17/04/2019
သင့်အတွက် အင်္ဂလိပ်စာ
အင်္ဂလိပ်စာစတင်လေ့လာခြင်းခရီးစဉ်
အမှတ်စဉ် (၃)
သင့်အတွက် အင်္ဂလိပ်စာအမှတ် (၂) မှ ထပ်မံ ဆွေးနွေးမည့် Formality of English အကြောင်းအား အကျယ်တဝင့် ထပ်မံ ရှင်းပြလိုသည်။
English ဘာသာစကား မှာ Formality ကို ဘာကြောင့်စဉ်းစားဖို့လိုအပ်တာလဲ။
English ဘာသာစကားမှ မပာုတ်ပါဘူး။ မိမိတို့၏ မြန်မာ ဘာသာစကားမှာလည်း Formality ကို အလိုက်သင့်သုံးရပါသည်။
“သုံးဆောင်ပါဦး ခင်ဗျာ။” နှင့် “စားပါဦး။”
“ကျေးဇူးပြု ပြီး ထိုင်ပါဦး။” နှင့် “ထိုင်ဦး။”
ရည်ရွယ်ချက်မှာ ဘာသာစကားအား ကျွမ်းကျင်စေရန် နှင့် အခြေအနေကို လိုက်၍ စကားလုံးများကို မှန်မှန်ကန်ကန်ဖြင့် ပြန်လည် အသုံးချတတ်စေရန်ဖြစ်သည်။
Research/Thesis စာတမ်းပြုစုနေသူများ ၊ IELTS စသည့် Academic Writing အတွက်လေ့လာနေသူများ Business Writing များ အတွက် အကျိုးရှိမှာဖြစ်သလို သာမာန် Day-to-day English interacting သူများအတွက်ပါ လိုအပ်သလို စကားလုံး ရွေးချယ်၍ Formality များ ကို အသုံးပြု နိုင်စေရန်ဖြစ်သည်။
Formality အပေါ်သက်ရောက်စေနိုင်သည့် အချက်များ ပေးထားသော်လည်း အသေးစိပ် ဝါကျတွင် ထည့်သွင်း အသုံးပြုပုံများအား ထပ်မံ လေ့လာစေလိုသည်။
Formality ကျစေသည့် ပထမဦးဆုံးအကြောင်းရင်းမှာ
၁. Contractions (အတိုချုံ့ခြင်း) ဖြစ်သည်။
Contracted Form (ချုံ့ထားသည့် ပုံစံ) သည် Informal ဆန်လွန်းပါသည်။
It’s - It is / it was …
It’ll - It will …
There’s - There is …
Formality ကွာခြားချက်ကို သိဖို့ လိုအပ်သည်။
၂. Informal Adjectives (အချို့ သော နာမဝိသေသန များ) ဖြစ်သည့်
Hard , easy , big သည် နေ့စဉ် စကားပြောဆိုရာတွင် အသုံး အလွန်များသည့် informal Adjectives များ ဖြစ်သည်။
မိမိရေးသားမည့်စာ ၏ Formality အား ချိန်ဆတတ်စေရန်
Hard အစား Formality မြင့်သည့်
difficult , complicated, Intolerable များ ဖြင့် အသုံးပြုနိုင်သည်။
Easy အစား effortless, elementary, facile, manageable
Big အစား considerable, extensive, immense, substantial
များဖြင့် အစားထိုးသုံး၍ Formal ဆန်ဆန် မိမိစာ အဆင့်ကို ပြနိုင်သည်။
၃. Idiom များ အသုံးပြုခြင်းသည်လည်း Formality ကျစေသည်။ Idiom ဆိုသည်မှာ ပါဝင်သည့် စကားလုံး တစ်လုံးချင်း စီ ၏ မူလ အဓိပ္ပါယ် မပေါ်လွင်တော့ဘဲ တစ်ခြား အဓိပ္ပါယ် တစ်ခု ဖြစ်လာခြင်းကို ဆိုလိုသည်။ Proverb/ Saying များ ဖြစ်နိုင်သလို စကားစုများ အုပ်စု သီးသန့် လဲ ဖြစ်နို်င်သည်။
Every coin has two sides.
အကောင်းအဆိုးက အမြဲ ဒွန်တွဲလျှက်ရှိသည်။
On the other hand,
တစ်ခြားတစ်ဖက်မှာ တော့ …
A rocky road ahead
ကြုံ တွေ့ ရမည့် ခက်ခဲကြမ်းတမ်းသည့် အခြေအနေ
On the bottom line
အသားတင် အရှုံး အမြတ် အခြေအနေ တွင်
၎. Personal pronouns ဖြစ်သည့် I, We စသည့် Pronouns များကို အသုံးပြူခြင်း
Personal Form များသုံးခြင်း များ ရှောင်ကျဉ် ပြီး there, it, one များကို အစားထိုးသုံးပါက Formality မြင့်သည်။
There is a risk of
It is impossible to ...
One may ask whether …
၅. Using passive constructions (Passive Form ကို သုံးခြင်း) ဖြင့် Formality တက်စေနိုင်သည်။
They can learn English effectively. (Less Formal)
English can be learnt effectively. (Formal)
They analysed data and they discovered. (Less Formal)
Data was analysed and ... (Formal)
၆. Using gerund form (V-ing ပုံစံ အသုံးပြုခြင်း)
Verb အား V-ing ပုံစံ ဖြင့် Formality ကို မြင့် တင်နိုင်သည်။
I have to speak English. (Less Formal)
Speaking English is necessary. (Formal)
If we understand the reasons behind, ... (Less Formal)
Understanding the rationale indicates … (Formal)
၇. Noun Phrases များ အသုံးပြုခြင်း
Formal ဆန်ဆန် ဖြင့် ရေးသားထားသည့် Long noun subjects / Long noun objects များ ကို academic အရေးများတွင် တွေ့နိုင်သည်။
We analysed the data and we found evidence... (Less Formal)
Analysis of the data provided evidence. (Formal)
They have many exercises to fill in the missing words available to learn from. (Less Formal)
The availability of gap fill exercises enhances learning. (Formal)
၈. Using academic word list
မကြာခဏ တွေ့ရတတ်သည့် Academic Words ကို လေ့လာထားသင့်ကြောင်း တိုက်တွန်းလိုသည်။
Establish
Acquisition
Validity
Inevitable
Exploitive
Intrinsic
စသည့် Academic literature မှ စကားလုံးများ တို့ဖြစ်သည်။
၉ . Using fixed academic phrases
အမြဲတမ်းလိုလို တွဲ နေသည့် Academic Phrases များ ဖြင့် မိမိအရေးအသားကို Formal ဆန်ဆန် ရေး နိုင်သည်။
It can be said
It could be argued that ...
One major drawback of this approach ...
One of the most significant current discussions in ...
It is important to note that ...
၁၀. Colloquial / Informal word expressions/ Slang များ စသည့် အရပ်သုံးစကားစုများ မှာ Formality ကျစေပါသည်။ ထို့ ကြောင့် အစားထိုး သုံးနိုင်သည့် formal words များရှာဖွေ မှတ်သားပါ။
Gonna : going to
Stuff : effects, equipment, gear, goods, individual, kit, luggage, objects, paraphernalia, possessions, substances
A lot of : ကို အစားထိုးနိုင်သည့် Formal ကျသည့် စကားစုများ
abundant, adequate, considerable, plenteous, sizeable, substantial, sufficient, significant, voluminous
Things : ကို အစားထိုးနိုင်သည့် Formal ကျသည့် စကားစုများ
aspects, areas, elements, facts, figures, materials, points, situation, subject, information
၁၁.Phrasal Verbs
Presposition/adverbs များဖြင့် တွဲ နေသည့် ကြိယာများ ရှောင်ခြင်း က Formality မြင့်စေတတ်ပါသည်။
Put off - postpone
Look into - investigate
Come across - discover
၁၂.Informal Verbs
Get အစား
acquire , accomplish, attain, become, capture, compass, draw, effect, elicit, evoke, extract, gain, obtain, realise, receive, secure, apprehend
အရေးအသား ပြောင်းလှဲသွားမှုကို သတိထားမိစေရန်အတွက် အောက်ပါ ဝါကျများ ကို တွဲ၍ လေ့လာကြည့်ပါ။
Please make sure you arrive on time.
Please ensure that your arrival is on time. (Formal)
Please give him your travel plans.
Please provide him with your itinerary. (Formal)
When will I get the package?
When will I receive the email? (Formal)
Will I get the reports back?
Would I receive the reports? (Formal - would က Less direct ဖြစ်ပြီး Polite သဘောဆောင်သည်။)
Let’s talk about it now.
Let’s discuss it now. (Formal)
I need some help.
I require some assistance. (Formal)
Let’s talk more about this topic.
Let’s elaborate on this topic. (Formal)
Thanks.
Thank you. (Formal)
Sorry for …
I would like to apologise it if you … (Formal)
Do you know Mr Thomas?
Would you happen to know Mr Thomas? (Formal)
I can’t attend your wedding.
Unfortunately, I will not be able to be present at your wedding. (Formal)
I don’t want to take a taxi.
I would rather not take a taxi. (Formal)
ယခုဆောင်းပါး၏ ရည်ရွယ်ချက်မှာ Formality of English ကို နားလည်နိုင်လောက်အောင် ရေးသားထားခြင်းသာ ဖြစ်သောကြောင့် ဝါကျတည်ဆောက်ပုံများ အသေးစိပ် ရှင်းလင်းချက်များ ထပ်မံဆွေးနွေးမည့် သင့်အတွက် အင်္ဂလိပ်စာ ပို့စ်များ တွင် ထပ်မံဖတ်ရှုပါ။
မေတ္တာဖြင့်
သင့်အတွက် အင်္ဂလိပ်စာ
ပို့စ်အား Like & Share ပြုလုပ်နိုင်သော်လည်း ကူးယူဖော်ပြခြင်းမပြုရန်မေတ္တာရပ်ခံပါရစေ။