Chinese by Tr. Nilar

Chinese by Tr. Nilar

Share

Chinese Language

27/08/2025

September 7မှာ HSK examရှိတယ်နော်

27/08/2025

ကလေးတွေကို တရုတ်စာသင်ထားပေးပါ။

24/11/2024

စိတ်ထားလှအောင်အမြဲနေပါ။

လူတစ်ယောက်က အရွယ်နဲ့မလိုက်အောင် အရွယ်တင်ပြီး နုပျိုတယ် ချောနေတယ်ဆိုရင် .....
အဲ့ဒီလူက စိတ်ထားကောင်းတယ်။
ဖြူစင်တယ်။ ရိုးသားတယ်။
ဘဝကိုပျော်ပျော်နေတတ်တယ်။ ပွင့်လင်တယ်။
အဓိက စိတ်ထားကောင်းပြီး စိတ်ကကြည်ကြည်လင်လင်ရှိလို့ စိတ်အကြည်ဓာတ်က ရုပ်ရည်ကိုပိုနုပျိုစေတာပါ။

ကိုယ်အသ၊က်ထက်များစွာအရွယ်တင်ပြီး နုပျိုတဲ့သူတွေက ကောက်ကျစ်တာတွေမရှိဘူး။ သဘောကြတဲ့သူဆိုသဘောကြမယ်။သဘောမကျတဲ့သူဆိုဝေးဝေးကရှောင်လိုက်မယ်။ ကိုယ့်ကြောင့် နစ်နာမှာ.ထိခိုက်မှာ မလိုလားကြဘူး။ ရယ်မောရင် အားရပါးရရယ်တတ်တယ်။
ရင့်ကျက်ပေမဲ့......တစ်ခါတစ်ရံကလေးဆန်တယ်။

တော်တော်များများအရွယ်တင်နုပျိုစေတဲ့သူတွေက စိတ်သဘောထားအင်မတန်ကောင်းတယ်။.
ပျော်ပျော်နေတတ်တာများပါတယ်။
အဲ့ဒိ့တော့..အရွယ်တင်နုပျိုချင်ရင်
စိတ်ထားလှအောင်အမြဲနေပါ။


MK Nora
MK Book Store & စင်္ကာပူ

22/11/2024

ပျော်ရွှင်စွာစာသင်ပါ။
သင်မှန်းမသိတတ်သွားတာပါ။

21/11/2024

ဘာသာစကားသင်ရင်
ကလေးတွေကို ဘာသာရပ်စာအုပ်များများထိတွေ့ပေးပါ။ သူတို့စိတ်၀င်စားပြီး မေးခွန်းတွေမေးလာရင် တက်မြောက်ဖို့က ရာခိုင်နှုန်းပြည့်ပါ။

12/05/2024

12.5.2024
❤️
အမေများနေ့
အမေများ ပျော်ရွှင်ကြပါစေ

06/02/2024

ဟုန်ပေါင်း (အန်ပေါင်း)

တရုတ်နိုင်ငံ နှင့် အာရှအရှေ့ပိုင်း၊ အရှေ့တောင်အာရှနိုင်ငံများတွင် ဟုန်ပေါင်း (အန်ပေါင်း) ကို တရုတ်နှစ်သစ်ကူး၊ မင်္ဂလာဆောင် နှင့် ကလေးမွေးနေ့များတွင် ပေးကြသည်။
အနီရောင်၏ အဓိပ္ပါယ်သည် ကံကောင်းခြင်း နှင့် မကောင်းအန္တရာယ် မှကာကွယ်ပေးခြင်းတို့ဖြစ်သည်။ အနီရောင်စာအိပ်ကို ဟုန်ပေါင်း (ဖူကျင့်လို အန်ပေါင်း) ဟုခေါ်သည်။ ဟုန်ပေါင်းကို အိမ်ထောင်ရှင်များမှ လူငယ်များကိုပေးခြင်း၊ အသက်ကြီးသူများမှ အသက်ငယ်သူများကို တရုတ်နှစ်သစ်ကူးနေ့တွင် ပေးကြသည်။

အန်ပေါင်းအိတ်ထဲတွင် တရုတ်အယူအရ ပိုက်ဆံကိုစုံဂဏန်းများဖြင့်ပေးလေ့ရှိသည်။ မဂဏန်းများကိုတော့ တရုတ်နာရေးများတွင်ပေးလေ့ရှိသည်။ မဂဏန်းများထဲတွင် ၉ဂဏန်းကိုတော့ နာရေးများတွင် သုံးလေ့မရှိပါ။ ၉ဂဏန်းသည် အက္ခရာထဲတွင် အကြီးဆုံးဖြစ်သောကြောင့်ဖြစ်သည်။ စုံဂဏန်းထဲတွင် ၄ဂဏန်းကိုတော့ ဟုန်ပေါင်းများတွင် ထည့်မပေးချေ။ ဥပမာ ၄၀၊ ၄၀၀၊ ၄၄၄။ ၄ဆိုသည် တရုတ်အသံထွက် သေသည်ဆိုသော အသံထွက်နှင့်တူသောကြောင့်ဖြစ်သည်။
တရုတ်နှစ်သစ်ကူးများတွင် ဟုန်ပေါင်းကို အိမ်ထောင်ရှိသူများမှ အိမ်ထောင်မရှိသူများအား ပေးကြသည်။ အများအားဖြင့် ကလေးသူငယ်များအား ပေးခြင်းဖြစ်သည်။ တရုတ်ပြည်မြောက်ပိုင်းဒေသများတွင် အန်ပေါင်းကို အသက်ကြီးသူများက အသက်ငယ်သူ(၂၅နှစ်အောက်) များကိုသာပေးကြသည်။ ကျန်ဒေသများတွင် အသက်ငယ်သူ(အလုပ်မလုပ်သေးသောသူ)များကိုပေးကြသည်။ တရုတ်နှစ်သစ်ကူး ခြငေ်္သ့အကနှင့် နဂါးအကများကိုလည်း အန်ပေါင်းများပေးလေ့ရှိသည်။

တရုတ်ပြည် ချင်မင်းဆက်အချိန်တွင် အန်ပေါင်းကို အကြွေစေ့တွင် အနီရောင်အပ်ချည်ကြိုးချည်၍ ပေးကြသည်။ အနီရောင်ကြိုးချည်ထားသော အကြွေစေ့သည် ကလေးသူငယ်များအား ဖျားနာခြင်း၊ မကောင်းသောအန္တရာယ်များ၊ သေဆုံးခြင်းမှ ကာကွယ်နိုင်သည်ဟု ယုံကြည်ကြသည်။
ရှေးအခါ ရွာတစ်ရွာတွင် နတ်ဆိုးတစ်ကောင်သည် ကလေးသူငယ်များအား ဖမ်းယူလေ့ရှိသည်။ ရွာသူရွာသားများအိပ်နေသောအချိန်တွင် နတ်ဆိုးကြီးသည် ကလေးငယ်များအား ဦးခေါင်းကိုထိလိုက်သည်နှင့် ကလေးငယ်များသည် သေဆုံးသွားကြသည်။ ထိုကြောင့် ရွာသူရွာသားများသည် ကလေးငယ်လေးများ အသက်အန္တရာယ်များမှ ကင်းေ၀းစေရန် မွေးဖွားပြီးသည်နှင့် ဘုရားကျောင်းများသို့ သွားရောက်၍ သက်ဆိုင်ရာနတ်ဘုရားထံ ကလေးငယ်လေးများအား ကာကွယ်ရန် အပ်နှံကြသည်။ ထိုနောက် နတ်ဘုရားသည် ရွာသူရွာသားများအား အိပ်မက်ပေးလေသည်။ ၈ဂဏန်းသည် ကလေးငယ်လေးများအား နတ်ဆိုးထံမှကာကွယ်ပေးမည်ဟု အိပ်မက်ပေးလေသည်။ ထိုကြောင့် ရွာသားများသည် အကြွေစေ့၈ခုကို ကလေးငယ်များ၏ ခေါင်းအုံးအောက်တွင် ထား၍ နတ်ဆိုးထံမှကာကွယ်ကြသည်။ ညအချိန်ရောက်သောအခါ နတ်ဆိုးကြီးရောက်လာပြီး ကလေးငယ်ဦးခေါင်းအား ထိလိုက်သောအခါ အလင်းရောင်ဖြာထွက်လာပြီး နတ်ဆိုးကြီးသည် ကလေးငယ်အားထိ၍မရပေ။ ထိုအခါ နတ်ဆိုးကြီးသည် ကြောက်လန့်တကြားအော်၍ ပြေးလေသည်။ ထိုကြောင့် ရွာသူရွာသားများသည် အကြွေစေ့ ၈ခုကို အနီရောင်အိတ်ထဲတွင်ထည့်၍ ကလေးသူငယ်များ၏ ခေါင်းအုံးအောက်တွင် ထားပေးကြသည်။ ထိုကြောင့် အချိန်ကာလပြောင်းလဲလာသောအခါ ကလေးမွေးဖွားသောအခါ ဆွေမျိုးများက ကလေးငယ်အန္တရာယ်ကင်းအောင် ကလေးငယ်အား အနီရောင်စာအိတ်ထဲတွင် ပိုက်ဆံကို၈ဂဏန်းဆုံးဖြင့် ပေးလေ့ရှိသည်။crd

05/02/2024

u နှစ်သံပေါင်းဖတ်ခြင်း

03/02/2024

နှစ်ကူးတော့မယ်နော်

03/02/2024

မိမိကို ချီးကျူးနေလျှင် တရုတ်လို ဘယ်လိုတုံပြန်မလဲ

25/01/2024

လာလာမေးကြလို့
Speaking ကို one on one သင်ပါတယ်
Tr Nilar

25/01/2024

လက်ပိုက်ကြည့်နေတယ်
တရုတ်လို ပြောကြည့်ပါ

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Address


No. 184(B), Dhmmathukha Kyaung Street, (7) Ward, Hlaing Township
Yangon