K-Speak Easy

K-Speak Easy Step to K World

Hello 👋 မင်မင် ဒီနေ့ Sharing လုပ်ပေးမှာကတော့ ကိုရီးယားမှာ ကျောင်းတက်ချင်တဲ့သူတွေကြားမှာ စိတ်အဝင်စားဆုံးဖြစ်တဲ့အရာလေးတစ်ခ...
11/09/2024

Hello 👋
မင်မင် ဒီနေ့ Sharing လုပ်ပေးမှာကတော့ ကိုရီးယားမှာ ကျောင်းတက်ချင်တဲ့သူတွေကြားမှာ စိတ်အဝင်စားဆုံးဖြစ်တဲ့အရာလေးတစ်ခုဖြစ်ပါတယ်🤍🤍

တော်တော်များများသိချင်ကြတာက ကိုရီးယားမှာ ကျောင်းတက်ပြီး အချိန်ပိုင်းလုပ်ရင် ကျောင်းစရိတ်ကာမိလား အိမ်ကပြန်တောင်းရလားဆိုတဲ့ မေးခွန်းပါ။

အဖြေလေးကို အတိုဆုံးနဲ့ နားလည်အလွယ်ဆုံးဖြစ်အောင်ပြောပြပေးရမယ်ဆိုရင်တော့
ကိုယ့်အပေါ်ပဲမူတည်ပါတယ်လို့ မင်မင်ကတော့ဖြေပါရစေ😘

အလုပ်ကို အချိန်များများလုပ်မယ်( တရားဝင်သတ်မှတ်ထားထက်အချိန်ထက်ကျော်ရင်တော့ ဂရုစိုက်ပြီးလုပ်စေချင်ပါတယ်။ဒါပေမယ့် မကြောက်ပါနဲ့ ကိုရီးယားရောက်နေတဲ့လူတိုင်း သတ်မှတ်ချိန်ထက်ကျော်လုပ်ပါတယ်🤭)
ချွေတာပြီးသုံးမယ် ဆိုရင်တော့ ကျောင်းလခရော အသုံးစရိတ်ပါလောက်ပါတယ်။ ပျမ်းမျှ ကျောင်းလခမပါ အသုံးစရိတ်က တလကို ဝမ် ၈သိန်းလောက်ကုန်ပါတယ်(ချွေတာထားတာပါ)။ ဆိုလ်းမြို့ပေါ်ဆိုရင်တော့ ဒီထက်စျေးကြီးပါတယ်။ ဆိုလ်းမဟုတ်တဲ့ အခြားမြို့ဆိုရင်တော့ စျေးနည်းနည်းသက်သာပါတယ်။ ပြီးတော့ LPတက်နေတဲ့သူတွေဆို ပျမ်းမျှ ကျောင်းလခက ၃လကို ၁၃သိန်းဝန်းကျင်ကုန်တာမို့ တလကို ၄သိန်းကျော်ကျပါတယ်။ဒါဆိုရင် ကျောင်းလခအပါအဝင် ချွေတာမယ်ဆိုရင် တလကို ၁၃သိန်းလောက် ကုန်နိုင်ပါတယ်။

နောက်ပြီး မင်မင်တို့အလုပ်လုပ်ရင် ပျမ်းမျှ ၁နာရီ ဝမ်၁သောင်းရပါတယ်။
ဒီတော့ တစ်နေ့ကို ဘယ်နှနာရီအလုပ်လုပ်မလဲ ဆိုတာက ကျောင်းချိန်နဲ့ညှ်ိပြီး လုပ်ကြရမှာပေါ့နော်။
တလကို နာရီပေါင်း 130အထက်လုပ်နိုင်တယ်ဆိုရင် အဆင်ပြေပြေ နေလို့ရပါပြီနော်😘

ကဲ နောက်ထပ်သိချင်တာလေးတွေရှိရင်လည်း cmtမှာ မေးထားလို့ရပါတယ်🤍





11/09/2024

K-Speak Easy Pageလေးက

ကိုရီးယားဘာသာစကားကို စိတ်ဝင်စားပြီး စာလုပ်ဖို့ အချိန်သိပ်မပေးနိုင်တဲ့သူတွေ 💜

ကိုရီးယားစာကိုအခြေခံဖတ်တတ်ပြီး levelတန်းတက်နေသူတွေ 💜

မီးနင်းကျက်ရတာ အခက်အခဲရှိသူတွေ💜

သီချင်းနားထောင်ရတာဝါသနာပါတဲ့သူတွေ အတွက် အသုံးဝင်တဲ့ page လေးတစ်ခုဖြစ်မယ်လို့ ယုံကြည်ပါတယ်💜

ကိုရီးယား သီချင်းလေးတွေကို ဘာသာပြန်ပြီး တင်ပေးတာမျိုးမဟုတ်ပဲ သီချင်းထဲမှာ ပါဝင်တဲ့ စိတ်ဝင်စားစရာ မှတ်ရလွယ် မှတ်ထားသင့်တဲ့ စကားလုံးလေးတွေကိုပဲ ဘာသာပြန်ပြီး သီချင်းလေးနဲ့ အတူ တင်ပေးသွားမှာဖြစ်ပါတယ်💜

သီချင်းတစ်ပုဒ် နားထောင်တိုင်း စကားလုံး 10လုံးဝန်းကျင်ခန့် အလွတ်ရသွားမယ်ဆိုရင် Kpop သီချင်းတွေကြိုက်တဲ့ ကိုရီးယားဘာသာ လေ့လာနေသူလေးတွေအတွက်များစွာ အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်💜

သီချင်းလေးနားထောင်ရင်း အကျိုးအမြတ်ရစေဖို့အတွက် မျှော်လင့်ပြီး ပြုလုပ်ထားတဲ့ pageလေးလည်းဖြစ်ပါတယ်💜

🤍ကိုရီးယားစာကို လုံးဝမဖတ်တတ်သေးတဲ့သူတွေကတော့ အခြေခံလေးလေ့လာလိုက်ရုံနဲ့ ကိုရီးယား သီချင်းတွေကို အသံထွက်မှန်မှန်နဲ့ ဖတ်တက်သွားမှာ မလို့ ကိုရီးယားစာလေး လေ့လာထားလိုက်တော့နော်😘




Address

Yangon

Opening Hours

Monday 09:00 - 22:00
Tuesday 09:00 - 22:00
Wednesday 09:00 - 22:00
Thursday 09:00 - 22:00
Friday 09:00 - 22:00
Saturday 09:00 - 22:00
Sunday 09:00 - 22:00

Website

Alerts

Be the first to know and let us send you an email when K-Speak Easy posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category