KIKU Japanese Education Center

KIKU Japanese Education Center ကုန်ကျစရိတ်အသက်သာဆုံးဖြင့်ဂျပန်နိုင်ငံမှအလုပ်အကိုင်များကိုကိုယ်ပိုင်အေဂျင်စီဖြင့်တိုက်ရိုက်မိတ်ဆက်ပေးပါသည်။

25/09/2024

လေဆိပ်ဝင်မဲ့ကလေးတွေသတိထားရန်🇯🇵⬇️⬇️❗

👘Coe အောင်ပြီး သွားခါနီးကလေးများ ပစ္စည်းဝယ်တာ၊ ထည့်တာတွေမှာ ဒါလေးတွေ သတိထားကြပါနော် ....

▪️အိတ်(Luggage) ဝယ်ရင် ပေါ့ပါးပြီး ပစ်ချလည်း မကွဲလောက်မယ့် အိတ်ကိုဝယ်ပါ။

▪️Hand Carry Bag သုံးမယ့်အိတ်ကို မဖြစ်မနေ ဘီးပါတာဝယ်ပါ။

Hand Carry Bag က ကိုယ်တိုင်သယ်ရတာဖြစ်လို့ ဘီးမပါလို့ မ နေရရင် Transit ဝေးရင်ဝေးသလောက် ပင်ပန်းပါတယ် ။

▪️Hand Carry Bag ထဲထည့်သယ်မယ့် ပစ္စည်းများထဲမှာ သံထည်ပစ္စည်းနဲ့ အရည်ပါတဲ့အရာနဲ့ ဆေးဝါးပစ္စည်းတွေ မထည့်တာက Save အဖြစ်ဆုံးဖြစ်ပါတယ်။

( အကုန် အသေးစိတ် အစစ်ခံရမှာမို့ အခန့်မသင့်ရင် စစ်တဲ့နေရာမှာ ထားခဲ့ရနိုင်ပါတယ်)

▪️ဖိနပ်ကို သက်သောင့်သက်သာ အဖြစ်ဆုံးဖိနပ် ဝယ်ပါ။ ဖိနပ်ပေါက်ရင် ခြေထောက်အရမ်းနာပြီး ပင်ပန်းစေပါတယ်။

▪️ Power bank ပါလျှင် Hand Carry ထဲပဲ ထည့်သည်ရတယ်လို့ သိရပါတယ်။

mobile Battery charging , ဓါတ်ခဲပါတဲ့လျှပ်စစ်ပစ္စည်းအမျိုးအစားက Check in baggage အိတ်အကြီးထဲထည့်သယ်လို့မရပါ❌

100Wh ~ 160 Wh ( 43243 mAh) ထိဆို လူတစ်ယောက်ကို (2) ခုထိဘဲ သယ်ခွင့်ရှိပါတယ်✅

▪️💻Laptop က ကျောပိုးအိတ် (သို့) handcarry အနေနဲ့လက်ကဆွဲသွားလို့ရပါတယ်။

▪️ရွှေထည်ပစ္စည်းက လူတစ်ကိုယ်စာ ဝတ်ဆင်သွားရင်ရပါတယ်။

▪️ကျောပိုးအိတ် လွယ်လို့ရပါတယ်။
ပုံမှန်ဆို ထည့်မချိန်ပါ။

အရမ်း size ကြီးနေတာမျိုး၊ လေးတဲ့ပုံစံသိသာရင်တော့ Hand Carry နဲ့ပေါင်းချိန်တာမျိုး၊ ပစ္စည်းလျှော့ခိုင်းတာမျိုးတွေ လုပ်တတ်ပါတယ်။
(ဆိုဒ်သေးတဲ့ ကျောပိုးအိတ်ရွေးချယ်ပြီး မဖောင်းစေတဲ့ အရာတွေထည့်သင့်ပါတယ်)

▪️Snack မုန့်ထုပ်နဲ့ Ready အစားအစာ(အရည်မပါ) တာမျိုးတွေက Hand Carry နဲ့ကျောပိုးအိတ်ထဲထည့်သယ်လို့ရပါတယ်။

▪️အသီး၊ အသားငါး၊ အခြောက်အခြမ်း၊ အကြော်အလှော်တွေက ဆီလုံအောင်သေချာပိတ်ပြီး check in baggage အိတ်အကြီးထဲထည့်တာကောင်းပါတယ်။

⚠️အထူးသတိပေးချင်တာက တိပ်(ပ်)အဝါတွေနဲ့ မပတ်ဖို့ပါ။ တိပ်(ပ်) အဝါနဲ့ ပတ်ထားတော့ အစစ်ခံရတဲ့အခါ သံသယပိုဖြစ်ပြီး အကုန်ဖောက်စစ်တတ်ပါတယ်။

အနံ့ထွက်မှာစိုးရင် ပုံမှန် ကြွပ်ကြွပ်အိတ်နဲ့ အရင်ထည့်၊ လေထုတ်၊ စုပြီး သားရေကွင်း(သို့) ကြိုးနဲ့ ကြပ်ကြပ်လေးချည်၊ ပြီးရင် Zip Lock အိတ်အကြည်နဲ့ထည့်လိုက်ရင် အနံ့က တော်တော်လုံသွားပါတယ်။

▪️ပစ္စည်းထည့်တဲ့အခါ အိတ်ရဲ့ အောက်ခြေမှာ အဝတ်အစား အနည်းငယ်စီထည့်၊ ပြီးရင် မမြင်စေချင်တာတွေစီထည့်၊ ပြီးရင် အဝတ်အစားများကိုပဲ အပေါ်ကစီထည့်ပါ။

အိတ်နှစ်လုံး သယ်ခွင့်ရှိရင်တချို့က တစ်အိတ်က အဝတ်အစား၊ တစ်အိတ်က စားစရာဆိုပြီး ထည့်တတ်ကြပါတယ်။

အဲ့လိုမလုပ်ပဲ အပေါ်ကပြောတဲ့အတိုင်း နှစ်အိတ်လုံးမျှထည့်တာ ကောင်းပါတယ်။

▪️ Kg ဘယ်လောက်ရလဲဆိုတာကို လေယာဉ်လက်မှတ်ထဲမှာကြည့်ပြီး ပစ္စည်းထည့်တဲ့အခါ အလေးချိန်ကို တွက်ရင်း ထည့်တာကောင်းပါတယ်။

✳️အရမ်းအများကြီး Kg တွေပိုလို့ လေဆိပ်မှာ ထုတ်ထားခဲ့ရရင် ပစ္စည်းမဆုံးရှုံးရင်တောင် အရေးကြီးတာတွေ ချန်ခဲ့ရနိုင်ပါတယ် ။

Crd_ မူရင်း✍️❤️

25/09/2024

🇯🇵100% Kaigo scholarship program 🇯🇵

Saga ဒေသ ရှိ Language School တွင်

🔺Language School 2 years+Work 5 years🔺
Language School 2 နှစ် စာကျောင်းလခ full scholarship ရမှာဖြစ်ပြီးလုပ်ငန်းခွင်ဝင်ရောက်နိုင်မည့်အစီစဉ်ဖြစ်သည်။

ဂျပန်နိုင်ငံဘက်မှ တိုက်ရိုက် Sponsor ပေးမည်ဖြစ်သောကြောင့် COE အတွက် 100%စိတ်ချရပြီး ကျောင်းတက်နေစဉ်ကာလမှာလဲ Sponsor ပေးထားသောကုမ္ပဏီမှာ တစ်ပါတ် (၂၈)နာရီ Part Time Job စီစဉ်ပေးပါမည်။နေစရာအခန်းကိုလည်း Deposit Company မှ ပေးထားမှာဖြစ်ပြီး လစဉ်ကြေး များကို မိမိကိုယ်တိုင် ပေးဆောင်ရမည်ဖြစ်သည်။ကျောင်း၂နှစ်တက်ပြီး Kaigo Fukushi Exam အောင်မြင်ပါက Work Visa ဖြင့် လစာများများရရှိမည့်အခွင့်အရေးဖြစ်ပါသည်။

🧐လိုအပ်ချက်များ
1/ အမျိုးသမီး
2/ N3(passed)(or) N2(passed)(JLPT/Nat Test)
3/ ပညာအရည်အချင်း 10တန်းအောင်

2018 ခုနှစ်မှစတင်ပြီး အခြေခံပိုင်နိုင်စွာ 100% တာဝန်ယူသင်ကြားပေးခဲ့သည့်ဆရာများဖြစ်ပါသည်။(မှတ်ချက်💯ကြိုးစားချင်စိတ်လေးတော...
11/09/2024

2018 ခုနှစ်မှစတင်ပြီး အခြေခံပိုင်နိုင်စွာ 100% တာဝန်ယူသင်ကြားပေးခဲ့သည့်ဆရာများဖြစ်ပါသည်။
(မှတ်ချက်💯ကြိုးစားချင်စိတ်လေးတော့လိုအပ်ပါမည်။👍)
နယ်မှကျောင်းသားများဖြစ်လျှင် အဆောင်စီစဥ်ပေးပါသည်။



ားပြော

စာမေးပွဲဖောင်အခက်အခဲအတွက် ကျောင်းလိုင်စင် Update လေးနောက်ကျသွားလို့ ကျောင်းသားများအားတောင်းပန်ပါတယ် 🙇‍♂️ကုမ္ပဏီလိုင်စင်အ...
03/09/2024

စာမေးပွဲဖောင်အခက်အခဲအတွက် ကျောင်းလိုင်စင် Update လေးနောက်ကျသွားလို့ ကျောင်းသားများအားတောင်းပန်ပါတယ်
🙇‍♂️ကုမ္ပဏီလိုင်စင်အသစ်လေးလဲ ဆက်စောင့်ပေးကြပါအုံး🙇‍♂️🙇‍♂️

03/09/2024

🇯🇵ဂျပန်၁ယောက်က မြန်မာလူငယ်တွေကိုသုံးသပ်ထားတဲ့အမြင်လေးတွေ အတုယူပါ ပြုပြင်ကြပါ🇲🇲

ဂျပန်တယောက်ပြောတဲ့ မြန်မာပြည်မှာ
သွင်းကုန်ထုတ်ကုန် ကုမ္ပဏီလဲလုပ်
စာသင်ကျောင်းလဲ လာဖွင့်ထားတဲ့
ဂျပန်တယောက်နဲ့ တွေ့တယ် ..

သူ့ဆီက သတင်းနဲ့ မြန်မာပြည်၊ မြန်မာနိုင်ငံ မြန်မာလူမျိုးအပေါ် အမြင်လေးမေးခဲ့ပါတယ်။

သူပြောတဲ့အချက်ထဲက ကောင်းတာကတော့
မြန်မာများက ယုံလွယ်ပါတယ်တဲ့ ..
လူတစ်ဖက်သားအပေါ် ချက်ချင်းခွင့်လွှတ် တတ်ပါတယ်တဲ့။

နိင်ငံခြားသား ဧည့်သည်ဆိုရင်
ပိုလို့တောင် ခွင့်လွှတ်ကြ၊ အောက်ကျို့ကြ၊ အထင်ကြီးကြ၊ အားနာတတ်ကြပါသတဲ့။

စိတ်ထားများ ရိုးသားပါတယ်တဲ့ .. ကောင်းကွက်တွေပေါ့၊

မကောင်းကွက်ကတော့
သူအလုပ်လုပ်တာမှာ ကြုံတွေ့နေရတဲ့ အခက်အခဲများပါ။

မြန်မာပြည်မှာ ဘွဲ့ရပေမယ့်
အလုပ်ကျွမ်းကျင်သူ မရှိဘူးတဲ့
အလုပ်ကျွမ်းကျင်သူ ဆိုတာ အလုပ် တတ်ကျွမ်းတာကို ပြောတာ မဟုတ်ပဲ ကိုယ့်ဘာသာ လုပ်ရမဲ့အလုပ်ကို ကိုယ့်ဘာသာ မစီစဉ်တတ်တာ

ကျောင်းများက မသင်ပေးလိုက်တာ
အများနဲ့ ပူးပေါင်း သင်းဖွဲ့ပီး မလုပ်တတ်တာ
အပျော်ကိစ္စတော့ ပေါင်းတတ်ပီး အလုပ်ကို ပူးပေါင်းလုပ်ဖို့ မတတ်ကြပါတဲ့ ။

လုပ်ငန်းခွင်မှာ အချင်းချင်း ပူးပေါင်း မလုပ်တတ်ပါတဲ့။
လုပ်ခိုင်းလဲ အဆင်မပြေတာတွေပဲ
တွေ့နေရပီး
အထက်ကအောက်ကို အထင်သေး၊အောက်က အထက်ကို ကန့်လန့်လုပ်တာ ခဏခဏ တွေ့ရပါသတဲ့။

လုပ်ငန်းခွင်မှာ အဆင်မပြေလို့ အလုပ်ထွက်သူများကို လူ ၁၀၀ မှာ ၈၀ တွေ့ရပါသတဲ့ ..

နောက် မြန်မာပြည်မှာ ဘွဲ့ရတာနဲ့ အလွန် ဘ၀င်မြင့်ပါသတဲ့။ ပြီးတော့ ဘာမှမတတ်တာတွေ၊
ကိုယ့်ကိုယ်ကိုတောင် မထိန်းသိမ်းတတ်သေးတာ၊ မပြောတတ် မဆိုတတ်တာ တွေ့ရပါသတဲ့။

သူ့စာသင်ကျောင်းမှာ ဆရာငှားထားတာမှာ
ဆရာများသည် လစာလဲ သူတို့တောင်းတာ ရပါရက်နဲ့ အလုပ်ကို တာ၀န်မကျေတာ၊ အလွယ်တကူ ခွင့်ယူတာ ပြောလို့လဲ မရပါတဲ့။

ပြောလိုက်ရင် အလုပ်ကို တန်ဖိုးမထား အလွယ်တကူ အလုပ်ထွက်သွားပါသတဲ့။
အလုပ်တစ်ခုကို အလွယ်တကူ ၀ငကြှထှကကြှတာ သူတို့က အံသြကြပါတယ်။

အလုပ်တစ်ခုမှာ ရေရှည်လုပ်မှ နေရာရတာပါ။
ငွေတစ်ခုတည်းကြောင့် အလုပ်ထွက်တာ မဟုတ်ပဲ ဘာမဟုတ်တဲ့ ကိစ္စနဲ့လဲ ထွက်ကြတာပါတဲ့။
အလုပ်ကို တန်ဖိုးထားသူ တော်တော်နဲနေပါတယ်တဲ့.....

လုပ်ငန်းခွင်မှာ
ကိုယ်ရေးကိုယ်တာ လုပ်ကြတာ၊ ရည်းစားနဲ့ ဖုန်းပြောတာ၊
မလိုအပ်ပဲ မိတ်ဆွေသူငယ်ချင်းများနဲ့ စကားအကြာကြီး ပြောတာ၊
အလုပ်လုပ်ရင်း မဆီမဆိုင် စကားတွေ
ကို အချင်းချင်းပြောကြတာတွေကို ရှက်စရာလို့ မသိကြတာ ပါတဲ့။

ဒါကို တားရင်လဲ အလုပ်ထွက် ကြပါတယ်တဲ့။ သူအလွန်အံဩ ရပါတယ်တဲ့။
ဂျပန်မှာ အလုပ်ချိန် အလုပ်ကိစ္စနဲ့ အပြင်သွားရင်တောင် အလုပ်နဲ့ မဆိုင်တဲ့စကားကို လူမသိလဲ မပြောကြပါတဲ့။

ရည်းစား မိတ်ဆွေ သူငယ်ချင်းများကလဲ အလုပ်ချိန်ဆိုတာ သိကြပါတယ်တဲ့။
ကိုယ်အားနေတာတောင် တစ်ဖက်ကအလုပ်ချိန် အလုပ်မှာမို့ ဖုံးမဆက်ကြပါတဲ့။
အလွန်အရေးကြီး သာရေးနာရေး ရှိမှသာ ဆက်ပါတယ်တဲ့ ....

နောက် အလုပ်မှာ သန့်ရှင်းရေးလုပ်ခိုင်းတာကို
ဘွဲ့ရမို့ မလုပ်နိုင်ဘူးဆိုပီး ပြောကြပါတယ်တဲ့။ ကျောင်းများက သန့်ရှင်းရေးလုပ်တာ၊ ကိုယ်နေတဲ့ နေရာ ကိုယ့်ဘာသာ သန့်ရှင်းရေးလုပ်ဖို့
မသင်ခဲ့ပေးခဲ့ဘူး ထင်ပါတယ်တဲ့၊

သူ့မှတ်ချက်ပါ။
ဆရာဖြစ်ပြီး ကိုယ်တက်ခဲ့တဲ့ အိမ်သာတောင် နောက်လူ၀င်ရင် သန့်နေအောင်
ပြန်လုပ်ပေးဖို့ အသိမရှိကြပါတဲ့။

ဂျပန်မှာကတော့ မန်နေဂျာလဲ အိမ်သာသန့်ရှင်းရေး ရှိပါတယ်။ ကိုယ်သုံးရင် ကိုယ်လဲ အလှည့်ကျပေါ့။ သိပ်ကြီးတဲ့အလုပ်တွေမှာတော့ သန့်ရှင်းရေး
သီးသန့်ထားပါတယ်။

သူက ကိုယ့်ကို ပြန်ပြောသွားပါသေးတယ်
မင်းတို့ ဗုဒ္ဒဘာသာမှာ
အများသုံးတဲ့ နေရာတို့၊
လမ်းက အမှိုက်ဆူးခလုတ်တို့
ဖယ်ရင် ကိုယ့်အတွက်ကုသိုလ်ရတယ် မဟုတ်လားတဲ့ ...

နောက်တစ်ခုက လစာ
ကိုယ့်အလုပ် အခြေအနေနဲ့ ဖြစ်သင့်တာထက် ပိုပို လိုချင်လာကြတာပါတဲ့။ အလုပ်ကို ဘယ်လို လုပ်ရမယ်၊
အလုပ်နဲ့ ပါတ်သတ်တာကို ကျွမ်းကျင်အောင် လုပ်မယ်၊

ဒီအလုပ်မှာ ၀င်ငွေပိုရအာင် လုပ်ပေးမယ်ဆိုတာတို့ကို အရင်မကြိုးစားပဲ လစာကိုပဲ ဦးစားပေးသူ များနေတယ်တဲ့။

တစ်ခြားက လစာလေး နဲနဲပိုတယ် သတင်းကြားရင် ကိုယ့်အလုပ်နဲ့ မဆိုင် ၊ကိုယ်တတ်ကျွမ်းထားတာနဲ့လဲ မပါတ်သတ်ပဲ ပြောင်းတာပဲတဲ့။

တရုတ်ပြည်မှာ လုပ်တဲ့ လုပ်ခထက် ပိုလာရင်တော့ ဘယ်သူမှ ဒီကိုလာမှာမဟုတ်ပါတဲ့ ...

ကျောင်းဆရာလုပ်ပီး ကားအကောင်းစား စီးချင်တာလဲ တွေ့ရပါသတဲ့။ ကားအကောင်းစားစီးပြီး သူဌေးလုပ်ချင်ရင် ကျောင်းဆရာမလုပ်နဲ့ အလုပ်ရွေးတာ မှားနေတယ်ပြောတော့ စိတ်ဆိုးပြီး နောက်နေ့ ဘာမှမပြောပဲ အလုပ်မလာတော့ပါတဲ့။

လကုန်မှ သူလုပ်ခဲ့တဲ ၅ရက်စာလေး လာတွက်တောင်းပါသတဲ့။
အဲဒီ ဆရာက စာသင်တာလဲ တော်ပါတယ်တဲ့။ ဘာလို့ အဲလိုစိတ်တွေဖြစ်နေတာလဲလို့ သူစုံစမ်းလေ့လာနေပါတယ်တဲ့။

သူ့အလုပ်မှာ ၀န်ထမ်းက ၃၀ လောက် ရှိပါတယ်တဲ့။ လုပ်လာတာ ၄ နှစ်လောက်မှာ သူတွေ့ရတဲ့ အခက်အခဲတွေပါတဲ့

မြန်မာပြည်ကတော့ ဂျပန်ထက် နေလို့
ကောင်းပါတယ်တဲ့။

ခေတ်နဲ့ ညီတဲ့ မီးတို့ လမ်းတို့ နဲ့ ဥပဒေတိတိကျကျ သတ်မှတ်ပီး လိုက်နာအောင် ကွပ်ကဲအုပ်ချုပ်နိုင်ရင် အင်မတန် နေပျော်ပါတယ်တဲ့ ...

အလုပ်လုပ်ဖို့ဆိုရင်တော့ ခုနကလို အခက်အခဲ ရှိပါတယ်တဲ့။

အလုပ်လုပ်သူ မြန်မာပြည်သူများက အလုပ်ကို တန်ဖိုးထားတတ်အောင် အလုပ်တာ၀န်နဲ့ လစာက တွဲနေတယ် ဆိုပေမဲ့ အမြဲ တွဲမမြင်ရဘူး ဆိုတာရယ်၊

အလုပ်က လစာများတာ တစ်ခုတည်းမဟုတ်ပဲ နေရာရတာ၊ အလုပ်မှာ ကိုယ်ကကျွှမ်းကျင်တာ၊ စီနီယာဖြစ်လာတာတွေက စိတ်ကိုပျော်ရွင်စေတာလဲ သတိပြုပါတဲ့။

credit

Page အသစ် အစလေးမှာ JLPT N4/N3 တကြိမ်တည်းနဲ့ဖြေဆိုအောင်မြင်သွားကြသူလေးများ おめでとう🎉☺️❤️
30/08/2024

Page အသစ် အစလေးမှာ JLPT N4/N3 တကြိမ်တည်းနဲ့ဖြေဆိုအောင်မြင်သွားကြသူလေးများ おめでとう🎉☺️❤️

🛑 Up to date: PJ PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း ♨️Hot ဖြစ်နေတဲ့ သတင်း 🔘 Pass...
18/08/2024

🛑 Up to date: PJ PV passport ကိုင်ဆောင်ထားသူများ မြန်မာနိုင်ငံလေဆိပ်မှ ထွက်ခွါခွင့်အကြောင်း

♨️Hot ဖြစ်နေတဲ့ သတင်း

🔘 Passport ကို PV အမျိုးအစား ကိုင်ဆောင်ထားသူတွေ လေဆိပ်မှာ ထွက်ခွင့်ပိတ်လိုက်တာလား
🔘 PJ တွေ ထွက်မရဘူး သို့ ထွက်ဖို့မလွယ်ဘူး

❗️Information အမှန်

📕If you are PV type passport holder :

PV = passport for Visit
အလည်အပတ်သီးသန့် သတ်မှတ် ထုတ်ပေးထားတဲ့ passport ဖြစ်ပါတယ်။ အရင်ကတော့ ဒီအမျိုးအစားနဲ့ အလုပ်ဗီဇာနဲ့ နေလို့ ရကောင်းရခဲ့ပါမယ် ။ အခုက rules တိုင်း အတိအကျသတ်မှတ်တဲ့အခါ မရတော့တာပါ။ visit အမျိုးအစား passport ကိုင်ထားသူသည် မည်သည့်နိုင်ငံမဆို့ only for visit သွားရောက်လည်ပတ်ရုံသာ ခွင့်ပြုပါတော့တယ်။

🟩 PV passport ဖြင့် Visitor အဖြစ်အလည်သွားတဲ့သူများ မြန်မာလေဆိပ်မှ ထွက်ခွါခွင့်ရရန်လိုအပ်သည့်စာရင်း

✅ Flight ticket ✈️ two way (အသွားအပြန်)
✅ မြန်မာနိူင်ငံသား မှတ်ပုံတင်
✅ Hotel Booking
✅ Show Money ($500 or ထိုင်း B20000 ကို
cash in hand ငွေသား လက်ဝယ်ပြရပါမယ် ဘဏ်အကောင့်မရပါ)

အဆိုပါ documentation (4) မျိုး မပြည့်စုံရင် မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

📕If you are PJ type passport holder :

PJ = Passport for Job
ပြည်ပနိုင်ငံများမှာ အလုပ်သွားရောက်လုပ်ကိုင်ဖို့ ထုတ်ပေးထားတဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားဖြစ်ပါတယ်။ ဒါကြောင့် Visitor passport များ
Job Visa ဖြင့်သွား၍မရပါ ❌

PV passport ကိုင်ဆောင်ထားပြီး job visa (non-B / non-LA) စသဖြင့် တစ်ခုခု ဖြစ်နေတယ်။ မြန်မာနိုင်ငံက ထွက်ခွါခွင့် မရပါဘူး… ❌

👉 Job Visa သမားများ PJ type ကို ပြောင်း၍ အခွန် ဆောင်ထားကြောင်း ပြနိုင်မှသာ မြန်မာနိုင်ငံက ထွက်ခွါခွင့် ရပါလိမ့်မယ် .. 💯✔️

PV with work visa မြန်မာနိုင်ငံ အလည်ပြန်လာလိုပါက ဆောင်ရွက်ရမည့် အချက်များ
✅ မိမိရောက်ရှိရာ နိုင်ငံ သံရုံးမှာ PV to PJ ပြောင်းပါ
✅ အခွန်ဆောင်ခဲ့ပါ
✅ Owic card မရှိသေးပါက မြန်မာနိူင်ငံ ရောက်ရောက်ခြင်းလျှောက်ပါ။

PJ passport နှင့် work visa ရှိသူများကို OWIC card + မိမိအလုပ်အတွက် အခွန်ဆောင်ထားရင် လေဆိပ်မှ ထွက်ခွါခွင့်ပြုပါတယ် ✅

PJ (Job passport) အသစ်များ သို့ PJ ကိုင်ထားပြီး နိုင်ငံခြားအလုပ် မရှိဖူးသေးသူများကတော့ နိုင်ငံခြားမှ အလုပ်ခေါ်စာဖြင့် တရားဝင်
OWIC ကဒ်ကိုင်ဆောင်ထားပြီး လေဆိပ်မှာ ပြနိုင်ရင်ရပါတယ်… ✅

PJ ဖြင့် ကျောင်းသွားတက်မည့်သူများ

👉 ရန်ကုန်ထိုင်းသံရုံးမှာ Student Visa ရရှိပြီး၍ passports ထဲ non-immigrant visa ဖြင့် ကျောင်းသွားတက်သူများ ကျောင်းနဲ့ဆိုင်တဲ့
စာရွက်စာတမ်းတွေလိုပါတယ် ✅

👉 PJ နှင့် Ed visa သမားဖြင့် ထိုင်းနိုင်ငံမှာ လက်ရှိနေထိုင်သူများကတော့ ခုထိတော့ ဘာမှ မကြားသေးပါ။ ဖြစ်နိုင်ရင်တော့ Education visa ရှိနေပါက PE type ပြောင်းသင့်ပါတယ်။

Nothing is 100% certain ပါ။

📕If you are seaman with PS type passport:

PS = Passport for Seaman
သင်္ဘောသားတွေကတွေကတော့ အရင်လိုပဲ ထွက်စာ DO ပါရင်ရပါတယ် ✅

အားလုံးပဲ အဆင်ပြေကြပါစေ 🌸

crd

16/08/2024

မိုးလေအေးအေး အိပ်ရာထဲဖုန်းလေးပွတ်ရင်း အပျင်း​လဲပြေစာလဲရအောင် စကားပြောမလေ့ကျင့်မှီ လျှာလေးသွက်အောင်လိုက်ပြောကြည့်ကြပါရှင်😍

16/08/2024

働きすぎて寝言を言うぐらい日本に頑張らなきゃ🤗
အလုပ်တအားလုပ်ပြီးအိပ်ရင်းထယောင်ရလောက်အောင် ဂျပန်မှာမကြိုးစားလို့မရပါဘူး ကလေးတို့ရေ🤗

Address

106/B, Sabai Street, 47 Ward, North Dagon
Yangon

Website

Alerts

Be the first to know and let us send you an email when KIKU Japanese Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share