15/11/2025
အဂ်လိပ်စာ လေ့လာသူတိုင်း သဘောကျတဲ့ Level ၇ ခုနဲ့ အခမဲ့ အဂ်လိပ်စာ...
ဒီ Website မှာ Level ၇ ခုရှိပြီး အခြေခံ အတွက်ဆိုရင်တော့ Level 1 နဲ့ 2 ကို စပြီး လေ့လာရပါမယ်..။
အခြေခံ ရှိပြီးသားသူတွေကတော့ Level 3 ကနေ စပြီး လေ့လာပေးရမယ်နော်...။
Level တစ်ခုချင်းစီမှာ Grammar ကို အဓိက ဦးစားပေးထားပါတယ်..။
ဒါ့အပြင် Level တစ်ခုပြီးတိုင်း သင်ခန်းစာတွေကို ကြေညက်လားဆိုတာကို သိရဖို့ Test စစ်ဆေးလို့လည်း ရပါသေးတယ်ဗျာ..။
Level ၇ ခုအပြင် Listening, Reading, American slang, Writing, Conversation , Vocabularly တွေပါ လေ့ကျင့်ဖို့ ပေးထားလို့ တစ်နေရာတည်းမှာ အစုံရတဲ့ ရတနာသိုက်ကြီးဆိုလည်း မမှားပြန်ဘူး...။
စာရင်းပေးစရာလည်း မလိုတဲ့အတွက် ပိုပြီး အဆင်လည်း ပြေတယ်..။
ပေးထားတဲ့ Link ကို ဝင်မယ်..။ ပြီးရင် Level အလိုက် စာတွေ လေ့လာကြမယ်..။
https://www.learnamericanenglishonline.com/
စာတွေ မဖတ်ချင်ဘူး..။ Video နဲ့ပဲ လေ့လာမယ်ဆိုရင်တော့ အောက်က Link ကို ဝင်ပေးဗျာ...။
https://www.learnamericanenglishonline.com/Video%20Lessons.html?amp=1
ကျွန်တော့်အနေနဲ့ Video ထက် Level ၇ ခုက စာတွေကိုပဲ လေ့လာဖို့ အကြံပေးချင်ပါတယ်..။
Level ၇ ခုအပြင် အခြားသင်ခန်းစာတွေ ဆက်လေ့လာချင်တဲ့သူတွေအတွက် Teacher Paul ရဲ့ သင်ခန်းစာတွေ ဆက်ဖော်ပြပေးလိုက်ပါတယ်..။
Listening လေ့ကျင့်ရင်း Grammar လေ့လာချင်တဲ့သူတွေအတွက် Link
https://www.learnamericanenglishonline.com/Listening_Lab/Listening_Lab.html
စကားပြော Dialogue တွေ လေ့လာဖို့ Link
https://www.learnamericanenglishonline.com/Conversations/Conversations_in_English.html?amp=1
Level တစ်ခုပြီးတိုင်း စာမေးပွဲ စစ်ရမယ့် Link
https://www.learnamericanenglishonline.com/Tests_and_Quizzes.html?amp=1
အဂ်လိပ်စာ Writing လေ့လာချင်တဲ့သူတွေအတွက် Link
https://www.learnamericanenglishonline.com/Write_in_English/Write_in_English.html?amp=1
Vocabularly လေ့လာချင်တဲ့သူတွေအတွက် Link
https://www.learnamericanenglishonline.com/Vocabulary.html?amp=1
Pronunciation လေ့လာချင်တဲ့သူတွေအတွက် Link
https://www.learnamericanenglishonline.com/Vocabulary.html?amp=1
Idioms လေ့လာချင်တဲ့သူတွေအတွက် Link
https://www.learnamericanenglishonline.com/Idioms/Idioms.html?amp=1
crd
Learn American English Online with Teacher Paul
Quickly learn American English for free. Improve your grammar and vocabulary skills with the countless beginner-advanced resources the site has to offer.
13/11/2025
မိမိစီးမည့်လေယာဉ်အချိန်ပြောင်းလဲမှု ရှိ၊မရှိကို အလွယ်တကူ ဘယ်လိုသိနိုင်မလဲ?
(၁) လေကြောင်းလိုင်းမှတစ်ဆင့် တိုက်ရိုက်စစ်ဆေးခြင်း
🔹လေယာဉ်လိုင်းရဲ့ အင်တာနက်စာမျက်နှာ သို့မဟုတ် mobile app မှတစ်ဆင့် လေယာဉ်အချက်အလက်ကို ရယူနိုင်ပါတယ်။
🔹PNR သို့မဟုတ် Booking Reference နံပါတ်ဖြင့် ရှာဖွေနိုင်ပါတယ်။
(၂) အီးမေးလ် သို့မဟုတ် SMS ကြေညာချက်များ
🔹လေယာဉ်အချိန်ပြောင်းလဲမှုရှိပါက လေကြောင်းလိုင်းမှ အီးမေးလ် သို့မဟုတ် SMS ပေးပို့လေ့ရှိပါတယ်။
(၃) လေယာဉ်အချိန်ဇယား စစ်ဆေးခြင်း
🔹လေဆိပ်များ၏ ရုံးချုပ်ဝက်ဘ်ဆိုက်များတွင် Real-time Flight Status ကိုကြည့်ရှုနိုင်ပါတယ်။
🔹Flight Radar 24, FlightStats ကဲ့သို့ app များဖြင့် စစ်ဆေးနိုင်ပါတယ်။
(၄) လေဆိပ်သို့ တိုက်ရိုက်ဆက်သွယ်စစ်ဆေးခြင်း
🔹လေဆိပ်မှာရှိတဲ့ Information စင်တာသို့ ဖုန်းဆက်သွယ်၍ စစ်ဆေးနိုင်ပါတယ်။
📌လေယာဉ်အချိန်ပြောင်းလဲမှုများသည် ရာသီဥတု၊ လေယာဉ်ပြင်ဆင်မှု၊ လေဆိပ်အခြေအနေစသည့် အကြောင်းရင်းများကြောင့် ဖြစ်ပေါ်တတ်ပါသည်။ လေယာဉ်မထွက်ခွာမီ ၂၄ နာရီအတွင်း အတည်ပြုချက်ယူခြင်းသည် အကောင်းဆုံးနည်းလမ်းဖြစ်ပါသည်။
"ခရီးသွားမိတ်ဆွေများအားလုံး အဆင်ပြေကြပါစေ"
crd
13/11/2025
Asian မှာခေါ်နေတဲ့ Cabin Crew Recruitment လျှောက်ကြပါစို့ ကလေးတို့
Bangkok | Thailand 🇹🇭
09:00 AM | 19-NOV-2025
Invite onlyပါနော်
Singapore | Singapore 🇸🇬
09:00 AM | 21-NOV-2025
Invite onlyပါနော်
Hanoi | Vietnam 🇻🇳
09:00 AM | 22-NOV-2025
Invite onlyပါနော်
Online ကနေ ဖောင်အရင်တင်ရပါမယ်။
Cabin Crew | Emirates Group Careers
As Emirates Cabin Crew your day starts on a plane and ends with you exploring a new city. Explore videos where you can hear from our crew and find out about the benefits Emirates offers, and what it's like to live in the exciting city of Dubai.
12/11/2025
Hotel Housekeeping သင်ကြားပေးနိုင်သောဆရာတယောက်အလိုရှိသည်။
Airline Groundstaff Teacher တယောက်
Logistics နားလည်ကျွမ်းကျင်သောဆရာတယောက်အလိုရှ်ပါသည်။
ဆက်သွယ်ရန်
780။ သံလွင်လမ်းမကြိး။ ကမာကသွယ်ရပ်ကွက်။ ဒလမြို့
ph.09690637686
11/11/2025
လေယာဉ်လက်မှတ်နောက်ကျောမှာ ကပ်ပေးလိုက်တဲ့ Sticker လေးက ဘာလို့အရေးကြီးတာလဲ?
လေယာဉ်စီးတိုင်း Boarding Pass ရဲ့ နောက်ဘက်မှာ ကပ်ပေးလိုက်တဲ့ Sticker လေးကို တွေ့ဖူးကြမှာပါ။ အဲ့ဒီ Sticker လေးက ဘာလဲ? ဘာအတွက် အသုံးဝင်သလဲ? ဆိုတာကို Ko Leo Vlog မှ ပြောပြပေးပါမယ်။
Sticker ထဲမှာ ဘာတွေပါလဲ?
ဘားကုဒ် (Barcode) - သင့်ခရီးဆောင်အိတ်ရဲ့ မှတ်ပုံတင်နံပါတ်လိုပါပဲ။ ဒီနံပါတ်ဟာ သင့်အိတ်တစ်လုံးတည်းအတွက် သီးသန့်ဖြစ်ပါတယ်။
လေယာဉ်အမှတ် (Flight Number) - မိမိစီးရမယ့် လေယာဉ်ခရီးစဉ်နံပါတ်။
ဦးတည်ရာနေရာ (Destination) - သင့်အိတ် ရောက်ရမယ့် နောက်ဆုံးလေဆိပ်။
ခရီးသည်အမည် - အိတ်ပိုင်ရှင်ရဲ့ အမည်ကို အတည်ပြုဖို့ပါ။
ဘယ်လို အသုံးဝင်လဲ?
(၁) အိတ်မှားမှု ကာကွယ်ပေးခြင်း
လေဆိပ်ဝန်ထမ်းတွေဟာ ဒီ Sticker ကို စက်နဲ့ဖတ်ပြီး အိတ်က ဘယ်လေယာဉ်ပေါ် တင်ရမယ်ဆိုတာကို အလိုအလျောက် သိရှိနိုင်ပါတယ်။ ဒါကြောင့် အိတ်တွေ မှားတင်မိတာမျိုး မဖြစ်အောင် ကာကွယ်ပေးပါတယ်။
(၂) ပျောက်ဆုံးတဲ့အိတ်ကို မြန်မြန်ရှာဖွေပေးနိုင်ခြင်း
မမျှော်လင့်ဘဲ သင့်ခရီးဆောင်အိတ် ပျောက်သွားခဲ့ရင်တောင် ဒီ Sticker က အလွန်အရေးကြီးလာပါတယ်။ Sticker မှာပါတဲ့ ဘားကုဒ်နံပါတ်နဲ့ အချက်အလက်တွေကို အသုံးပြုပြီး လေဆိပ်ဝန်ထမ်းတွေဟာ အိတ်ရဲ့ နောက်ဆုံးတည်နေရာကို ချက်ချင်း ခြေရာခံကာ ရှာဖွေပေးနိုင်ပါတယ်။
အိတ်ပျောက်ခဲ့ရင် ဘာလုပ်ရမလဲ?
(၁) ချက်ချင်း အသိပေးပါ
လေယာဉ်ဆင်းပြီးတာနဲ့ Baggage Claim Area ထဲက "Baggage Service Office" သို့ သွားပါ။ မိမိရဲ့အိတ် မတွေ့ကြောင်း ချက်ချင်း အသိပေးပါ။
(၂) Sticker ကို အသုံးပြုပါ
လေယာဉ်လက်မှတ်ပေါ်က Sticker မှာ ပါဝင်တဲ့ ဒီအချက်တွေကို ဝန်ထမ်းတွေကို ပေးပါ။
PIR Number (ပျောက်ဆုံးမှု အစီရင်ခံစာ နံပါတ်)
Baggage Tag Number (အိတ်တံဆိပ်နံပါတ် - ဥပမာ: 26OCT 02/018HKT 1P/MG
Flight Details (ခရီးစဉ်အချက်အလက်များ)
(၃) အစီရင်ခံစာ ဖြည့်ပါ
PIR Form ကို အတိအကျဖြည့်ပါ။ အိတ်ရဲ့ အရောင်၊ အရွယ်အစား၊ အမှတ်တံဆိပ် စတာတွေကို ဖော်ပြပြီး အတွင်းက ပစ္စည်းတွေရဲ့ စာရင်းကိုလည်း ပြုစုပေးရပါမည်။
Ko Leo Vlog မှ ခရီးသွားမိတ်ဆွေ အကြံပြုချက်
လက်မှတ်နဲ့ Sticker ကို ခရီးစဉ်မပြီးဆုံးမချင်း (အိတ်ပြန်မယူရမချင်း) လုံးဝ မပစ်ပါနဲ့။
Check In Counter မှာ အိပ်အပ်ပြီးလို့ Boarding Pass ရဲ့ နောက်ကျောမှာ Counter မှ ဝန်ထမ်းက Sticker ကပ်ပေးလိုက်ပြီလားဆိုတာ စစ်ဆေးပါ။
မိမိ ခရီးဆောင်အိတ်ရဲ့ ဓာတ်ပုံကို Check In Counterမအပ်ခင်ထဲကပုံရိုက်ထားပါ။
Crd.original uploader
07/11/2025
✈️ ၂. Europe မှာ နိုင်ငံခြားသား (အာရှ) crew ခေါ်နေကြတဲ့ လေကြောင်းလိုင်းများ
အထူးသဖြင့် အောက်ပါလေကြောင်းလိုင်းတွေက အာရှနိုင်ငံသားများကို ပုံမှန်ခေါ်ယူပါတယ် ⤵️
လေကြောင်းလိုင်း Headquarters မှတ်ချက်
Qatar Airways Doha, Qatar Europe တစ်ဝှမ်းရှိနိုင်ငံတွေမှာ base crew အနေနဲ့ တင်ပြပေးတတ်ပါတယ်။
Emirates Dubai, UAE Europe အပြင်အာရှ crew အများဆုံး။ အင်္ဂလိပ်စာကောင်းရုံနဲ့ ပြည်တွင်းပြည်ပတွေမှာတင်ပေးတတ်ပါတယ်။
Etihad Airways Abu Dhabi Emirates လိုပဲ။ အာရှ crew အများစု။
Wizz Air Hungary (EU) အာရှသားတွေကို သီးသန့်ခေါ်တဲ့ campaign များရှိတတ်ပါတယ် (sponsorship များပါဝင်တတ်)
Ryanair Ireland (EU) အခြေတစ်ချို့မှာ non-EU crew ခေါ်တတ်ပေမဲ့ work permit လိုတတ်ပါတယ်။
British Airways UK Non-UK nationals (မရှိသေးတဲ့ immigration status) အတွက် ခက်ခက်ခဲခဲဖြစ်တတ်ပါတယ်။
Virgin Atlantic UK အာရှသူများလည်းရှိပေမဲ့ သီးသန့် training requirement များစွာရှိတတ်ပါတယ်။
Aviation Creator Training Centre
07/11/2025
cabincrew သင်တန်းကျောင်းအတွက် ဆရာမတဦးအလိုရှိပါတယ်။
Ground operation ကျွမ်းကျင်စွာသင်ကြားနိုင်သောဆရာ/ဆရာမ အလိုရှိပါတယ်။
Crewshipအတွက် Housekeepingသင်ပေးနိုင်သော ဆရာတဦး( parttime)အလိုရှိပါတယ်။
ဆက်သွယ်ရန်
ph.09446445312
29/09/2025
မန်းရတနာပုံကခေါ်နေပါပီနော်
24/09/2025
သည်ကျောင်းကသည်လိုတော်တဲ့သူတွေထွက်ဘူးလို့ MAI အတွက် motivationယူရအောင်ပါ။သီရိကအရမ်းတော်ပီးအရမ်းstrongဖြစ်ပီးလူငယ်တွေကိုsharingလုပ်ပေးနေသူမို့ အားလုံးအလုပ်ရကြပါစေ။
fighting
TikTok · thiri_pyaesone_kyaw
169 likes, 8 comments. “Sugar on my tongue 👅”