Tr. Thuzar Education Center

Tr. Thuzar Education Center Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Tr. Thuzar Education Center, Education, 36-38 (B) Grand Myaynu Condo, Ground Floor , Myaynu Street, Sanchaung, Yangon.

Pearson Edexcel iLower Secondary စာမေးပွဲ ရလဒ်များ ထွက်ပေါ်လာသည့်အခါ TZEC မှ ကျောင်းသား၊ ကျောင်းသူများသည် ထူးချွန်ပြောင်...
22/08/2026

Pearson Edexcel iLower Secondary စာမေးပွဲ ရလဒ်များ ထွက်ပေါ်လာသည့်အခါ TZEC မှ ကျောင်းသား၊ ကျောင်းသူများသည် ထူးချွန်ပြောင်မြောက်သည့် အမှတ်ကောင်းများဖြင့် TZEC မိသားစုတစ်ခုလုံးကို ဂုဏ်ယူဝမ်းမြောက်စေခဲ့ပြန်ပါတယ်။

ဒီအောင်မြင်မှုဟာ Secondary 1 စတင်တက်ရောက်ချိန်ကတည်းက TZEC ၏ စနစ်ကျလှသည့် သင်ကြားရေးအုတ်မြစ်အောက်တွင် အစဉ်အမြဲ လေ့ကျင့်ပြင်ဆင်ခဲ့ကြသည့် ကလေးများ၏ ကြိုးစားအားထုတ်မှုနှင့် ဆရာ/ဆရာမများ၏ အနီးကပ် လမ်းညွှန်မှုတို့ ပေါင်းစည်းရာမှ သီးပွင့်လာသည့် ရလဒ်ဖြစ်ပါတယ်။

🏆 အထူးဂုဏ်ယူဖွယ်ရာ Outstanding အောင်မြင်မှုများ

4 Subjects S4 (Highest Grade) Achiever: iLower Secondary ၏ အမြင့်ဆုံး အဆင့်အတန်း Rank ဖြစ်သည့် S4 ကို ဘာသာရပ် ၄ ခုစလုံးတွင် တစ်ဘာသာမကျန် အပြည့်အဝ ဆွတ်ခူးနိုင်ခဲ့သည့် ထူးချွန်ကျောင်းသားလေး Khant Min Nanda

World’s Highest Mark in Mathematics (80 Out of 80 Full Mark): သင်္ချာဘာသာရပ်တွင် ၈၀ မှတ် အပြည့် (80/80) ဖြင့် ကမ္ဘာ့အဆင့် အမြင့်ဆုံးအမှတ် (World’s Highest Mark) ကို ဆွတ်ခူးရရှိခဲ့သည့် TZEC ၏ ထူးချွန်ကျောင်းသူလေး Myat Shwe Yee Tun

Lower Secondary အဆင့်သည် အနာဂတ် IGCSE နှင့် A-Level ပညာရေး ခရီးစဉ်အတွက် အရေးအပါဆုံး အုတ်မြစ်ဖြစ်သည်နှင့်အမျှ TZEC အနေဖြင့် Secondary 1 ကတည်းက Subject Knowledge များ၊ Critical Thinking များနှင့် Exam Techniques များကို စနစ်တကျ လေ့ကျင့်ပျိုးထောင်ပေးခဲ့တာ ဖြစ်ပါတယ်။

အကောင်းဆုံး အောင်မြင်မှုများကို ဖန်တီးပြနိုင်ခဲ့ကြသည့် ကျောင်းသား/သူများ၏ ကြိုးစားမှု၊ မိဘများ၏ ပံ့ပိုးမှုတို့အတွက် TZEC မှ အထူးပင် ဂုဏ်ယူဝမ်းမြောက်မိပြီး၊ ရှေ့ဆက်ရမည့် IGCSE ခရီးစဉ်တွင်လည်း ဒီထက်မက တောက်ပသည့် အောင်မြင်မှုများကို ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ 🎉✨

၂၀.၆.၂၀၂၆ နေ့တွင် ထုတ်ပြန်လိုက်သည့် Pearson Edexcel စာမေးပွဲ ရလဒ်များတွင် 𝐓𝐙𝐄𝐂 မှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏...
21/08/2026

၂၀.၆.၂၀၂၆ နေ့တွင် ထုတ်ပြန်လိုက်သည့် Pearson Edexcel စာမေးပွဲ ရလဒ်များတွင် 𝐓𝐙𝐄𝐂 မှ ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့၏ ကြိုးစားအားထုတ်မှုကို အကောင်းဆုံး သက်သေပြသနိုင်ခဲ့ကြပြီး ထူးချွန်ထက်မြက်သည့် အမှတ်ကောင်းများစွာ ကို ရရှိခဲ့ကြပါတယ်။

ဒီအောင်မြင်မှုဟာ စာမေးပွဲပြင်ဆင်ချိန်အတွင်း ကြုံတွေ့ခဲ့ရသည့် စိန်ခေါ်မှုများကို ဇွဲ၊ လုံ့လ၊ တိကျသည့် အစီအစဉ်များ ဖြင့် ကျော်ဖြတ်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားမှု၊ ထို့အပြင် ဘာသာရပ်ဆိုင်ရာ သဘောတရားများကို ထိရောက်စွာ နားလည်သဘောပေါက်အောင် အနီးကပ် လမ်းညွှန်သင်ကြားပေးခဲ့ကြသည့် ကျွမ်းကျင် ဆရာ၊ ဆရာမများ၏ Mentorship တို့ ပေါင်းစည်းရာမှ ရရှိလာသည့် ရလဒ်ကောင်း ဖြစ်ပါတယ်။

𝐓𝐙𝐄𝐂 အနေဖြင့် ကလေးများ၏ ပြဿနာဖြေရှင်းနိုင်စွမ်းနှင့် Analytical Thinking များကို မြှင့်တင်ပေးနိုင်သည့် သင်ကြားရေးဝန်းကျင်ကို ဖန်တီးပေးထားပြီး၊ ယခု Edexcel ရလဒ်ကောင်းများသည် ကျောင်းသား/သူများ၏ အနာဂတ် ကမ္ဘာ့အဆင့်မီ တက္ကသိုလ်ကြီးများဆီသို့ ယုံကြည်မှုအပြည့်ဖြင့် လျှောက်လှမ်းနိုင်ရန်အတွက် တံခါးကြီးများကို ပွင့်လှစ်ပေးလိုက်ခြင်းလည်း ဖြစ်ပါတယ်။

တောက်ပသည့် အနာဂတ်ဆီသို့ ရှေ့ဆက်လှမ်းတော့မည့် 𝐓𝐙𝐄𝐂 ၏ ကျောင်းသား၊ ကျောင်းသူတစ်ယောက်စီတိုင်း၏ အားထုတ်မှုနှင့် အောင်မြင်မှုများအတွက် 𝐓𝐙𝐄𝐂 မိသားစုမှ အလေးအနက် ဂုဏ်ယူဝမ်းမြောက်ကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ 🎓🎉

ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတင်းကောင်းပါးအပ်ခြင်း 🎓✨𝐓𝐙𝐄𝐂 သည် 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 မှ တရားဝင် အသိအမှတ်ပြုထားသော "Certified Partn...
21/08/2026

ဂုဏ်ယူဝမ်းမြောက်စွာဖြင့် သတင်းကောင်းပါးအပ်ခြင်း 🎓✨

𝐓𝐙𝐄𝐂 သည် 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 မှ တရားဝင် အသိအမှတ်ပြုထားသော "Certified Partner School" ဖြစ်လာခဲ့သည့်အပြင်၊ "Top 5 Highest Exam Volume Achiever Award" ကိုလည်း ဒုတိယအကြိမ် ထပ်မံဆွတ်ခူးရရှိခဲ့ပါပြီ။ 🏆

အထူးသဖြင့် International School များ နှင့် College များကြားတွင် Top 5 အနေဖြင့် တစ်ခုထဲသော IGCSE Center ဖြစ်ပြီး ဤဂုဏ်ပြုဆုကို ရရှိခဲ့ခြင်းမှာ 𝐓𝐙𝐄𝐂 မိသားစုတစ်စုလုံးအတွက် အလွန်ပင် ဂုဏ်ယူဝမ်းမြောက်ရသည့် မှတ်တိုင်တစ်ခုဖြစ်ပါတယ်။

𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 𝐏𝐚𝐫𝐭𝐧𝐞𝐫 𝐒𝐜𝐡𝐨𝐨𝐥 ဖြစ်လာခြင်း၏ အကျိုးကျေးဇူးများ 🌟

𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 နှင့် Partner School အဖြစ် ပူးပေါင်းဆောင်ရွက်ခွင့်ရရှိခြင်းသည် စာမေးပွဲဖြေဆိုမှုများကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရုံမျှတင် မကဘဲ၊ 𝐓𝐙𝐄𝐂 ကျောင်းသာ၊ကျောင်းသူများနှင့် ဆရာ၊ဆရာမများအတွက်လည်း ယခင်ထက် ပိုမိုပြည့်စုံသည့် အခွင့်အလမ်းများစွာကို ဖန်တီးပေးနိုင်တော့မှာဖြစ်ပါတယ်။ ဆရာ၊ဆရာမများအတွက် အဆင့်မြင့် trainingများနှင့် စာမေးပွဲပြင်ဆင်ရေး အထောက်အကူပြု Tools များကိုပါ တိုက်ရိုက် ရရှိတော့မှာဖြစ်ပါတယ်။

ဒါ့အပြင် ကျောင်းသား/သူများအတွက်လည်း စွမ်းရည်ထက်မြက်စေမည့် ပြိုင်ပွဲများ၊ ကွန်ဖရင့်များနှင့် 𝐁𝐫𝐢𝐭𝐢𝐬𝐡 𝐂𝐨𝐮𝐧𝐜𝐢𝐥 ၏ Global Network မှတစ်ဆင့် ဒေသတွင်းနှင့် နိုင်ငံတကာအဆင့် အခွင့်အလမ်းသစ်များကိုပါ ပိုမိုပံ့ပိုး ဖန်တီးပေးနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

ယခုလို ထူးခြားပြောင်မြောက်သည့် အောင်မြင်မှုနှင့် အသိအမှတ်ပြုမှုများကို ရရှိခဲ့ခြင်းသည် 𝐓𝐙𝐄𝐂 ကို ယုံကြည်စိတ်ချစွာဖြင့် သားသမီးများကို အပ်နှံပေးကြသော ကျောင်းသားမိဘများ၊ စေတနာ ထက်သန်စွာဖြင့် ကျောင်းသားများအတွက် အကောင်းဆုံးဖြစ်အောင် သင်ကြားပြသပေးခဲ့ကြသော ဆရာ/မများ၊ နောက်ကွယ်မှ စနစ်တကျ မနားတမ်း ပံ့ပိုးပေးခဲ့ကြသော ဝန်ထမ်းများ၏ စုပေါင်းကြိုးပမ်းမှုနှင့် ယုံကြည်မှုတို့ကြောင့်ပင် ဖြစ်ပါတယ်။

𝐓𝐙𝐄𝐂 အပေါ် ယုံကြည်ပေးကြသည့် မိဘများနှင့် ကျောင်းသား/သူများအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါကြောင်းနှင့် ရှေ့ဆက်၍လည်း အနာဂတ်ပညာရေးလမ်းကြောင်းမှာ အကောင်းဆုံးသော ဝန်ဆောင်မှုများနှင့်အတူ အတူတကွ လျှောက်လှမ်းသွားပါမယ်။ ❤️✨

မနေ့ကထွက်ရှိခဲ့သည့် 𝐌𝐚𝐲 𝟐𝟎𝟐𝟔 𝐈𝐆𝐂𝐒𝐄 (𝐂𝐈𝐄) စာမေးပွဲရလဒ်များတွင် 𝐓𝐙𝐄𝐂 မှ ကျောင်းသား/သူများသည် ထူးချွန်ထက်မြက်သည့် ရလဒ်ကောင်...
19/08/2026

မနေ့ကထွက်ရှိခဲ့သည့် 𝐌𝐚𝐲 𝟐𝟎𝟐𝟔 𝐈𝐆𝐂𝐒𝐄 (𝐂𝐈𝐄) စာမေးပွဲရလဒ်များတွင် 𝐓𝐙𝐄𝐂 မှ ကျောင်းသား/သူများသည် ထူးချွန်ထက်မြက်သည့် ရလဒ်ကောင်းများစွာနှင့်အတူ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုများကို ဆွတ်ခူးရရှိခဲ့ကြပါတယ်။

ယခုအောင်မြင်မှုဟာ ကျောင်းသား/သူများ၏ ၁၈ လကြာ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝီရိယတို့နှင့်အတူ အတွေ့အကြုံရင့်ကျက်သည့် ဆရာ/ဆရာမများ၏ စေတနာပါပါ အနီးကပ် လမ်းညွှန်သင်ကြားပေးမှုတို့ ပေါင်းစပ်ရာမှ ပေါ်ထွက်လာသည့် သီးပွင့်ပန်းခိုင်များ ဖြစ်ပါတယ်။

𝐓𝐙𝐄𝐂 အနေဖြင့် ကျောင်းသား၊ကျောင်းသူတိုင်း၏ ပညာရေးခရီးစဉ်ကို အလွန်တန်ဖိုးထားပြီး ကလေးများ၏ ကြိုးစားအားထုတ်မှု၊ ရည်မှန်းချက်များနှင့် ရင်ဆိုင်ရသည့် စိန်ခေါ်မှုတိုင်းကို အပြည့်အဝ နားလည်စာနာပြီး၊ လိုအပ်သည့် ပညာရပ်ဆိုင်ရာ ပံ့ပိုးမှုများနှင့် စိတ်ဓာတ်ခွန်အားများကို ခရီးစမှ ဆုံးထိ အစဉ်မပြတ် ပေးအပ်လျက်ရှိပါတယ်။

နှစ်စဉ်နှစ်တိုင်း ထူးချွန်ကျောင်းသား/သူပေါင်းများစွာကို မွေးထုတ်ပေးလျက်ရှိပြီး နှစ်ပေါင်းများစွာတိုင်အောင် 𝐇𝐢𝐠𝐡 𝐀𝐜𝐡𝐢𝐞𝐯𝐞𝐫 𝐀𝐰𝐚𝐫𝐝𝐬, 𝐂𝐨𝐮𝐧𝐭𝐫𝐲 𝐇𝐢𝐠𝐡𝐞𝐬𝐭 𝐀𝐰𝐚𝐫𝐝, 𝐖𝐨𝐫𝐥𝐝 𝐇𝐢𝐠𝐡𝐞𝐬𝐭 𝐀𝐰𝐚𝐫𝐝𝐬 အစရှိသည့် ဘာသာရပ်အသီးသီးတွင် ရရှိခဲ့သည့် ဤဆုတံဆိပ်များသည် TZEC ၏ ခိုင်မာသည့် သင်ကြားရေးအုတ်မြစ်နှင့် ပညာရေးအရည်အသွေးကို ထင်ဟပ်နေပါတယ်။

ဤအုတ်မြစ်ကောင်းများသည်ပင် ကျောင်းသား/သူများအား အကဲဖြတ်၍မရနိုင်သော သင်ယူမှုအတွေ့အကြုံကောင်းများနှင့် အကောင်းဆုံး လမ်းညွှန်မှုများကို ရရှိစေပြီး၊ အနာဂတ်အောင်မြင်မှုများဆီသို့ လျှောက်လှမ်းနိုင်ရန် စွမ်းဆောင်ပေးနေခြင်း ဖြစ်ပါတယ်။
ကျောင်းသား၊ ကျောင်းသူများ၏ ကြိုးစားမှုနှင့် အောင်မြင်မှုတိုင်းအတွက် TZEC မှအထူးပင် ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ✨

TZEC ကျောင်းသား / သူများ၏ Fire safety အတွက်  Fire Protection system ကို တပ်ဆင်ပြီးပါပြီ ဒီ project အတွက် အချိန်တစ်လ နီးပ...
17/08/2026

TZEC ကျောင်းသား / သူများ၏ Fire safety အတွက် Fire Protection system ကို တပ်ဆင်ပြီးပါပြီ

ဒီ project အတွက် အချိန်တစ်လ နီးပါး ကြာအောင် အချိန်ယူခဲ ့ရပါတယ်
⏩️စာသင်ခနိး တစ်ခန်းချငိးစီတိုင်းမှာ smoke detector များတပ်ဆင်ခြင်း
⏩️Laboratory room နဲ ့ Kitchen တို့မှာ Heat detector များတပ်ဆင်ခြင်း
⏩️Hallway တလျှောက် ၊ reception Area နှင့် waiting Area များတွင်smoke detector များနှင် fire alarm များတပ်ဆင်ခြင်း
⏩️စာသင်ခန်းတိုင်းနှင့် Corridor များတွင် Emergency light များတပ်ဆင်ခြင်း
⏩️အရေးပေါ်မီးငြိမ်းသပ်ရန် Hose Reel ပိုက်များ နှင် Auto pump များ တပ်ဆင်ခြင်း
⏩️Walkway အချိုးအကွေ့တိုင်းတွင် Emergency Exit Sign များတပ်ဆင်ခြင်း
စသဖြင် အရေးပေါ်မီးဘေး လံုခြံုရေး ကိရိယာများကို ပြည့်စံုစွာ တပ်ဆင် ပြီးစီးပါကြောင်း သတင်းကောင်း ပါးအပ်ပါတယ် ရှင့်

၂၀၂၆ ဇွန်လမှာဖြေဆိုခဲ့ကြတဲ့ A Level စာမေးပွဲကြီး၌ ထူးချွန်ရလဒ်ကောင်းများ ဆွတ်ခူးရရှိခဲ့ကြသည့် TZEC ရဲ့ ကျောင်းသား၊ကျောင်...
15/08/2026

၂၀၂၆ ဇွန်လမှာဖြေဆိုခဲ့ကြတဲ့ A Level စာမေးပွဲကြီး၌ ထူးချွန်ရလဒ်ကောင်းများ ဆွတ်ခူးရရှိခဲ့ကြသည့် TZEC ရဲ့ ကျောင်းသား၊ကျောင်းသူ များကို TZEC မှ အတိုင်းမသိ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ✨👏

TZEC အနေဖြင့် အစဉ်အမြဲ ထူးချွန်သည့် ရလဒ်ကောင်းများကို မွေးထုတ်ပေးလျက်ရှိသည်နှင့်အညီ ယခုလို A Level စာမေးပွဲတွင်လည်း ကလေးတို့၏ ကြိုးစားအားထုတ်မှု၊ မိဘများ၏ ပံ့ပိုးမှုနှင့် ဆရာ/ဆရာမများ၏ စနစ်တကျ ထိရောက်သော လမ်းညွှန်သင်ကြားပေးမှုတို့ကြောင့် ဂုဏ်ယူဖွယ်ရာ ရလဒ်များထပ်မံရယူနိုင်ခဲ့ခြင်းဖြစ်ပါတယ်။ 🏆📚

ရှေ့ဆက်သွားမည့် ပညာရေးခရီးလမ်းတွင်လည်း ဒီထက်မက တောက်ပသည့် အောင်မြင်မှုပေါင်းများစွာကို ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်း TZEC မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။ 🌟💖

June Monthly Test စာမေးပွဲတွင် outstanding result များ ရရှိခဲ့တဲ့ Secondary 1 ကျောင်းသား၊ကျောင်းသူများ၏ ရလဒ်များကို ဝမ်း...
10/08/2026

June Monthly Test စာမေးပွဲတွင် outstanding result များ ရရှိခဲ့တဲ့ Secondary 1 ကျောင်းသား၊ကျောင်းသူများ၏ ရလဒ်များကို ဝမ်းမြောက်စွာ ဖော်ပြပေးလိုက်ပါတယ်။

ဆက်လက်၍ကြိုးစားသင်ယူပြီး လာမယ့်စာမေးပွဲများမှာ ထူးချွန်ရလဒ်များရရှိပါစေလို့ TZEC မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

June Monthly Test စာမေးပွဲတွင် outstanding result များ ရရှိခဲ့တဲ့ Secondary 2 ကျောင်းသား၊ကျောင်းသူများ၏ ရလဒ်များကို ဝမ်း...
10/08/2026

June Monthly Test စာမေးပွဲတွင် outstanding result များ ရရှိခဲ့တဲ့ Secondary 2 ကျောင်းသား၊ကျောင်းသူများ၏ ရလဒ်များကို ဝမ်းမြောက်စွာ ဖော်ပြပေးလိုက်ပါတယ်။

ဆက်လက်၍ကြိုးစားသင်ယူပြီး လာမယ့်စာမေးပွဲများမှာ ထူးချွန်ရလဒ်များရရှိပါစေလို့ TZEC မှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

𝐓𝐙𝐄𝐂 ရဲ့ ကျောင်းသား၊ကျောင်းသူ ၂ ဦးရဲ့ ဂုဏ်ယူဝမ်းမြောက်ဖွယ် သတင်းကောင်း! 🌟𝐓𝐙𝐄𝐂 ရဲ့ A Level အတန်းမှာတက်ရောက်ခဲ့ကြတဲ့ Thoon...
04/08/2026

𝐓𝐙𝐄𝐂 ရဲ့ ကျောင်းသား၊ကျောင်းသူ ၂ ဦးရဲ့ ဂုဏ်ယူဝမ်းမြောက်ဖွယ် သတင်းကောင်း! 🌟

𝐓𝐙𝐄𝐂 ရဲ့ A Level အတန်းမှာတက်ရောက်ခဲ့ကြတဲ့ Thoon Hsu Eain နှင့် Naing Min Khant တို့ဟာ ဂျပန်အစိုးရရဲ့ အလွန်ဂုဏ်သိက္ခာကြီးမားလှတဲ့ MEXT Scholarship (Monbukagakusho Scholarship) ကို စာသင်နှစ် ၄ နှစ်စာလုံးအတွက် Full Scholarship ဆွတ်ခူးရရှိသွားခဲ့ကြပြီ ဖြစ်ပါတယ်။

MEXT Scholarship ဆိုတာ ဂျပန်နိုင်ငံရဲ့ ထိပ်တန်း တက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ ကမ္ဘာတစ်ဝန်းက ထူးချွန်ထက်မြက်တဲ့ ကျောင်းသားတွေကိုပဲ သီးသန့် စိစစ်ရွေးချယ်ပေးအပ်တဲ့ နိုင်ငံတကာအဆင့်မီ ဂုဏ်ယူစရာ ပညာသင်ဆုတစ်ခု ဖြစ်ပါတယ်။

ဒီလို မြင့်မားတဲ့ အခွင့်အလမ်းကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကျောင်းသူလေး Thoon Hsu Eain ဟာ ဂျပန်နိုင်ငံ Tsukuba Science City မှာတည်ရှိတဲ့ နာမည်ကျော် University of Tsukuba မှာ Interdisciplinary Engineering ဘာသာရပ်ကို ၂၀၂၆ Fall Intake ကစတင်ကာ တက်ရောက်သင်ယူတော့မှာ ဖြစ်ပါတယ်။

ထို့အတူပဲ 𝐓𝐙𝐄𝐂 မှ ကျောင်းသားလေး Naing Min Khant မှာလည်း ဂျပန်နိုင်ငံ Sendai, Miyagi Prefecture မှာတည်ရှိတဲ့ ထိပ်တန်းတက္ကသိုလ်ကြီးဖြစ်သော Tohoku University မှာ Mechanical and Aerospace Engineering ဘာသာရပ်ကို အောက်တိုဘာ ၂၀၂၆ fall Intake မှာတက်ရောက်သင်ယူခွင့် ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

A Level တက်ရောက်စဉ်ကာလကတည်းက ကြိုးစားအားထုတ်ခဲ့ကြပြီး MEXT scholarship ကိုလည်း ကိုယ်တိုင်လျှောက်ထားရယူနိုင်ခဲ့ကြတာပဲဖြစ်ပါတယ်။ အခုလို ဂျပန်နိုင်ငံရဲ့ ထိပ်တန်းတက္ကသိုလ်ကြီးတွေမှာ MEXT Full Scholarship နဲ့ ပညာသင်ယူခွင့်ရရှိခဲ့တဲ့ သမီး Thoon Hsu Eain နဲ့ သား Naing Min Khant တို့အတွက် TZEC မိသားစုတစ်ခုလုံးက အထူးပင် ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။

ရှေ့ဆက်မယ့် ပညာရေးခရီးစဉ်မှာလည်း ပိုမိုကြီးမားတဲ့ အောင်မြင်မှုတွေ ဆက်လက်ဆွတ်ခူးနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

ကျောင်းသား၊ကျောင်းသူများရဲ့ အနာဂတ်အိပ်မက်တွေကို ကမ္ဘာ့အဆင့်မီ ပညာရေးနဲ့အတူ အကောင်အထည်ဖော် ပံ့ပိုးပေးနိုင်ဖို့ 𝐓𝐙𝐄𝐂 က အမြဲတမ်း အသင့်ရှိနေပါတယ်နော်။ ✨

📢 𝐈𝐆𝐂𝐒𝐄 နှင့် International 𝐀 𝐥𝐞𝐯𝐞𝐥  တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများအတွက် ယခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ 📢May 2...
01/08/2026

📢 𝐈𝐆𝐂𝐒𝐄 နှင့် International 𝐀 𝐥𝐞𝐯𝐞𝐥 တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများအတွက် ယခုပဲ စာရင်းပေးသွင်းနိုင်ပါပြီ 📢

May 2028 တွင်ဖြေဆိုကြမည့် 𝐈𝐆𝐂𝐒𝐄 ကျောင်းသား၊ ကျောင်းသူများ နှင့် 𝐓𝐙𝐄𝐂 မှ International 𝐀 𝐥𝐞𝐯𝐞𝐥 တက်ရောက်လိုသော ကျောင်းသား၊ ကျောင်းသူများအတွက် အတန်းသစ်များကို လာမည့် အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် အသီးသီး စတင်ဖွင့်လှစ်သွားပါမည်။

📚 𝐈𝐆𝐂𝐒𝐄 အတန်း တက်ရောက်နိုင်မည့် အရည်အချင်းသတ်မှတ်ချက်များမှာ -
- အစိုးရကျောင်းမှ Grade 9 အောင်မြင်ပြီးသူများ (သို့မဟုတ်)
- International School များမှ Year 9 (Passed) / Grade 8 အောင်မြင်ပြီးသူများ။

🎓 International 𝐀 𝐥𝐞𝐯𝐞𝐥 အတန်း တက်ရောက်နိုင်မည့် အရည်အချင်းသတ်မှတ်ချက်များမှာ -
- 𝐈𝐆𝐂𝐒𝐄 အောင်မြင်ပြီးသူများ တက်ရောက်နိုင်ပါသည်။

အတန်းအပ်နှံမှုများကို ယခုမှစတင်၍ လက်ခံနေပြီဖြစ်ပြီး၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် 𝐏𝐥𝐚𝐜𝐞𝐦𝐞𝐧𝐭 𝐓𝐞𝐬𝐭 ဖြေဆိုပေးရမည် ဖြစ်ပါသည်။

တက်ရောက်လိုသည့် အတန်းနှင့်ပတ်သက်သော အသေးစိတ်အချက်အလက်များကို သိရှိလိုသည်ဖြစ်စေ၊ ကျောင်းသား၊ ကျောင်းသူများ၏ ရှေ့ဆက်ရမည့် ပညာရေးအတွက် ဆွေးနွေးတိုင်ပင်လိုသည်ဖြစ်စေ၊ အတန်းအပ်နှံရန်အတွက်ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ တိုက်ရိုက်ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သလို ကျောင်းသို့လူကိုယ်တိုင်လည်းလာရောက် မေးမြန်းတိုင်ပင်နိုင်ကြောင်း အသိပေးလိုပါသည်။

📞 ဖုန်း - 09 750555821, 09 775643756, 09 757762782 📍 ကျောင်းလိပ်စာ - အမှတ် ၃၆-၃၈ (B)၊ Grand Myaynu Condo (မြေညီထပ်)၊ မြေနုလမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့။

Address

36-38 (B) Grand Myaynu Condo, Ground Floor , Myaynu Street, Sanchaung
Yangon

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 05:30
Saturday 09:00 - 17:30
Sunday 09:00 - 05:30

Telephone

+95973151784

Alerts

Be the first to know and let us send you an email when Tr. Thuzar Education Center posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Tr. Thuzar Education Center:

Shortcuts

Share

Category