြည်ပါတယ်။
🔻 ဒီနည်းတွေဘယ်မှာလေ့လာလို့ရလဲ ပြောပြမယ်ဆိုရင် စိတ်ဝင်စားမယ်?ဟုတ်❗️
➖➖➖➖➖➖➖➖➖➖➖
၂၀၂၆ June လထဲမှာ (၂) ရက်ကြာ MEI က ဦးစီးကျင်းပမယ့် မြန်မာနိုင်ငံရဲ့လူကြိုက်အများဆုံး Every Child Is Special-ECS သင်တန်းရှိပါတယ်။
ECS သင်တန်းကို သင်ကြားခဲ့တာ နှစ်ပေါင်း (၁၀) နှစ်ကျော် ကြာခဲ့ပြီ ဖြစ်သလို သင်တန်းပေါင်း (၇၅) ခုကျော် နှင့် သင်တန်းသားပေါင်း (၃၅,၀၀၀) ကျော် တက်ရောက်ပြီးပါပြီ။
ဒီ Programမှာ စောစောကကျွန်တော်ပြောခဲ့တဲ့ခေါင်းထဲကိုတစ်ခါထဲရောက်တဲ့ စာကျက်နည်း(၆)မျိုးလုံးကိုသင်ပေးသွားမှာဖြစ်ပါတယ်။
အဲ့ဒါအပြင် Programလေးထဲမှာကိုယ့်ရဲ့ကလေးအတွက်လိုအပ်တဲ့ပေါင်းသင်းဆက်ဆံပုံ၊အမူအကျင့်နဲ့စိတ်နေစိတ်ထားစတာတွေကိုလည်းတိုးတက်အောင်ပြောင်းလဲပေးသွားမှာပါ။
အသက် (၁၀) နှစ် ကနေ (၁၄)နှစ်အောက်အတွင်း ဘယ်သူမဆိုလာတက်ရောက် လို့ရပါတယ်။
🔻Every Child is Special Program လေးပြီးသွားရင်ကိုယ့်ရဲ့ကလေးဘာတွေဖြစ်လာမလဲ?
➖➖➖➖➖➖➖➖➖➖➖
▪️အရင်ကထက်စာရင်ပိုပြီး စာကျက်တာအများကြီးမြန်လာမယ်။
▪️စာကျက်တာမြန်တဲ့အတွက်အချိန်ပိုရလာပြီးကလေးလုပ်ချင်တဲ့အရာတွေကို လုပ်နိုင်လာမယ်။
▪️မှတ်ဉာဏ်ပိုကောင်းလာပြီး စာတွေပိုမှတ်မိလာမယ်။
▪️အာရုံစူးစိုက်မူပိုကောင်းလာမယ်။
▪️ပြဿနာတွေကိုစနစ်တကျပိုပြီး စဉ်းစားဖြေရှင်းတတ်လာမယ်။
▪️ကိုယ့်ကလေးက သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ်၊လူကြီးတွေနဲ့ဖြစ်ဖြစ် ပိုပြီးပေါင်းသင်းဆက်ဆံတတ်မယ်။
▪️စာတွေပိုရလာပြီးပိုတော်လာတဲ့အတွက် ကလေးက ကိုယ့်ကိုကိုယ် ယုံကြည့်ချက်ပိုရှိလာမယ်။
▪️မကောင်းတဲ့အကျင့်တွေပျောက်ပြီး အကျင့်ကောင်းတွေရလာမယ်။
▪️နောက်ဆုံးအရေးကြီးဆုံးဖြစ်တဲ့ ကိုယ့်ကလေးစိတ်က ထိလွယ်ရှလွယ် မဟုတ်ပဲ စိတ်ဓာတ်တွေပိုသန်မာစေမှာဖြစ်ပါတယ်။
🔻လာတက်ပြီးလို့မကြိုက်ခဲ့ရင်ကော?
➖➖➖➖➖➖➖➖➖➖➖
ဒါအတွက်လုံးဝစိတ်ပူစရာမလိုပါဘူး။
သင်တန်းကိုလာခဲ့လိုက်ပါ ပထမတစ်ရက်နေ့လည်အထိလေ့လာလို့ပထမရက်မှာကိုယ့်ရဲ့ကလေးမပျော်ဘူး စိတ်ဝင်စားစရာမရှိဘူး၊ သဘောမကျဘူးဆိုရင်
သင်တန်းကြေးကို ရာနှုန်းပြည့် ပြန်ပေးသွားမှာပဲဖြစ်ပါတယ်။
ဒါဆိုရင် အခု Program လေးကို ကိုယ်ရဲ့ကလေးအတွက်စိတ်ဝင်စားနေပြီမလား?
🔻သင်တန်းအသေးစိတ်
➖➖➖➖➖➖➖➖
📆Date : 6 & 7 June 2026 (Sat & Sun)
⏰Time : မနက် (၉:oo) မှ ညနေ (၆:၀၀) အထိ
🏡Place: Physical Training
(နေရာအတိအကျကို သင်တန်းအပ်နှံပြီးရင် ပြန်အကြောင်းကြားပေးမှာဖြစ်ပါတယ်)
June 7 ရက်နေ့တွင် လူကြီးမိဘများသည် သားငယ်၊သမီးငယ်များနှင့် အတူ Parenting session ကို ညနေ (၄)နာရီခွဲ မှ (၆)နာရီ အထိတက်ရောက်ရပါမည်။
🔻ဒါဆိုရင် ဘယ်သူသင်ပြီး ဈေးနှုန်းကရော ဘယ်လောက်လဲ?
➖➖➖➖➖➖➖➖➖➖➖
ဆရာဦးပြေခိုင်ရဲ့ အနီးကပ် သင်ကြားပို့ချထားသော ဆရာ ဦးမင်းခန့်ကျော်(NLP Trainer from American Board of NLP) ကိုယ်တိုင် သင်ကြားပေးမှာ ဖြစ်ပါတယ်။
💰Normal price : (၁၀ )သိန်းကျပ်
💰Early Bird Promotion (ပထမဆုံးအယောက် ၂၀အတွက်) : (၆)သိန်း (၅)သောင်း ကျပ်
♦️ကော်ဖီ၊ မုန့်၊ နေ့လည်စာ၊ Workbook စသည်ဖြင့် အပြည့်အစုံ ပါဝင်မည်ဖြစ်ပါသည်။
ကလေးများ အကောင်းဆုံးလေ့လာနိုင်ရန်နဲ့ လုံခြုံရေးအတွက် ကလေး ၁၀ ဦးလျှင် ဆရာ/ဆရာမ (၁) ဦးစီ စီစဉ်ထားရှိပေးသွားမှဖြစ်ပါတယ်။
ဒါကြောင့် ကိုယ့်ရဲ့ကလေးကို အချိန်တွေကုန်ပြီးပင်ပန်းနေမယ့်အစား အခုထက်ပိုပြီးမြ င့်တဲ့တစ်နေရာရောက်နိုင်ဖို့ ထပ်ပြီးမစောင့်ပါနဲ့တော့။
အခုပဲ Page ရဲ့ Message Box မှာ ❝ECS❞ လို့ ပို့ပြီး သင်တန်း အပ်နှံနိုင်ပါပြီ။
❝We believe Every Child is Special❞
❝ကလေးတိုင်းဟာ ထူးချွန်သူတွေပါ❞
ချစ်ခြင်းအားဖြင့်
MEI TEAM