Supreme Broadway Institute - SBI

Supreme Broadway Institute - SBI Media Broadway Institute

Those who like to become actors, actress and supporting actors...

Its the door to your dream of first Oscar Night!!

🎓 SBI Batch (1) အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။SBI Master Acting Training Class ရဲ့ ပထမဦးဆုံး Batch မှာ Guest Lecturer အဖ...
05/08/2026

🎓 SBI Batch (1) အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။

SBI Master Acting Training Class ရဲ့ ပထမဦးဆုံး Batch မှာ Guest Lecturer အဖြစ်

✨ ဝါရင့်သရုပ်ဆောင် မင်းသားကြီး ဇော်ဦး
✨ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး စိုးမိုးကြည်
✨ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီး ဝင်းမင်းသန်း

တို့မှ ပါရမီရှင် တက်သစ်စ အနုပညာဝါသနာရှင်များအတွက် မိမိတို့၏ အတွေ့အကြုံများ၊ အနုပညာဆိုင်ရာ အသိပညာများနှင့် လက်တွေ့ကျသော အတတ်ပညာများကို စေတနာအပြည့်ဖြင့် မျှဝေသင်ကြားပေးခဲ့ကြပါတယ်။

SBI ကို ယုံကြည်စွာ ရွေးချယ်တက်ရောက်ခဲ့ကြသော သင်တန်းသား၊ သင်တန်းသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါတယ်ရှင်။ သင်ယူခဲ့ရတဲ့ အသိပညာ၊ အတွေ့အကြုံတွေက အနုပညာလမ်းကြောင်းပေါ်မှာ ယုံကြည်မှုအပြည့်နဲ့လျှောက်လှမ်းနိုင်ဖို့အထောက်အကူဖြစ်စေမှာပါ။

💐 Guest Lecturer များနှင့် သင်ကြားပို့ချပေးခဲ့သော ဆရာ၊ ဆရာမများအားလုံးကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်နော်။

နောက်ထပ် ဖွင့်လှစ်မည့် SBI Batch (2) တွင်လည်း အရည်အသွေးမြင့် သင်ကြားမှုများနှင့်အတူ ပြန်လည်ဆုံတွေ့နိုင်ဖို့ မျှော်လင့်နေပါတယ်။

SBI – Talent Begins Here. ✨

ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး အန်တီဒေါ်မြင့်မြင့်ခိုင် ဦးစီးကာ စာရေးဆရာမ တက္ကသိုလ်ယဉ်ယဉ်လဲ့နှင့်အတူ သင်ကြားပို့ချပေးခဲ့သေ...
05/08/2026

ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး
အန်တီဒေါ်မြင့်မြင့်ခိုင် ဦးစီးကာ စာရေးဆရာမ တက္ကသိုလ်ယဉ်ယဉ်လဲ့နှင့်အတူ သင်ကြားပို့ချပေးခဲ့သော SBI Master Acting Training Class လေးလည်း အောင်မြင်စွာ ပြီးဆုံးခဲ့ပါပြီ။♥️♥️

သရုပ်ဆောင်ခြင်းပညာကို သင်ယူခဲ့ကြတဲ့ အချိန်ကာလတစ်လျှောက်မှာ ပညာရပ်အသစ်တွေ၊ အတွေ့အကြုံအသစ်တွေအပြင် ကိုယ့်ကိုယ်ကို ပိုမိုနားလည်လာစေတဲ့ အမှတ်တရကောင်းတွေလည်း ပိုင်ဆိုင်ခဲ့ကြမယ်လို့ ယုံကြည်ပါတယ်။

ဒီလိုလူငယ်တွေရဲ့ အနုပညာအိပ်မက်တွေအတွက် ပညာနဲ့ အတွေ့အကြုံတွေကို စိတ်ရင်းအပြည့်နဲ့ မျှဝေပေးနိုင်ခဲ့ခြင်းက ဆရာ၊ ဆရာမများအတွက်လည်း ပီတိဖြစ်စရာ အခိုက်အတန့်တစ်ခု ဖြစ်ပါတယ်။ 🤍

ဒီသင်တန်းကနေ ရရှိခဲ့တဲ့ ပညာ၊ အတွေ့အကြုံနဲ့ ယုံကြည်မှုတွေဟာ ရှေ့ဆက်မယ့် အနုပညာခရီးလမ်းမှာ အားကောင်းတဲ့ အခြေခံကောင်းတစ်ခု ဖြစ်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

SBI Master Acting Training Class မှ သင်တန်းသား၊ သင်တန်းသူများအားလုံး အောင်မြင်တဲ့ အနုပညာရှင်ကောင်းများ ဖြစ်လာကြပါစေ။ 🎬🤍





ဒီတစ်ခေါက် SBI ကို​ရောက်လာတဲ့ သူလေးက ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး တီတီစိုးမိုးကြည်💛💛SBI သရုပ်ဆောင်သင်တန်းမှ အနုပညာကြယ်ပွ...
27/07/2026

ဒီတစ်ခေါက် SBI ကို​ရောက်လာတဲ့ သူလေးက ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး တီတီစိုးမိုးကြည်💛💛

SBI သရုပ်ဆောင်သင်တန်းမှ အနုပညာကြယ်ပွင့်လေးတွေအတွက် ဝါရင့်သရုပ်ဆောင် တီတီစိုးမိုးကြည်မှ သရုပ်ဆောင်အတွေ့အကြုံတွေ၊ ရိုက်ကူးရေးများနဲ့ပတ်သက်တဲ့ သိမှတ်စရာ အတွေ့အကြုံတွေကို Sharing လုပ်ပေးခဲ့ပါတယ်။ ♥️🥰

#အနုပညာသင်တန်းကျောင်း #မြင့်မြင့်ခိုင်

17/07/2026

SBI Action Training Class ရဲ့ Day to Day performance လေးတွေကို အားလုံးလည်း ကြည်ရှုခံ စားပြီး အမှတ်ပေးနိုင်အောင် မျှဝေလိုက်ပါတယ်ရှင်။

များမကြာခင်မှာ ထွန်းတောက်လာမယ့် ပါရမီရှင်လေးတွေရဲ့ အရည်အသွေးနဲ့ အရည်အချင်းကို အသိအမှတ်ပြုပေးကြပါဦးနော်။ ♥️♥️

#အနုပညာသင်တန်းကျောင်း #မြင့်မြင့်ခိုင်

27/06/2026

SBI အနုပညာသင်တန်းကျောင်းရဲ့ ပါရမီရှင် ရွက်ပုန်းသီးလေးတွေ သဘာဝကျကျနဲ့ အနုပညာလက်စွမ်းပြ ထားတဲ့ Video လေးပါရှင့်။💛💛

#အနုပညာသင်တန်းကျောင်း #မြင့်မြင့်ခိုင်

သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကင်မရာရှေ့ရောက်တဲ့အခါ သင်ဟာ သင်ကိုယ်တိုင်မဟုတ်တော့ပါဘူး။ သင်ဟာ သင်သရုပ်ဆောင်ရမယ့် "သူ" ဖြစ်သွား...
23/06/2026

သရုပ်ဆောင်တစ်ယောက်အနေနဲ့ ကင်မရာရှေ့ရောက်တဲ့အခါ သင်ဟာ သင်ကိုယ်တိုင်မဟုတ်တော့ပါဘူး။ သင်ဟာ သင်သရုပ်ဆောင်ရမယ့် "သူ" ဖြစ်သွားပါပြီ။ ပရိသတ်တွေက ကိုယ့်ကိုကြည့်တဲ့အခါ ဝတ်ထားတဲ့ ဝတ်စုံတွေ၊ ပြောတဲ့ စကားလုံးတွေကို မဟုတ်ဘဲ၊ ကိုယ့်ဇာတ်ကောင်ရဲ့ "ဝိညာဉ်" ကို မြင်တွေ့နေရဖို့ လိုအပ်ပါတယ်။🤍🤍

အဲ့ဒီအတွက် အဓိကသော့ချက်ကတော့ "ဇာတ်ကောင်ကို ချစ်မြတ်နိုးခြင်း" ပါပဲ။ ကိုယ်သရုပ်ဆောင်ရမယ့် ဇာတ်ကောင်ကို အမှန်တကယ် ချစ်မိသွားတဲ့အခါမှသာ ပုံဖော်ရတာ သဘာဝကျပြီး အသက်ဝင်လာမှာပါ။

ဇာတ်ကောင်တစ်ယောက်ကို ပီပြင်အောင် ဘယ်လိုပုံဖော်မလဲ❓

၁။ ဇာတ်ကောင်ကို အရင် "ချစ်" ပါ
ဇာတ်ကောင်ကို သရုပ်မဆောင်ခင် သူ့ရဲ့ ကောင်းကွက်၊ ဆိုးကွက်၊ ကြောက်စိတ်၊ ရည်မှန်းချက်တွေ အားလုံးကို လက်ခံပေးပါ။ သူဘာကြောင့် ဒီလိုလုပ်တာလဲ၊ ဘာကြောင့် ဒီလိုခံစားရတာလဲဆိုတာကို ကိုယ်ချင်းစာစိတ် (Empathy) နဲ့ ရှုမြင်ပါ။ ကိုယ်တိုင်က ဒီဇာတ်ကောင်ကို အကောင်းဆုံးနားလည်ပေးနိုင်သူ ဖြစ်လာတဲ့အခါ၊ သူ့ရဲ့ ခံစားချက်တွေဟာ ကိုယ့်ဆီသို့ အလိုလိုစီးဆင်းလာပါလိမ့်မယ်။

၂။ စရိုက်လက္ခဏာကို အသေးစိတ်လေ့လာပါ
ဇာတ်ကောင်တစ်ယောက်ရဲ့ ပီပြင်မှုဟာ အသေးစိတ်အချက်အလက်တွေမှာ ရှိပါတယ်။ ဒါတွေကို သေချာလေ့လာဖို့လိုပါတယ် -

• နေထိုင်မှုပုံစံ : သူက ဘယ်လိုလမ်းလျှောက်တတ်လဲ? ပခုံးတွေက ဘယ်လိုအနေအထားမှာ ရှိနေလဲ? စကားပြောရင် လက်ဟန်ခြေဟန်တွေက ဘယ်လိုလဲ? သူ့ရဲ့ ကိုယ်နေဟန်ထား က သူ့ရဲ့ ယုံကြည်မှု ဒါမှမဟုတ် စိတ်ဓာတ်ကျမှုကို ဘယ်လိုဖော်ပြသလဲ...?

• ခံစားမှု : ဒီဇာတ်ကောင်ရဲ့ အတိတ်က ဘာတွေဖြစ်ခဲ့လဲ? သူ ဘာကို အထူးတလည် တန်ဖိုးထားပြီး ဘာကို အကြောက်ဆုံးလဲ? သူ့ရဲ့ လျှို့ဝှက်ချက်တွေက ဘာလဲ? ဒီမေးခွန်းတွေရဲ့ အဖြေကပဲ သရုပ်ဆောင်မှုကို အဓိပ္ပာယ်ရှိစေမှာပါ။

• စကားပြောဟန် : စကားလုံးတွေကို ဘယ်လိုအသံထွက်နဲ့ ပြောလဲ? အသံအနိမ့်အမြင့်က ဘယ်လိုလဲ? သူက စကားပြောမြန်တဲ့သူလား၊ နှေးတဲ့သူလား၊ လေသံဝဲတဲ့သူလား...?

၃။ ဇာတ်ကောင်အတွင်းသို့ ဝင်ရောက်ခြင်း
ဇာတ်ကားမရိုက်ခင်အချိန်တွေမှာ ထိုဇာတ်ကောင်လိုပဲ နေထိုင်ကြည့်ဖို့ ကြိုးစားပါ။ ဥပမာ - ထိုဇာတ်ကောင်က ပန်းချီဆရာဆိုရင် ပန်းချီကားတွေ ကြည့်မယ်၊ သူနားထောင်မယ့် တေးဂီတကို နားထောင်မယ်။ ဒီလိုနည်းလမ်းနဲ့ ဇာတ်ကောင်ရဲ့ ကမ္ဘာထဲကို ကိုယ်တိုင်ဝင်ရောက်နေထိုင်ခြင်းက သရုပ်ဆောင်မှုအတွက် အကောင်းဆုံးသော "လေ့ကျင့်ခန်း" ပါပဲ။

၄။ ပီပြင်သော ကာရိုက်တာဆိုသည်မှာ...
ပရိသတ်တွေက သရုပ်ဆောင်တစ်ယောက်ရဲ့ "သရုပ်ဆောင်နေတာ" ကို မမြင်ချင်ကြပါဘူး။ သူတို့ မြင်ချင်တာက ဇာတ်ကောင်ရဲ့ "အသက်ဝင်မှု" ကိုပါ။ သင်က ဇာတ်ကောင်ရဲ့ စိတ်ဝိညာဉ်ကို နားလည်ပြီး ချစ်မြတ်နိုးလိုက်တဲ့အခါ၊ သင့်မျက်လုံးထဲမှာ ဇာတ်ကောင်ရဲ့ ခံစားချက်တွေ ပေါ်လွင်နေပါလိမ့်မယ်။ အဲ့ဒီအခါမှာ သင်ဟာ သရုပ်ဆောင်နေတာ မဟုတ်တော့ဘဲ၊ ထိုဇာတ်ကောင်အဖြစ် "အသက်ရှင်နေတာ" ဖြစ်သွားပါလိမ့်မယ်။

သရုပ်ဆောင်တစ်ယောက်ဟာ ကာရိုက်တာရဲ့ အဝတ်အစားကို ဝတ်ဆင်ရုံတင်မဟုတ်ဘဲ၊ ကာရိုက်တာရဲ့ "နှလုံးသား" ကို နားလည်ရတာပါ။ ကိုယ်ပုံဖော်လိုက်တဲ့ ကာရိုက်တာဟာ ပရိသတ်တွေရဲ့ ရင်ထဲမှာ အမှတ်တရ ကျန်ရစ်နေဖို့ဆိုရင်၊ အရင်ဆုံး ကိုယ်ကိုယ်တိုင်က ဇာတ်ကောင်ကို အချစ်ဆုံးသူ ဖြစ်နေဖို့လိုအပ်ပါတယ်။

SBI ရဲ့ "Professional Acting Master Class"သင်တန်းအကြောင်း အသေးစိတ်ကို Messenger (သို့) 09786666602, 09786666605 ကနေ တစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

#အနုပညာသင်တန်းကျောင်း #မြင့်မြင့်ခိုင်

သရုပ်ဆောင်တစ်ယောက်ဟာ ကင်မရာရှေ့မှာ သရုပ်ဆောင်နေတာမျိုး မဖြစ်စေရဘူး... သူဟာ အဲဒီဇာတ်ကောင်ရဲ့ ဘဝကို ကိုယ်တိုင်ဖြတ်သန်းနေသူ...
21/06/2026

သရုပ်ဆောင်တစ်ယောက်ဟာ ကင်မရာရှေ့မှာ သရုပ်ဆောင်နေတာမျိုး မဖြစ်စေရဘူး... သူဟာ အဲဒီဇာတ်ကောင်ရဲ့ ဘဝကို ကိုယ်တိုင်ဖြတ်သန်းနေသူ ဖြစ်နေရမယ်။"🌟🌟

များစွာသော သရုပ်ဆောင်သင်တန်းတွေက အမူအရာ၊ အသံနဲ့ နည်းစနစ်တွေကိုပဲ သင်ပေးကြပေမဲ့ SBI ကတော့ ထူးခြားပါတယ်။ ကျွန်မတို့ သင်ကြားပေးနေတာက "သရုပ်ဆောင်နည်း" မဟုတ်ပါဘူး။ ဇာတ်ကောင်တစ်ယောက်ရဲ့ အတွေးအခေါ်၊ အနေအထိုင်၊ စရိုက်လက္ခဏာနဲ့ ခံစားချက်တွေကို နားလည်ပြီး၊ ထိုဇာတ်ကောင်အဖြစ် အမှန်တကယ် အသက်ရှင်နေထိုင်တတ်စေဖို့ လမ်းပြပေးတာ ဖြစ်ပါတယ်။♥️♥️

ဘာကြောင့် SBI ရဲ့ သင်တန်းကို တက်ရောက်သင့်တာလဲ?

🚩သရုပ်ဆောင်ခြင်းမှသည် အသက်ရှင်ခြင်းသို့: အပေါ်ယံ အမူအရာတွေကို လေ့ကျင့်တာထက် ဇာတ်ကောင်ရဲ့ နှလုံးသားထဲကို ဝင်ရောက်ဖို့ သင်ယူရမှာဖြစ်လို့ သင့်သရုပ်ဆောင်မှုက အတုအယောင်မဟုတ်ဘဲ အလွန်အမင်း သဘာဝကျပြီး အသက်ဝင်နေပါလိမ့်မယ်။

🚩ဇာတ်ကောင်ကို ချစ်မြတ်နိုးခြင်း အနုပညာ: ဇာတ်ကောင်ကို ပုံဖော်တာဟာ အလုပ်တစ်ခုလုပ်တာမဟုတ်ဘဲ၊ အဲဒီသူရဲ့ ဘဝကို ကိုယ်ချင်းစာ နားလည်ပေးတာ ဖြစ်ပါတယ်။ ဒီသင်တန်းမှာ ဇာတ်ကောင်တစ်ယောက်ကို ဘယ်လိုမျိုး အမှန်တကယ် ချစ်မြတ်နိုးပြီး အသက်ဝင်အောင် ပုံဖော်ရမလဲဆိုတဲ့ "Inner Journey" ကို လေ့လာရမှာပါ။

🚩အသက်ဝင်သော ပုံဖော်မှုများ: ကိုယ်တိုင်က ဇာတ်ကောင်ရဲ့ အသွားအလာ၊ အနေအထိုင်၊ ခံစားချက်တွေကို အပြည့်အဝ ပိုင်ဆိုင်ထားတဲ့အခါ၊ ပရိသတ်တွေက သင့်ကို ကြည့်နေတာမဟုတ်ဘဲ ဇာတ်ကောင်ကိုပဲ မြင်တွေ့နေရမှာ ဖြစ်ပါတယ်။

🔔SBI အနုပညာသင်တန်းကနေ ဘာတွေရရှိမလဲ?
ဒီသင်တန်းပြီးသွားတဲ့အခါ သင်ဟာ စာသားတွေကို စာဖတ်သလို ရွတ်ဆိုနေရသူတစ်ယောက်မဟုတ်တော့ဘဲ၊ ဇာတ်ကောင်ရဲ့ စိတ်ဝိညာဉ်ကို ထိတွေ့ခံစားတတ်တဲ့ "အနုပညာရှင်" တစ်ယောက် ဖြစ်လာမှာပါ။ သရုပ်ဆောင်ရတာကို ဝါသနာပါပြီး ကိုယ့်ရဲ့ ဖန်တီးနိုင်စွမ်းကို အဆင့်တစ်ဆင့် မြှင့်တင်ချင်သူတွေအတွက် SBI ရဲ့ သင်တန်းဟာ အကောင်းဆုံးသော အခွင့်အရေးပါပဲနော်။🤗🤗

SBI ရဲ့ "Professional Acting Master Class"သင်တန်းအကြောင်း အသေးစိတ်ကို Messenger (သို့) 09786666602, 09786666605 ကနေ တစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

#အနုပညာသင်တန်းကျောင်း #မြင့်မြင့်ခိုင်

လူအများအမြင်မှာတော့ "သရုပ်ဆောင်တယ်" ဆိုတာ ဒါရိုက်တာ ခိုင်းတဲ့အတိုင်း ငိုပြ၊ ရယ်ပြ၊ စိတ်ဆိုးပြရုံပဲလို့ ထင်တတ်ကြပါတယ်။ ဒါ...
14/06/2026

လူအများအမြင်မှာတော့ "သရုပ်ဆောင်တယ်" ဆိုတာ ဒါရိုက်တာ ခိုင်းတဲ့အတိုင်း ငိုပြ၊ ရယ်ပြ၊ စိတ်ဆိုးပြရုံပဲလို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် တကယ့် Professional Actor တစ်ယောက် ဖြစ်ဖို့ဆိုရင် အပေါ်ယံ အမူအရာတွေထက် ပိုမိုနက်ရှိုင်းတဲ့ အရည်အချင်း (၃) ခု ရှိဖို့ လိုအပ်ပါတယ်။

ဒီနေ့မှာတော့ SBI ကနေပြီး သရုပ်ဆောင်ကောင်းတစ်ယောက်ရဲ့ လျှို့ဝှက်ချက်တွေကို မျှဝေပေးသွားပါမယ်။ 👇

၁။ Listening Skill (တကယ် နားထောင်ခြင်း)
သရုပ်ဆောင်ကောင်းတွေဟာ ကိုယ့် Script (ဇာတ်ညွှန်း) ကိုပဲ အာရုံစိုက်နေတာမဟုတ်ဘဲ မျက်နှာချင်းဆိုင်က တွဲဖက်သရုပ်ဆောင်ရဲ့ အသံ၊ လေယူလေသိမ်းနဲ့ ခံစားချက်တွေကို တကယ် အာရုံစိုက် နားထောင်ကြပါတယ်။ ဒါမှသာ အပြန်အလှန် ပေးလိုက်၊ ပြန်ရလိုက်နဲ့ သဘာဝကျတဲ့ အမူအရာ (Natural Reaction) ထွက်လာမှာ ဖြစ်ပါတယ်။

၂။ Body Language (ခန္ဓာကိုယ်လှုပ်ရှားမှုဖြင့် စကားပြောခြင်း)
တစ်ခါတလေမှာ စကားတစ်လုံးမှ မပြောဘဲနဲ့ မျက်မှောင်ကြုတ်လိုက်တာ၊ လက်ချောင်းလေးတွေ တုန်ခါသွားတာ၊ လမ်းလျှောက်တဲ့ ပုံစံပြောင်းသွားတာမျိုးတွေက ဇာတ်ကောင်ရဲ့ ခံစားချက်ကို ပရိသတ်ဆီ ပိုရောက်စေပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတိုင်းကို စနစ်တကျ ထိန်းချုပ်ပြီး သရုပ်ဆောင်နိုင်ဖို့ လိုပါတယ်။

၃။ Empathy (ဇာတ်ကောင်ရဲ့ နေရာမှာ ဝင်ခံစားခြင်း)
ကိုယ့်ရဲ့ ကိုယ်ပိုင် Ego (အတ္တ) တွေကို ခဏဘေးဖယ်ထားပြီး "ငါသာ ဒီဇာတ်ကောင်နေရာမှာဆိုရင်..." ဆိုတဲ့ စိတ်နဲ့ သူ့ရဲ့ နောက်ခံသမိုင်း၊ သူ့ရဲ့ နာကျင်မှုတွေကို ရင်ဘတ်ထဲကနေ တကယ် နားလည်ပေးနိုင်ရပါမယ်။ ဒါမှသာ ပရိသတ် ရင်ထဲကို ငိုရင်လည်း တကယ်ငိုအောင်၊ ရယ်ရင်လည်း တကယ်ရယ်အောင် ဆွဲခေါ်နိုင်မှာပါ။
"သရုပ်ဆောင်ခြင်းဆိုတာ ဟန်ဆောင်တာမဟုတ်ပါဘူး။ တခြားလူတစ်ယောက်ရဲ့ ဘဝထဲကို ဝင်ရောက်ပြီး အမှန်တရားကို ပုံဖော်ပေးတာ ဖြစ်ပါတယ်။"

သရုပ်ဆောင်ပညာဆိုတာလွယ်မလိုနဲ့ခက်သလို နည်းပေးလမ်းပြသာရှိရင် ခက်မလိုနဲ့ လွယ်တဲ့ ပညာရပ်ကြီးတစ်ခုပါပဲ။ ဒီလိုပညာရပ်တွေကို နှစ်ပေါင်းများစွာ ကိုယ်တိုင်လေ့လာကျင့်သုံးခဲ့တဲ့ ဝါရင့်သရုပ်ဆောင်မင်းသမီးကြီး အန်တီဒေါ်မြင့်မြင့်ခိုင်က ပညာအစုံ အိတ်သွန်ဖာမှောက် သင်ကြားပေးသွားမှာဖြစ်ပါတယ်။ သင်ယူလိုစိတ်ရှိတဲ့ ဝါသနာရှင်တိုင်းအတွက် SBI ရဲ့ "Professional Acting Master Class"က ကူညီပံ့ပိုးပေးဖို့ အမြဲအသင့်ရှိနေပါတယ်နော်။✨

📩 သင်တန်းအသေးစိတ်ကို Messenger (သို့) 09786666602, 09786666605 ကနေ တစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

#အနုပညာသင်တန်းကျောင်း #မြင့်မြင့်ခိုင်

သရုပ်ဆောင်ခြင်း အနုပညာဆိုတာ ဘာလဲ...?💛သရုပ်ဆောင်ခြင်းအနုပညာဆိုတာ ကိုယ်က လူတစ်ယောက်ရဲ့နေရာကို အစားဝင်ခံစားပေးလိုက်ခြင်းပါပ...
09/06/2026

သရုပ်ဆောင်ခြင်း အနုပညာဆိုတာ ဘာလဲ...?💛

သရုပ်ဆောင်ခြင်းအနုပညာဆိုတာ ကိုယ်က လူတစ်ယောက်ရဲ့နေရာကို အစားဝင်ခံစားပေးလိုက်ခြင်းပါပဲ။ ၁၀၀ရာခိုင်နှုန်း ကိုယ်ချင်းစာပေးနိုင်မှပဲ စစ်မှန်တဲ့ သရုပ်ဆောင်မှုက ထွက်ပေါ်လာမှာပါ။ သရုပ်ဆောင်တစ်ယောက်အတွက် အခြားလူတစ်ယောက်အနေနဲ့သရုပ်ဆောင်ရတဲ့အခါ ကာရိုက်တာတစ်ခုကို ကိုယ်တိုင်က နစ်မြောနိုင်မှပဲ ပရိသတ်ကလည်းလိုက်ပါနစ်မြောနိုင်မှာပဲဖြစ်ပါတယ်။ 💯💯

လူငယ်တွေတော်တော်များများမှာတွေ့နေရတာက “လုပ်”ပြီး သရုပ်ဆောင်ခြင်းပါပဲ။ ဒေါသထွက်ပြတာ၊ ချစ်ပြတာ၊ ငိုပြတာ၊ ကိုယ်တိုင်ကဇာတ်ကောင်နဲ့ တစ်သားတည်းမကျတဲ့အခါ ကိုယ့်ရဲ့သရုပ်ဆောင်မှုတွေမှာ ပရိသတ်တွေက လိုက်ပါမစီးမြောနိုင်တော့ဘဲ Over Acting ကြီးတစ်ခုဖြစ်လာပါတော့တယ်။

ဒါတွေမဖြစ်ရအောင် ဘယ်တွေလိုအပ်နေတာလဲ... ❓
ဘာတွေလေ့ကျင့်ဖို့လိုနေတာလဲ... ❓
ပုံမှန်လေ့ကျင့်နေပေမယ့် ဒီအတိုင်းပဲဖြစ်နေတာ ဘာကြောင့်လဲ... ❓

ဒီမေးခွန်းတွေအတွက် SBI မှာ သေချာတဲ့အဖြေနဲ့ တိကျတဲ့ ပံ့ပိုးမှုနည်းလမ်းတွေ ရှိနေပါတယ်။ ဒါကြောင့် SBI ရဲ့ "Professional Acting Master Class" ကို အခုပဲ စာရင်းသွင်းလိုက်ပါ။

SBI မှာ သင်ကြားပေးမယ့် ပညာရှင်တွေကတော့…🌟🌟

အကယ်ဒမီများရှင် အန်တီဒေါ်မြင့်မြင့်ခိုင်ဦးစီးပြီး၊ စားရေးဆရာမတက္ကသိုလ်ယဉ်ယဉ်လဲ့၊ မင်းသားမင်းတော်ဝင် အပြင် အခြားဝါရင့်သမ္ဘာရင့် အနုပညာရှင် များကလည်း Guest Lecturer အနေဖြင့် ပါဝင်သင်ကြားပေးသွားမှာဖြစ်ပါတယ်။

📩 သင်တန်းအသေးစိတ်ကို Messenger (သို့) 09786666602, 09786666605 ကနေ တစ်ဆင့် စုံစမ်းနိုင်ပါတယ်ရှင်။

#အနုပညာသင်တန်းကျောင်း #မြင့်မြင့်ခိုင်

Address

Yangon

Telephone

095049177

Website

Alerts

Be the first to know and let us send you an email when Supreme Broadway Institute - SBI posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Supreme Broadway Institute - SBI:

Shortcuts

Share

Category