Blue Sky International

Blue Sky International IELTS, TKT, CAE, FCE, PET, KET, Flyers, Movers & Starters' online & on-campus classes. Our Motto is "Learn deeply. Love truly. Live fully."

Proven records of success in teaching English and IELTS for over 19 years. 09254278273, 09787682164, 09959723808, www.bsieducation.com Blue Sky International Learning Academy was founded on 15 May 2006 with an intention to provide quality English language education to learners of age 6 to 60. Our Mission is to empower the communities through quality English language education and sowing the seed f

or life-long learning. Our Vision is to inspire a passion for learning and motivation for living to the fullest. Our Goal is to motivate and facilitate our learners to be able to empower themselves and others.

18/07/2026
အင်္ဂလိပ်စာ၊ ဘာသာစကားကို စနစ်တကျ လေ့ကျင့်လိုသူများအတွက် level အသီးသီးမှာ လေ့လာစရာများကို စုစည်းထားသော memory stick များက...
18/07/2026

အင်္ဂလိပ်စာ၊ ဘာသာစကားကို စနစ်တကျ လေ့ကျင့်လိုသူများအတွက် level အသီးသီးမှာ လေ့လာစရာများကို စုစည်းထားသော memory stick များကို မှာယူနိုင်ပါပြီ။ PDF file စာအုပ်များ၊ audio files များ ပါဝင်ပါတယ်။ ဝယ်ယူလိုပါက Messenger/ chat box မှာ မှာယူပါ။

(မှတ်ချက်။ ။စာသင်တာ ရိုက်ထားသော video files များ မဟုတ်ပါ။ မိမိဘာသာ level အလိုက် စနစ်တကျလေ့လာလေ့ကျင့်စရာ PDF/ e-books in English only & audio files များဖြစ်ပါတယ်။)

English language learning resource packages (course books/ self-study books in PDF & audio files) are available for purchase now!

Learning Resource Package for each level:

✔️A1 & A2 level (Starters, Movers, Flyers & KET)

✔️B1 & B2 level (PET & FCE)

✔️C1 & C2 level (CAE & CPE)

✔️IELTS



Each level is reached/ completed with the following guided learning hours:

A1 — 100 to 150 hours

A2 — 180 to 200 hours

B1 — 350 to 400 hours

B2 — 500 to 600 hours

C1 — 700 to 800 hours

C2 — 1,000 to 1,200 hours

Ref: https://www.britishcouncil.pt/en/our-levels-and-cefr



Online class (face-to-face teaching on Zoom) တက်ရောက်လိုပါက Level အသီးသီးရဲ့ အတန်းချိန်နဲ့ စဖွင့်မည့်ရက်များကို အောက်ပါ link မှာ တွေ့နိုင်ပါတယ်။ သင်တန်းအပ်လိုပါက၊ အခြားသိလိုတာရှိပါက Messenger/ chat box မှာ စုံစမ်းနိုင်ပါတယ်။

http://bsieducation.com/2022/11/13/online-english-classes-2/



CEFR level: A1 to C2 အကြောင်းပြောပြထားတဲ့ video

https://fb.watch/gBTMxZM_8B/

17/07/2026

***Accepting enrollments for IELTS foundation classes | CEFR B2***

Adults’ class — Wed & Fri (7:30 pm to 9:00 pm)

Young adults & Adults’ class — Sat & Sun (10:30 am to 12:00 pm)

Young adults & Adults’ class — Mon & Wed (8:00 pm to 9:30 pm)

Inquiry & Registration 📲 09254278273

ကျွန်မတို့ရဲ့ Applied English Grammar Course က သင့်အတွက် ဘယ်လိုအကျိုးရှိစေမှာလဲ။“Grammar” ဆိုတဲ့စကားလုံးကို ကြားလိုက်ရပြ...
15/07/2026

ကျွန်မတို့ရဲ့ Applied English Grammar Course က သင့်အတွက် ဘယ်လိုအကျိုးရှိစေမှာလဲ။

“Grammar” ဆိုတဲ့စကားလုံးကို ကြားလိုက်ရပြီဆိုရင် ပထမဆုံးအမေးခံရတာကတော့ “ဘာသာစကားတစ်ခုကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ဖို့ Grammar သင်ဖို့ တကယ်ကော အရေးကြီးသလား” ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။

မြန်မာမှာဆိုရင် “သဒ္ဒါမတတ် စာမတတ်” ဆိုတဲ့ စကားတောင်ရှိပါတယ်။ ဘာသာစကားတစ်ခုဟာ စကားလုံးပေါင်းများစွာနဲ့ ဖွဲ့စည်းထားတာဖြစ်ပြီး ဒီစကားလုံးတွေကို စုပေါင်းပြီး အဓိပ္ပာယ်ပြည့်ဝတဲ့စာကြောင်းတစ်ခု၊ စကားတစ်ခွန်းထွက်လာဖို့အတွက် ယင်းဘာသာစကားရဲ့ အခြေခံသဒ္ဒါကို သိဖို့ လိုအပ်ပါတယ်။

သဘောကျမိတဲ့ ဥပမာလေးတစ်ခုကတော့ အိမ်တစ်အိမ်ကို ဆောက်တဲ့အခါ သစ်သားတွေချည်းရှိနေရုံနဲ့ မလုံလောက်ပါဘူး။ ဒီသစ်သားတွေကို အိမ်ဖြစ်လာအောင် ပုံဖော်ဖို့ သံ‌​တွေနဲ့ ရိုက်ရပါသေးတယ်။ Grammar ဆိုတာဟာလည်း ဒီသဘောပါပဲ။ မိမိတို့ ရေးလိုတဲ့စာကြောင်း၊ ပြောလိုတဲ့စကားတစ်ခွန်း စနစ်ကျမှန်ကန်စေဖို့ “သံ” နဲ့တူတဲ့ Grammar က မိမိလိုချင်တဲ့ ပုံဖော်မှု (ဝါ) အဓိပ္ပာယ်သက်ရောက်အောင်မှုရှိအောင် ထောက်ကူပေးမှာ ဖြစ်ပါတယ်။

Grammar ဟာ အရေးကြီးတယ်လို့ နားလည်သွားရုံနဲ့လည်း မလုံလောက်သေးပါဘူး။ Grammar တကယ်တတ်အောင်၊ စာတကယ်တတ်အောင် ဘယ်လိုသင်ယူရမလဲဆိုတာကလည်း အရေးကြီးပြန်ပါတယ်။ Grammar လို့ပြောလိုက်ရင် ပြေးမြင်မိတာကတော့ ငယ်ငယ်ကဖြေခဲ့ရတဲ့ Grammar Exercises တွေ ဖြစ်ကောင်းဖြစ်မယ်။ အဲဒီလိုလေ့ကျင့်ခန်းတွေလုပ်တာဟာ အသုံးမဝင်ဘူးရယ်လို့လည်း မဆိုလိုပါဘူး။ သို့သော် ဒါဟာပထမအဆင့်ပဲရှိသေးတယ်လို့ မိမိကသိရပါမယ်။

Grammar စည်းမျဉ်းစည်းကမ်းကိုသိပြီး အဖြေမှန်ကို သိသွားခြင်းက “သိ” တဲ့အဆင့်ပဲရှိပါသေးတယ်။ တကယ်”တတ်” သွားအောင်က မိမိကိုယ်တိုင် သုံးတတ်ရပါမယ်။ မိမိလေ့လာသိရှိလာတဲ့ Grammar နဲ့ ပတ်သက်တဲ့ ဗဟုသုတ “အသိ”ကို သုံးပြီးကိုယ်တိုင် မှန်မှန်ကန်ကန် ပြောနိုင်၊ ရေးနိုင်မှသာ တကယ်စာတတ်ပြီလို့ ယူဆရပါတယ်။

ဒါကြောင့်မို့လို့ ကျွန်မတို့ရဲ့ “Applied Grammar Course” ရယ်လို့ ဖြစ်လာရပါတယ်။.IELTS Writing တွေမှာ အတွေးအခေါ်၊ တင်ပြပုံ စကားလုံးအသုံးအနှုန်းတွေ ကောင်းနေပေမယ့်လည်း Grammar အမှားတွေများလွန်းနေတဲ့အခါ ရသင့်တဲ့အမှတ် ကောင်းကောင်းရဖို့ မလွယ်ကူပါ။ IELTS Speaking နဲ့ Writing မှာဆိုရင် Grammatical Range and Accuracy က အမှတ်ရဲ့လေးပုံတစ်ပုံကို ရစေပါတယ်။ Advanced Grammatical Structures တွေကို သုံးတတ်တဲ့ သူတွေကအမှတ်များများရသလို၊ Grammatical errors များတဲ့သူဟာလည်း အမှတ်အများကြီးလျော့တတ်ပါတယ်။

တစ်ခါတစ်ရံ မိမိတို့အနေနဲ့ Grammar rule တွေကို သိတော့သိပေမယ့် တကယ်သုံးဖို့လိုတဲ့အခါ မှန်မှန်ကန်ကန် ထွက်မလာတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ “သိရုံ” သို့မဟုတ် လေ့ကျင့်ခန်းတွေမှာ အဖြေမှန်ရုံအဆင့်လို့ သတ်မှတ်လို့ရပါတယ်။ ကိုယ်တိုင် မှန်မှန်ကန်ကန် “အသုံးချ” တတ်တဲ့အဆင့်ရောက်အောင် စနစ်တကျ လေ့လာလေ့ကျင့်ဖို့ လိုအပ်သေးတာ ဖြစ်နိုင်ပါတယ်။Grammar ဟာ IELTS လို အရေးကြီးတဲ့ စာမေးပွဲတွေမှာတင် မဟုတ်ဘဲ အလုပ်လျှောက်တဲ့အခါ၊ လူတွေနဲ့ ပြောဆိုဆက်ဆံတဲ့အခါမှာလည်း အလွန်အရေးကြီးပါတယ်။

မိမိဟာ ဘာသာစကားတစ်ခုကို ကောင်းကောင်းမွန်မွန် တတ်မြောက်တဲ့သူဆိုရင် Grammar အမှားတွေအများကြီးနဲ့ ကိုယ့်ကို စကားလာပြောတဲ့လူကို အထင်ကြီးမိမှာ မဟုတ်ပါဘူး။ အလားတူပဲ အလုပ်နဲ့ပတ်သက်တဲ့စာတွေရေးတဲ့အခါ၊ scholarship လျှောက်ဖို့ essay တွေရေးရတဲ့အခါ မိမိရဲ့အရေးအသားမှာ အမှားတွေ ဝေဆာနေရင် ရွေးချယ်တဲ့သူတွေက မိမိအပေါ်အထင်ကြီး‌မှာ မဟုတ်ပါဘူး။

စကားပြောဆိုရာမှာလည်း Grammar ကောင်းကောင်းသုံးတတ်ခြင်းက Fluency မှာ လွှမ်းမိုးမှုရှိပါတယ်။ စကားလုံးတွေ အစီအစဉ်မကျ၊ တောင်ရောက်မြောက်ရောက် မဖြစ်စေဖို့ရာ၊ communication breakdown တွေ မဖြစ်စေဖို့ရာ Grammar ကောင်းကောင်း “သိ”ဖို့၊ မှန်မှန်ကန်ကန် “အသုံးချ” တတ်ဖို့ အလွန်အရေးကြီးလှပါတယ်။. ကျွန်မတို့ရဲ့ Applied Grammar Course မှာဆိုရင် သိသင့်သိထိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို ကြားဖူးသွားရုံ၊ လေ့ကျင့်ခန်းတွေမှာ အဖြေမှန်ရသွားရုံတင်မဟုတ်ဘဲ ကိုယ်တိုင်ရေးတဲ့၊ ပြောတဲ့အခါ မှန်မှန်ကန်ကန်သုံးတတ်စေဖို့ရာ အဓိကရည်ရွယ်ပြီး သင်လိုက်တဲ့ Grammar “အသိ” ကို လက်တွေ့ “အသုံးချ” နိုင်အောင်အထိ လေ့ကျင့်ပေးမှာ ဖြစ်ပါတယ်။

Elementary (A1/ A2) Age 7 to 12 8:00 pm to 9:30 am (Tuesdays) 90 minutes of lessons plus 90 minutes of homework per week Fees 237,600 kyats for 12 weeks (12 sessions) Fees 448,800 kyats for 24 week…

15/07/2026

***Accepting enrollments for the A1 Grammar (online class for young learners aged 6 to 8)***

Timetable — Tue & Thu (4:00 pm to 5:00 pm)

Inquiry & Registration 📲 +959254278273

14/07/2026

🔸️ အင်္ဂလိပ်စာကို ဘာသာစကားတစ်ခုအနေနဲ့ တက်ခဲ့မယ်ဆိုလျှင် IELTS ဖြေသည်ဖြစ်စေ၊ TOEFL နှင့် တခြား entrance exam တွေ၀င်ဖြေသည်ဖြစ်စေ အမှန်တကယ် တတ်မြောက်ထားသဖြင့် ဘယ်အချိန်ဖြေဖြေ ကောင်းကောင်းဖြေဆိုနိုင်ပါတယ်။

🔸️ English ကိုလိုအပ်မှတက်တာထက် တကယ်တတ်မြောက်ချင်ပြီး ဘာသာစကားတစ်ခုအနေနဲ့ စွဲစွဲမြဲမြဲ လေ့လာခြင်းဟာ ဘဝအတွက် အများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်။

https://www.facebook.com/share/v/1L6gXWh2nF/?mibextid=wwXIfr

13/07/2026

The strongest people don’t always have the easiest lives; they simply have the healthiest mindset.

Blue Sky International က ဖွင့်လှစ်သည့် (online & on-campus classes) အင်္ဂလိပ်ဘာသာစကားအတန်းများကို နယူးဇီလန်နိုင်ငံ အိုးတ...
13/07/2026

Blue Sky International က ဖွင့်လှစ်သည့် (online & on-campus classes) အင်္ဂလိပ်ဘာသာစကားအတန်းများကို နယူးဇီလန်နိုင်ငံ အိုးတဂိုတက္ကသိုလ်မှာ ပါရဂူဘွဲ့ စာတမ်းရေးသားပြုစုနေသူ၊ သုတေသီလုပ်ခဲ့စဉ်က အင်္ဂလန်နိုင်ငံ၊ အောက်စ်ဖို့ဒ် တက္ကသိုလ်တွင်ပြုလုပ်သော နိုင်ငံတကာသုတေသီများ စာတမ်းဖတ်ပွဲ၊ ဆွေးနွေးပွဲတွင် ဝင်ရောက်ပါဝင် တင်ပြဖို့ ဖိတ်ကြားခံခဲ့ရသူ၊ ရန်ကုန်ပညာရေးတက္ကသိုလ်တက်စဉ် တက္ကသိုလ်ပေါင်းစုံ စာစီစာကုံးပြိုင်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးအဆင့် ဒုတိယဆု ဆွတ်ခူးခဲ့သူ၊ အင်္ဂလိပ်စာ၊ ဘာသာစကား သင်ကြားရေး အတွေ့အကြုံ (၂၄) နှစ်ကျော်ရှိသူ ဆရာမကြီး ဒေါ်လှဝင်းမေဦး ဦးစီး၍ စိတ်ရှည်ကြင်နာတတ်ပြီး အရည်အချင်းပြည့်ဝသော ဆရာမများက သင်ကြားပေးမှာ ဖြစ်ပါတယ်။

Lead Teacher: Ms Hla Win May Oo

The founder of Blue Sky International Learning Academy, Ms Hla Win May Oo @ Teacher Wendy, is in pursuit of her doctorate through the University of Otago in New Zealand. Being a graduate of Bachelor of Education, Master of Public Administration, and Master of Arts in Teaching of English as a Foreign Language, she is a well-trained and well-experienced ESL Teacher, Teacher Trainer, Life Skills’ Coach & Mentor, and Business & Education Consultant. She has also worked as a Social Enterprise Consultant and “Education for Entrepreneurs” Trainer with the British Council, Myanmar, and a Lecturer for the MBA program at Temasek International College, and a Research Associate with the University of Amsterdam, the Netherlands. She is passionate about teaching, training, researching, consulting and mentoring.

🌎 www.bsieducation.com

Address

232, Orchid Condominium, Unit 82, Ahlone Street, Ahlone Township
Yangon
11121

Opening Hours

Tuesday 10:30 - 16:30
Wednesday 10:30 - 16:30
Thursday 10:30 - 16:30
Friday 10:30 - 16:30
Saturday 10:30 - 16:30
Sunday 10:30 - 16:30

Telephone

+959254278273

Alerts

Be the first to know and let us send you an email when Blue Sky International posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The School

Send a message to Blue Sky International:

Shortcuts

Share

Category