Achieving a beautiful body is a long-term process that requires determination and perseverance. Keep pushing forward, and the results will follow!
My Way to a better You
Fitness & nutrition
17/07/2024
# # # Gym မသွားနိုင်သူများအတွက် ကျန်းမာလှပတဲ့ Body ရရှိဖို့ Lifestyle Tips
Gym သွားဖို့အဆင်မပြေသေးတဲ့သူတွေအတွက် တနေ့တာ lifestyle ကို ဂရုစိုက် စားသောက်နေထိုင်ခြင်းဖြင့်လည်း ကျန်းမာလှပတဲ့ Body တခုရရှိလာစေနိုင်တယ်ဆိုတာ သိကြလား?
# # # # ၁. အစားအသောက် မှန်ကန်မှု
- **ကယ်လိုရီအကန့်အသတ်**: တစ်နေ့တာ ကယ်လိုရီ ပမာဏကို သတ်မှတ်ထားပြီး မျှတစွာ စားသုံးပါ။
- **အာဟာရ မျှတမှု**: ပရိုတိန်း၊ အဆီ၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ် မျှတစွာ ရရှိစေရန် ဂရုစိုက်ပါ။
- **အချိုလျှော့ချခြင်း**: အချိုရည်များနှင့် ချိုချဉ်၊ ပေါင်မုန့်များ လျှော့ချပါ။
- **ဟင်းသီးဟင်းရွက်များ စားခြင်း**: အရွက်ဟင်းသီးဟင်းရွက်များနှင့် သစ်သီးများ ပို၍ စားပါ။
# # # # ၂. ရေ သောက်ရန် အရေးကြီးမှု
တစ်နေ့လျှင် ရေသန့် (၈)ခွက် မှ (၁၀) ခွက်ခန့် သောက်ရန် ကြိုးစားပါ။
# # # # ၃. အိပ်ရေး ကောင်းစေရန်
တစ်နေ့လျှင် အနည်းဆုံး ၇ နာရီမှ ၈ နာရီအထိ အိပ်ပါ။
# # # # ၄. နေ့စဉ်လှုပ်ရှားမှုများ
- **အိမ်တွင်းလှုပ်ရှားမှု**: အိမ်တွင်းတွင် လမ်းလျှောက်ခြင်း၊ အိမ်သန့်ရှင်းရေးလုပ်ခြင်းများ တို့ဖြင့် လှုပ်ရှားပါ။
# # # # ၅. စိတ်ပင်ပန်းမှု လျှော့ချပေးခြင်း
- **စိတ်ဖိစီးမှု လျှော့ချခြင်း**: စိတ်ဖိစီးမှု မဖြစ်အောင်၊ ယောဂ၊ meditation ဆောင်ရွက်ပါ။
ဤ lifestyle tips များကို လိုက်နာခြင်းဖြင့် Gym မသွားနိုင်သေးသော်လည်း ကျန်းမာလှပသော ခန္ဓာကိုယ်ကို ရရှိနိုင်မှာ ဖြစ်ပါတယ်!
အလေးတုံးလေး တစုံ ရှိတာနဲ့ whole body Workout လေးတွေ ဆော့လို့ရတယ်နော် 🫶🫶
Video နောက်ဆုံးမှာက အသက် မို့ အဆုံးထိကြည့်ပါ 🥰🥰
Page လေးကို like & follow လုပ်ထားပေးနော်
( ဆော့တာလေးတွေကမြန်ထားတာပါနော် 😁)
ဗိုက်ပူတာတွေ၊ ဗိုက်အဆီတွေရှိခြင်းက လူတွေဆီမှာ စိတ်ဒုက္ခ အပေးဆုံး အရာ ဖြစ်တတ်တယ်
Belly fat loss ဖြစ်စေတဲ့ အထိရောက်ဆုံး Exercise တွေထဲမှာ Ab wheel exercise ပါဝင်ပါတယ်။ Ab wheel သုံးပြီး လေ့ကျင့်ခြင်းက Core muscle strength ဖြစ်စေပြီး, re**us abdominis, obliques, transverse abdominis ( ဗိုက်အရှေ့ဘက်၊ဘေးပတ်ပတ်လည်ကြွက်သားများ) စတဲ့ အစိတ်အပိုင်းတွေကို လုံးဝ အားကောင်းစေပါတယ်။ ဒါကြောင့် Belly fat loss ဖြစ်ဖို့ အထောက်အကူပြုပါတယ်ရှင့်။
Belly လေးချပ်ကပ်လှပစေဖို့ Ab wheel exercise လေး Try ကြည့်နော် 💗💗
Workout လုပ်ဖို့ ဘယ်အရာတွေက Motivation ဖြစ်စေလဲ ????
🫶 My First Vlog 🫶
အောက်ပိုင်းဆော့တဲ့နေ့ဆို Motivation အပြည့်ဘဲ! တခြားသူတွေရော ဘယ်ရက်တွေမှာ Motivation ရလဲ?
Remember, every step counts towards a stronger you. 💪
03/07/2024
**ပေါင် ၁၈၀ ကနေ ပေါင် ၁၁၅ ထိ ဝိတ်ချခဲ့တဲ့ My Body Transformation Journey** Part- 1 💗💗
😚ပုံတွေကြည့်ပြီးသံသယ မဖြစ်ပါနဲ့ ကျမ တယောက်ထဲပါ 😚
ငယ်ငယ်ကတည်းက သင်းပွင့်က ပြည့်ပြည့်လေးပေါ့နော်။ အဆီအစိမ့်အစားအသောက်ကောင်းကောင်းစားတယ်၊ အချိုတွေအရမ်းစားတယ်။ အိမ်နေရင်း စပန့်ဝမ်းဆက်အပွတွေဝတ်ပြီးနေလာရင်း family event တခုသွားဖို့ ပြင်ပြင်ဆင်ဆင်ဝတ်စားလိုက်တော့မှ Overweight ဖြစ်လာတာကို သတိထားမိပြီး အမေလုပ်သူက ဝိတ်ချဖို့ စပြီးပြောတော့တာပေါ့။
အစပိုင်းမှာတော့ လုံးဝစိတ်မပါဘူး၊ အစားစားဖို့ဘဲ အာရုံရှိနေတာပါ။ တစ်နေ့တော့ Gym တခုမှာ သွားဆော့တယ်လိုက်တယ်။ အမေ အတင်းလွှတ်လို့နာရီဝက်လောက်ကစားပြီး ပြန်စားနေတာနဲ့ အဲ့အကြိမ်တော့ မအောင်မြင်ခဲ့ဘူး။
တက္ကသိုလ်တတ်တဲ့အချိန်မှာ အရမ်းဝနေပြီဆံပင်ကလည်းတင်ပါးထိအရှည်ဆိုတော့ စည်ပိုင်းကြီးလိုဘဲ။ ငါဝိတ်ချမှဖြစ်တော့မယ်ဆိုပြီး အိမ်နားမှာ Gym တစ်ခုထပ်ပြီး Join ခဲ့တယ်။ ကိုယ်တိုင်ပြောင်းလဲချင်လာတဲ့စိတ်ကြောင့် Gym ဆရာတွေက အရမ်းအားပေးကြတယ်။ ဘယ်လောက်ပင်ပန်းပင်ပန်း ဇွဲရှိရှိကစားတယ်။ တဖြည်းဖြည်းနဲ့ အစားအသောက်ကိုလဲ ထိန်းသိမ်းလာတယ်။ အချိန်တစ်ခုကြာတော့ ဝိတ်က တဖြည်းဖြည်းနဲ့ကျလာတယ်။
၆ လလောက်ကြာတော့ ပေါင် ၁၈၀ ကနေ ၁၃၀ လောက်ထိ ဝိတ်ကျသွားခဲ့တယ်။ အခုလို 115lb (34:25:38) body ရဖို့ကတော့ ထပ်ဆော့ရသေးတာပေါ့နော်.. ဒါတွေက နောက်တပိုင်း 💗💗
ဝိတ်စချတဲ့အချိန်ကတည်းက Strength Training, Cardio & Training မျိုးစုံ ကိုကိုယ်တိုင်လေ့လာတယ်။ စာတွေလဲဖတ်တယ်၊ ဆရာတွေကိုလည်းမေးရင်း ဝါသနာအိုးဖြစ်သွားတာပါ။
နောက်ဆုံးတော့ စည်ပိုင်း Body Type ကနေ Hourglass Shape Body Type မျိုးရအောင် Body Transformation ကို အောင်မြင်စွာ ပြုလုပ်နိုင်ခဲ့တယ်။
အတွေ့အကြုံတွေက အများကြီးမို့ နောက် Post တခုမှာ ထပ်ပြီး Sharing လုပ်ပေးမယ်နော်။ Transformation ပုံလေးတွေကြည့်ပြီး တခြားသူတွေအတွက်လဲ Motivation တစ်ခုဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။ တခြားသူတွေ Motivation ရဖို့ post လေးကို Share ပေးဖို့ မမေ့နဲ့အုန်းနော်။
Training Program & Diet meal လေးတွေshare ပေးမှာမို့ Page လေးကို Like & Follow လေးလုပ်ထားပေးနော် 💗💗
02/07/2024
Hello💗
Page အသစ်စက်စက်လေးမှာ ကြိုဆိုပါတယ်။ Fitness knowledge, weight loss knowledge, nutrition & beauty tips, fashion စတဲ့ ကဏ္ဍအမျိုးမျိုးမှာ အကျိုးရှိစေမဲ့အချက်အလက်တွေကို အတူတူ လေ့လာရင်း အချင်းချင်း မျှဝေဖို့ ရည်ရွယ်ပါတယ်။
ပျော်စရာကောင်းပြီး အသုံးဝင်စေမဲ့အကြောင်းအရာလေးတွေရယ်, Funny Video လေးတွေကို ဖန်တီးပေးမှာဖြစ်လို့, အတူတူ ပျော်ရွှင်ဖို့ မမေ့ပဲ like & follow လုပ်ပေးပါနော်!
သင်တို့ရဲ့ အားပေးမှုတွေကို စိတ်အားထက်သန်စွာ စောင့်မျှော်နေပါတယ်။
ကျေးဇူးတင်ပါတယ်!
Hello!
Welcome to my new page! I aim to share valuable information on various topics, including fitness knowledge, weight loss tips, nutrition and beauty advice, and fashion insights.
I'll create enjoyable and useful content along with funny videos, so don't forget to like and follow to join in the fun and stay informed!
I eagerly look forward to your support.
Thank you!
Click here to claim your Sponsored Listing.
Location
Category
Website
Address
Yangon