XVH Learning Hub

XVH Learning Hub

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from XVH Learning Hub, Education Website, Yangon.

Learning hub that curates and offers business and entrepreneurial training programs for startup and SME business owners in Myanmar and beyond, using real world cases and insights.

19/03/2026

Networking Skill ကို သင်ယူရန် အချိန် (၃)ရက်သာ လိုပါတော့သည်။‼️

စီးပွားရေးလုပ်ရင်ပဲဖြစ်ဖြစ် အလုပ်ခွင်မှာဖြစ်ဖြစ် အရေးပါတဲ့ Skill တစ်ခုဟာ Networking ဆိုတဲ့ Soft Skill ပါပဲ။💁‍♂️

Networking Skill ဆိုတာ Business လုပ်နေတဲ့သူတွေပဲမဟုတ်ဘဲ လုပ်ငန်းခွင်ဝင်နေတဲ့ ဘယ်သူမဆို တတ်ထားသင့်တဲ့ ပညာရပ်လည်း ဖြစ်ပါတယ်။ ✨

ဒီ Program မှာဆိုရင် Networking Strategies တွေအပြင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ပြောနိုင်ဆိုနိုင် မိတ်ဆက်နိုင်ဖို့ Confidence Building Technique တွေကိုပါ သင်ကြားပေးသွားမှာဖြစ်ပါတယ်။

ဒါကြောင့် ကိုယ့်အတွက် အခွင့်အလမ်းကောင်းတွေ မဆုံးရှုံးစေဖို့ Registration Form မှာ အမြန်ဆုံးဖြည့်ထားလိုက်ပါတော့ခင်ဗျာ။

သင်တန်းစဖို့ (၃)ရက်ပဲ လိုတော့လို့ စဉ်းစားမနေသင့်တော့ဘူးနော်။ 📌

📅 𝐃𝐚𝐭𝐞: 22nd March 2026 (𝐒𝐮𝐧𝐝𝐚𝐲)
⏰𝐓𝐢𝐦𝐞: 1:00 P𝐌 – 5:00 𝐏𝐌 (2 𝐬𝐞𝐬𝐬𝐢𝐨𝐧𝐬) 📍 𝐋𝐨𝐜𝐚𝐭𝐢𝐨𝐧: 𝗥𝗼𝗼𝗺 𝗡𝗼 6𝗗, 𝗣𝗮𝗻𝘀𝗼𝗱𝗮𝗻 𝗕𝘂𝘀𝗶𝗻𝗲𝘀𝘀 𝗧𝗼𝘄𝗲𝗿, 6𝘁𝗵 𝗙𝗹𝗼𝗼𝗿, 𝗖𝗼𝗿𝗻𝗲𝗿 𝗼𝗳 𝗣𝗮𝗻𝘀𝗼𝗱𝗮𝗻 𝗥𝗼𝗮𝗱 𝗮𝗻𝗱 𝗔𝗻𝗮𝘄𝗿𝗮𝗵𝘁𝗮 𝗥𝗼𝗮𝗱, 𝗞𝘆𝗮𝘂𝗸𝘁𝗮𝗱𝗮 𝗧𝗼𝘄𝗻𝘀𝗵𝗶𝗽, 𝗬𝗮𝗻𝗴𝗼𝗻.

https://docs.google.com/forms/d/e/1FAIpQLSceic1U0WGE6bxcKbrNdDCqnFHCxFmRlnpX-bhtF1nK7VnSug/viewform

28/02/2026

အကောင်းချည်းပဲ ပြောနေလို့ မရတော့တဲ့ ခေတ်မှာ “Negative Marketing” က ဘာလို့ အရေးပါတာလဲ။ ❓

Marketing လုပ်ပြီဆိုရင် လူတွေအမြဲ လုပ်လေ့ရှိတာက ကိုယ့်ပစ္စည်း ဘယ်လောက်ကောင်းကြောင်း၊ ဘယ်လောက် အရည်အသွေးပြည့်မီကြောင်းတွေကိုပဲ တဖွဖွ ပြောနေတတ်ကြပါတယ်။ ဒီလိုလူတိုင်းက “ငါ့ပစ္စည်း အကောင်းဆုံးပဲ” လို့ ပြောနေကြတဲ့အခါ Customer တွေက ရိုးအီသွားတတ်ပါတယ်။

ဒီလိုဖြစ်လာပြီဆိုရင် ကစားပွဲကို ပြောင်းပြန်လှန်နိုင်တဲ့ Negative Marketing ကို လိုအပ်လာပါပြီ။

လူဆိုတဲ့ သဘောက အသစ်အဆန်းလေးဖြစ်မှ စိတ်ဝင်စားတတ်တယ်။ မလုပ်နဲ့ဆိုမှ ပိုလုပ်ချင်ကြတယ်မဟုတ်ပါလား။ ဒါကို Reverse Psychology လို့ ခေါ်ပါတယ်။

Marketing ဆိုတာ အကောင်းပြောတာသက်သက်မဟုတ်ဘဲ လူတွေရဲ့ စိတ်ခံစားချက်နဲ့ သိချင်စိတ်ကို ဘယ်လို ကိုင်တွယ်ပြီး အမြင့်ဆုံးကို ဆွဲတင်မလဲဆိုတာပါပဲ။ အမြဲတမ်း အကောင်းပဲ ချပြနေမဲ့အစား တစ်ခါတလေမှာ ဆိုးကျိုး ဒါမှမဟုတ် အမှားတွေကို ထောက်ပြပြီး Reverse Psychology နဲ့ ဆွဲဆောင်ကြည့်တာက ပိုပြီး Impact ဖြစ်စေပါတယ်။

ကိုယ်တိုင်ရော Negative Marketing ကို သုံးကြည့်ဖူးရဲ့လားဆိုတာ comment မှာ ပြောခဲ့ပါဦး။ 💬

Photos from XVH Learning Hub's post 23/02/2026

“Network ကောင်းရင် အခွင့်အလမ်းဆိုတာ လက်တစ်ကမ်းမှာတင် ရှိနေတာပါ”✨

ကိုယ့်ရဲ့ အရည်အချင်းတွေကို နေရာမှန်၊ လူမှန်ဆီ ရောက်အောင် ပို့ဆောင်ပေးဖို့ Networking Skill က အရေးကြီးဆုံးပဲ မဟုတ်လား။

အခုဆိုရင် MHR Management Institute နဲ့ XVH Learning Hub တို့ ပူးပေါင်းပြီး လူငယ်တွေအတွက် အထိရောက်ဆုံးဖြစ်မဲ့

“Art of Networking Program (Batch - 2)”ကို ပြန်လည်သယ်ဆောင်လာပါပြီ။🌟

ဘယ်သူတွေ တက်ရောက်သင့်လဲ။

📌လုပ်ငန်းခွင်ထဲ စတင်ဝင်ရောက်မယ့် ကျောင်းသူ၊ကျောင်းသားတွေ။

📌Career အသစ်ကို တက်လှမ်းချင်တဲ့ ဘွဲ့ရလူငယ်တွေ။

📌ကိုယ့်လုပ်ငန်းအတွက် Professional Circle ချဲ့ထွင်ချင်တဲ့ Entrepreneurs တွေ တက်ရောက်သင့်ပါတယ်။

📍 Program Details

🗓️ Date: 22nd March 2026 (Sunday)

🕘 Time: 1 PM – 5 PM

📍 Location: Pansodan Business Tower (6th Floor), Yangon + Online (Hybrid)

💰 Program Fees:

* ပုံမှန်သင်တန်းကြေး - 150,000 Ks

* Early Bird (အစောဆုံး ၅ ဦး) - 130,000 Ks သာ

ကိုယ့်အနာဂတ်အတွက် Network ကောင်းတစ်ခုရရှိဖို့ အခုပဲ Registration Form မှာ ဖြည့်လိုက်ပါ။ 🤝

https://docs.google.com/forms/d/e/1FAIpQLSceic1U0WGE6bxcKbrNdDCqnFHCxFmRlnpX-bhtF1nK7VnSug/viewform?fbclid=IwdGRjcAQJQTJjbGNrBAlBKmV4dG4DYWVtAjExAHNydGMGYXBwX2lkDDM1MDY4NTUzMTcyOAABHvoEXye7m5Gfi8GaHM8JEnCHMuxVkz4yVRHM8PONWlwrqM8V-WyUIpLl62qg_aem_bVT6LAdYeit23bx-VNUWmA

21/02/2026

ပြိုင်ဘက်တွေထက် ပိုရောင်းရဖို့ အမြဲတမ်း ဈေးလျှော့ရောင်းဖို့ မလိုပါဘူး။ ‼️

လုပ်ငန်းရှင်အများစု မှားတတ်ကြတာက ဈေးနှုန်းချင်းပြိုင်ဖို့ကို တွေးတတ်ကြတာပါ။ အဲဒီအစား တခြား နည်းလမ်းလေးတွေနဲ့ ပြိုင်ဘက်ထက် ခြေတစ်လှမ်းသာဖို့ ကြိုးစားကြည့်ရအောင်။

✅ ဈေးနှုန်းအစား တန်ဖိုးကို အလေးပေးပါ။

✅ ကိုယ်ပဲ ပေးနိုင်တဲ့ ဝန်ဆောင်မှုတစ်ခု ရှိအောင်ကြိုးစားပါ။

✅Customer နဲ့ ခိုင်မာတဲ့ ဆက်ဆံရေး တည်ဆောက်ပါ။

Customer Journey နဲ့ Behavior တွေကို လေ့လာနိုင်လေ ကိုယ့်လုပ်ငန်းက ပိုအောင်မြင်လေပါပဲ။ 📌

သိချင်တာလေးတွေရှိရင် comment မှာ မေးသွားလို့ရပါတယ်ခင်ဗျာ။

14/02/2026

ဝန်ထမ်း‌ကောင်း တစ်ယောက်ရဖို့ မလွယ်သလို ထိန်းသိမ်းရတာက ပိုခက်ပါတယ်။

လုပ်ငန်းတစ်ခု စ ပြီဆိုရင် ကိုယ်တစ်ယောက်တည်း အားနဲ့ ဘယ်တော့မှ အဆင်မပြေနိုင်ပါဘူး။

ဒီတော့ ကိုယ်နဲ့ စိတ်တူကိုယ်တူ အမြဲရှိပေမဲ့ ဝန်ထမ်းကောင်းဆိုတာက သိပ်ကို လိုအပ်တာပါ။

ဒါကြောင့် ဝန်ထမ်းကောင်းတွေကို လက်မလွှတ်ချင်ဘူးဆိုရင်

1️⃣ သူတို့ရဲ့ Career တက်လမ်းကို လမ်းဖွင့်ပေးပါ။

2️⃣ရလဒ်ကောင်းရင် အသိအမှတ်ပြုဖို့ လက်မနှေးပါနဲ့။

3️⃣Micro Management မလုပ်ပါနဲ့ (လွတ်လပ်ခွင့်ပေးပါ)။

ဒီလိုလုပ်မှပဲ ကိုယ့်ရဲ့ လုပ်ငန်းကို အမြဲတိုးတက်အောင် ကြံဆောင်ပေးနိုင်မဲ့ ဝန်ထမ်းတွေကို လက်မလွှတ်တမ်း ပိုင်ဆိုင်ရမှာပါ။

သင့်လုပ်ငန်းမှာရော ဝန်ထမ်းတွေ မြဲရဲ့လား။Comment မှာ ဆွေးနွေးသွားပါဦး။

07/02/2026

“ Networking Night 4th Edition အောင်မြင်စွာပြီးဆုံး ”

ကျွန်တော်တို့ X Venture Holding နဲ့ Impact Hub Yangon တို့ ပူးပေါင်းကျင်းပတဲ့ Networking Night Event လေးကတော့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့မှာ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီးနိုင်ခဲ့ပါတယ်။ ✨

Event လေးမှာ အဖွင့်အမှာစကားပြောကြားပေးတဲ့ MHR Institute နဲ့တကွ ပွဲကို စိတ်ပါဝင်စားနဲ့ လာ Join ပေးတဲ့ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူးကျေးဇူးတင်ရပါတယ်ခင်ဗျာ။

ဒီပွဲလေးကနေ ရှေ့ဆက်ရမဲ့ လမ်းကြောင်းတွေအတွက် မိတ်ဆွေကောင်းတွေ ၊ Memory ကောင်းတွေနဲ့ Knowledge ကောင်းတွေ ရသွားမယ်လို့လည်း ထင်ပါတယ်။

ဒီတစ်ခေါက်မှာ မjoinဖြစ်တဲ့ သူတွေနဲ့လည်း နောက်ထပ် ထပ်ကျင်းပမဲ့ Edition မှာ တွေ့ဆုံကြဖို့ မျှော်လင့်နေပါတယ်။ 🤝

ကဲ ကိုယ့်ရဲ့ အမှတ်တရလေးတွေ ဒီ video လေးထဲမှာ ပါနေရင် share သွားကြပါဦးခင်ဗျာ။

Disclaimer: All credit goes to original song rightful owner. I do not own this song . No copyright infringement intended.It belongs to its rightful Owner!

31/01/2026

ခေတ်နောက်ကို လိုက်မလား။ ခေတ်ကို ကိုယ်တိုင်ဦးဆောင်မလား။ ❓

ဒီနေ့ကတော့ လုပ်ငန်းရှင်တိုင်း ဖတ်သင့်တဲ့ စာအုပ်တစ်အုပ်အကြောင်းကို Review ပေးဖို့ စီစဉ်ထားပါတယ်။

ဟုတ်ပါတယ်။ စာအုပ်ကတော့ Peter Thiel ရဲ့ “ Zero To One ” ဆိုတဲ့ စာအုပ်ပါပဲ။

စာအုပ်အကြောင်း မပြောခင် ဒီစာအုပ်ကို ဘယ်လိုလူတွေဖတ်သင့်လဲဆိုတာကိုပဲ အရင်ဆုံး ပြောပြပါ့မယ်။

ဒီစာအုပ်ဟာ သမရိုးကျ SME Founder တွေထက် Innovation ကို စိတ်အားထက်သန်တဲ့ Entrepreneur ‌တွေ မဖြစ်မနေဖတ်သင့်ပါတယ်။

ဒီစာအုပ်ကနေ Niche Market ရွေးချယ်တတ်ဖို့၊ ဈေးကွက်မှာ သူများနဲ့မတူအောင် ထိုးဖောက်တတ်ဖို့ ၊ အခြေခံကောင်းတဲ့ System တွေ တည်ဆောက်တတ်ဖို့စတဲ့ အကြောင်းအရာတွေကို ဝေဝေဆာဆာ နားလည်သွားမှာ ဖြစ်ပါတယ်။

ဒီစာအုပ်မှာဆိုရင်

Zero To One ( တီထွင်ဖန်တီးခြင်း )

Monopoly ( လက်ဝါးကြီးအုပ်ခြင်း )

Niche Market ( သေးသေးလေးက စတင်ခြင်း ) ဆိုတဲ့ စီးပွားရေးလုပ်တဲ့အခါ သူများထက် ထူးခြားနေဖို့၊ ခေတ်တစ်ခေတ်ကို ထူထောင်နိုင်ဖို့ဆိုတဲ့ ဗျူဟာကျတဲ့ နည်းလမ်းတွေကို လမ်းညွှန်ပြသထားပါတယ်။

ဒါကြောင့် Entrepreneur တွေအနေနဲ့ မဖြစ်မနေဖတ်သင့်တဲ့ စာအုပ်လို့ ပြောရတာပါပဲ။


ဒီစာအုပ်ကို ဖတ်ဖူးတယ်ဆိုရင်လည်း Comment မှာ ပြောသွားပါဦးခင်ဗျာ။ 💬

21/01/2026

နှစ်သစ်မှာ Version အသစ်နဲ့ Networking Night 4th Edition ပြန်လည်ရောက်ရှိလာခဲ့ပါပြီ။ 📢

အရင်လိုပဲ Entrepreneur တွေနဲ့ Professional တွေ စုံစုံလင်လင် ဆုံကြမဲ့အပြင် အရင်နဲ့မတူ တမူထူးခြားတဲ့ အစီအစဉ်ကောင်းတွေလည်း ပါဝင်ပါသေးတယ်။ ♥️

ဒါကြောင့် အလုပ်ခွင်က ပင်ပန်းသမျှကို ခဏလောက် ဘေးဖယ်ပြီး အတွေးသစ် အမြင်သစ်တွေ လာရောက်စုဆောင်းလိုက်ပါ။🤝

လူဦးရေ အကန့်အသတ်ရှိလို့ အချိန်မနှောင်းခင် Register လုပ်ထားဖို့ အကြုံပြုလိုက်ရပါတယ်ဗျာ။

Registration Link 👇🏻

https://docs.google.com/forms/d/e/1FAIpQLSdc6pfIPTA0IswqHOBivQYn9cQr66u6Y-0IFIsWN3a2tllODA/viewform?fbclid=IwVERDUAPdRhlleHRuA2FlbQIxMABzcnRjBmFwcF9pZAwzNTA2ODU1MzE3MjgAAR5cShMVzcJTjacBMJ9jRZ7EQx1Wx2rH2K5SjllvgxV-YgEYjjVg5_8Y0BrNGg_aem_Ykz_mavx4EmH1GovDqrEQA

📅 Date : ဇန်နဝါရီလ ၂၉ ရက် (ကြာသပတေးနေ့)
⏰ Time : ညနေ (၅) နာရီမှ (၈) နာရီ
📍 Location : Impact Hub Yangon
(M-5)၊ ၃ လွှာ၊ ကန်တော်ကြီးရိပ်မွန်အိမ်ရာ၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရန်ကုန်မြို့။
🎟️ Ticket : ၂၀,၀၀၀ ကျပ် (သောက်စရာနှင့် အဆာပြေမုန့်များ တည်ခင်းဧည့်ခံသွားမှာ ဖြစ်ပါတယ်။)

Photos from XVH Learning Hub's post 10/01/2026

ဒီတစ်ခါတော့ လုပ်ငန်းတစ်ခုမလုပ်ခင်မှာ သိထားသင့်တဲ့ Customer တွေရဲ့ Behavior တစ်ခုကို လေ့လာကြည့်ရအောင်ဗျာ။

ဒါကို သိထားမှ ကိုယ့်ရဲ့လုပ်ငန်းကို ဘယ်လို ဘယ်ပုံနဲ့ လူတွေဆီ ချပြမလဲဆိုတာကို တွေးတတ်မှာပါ။

ပုံတွေမှာ လိုရင်းတိုရှင်းနဲ့ ထိထိမိမိ ရှင်းပြပေးထားလို့ တစ်ပုံချင်းစီဝင်ဖတ်နိုင်ပါတယ်ဗျာ။

နောက်ရက်တွေမှာ အကျိုးရှိစေမဲ့ Topic တွေနဲ့ ပြန်ဆုံကြပါမယ်ခင်ဗျာ။ 🤝

Photos from XVH Learning Hub's post 03/01/2026

Small Business တွေအတွက် အမှန်တကယ် အကျိုးရှိပြီး ထိရောက်တဲ့ ၊ လက်ရှိအချိန်အထိ အလုပ်ဖြစ်နေသေးတဲ့
Budget Marketing တွေကို စုစည်းဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ 📌

တစ်ပုံစီမှာ ရှင်းပြပေးထားလို့ အကျိုးရှိမဲ့ Post တစ်ခုဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ✅

သိချင်တာတွေရှိရင်လည်း comment မှာ မေးခဲ့ပေးပါခင်ဗျာ။

နောက်တစ်ပတ်မှာ အကျိုးရှိစေမဲ့ Topic တွေနဲ့ ပြန်လာဦးမှာမို့ Follow လုပ်ထားပေးပါဦးခင်ဗျာ။ 🤝

Photos from XVH Learning Hub's post 27/12/2025

၂၀၂၆ ကို အကျိုးရှိအောင် ဖြတ်သန်းနိုင်ဖို့ နည်းလမ်း ၅ ခု ❗

၂၀၂၅ တစ်နှစ်တာဟာ ကုန်ဆုံးဖို့အတွက် ရက်ပိုင်းလေးပဲ လိုပါတော့တယ်။

ဒီတစ်နှစ်တာမှာ ကျွန်တော်တို့တွေ အဆင်ပြေတာ၊အဆင်မပြေတာ မျိုးစုံ ကြုံခဲ့ဆုံခဲ့ ရမှာပါ။

အချိန်တွေလည်း ဖြုန်းကောင်း ဖြုန်းခဲ့နိုင်ပါတယ်။

၂၀၂၆ ကိုတော့ ကောင်းတဲ့ကိစ္စတွေနဲ့ တောက်ပတဲ့အနာဂတ်အဖြစ် ပုံဖော်နိုင်ဖို့ ဒီနည်းလမ်းလေးတွေ လိုက်လုပ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။✨

(ပုံတစ်ပုံချင်းစီမှာ စာတွေထည့်ပေးထားလို့ အဆုံးထိ ဝင်ကြည့်သွားပါခင်ဗျာ)။

နောက်ထပ် အကျိုးရှိစေမဲ့ အကြောင်းအရာတွေကို Sharing လုပ်ပေးသွားမှာမို့ Like Follow လုပ်ထားဖို့ မမေ့ပါနဲ့ခင်ဗျာ။ 📌

#2026

15/11/2025

Market Research လုပ်ဖို့ အကောင်းဆုံး နည်းလမ်း - 3C Framework 💯

Market Research ဘယ်လိုလုပ်ရမလဲဆိုတဲ့ မေးခွန်းအပေါ်မှာ Market Research လုပ်ဖို့ Formula တွေ၊ နည်းလမ်းတွေဟာ အများကြီးရှိနေပါတယ်။

အဲ့ဒီ့အထဲကမှ အခြေခံအကျဆုံးနဲ့ အကောင်းဆုံးဖြစ်တဲ့ 3C Framework အကြောင်းကို Sharing လုပ်ပေးသွားဖို့ ရည်ရွယ်ထားပါတယ်။ 📌

3C Framework ဆိုတာ ဘာလဲ ❓

3C Framework ဆိုတာ Market တစ်ခုလုံးကို
Company
Customer
Competitor ဆိုတဲ့ အချက် ၃ ချက်နဲ့ Research လုပ်ရတာပဲဖြစ်ပါတယ်။

✅ Company

ဒါကတော့ ကိုယ့်ရဲ့ Company အကြောင်းကို အရင်တွေးရမှာပါ။ ကိုယ့်ရဲ့လုပ်ငန်း ဒါမှမဟုတ် ကိုယ့်ရဲ့ Products ဟာ
အားသာချက်၊အားနည်းချက် ဘယ်ဟာတွေရှိမလဲ။
Mission, Vision က ဘာဖြစ်မလဲ။
ကိုယ့်လုပ်ငန်းရဲ့ USP ကရော ဘာဖြစ်မလဲ။ ကိုယ့် Brand ရဲ့ Brand Tone ကိုရော ဘယ်လိုပုံစံမျိုး Try ချင်လဲ။ စတဲ့ အချက်တွေနဲ့ ကိုယ့်ရဲ့လုပ်ငန်းကို အရင်ဆုံး သုံးသပ်ရမှာပါ။

✅ Customer

ကိုယ့်Brand ပြီးရင်တော့ ကိုယ့် Brand ကို ဝယ်မဲ့ Customer တစ်နည်းပြောရရင် Target ကို သတ်မှတ်ရတော့မှာပါ။ ကိုယ့်ရဲ့ Products ကို လူတိုင်းက ဝယ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ သူတို့အတွက် လိုအပ်မှသာ ဝယ်ကြမှာပါ။ အဲ့တော့ သူတို့ဘာတွေလိုအပ်နေလဲဆိုတာကို သိရဖို့နဲ့ ကိုယ်ဘာတွေ ထုတ်သင့်လဲဆိုတာကို သိရဖို့အတွက် Target က သတ်မှတ်သင့်ပါတယ်။ Target ဘယ်လို သတ်မှတ်သင့်လဲ ဆိုရင်တော့
🔹 အသက်အရွယ်
🔹 နေရာဒေသ
🔹 သူတို့ရဲ့ပြဿနာ
🔹 သူတို့ ဘယ် Platform တွေကို အများဆုံးသုံးလဲ
🔹 ပိုက်ဆံသုံးစွဲနိုင်မှုအခြေအနေ စတဲ့ အချက်တွေနဲ့ သတ်မှတ်သင့်ပါတယ်။

✅ Competitor

တစ်ခါတလေမှာ ကိုယ့်ရဲ့ ပြိုင်ဘက်တွေဟာ ကိုယ့်အတွက် သတင်းအချက်အလက် ရယူစရာ နေရာတစ်ခု ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် Market ထဲမှာ ရှိနေတဲ့ ကိုယ့်ရဲ့ Competitor တွေကို စောင့်ကြည့်နေပြီး သူတို့ရဲ့ Customer တွေက သူတို့ကို ဘယ်လို Review တွေ၊ Feedback တွေ ပေးနေလဲဆိုတာကို နားစွင့်နေသင့်ပါတယ်။

ဒီလောက်ဆို Market Research လုပ်ဖို့ 3C Framework အကြောင်း နားလည်သွားကြမယ်လို့ ထင်ပါတယ်။

နောက်ထပ်သိချင်တာတွေရှိရင်လည်း Comment မှာ မေးနိုင်သလို XVH Learning Hub ရဲ့ TikTok မှာလည်း လာရောက်မေးမြန်းနိုင်ပါတယ်ခင်ဗျာ။

TikTok Link 🖇️

https://www.tiktok.com/.learning.hub?_r=1&_t=ZS-91PPUeYcGn7

နောက်တစ်ပတ်မှာလည်း Target သတ်မှတ်တတ်ဖို့အတွက် အကောင်းဆုံး Formula တစ်ခုနဲ့ ပြန်လာခဲ့ဦးမှာမို့ Like & Follow လုပ်ထားဖို့ မမေ့ပါနဲ့ဗျာ။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Address


Yangon

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00