Ingyin Mway Preschool

Ingyin Mway Preschool

Share

Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Ingyin Mway Preschool, Education, No. 239, J Block , Bommar (7) Street, North Okkalapa Township, Yangon.

Photos from Ingyin Mway Preschool's post 25/04/2026

🎶🩵Happy birthdayThar Thar Aung Khant Zaw.🎁🎉🎊

Wishing you a beautiful day with good health and happiness forever.

26.4.2026

22/04/2026

သင်္ကြန်အပြီး ကျောင်းလာတက်တဲ့ ကိုရင်လေး🙏

ဆွမ်းဘုန်းပေးနေပါပြီ🙏

Photos from Ingyin Mway Preschool's post 14/04/2026

၁၃၈၇-၈၈ ခုနှစ် မြန်မာ့ရိုးရာ💦

အတာသင်္ကြန် ပွဲတော်ကို 💛

အင်ကြင်းမွှေးPre-school တွင်

Pre KG class, KG class,YLE class

တက်ရောက်နေကြသော

သားသား မီးမီးလေးများမှ

သကြင်္န်ပွဲလေးဖန်တီးရင်း

မုန့်လုံးရေပေါ်အလှူ ပြုလုပ်ကာ

ကြိုဆိုခဲ့ ကြပါတယ် ရှင်🎶🎉💦💦

နှစ်သစ်ကူးအချိန်အခါမှစ၍

ကျန်းမာပျော်ရွှင်ကာ

စိတ်ရော ကိုယ်ပါကျန်းမာချမ်းသာပြီး

တစ်နှစ်ပတ်လုံး

ပျော်ရွှင်ချမ်းမြေ့ပါစေလို့

အင်ကြင်းမွှေး Pre-school မှ Teachers များ နှင့်

သားသားမီးမီးတို့မှ

ဆုမွန်ကောင်းတောင်းလိုက်ပါတယ် 💝🎁💦💦💦

12/03/2026

ကလေးကို ဉာဏ်ကောင်းစေချင်လို့ စာတွေ အများကြီးသင်နေပေမယ့် ခေါင်းထဲ မဝင်တာ ဘာလို့လဲ? 🧠💡

ကလေးတွေ ဉာဏ်ကောင်းဖို့ဆိုတာ Flashcards တွေ ပြနေရုံ၊ စာတွေ အတင်းကျက်ခိုင်းနေရုံနဲ့ မရပါဘူး။ "ဦးနှောက်ရဲ့ တည်ဆောက်ပုံ" ကို အရင်ဆုံး နားလည်ဖို့ လိုပါတယ်။

ကလေးရဲ့ ဦးနှောက်ထဲက အာရုံကြောလေးတွေကို "လျှပ်စစ်ဝါယာကြိုး" လေးတွေလို့ မြင်ကြည့်ပါ။
ဝါယာကြိုးတွေမှာ အပြင်ကနေ "ရာဘာစွပ်" မဖုံးထားရင် လျှပ်စစ်တွေ ပေါက်ထွက်ပြီး ရှော့ခ် (Short Circuit) ဖြစ်သလိုပဲ... ကလေးဦးနှောက်မှာ "ကျန်းမာရေးနဲ့ညီညွတ်တဲ့ အဆီဓာတ်" တွေ မရှိရင် သူတို့ရဲ့ အာရုံကြောလေးတွေဟာ အလုပ်လုပ်နှေးကွေးသွားပြီး၊ မှတ်ဉာဏ်တွေ ပျောက်ဆုံးတာ၊ ခဏခဏ ဂျီကျ စိတ်တိုတာတွေ ဖြစ်လာပါတယ်။

ဒါကြောင့် ဝါယာကြိုးလေးတွေကို ရာဘာစွပ် ဖုံးပေးသလို ကလေးဦးနှောက်ကို ကာကွယ်ပြီး ဉာဏ်ရည်ကို ၂ ဆ မြန်စေမယ့် သဘာဝ Superfoods (၄) မျိုးကို မိတ်ဆက်ပေးပါရစေ။

၁။ ထောပတ်သီး (Avocado) - ဦးနှောက်ကို ကာကွယ်ပေးမယ့် "ရာဘာစွပ်" 🥑
ကလေးဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အဆီ (Fat) တွေနဲ့ ဖွဲ့စည်းထားတာပါ။ ထောပတ်သီးမှာ ပါဝင်တဲ့ အဆီဓာတ်ဟာ အာရုံကြောလေးတွေကို ဖုံးအုပ်ပေးမယ့် Myelin လို့ခေါ်တဲ့ အလွှာလေးကို ထူထဲလာစေပါတယ်။ ဒီအလွှာလေး ထူလေလေ ကလေးရဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းက မြန်ဆန်လေလေ ပါပဲ။

၂။ ဥအမျိုးမျိုး (Eggs) - မှတ်ဉာဏ်တွေကို သယ်ဆောင်ပေးမယ့် "စာပို့သမား" 🥚
ကလေးကို ကြက်ဥ/ဘဲဥ ကျွေးရင် "အနှစ်" ကို မဖြစ်မနေ ကျွေးပါ။ အနှစ်ထဲမှာ (Choline) လို့ခေါ်တဲ့ ရှားပါးဓာတ်တစ်မျိုး ပါပါတယ်။ ဒီဓာတ်ဟာ ကလေးမြင်သမျှ၊ ကြားသမျှ အရာတွေကို ဦးနှောက်ရဲ့ မှတ်ဉာဏ်စင်တာထဲ သယ်သွားပေးမယ့် "စာပို့သမား" လေးတွေ အများကြီး မွေးဖွားပေးပါတယ်။

၃။ ငါး (Fish) - ဦးနှောက်စက်ရုံကြီးရဲ့ "အုတ်မြစ်" 🐟
ဆယ်လ်မွန်၊ တူနာ နဲ့ ရေချိုငါး တချို့မှာ (Omega-3 DHA) အများကြီး ပါပါတယ်။ ဦးနှောက်ဆဲလ် အသစ်တွေကို တည်ဆောက်တဲ့အခါ ဒီ DHA က အုတ်ခဲတွေလို အလုပ်လုပ်ပါတယ်။ ဒါ့အပြင် ဦးနှောက်ရောင်ရမ်းမှုကို ကျဆင်းစေလို့ ကလေးတွေ အာရုံစူးစိုက်မှု ပိုကောင်းလာစေပါတယ်။

၄။ အစေ့အဆန်များ (Nuts & Seeds) - ဦးနှောက်ဆီ သွားမယ့် "အောက်ဆီဂျင်" 🥜
ဖရုံစေ့၊ သီဟိုဠ်စေ့၊ မြေပဲ စတာတွေမှာ "သံဓာတ်နဲ့ ဇင့် (Zinc)" တွေ အပြည့်ပါပါတယ်။ ဦးနှောက်က ကောင်းကောင်းအလုပ်လုပ်ဖို့ အောက်ဆီဂျင် အမြဲလိုပါတယ်။ သံဓာတ်က သွေးထဲကနေတစ်ဆင့် ဦးနှောက်ဆီကို အောက်ဆီဂျင်တွေ အဆက်မပြတ် ပို့ပေးလို့ ကလေးတွေ စာလုပ်တဲ့အခါ ပင်ပန်းနွမ်းနယ်တာမျိုး မဖြစ်စေတော့ပါဘူး။

💡 မိဘများအတွက် အကြံပြုချက် -
ကလေးက ဒီအစာတွေကို ချက်ချင်း မစားဘူးဆိုရင် အတင်းမကျွေးပါနဲ့။ မနေ့က ပြောခဲ့သလို သီးသန့် ပန်းကန်လေးနဲ့ (No-Pressure) ချထားပေးပြီး ဖြည်းဖြည်းချင်း မိတ်ဆက်ပေးပါနော်။

မေမေတို့ရဲ့ ကလေးတွေကော ဒီ (၄) မျိုးထဲက ဘယ်အစာကို အကြိုက်ဆုံးလဲ? အောက်မှာ ပြောပြခဲ့ပါဦး။ 👇

Photos from Ingyin Mway Preschool's post 08/03/2026

ကျောင်းလာချိန်သာ ငိုရင် ငိုမယ်
Yoga Time မှာတော့ Active ဖြစ်နေမယ့် Nursery တန်းက ကလေးလေးတွေ 🥰🥰🥰

Photos from Ingyin Mway Preschool's post 07/03/2026

Drawing & Painting Strawberry 🍓
Strawberry Milkshake time!

Photos from Ingyin Mway Preschool's post 13/02/2026

Happy birthday! 🎂😍Kaung Shan Hein🥰🥰

Wishing you a beautiful day with good health and happiness forever. ❤️❤️❤️

13.2.2026

Photos from Ingyin Mway Preschool's post 11/02/2026

79th Union Day Of Myanmar 🇲🇲




No.239 Bommar 7St, North Okkalapa Township, Yangon.

Photos from Ingyin Mway Preschool's post 25/01/2026

Weekly School activities 🥰🥰

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


No. 239, J Block , Bommar (7) Street, North Okkalapa Township
Yangon