Yangon University of Education Scout Association

Yangon University of Education Scout Association

Share

အကုန်​လုံးစိတ်​ချမ်းသာ ကိုယ်​ချမ်

16/10/2020

⚜️ COVID-19 Scout Volunteers Survey ⚜️

ယခုနှစ်သည် မြန်မာနိုင်ငံကင်းထောက်အဖွဲ့အနေဖြင့် ကင်းထောက်လှုပ်ရှားမှုများကို ကမ္ဘာ့ကပ်ရောဂါ ပေါ်ပေါက်လာမှုနှင့်အတူ ချင့်ချိန်ဆောင်ရွက်လာခဲ့ရသည်မှာ အချိန်အားဖြင့် အတိုင်းအတာတစ်ခုသို့ ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါသည်။

ယ‌ခုဆိုလျှင် မြန်မာနိုင်ငံတွင် COVID-19 ကပ်ရောဂါ ဝင်ရောက်ပျံ့နှံ့လာသည်မှာ (၇) လ ကျော် ကာလအတွင်းသို့ရောက်ရှိခဲ့ပြီးဖြစ်ရာ ယနေ့တိုင် ရောဂါပိုး ပြန့်နှံ့မှုများ မြင့်တက်ဆဲ ဖြစ်နေပါသည်။

ထိုသို့ ရောဂါပိုးပျံ့နှံ့မှုများ မြင့်တက်လာသည့် အလျောက် ပြည်သူများ၏ ကျန်းမာရေးနှင့် လူမှုစီးပွားရေးများလည်း စောင့်ရှောက်ရန် ပြည်သူ့အကျိုးပြုလုပ်ငန်း လိုအပ်ချက်များလည်း မြင့်မားလာပါသည်။

ထိုအချိန်တွင် ကင်းထောက်၏ဆောင်ပုဒ်အတိုင်း သူတစ်ပါးကို အချိန်မရွေး ကူညီမည်ဟူသော ကတိနှင့်အတူ မိမိအသက်ဘေးကို မငဲ့ကွက်ပဲ အများကို ကူညီရန် အစဉ်အသင့်ရှိနေကြောင်း သက်သေပြခဲ့သည့် ဂုဏ်ယူဖွယ်ရာ ကင်းထောက်လူငယ်များလည်း နိုင်ငံအဝန်းတွင် ရှိနေပါသည်။

ထို ကင်းထောက်လူငယ်များကို မြန်မာနိုင်ငံကင်းထောက်အဖွဲ့ အနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုနိုင်ပါရန် အောက်ဖော်ပြပါ စစ်တမ်း (https://forms.gle/TWXhLgQdjcdiV51p8) ကို ကောက်ယူလိုပါကြောင်းနှင့် ဤ COVID-19 ကပ်ရောဂါ ကာလအတွင်း စေတနာ့ဝန်ထမ်း ဆောင်ရွက်ခဲ့သော အနယ်နယ်အရပ်ရပ်မှ မည်သည့် ကင်းထောက်မဆို ဝင်ရောက် ဖြည့်စွက်စေလိုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

01/08/2020

https://www.facebook.com/588193978032011/posts/1468128933371840/

⚜️ Scout Scarf Day ⚜️

ယနေ့ ဩဂုတ်လ (၁) ရက်နေ့ဟာ ကင်းထောက်လည်စည်းအထိမ်းအမှတ်နေ့ (Scout Scarf Day) ပဲ ဖြစ်ပါတယ်။

ကင်းထောက်လည်စည်းနေ့အဖြစ် ဘာကြောင့်သတ်မှတ်ခဲ့ရသလဲဆိုတော့ ကမ္ဘာပေါ်မှာ ကင်းထောက်လုပ်ငန်းကို စတင်အသက်သွင်းခဲ့တဲ့ ကင်းထောက်ဖခင်ကြီး Lord Baden Powell က (၁၉၀၇) ခုနှစ်မှာ သူ့ရဲ့ ပထမဦးဆုံး ကင်းစိပ်နဲ့အတူ အင်္ဂလန်မှာရှိတဲ့ Brownsea Island ကို စတင် စခန်းချထွက်ခဲ့တဲ့ နေ့ဖြစ်တဲ့အတွက် ဒီကနေ့ကို ကင်းထောက်လည်စည်းနေ့အဖြစ် သတ်မှတ်ခဲ့ကြခြင်းပဲ ဖြစ်ပါတယ်။

ကင်းထောက်လည်စီးဝတ်ဆင်ထားခြင်းဟာ ကင်းထောက်ကတိ နဲ့ ကျင့်ဝတ်များကို လိုက်နာပြီး ဤကမ္ဘာလောကကြီးထဲသို့ မိမိရောက်ရှိနေထိုင်စဉ်ကာလထက် ပိုမိုကောင်းမွန်စွာ နေချင့်စဖွယ်ရှိအောင် ထားရစ်ခဲ့ဖို့ ကြိုးစားပါမည် ဟူသော ကင်းထောက်တို့၏ တာဝန်ကို ဖော်ပြနေတဲ့ သင်္ကေတ တစ်ခုဖြစ်ပါတယ်။

ကင်းထောက်လည်စည်းအထိမ်းအမှတ်နေ့မှာ လက်ရှိကင်းထောက်များကသာမက၊ “Once a Scout, Always a Scout” ဆိုတဲ့ စကားအတိုင်း ကင်းထောက်ဖြစ်ခဲ့ဖူးသူများကပါ ကင်းထောက်လည်စီးကို ဂုဏ်ယူစွာ ဝတ်ဆင်ပြီး ကင်းထောက်စိတ်ဓာတ်ကို အများ မြင်သာလာစေရန် ပြသလေ့ရှိပါတယ်။

ကင်းထောက်လည်စည်းနေ့မှာ ကင်းထောက်တိုင်းက ဘယ်နေရာပဲရောက်ရောက် ကိုယ့်ရဲ့ ကင်းထောက်လည်စည်းကို အမြဲဝတ်ဆင်ပြီး ကောင်းမွန်တဲ့ အလုပ်တွေကို အတူ လုပ်ဆောင်ကြခြင်းဖြင့် ဖြတ်သန်းလေ့ရှိကြပါတယ်။

သင်ရော ကင်းထောက်တစ်ယောက်အနေနဲ့ လည်စည်းလေးဝတ်ပြီး ဒီနေ့ဘာတွေ လုပ်မယ် စိတ်ကူးထားလဲ ဆိုတာပြောပြခဲ့ပါဦး။

ကင်းထောက်လည်စည်းအထိမ်းအမှတ်နေ့မှာ ကင်းထောက်လည်စီးကို ဝတ်ဆင်ပြီး ပုံတင်ကြမည့် ကင်းထောက်တို့အနေနဲ့ facebook မှာ Myanmar Scout Association ကို tag လုပ်ပြီး Instagram မှာဆိုရင်လည်း Myanmar Scout နဲ့ World Scouting ကို tag လုပ်ပြီး နဲ့ တင်ဖို့ မမေ့ကြနဲ့နော်။ 😉

Facebook Profile Picture တင်မယ်ဆိုရင်လည်း Scout Scarf Day 2020 လို့ ရိုက်ရှာပြီး Frame နဲ့ အတူ တင်နိုင်ပါတယ်နော်။ 🤩🤩

Photos from Yangon University of Education Scout Association's post 01/01/2020

နှစ်ဆန်းတစ်ရက်နေ့တွင် မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ် မှကြီးမှူးပြီး တက္ကသိုလ်ကင်းထောက်မောင်မယ်များ သွေးလှူဒါန်းပွဲတွင် ရန်ကုန်ပညာရေးတက္ကသိုလ်ကင်းထောက်မောင်မယ်များမှ
မခြူးအိန္ဒြာနွယ်
မောင်ကျော်ကျော်ဌေး
မောင်ပြည့်စုံထွန်း
မောင်ဇင်မျိုးထက်
တို့ ပါဝင်လှူဒါန်းခဲ့ကြတဲ့အတွက် မှတ်တမ်းတင် ဂုဏ်ပြုပါတယ်💚💚

1.1.2020

25/12/2019

Happy Merry Christmas

Photos from Yangon University of Education Scout Association's post 18/12/2019

ယနေ့ (18.12.2019)နေ့ နေ့ လည် (၁၂:၀၀)နာရီအချိန်တွင် YUOE ကင်းထောက်အဖွဲ့ ဝင်များ YUOE Scout Association ရေရှည် လုပ်ဆောင်မည့်လုပ်ငန်းစဉ်များနှင့်ရန်ပုံငွေရရှိရေးအတွက်ပဏာမအစည်းအဝေးကို ကျင်းပခဲ့ပါသည်။
# #

17/09/2019

မနက်ဖြန်ဆိုရင် စာမေးပွဲတွေ စပြီနော်
စာတွေကောရကြပြီလား
ကျန်းမာရေးလည်းဂရုစိုက်ကြပါနော်
ကျက်သမျှတိုးပြီးအကုန်‌ဖြေဆိုနိုင်ကြပါစေလို့
ရန်ကုန်ပညာရေးတက္ကသိုလ်ကင်းထောက်များကဆုတောင်းပေးလိုက်ပါတယ်နော်😍😍😍

#ကျောင်းသားကဒ်ယူလာဖို့မမေ့နဲ့နော်
#အကုန်လုံးဖြေဆိုနိုင်ကြပါစေနော်

03/09/2019

You all are invited to enjoy together.
We have arranged presents for all of you

scout,Always Scout

16/08/2019

အဆင်​​ပြေသူများကို ​လျှောက်​ထား​စေချင်​တယ်
ကိုယ့်​သူငယ်​ချင်း​တွေအတွက်​ Share​ပေးကြပါအုံး

Photos from Yangon University of Education Scout Association's post 15/08/2019

တွဲလက်​ကြည်​ဖြူ လက်​တွဲကူဖို့အတွက်​ ရန်​ကုန်​ပညာ​ရေးတက္ကသိုလ်​ မိသားစုရဲ့ ​သွေးလှူဒါန်းပွဲအခမ်းအနားမှာ
မိခင်​တက္ကသိုလ်​မှ​ကင်း​ထောက်​များက ​သွေးလှူဒါန်း ကာ လိုအပ်​သည်​များကို လူအားဖြင့်​ကူညီ ခဲ့ကြပါတယ်​။
a better world

Photos from Yangon University of Education Scout Association's post 21/07/2019

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ကင်း​ထောက်​အကြီးအကဲအဖြစ်​ ဂတိသစ္စာခံယူပွဲတွင်​ ရန်​ကုန်​ပညာ​ရေးတက္ကသိုလ်​ ကင်း​ထောက်​များကိုယ်​စား
မောင်​ထူးအိမ်​လွင်
မောင်​အောင်​သူရစိုး
မောင်​ပံသုတ​မောင်​ တို့တက်​​ရောက်​ခဲ့သည့်​အတွက် အင်​မတန်​ဂုဏ်​ယူဝမ်း​မြောက်​မိပါသည်​။

21/07/2019

နိုင်​ငံ​တော်​အတိုင်​ပင်​ခံပုဂ္ဂိုလ်​ ကင်း​ထောက်​အကြီးအကဲအဖြစ်​ ဂတိသစ္စာခံယူပွဲတွင်​ ရန်​ကုန်​ပညာ​ရေးတက္ကသိုလ်​ ကင်း​ထောက်​များကိုယ်​စား
မောင်​ထူးအိမ်​လွင်
မောင်​အောင်​သူရစိုး
မောင်​ပံသုတ​မောင်​ တို့တက်​​ရောက်​ခဲ့သည့်​အတွက် အင်​မတန်​ဂုဏ်​ယူဝမ်း​မြောက်​မိပါသည်​။

Want your school to be the top-listed School/college in Yangon?

Click here to claim your Sponsored Listing.

Location

Category

Telephone

Website

Address


Pyay Road , Kamayut Township
Yangon