21/08/2026
ဒီနေ့မှာတော့ Asia Region ထဲမှာ လျှောက်လို့ရတဲ့ 100% Fully Funded Scholarships တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ဒီ Scholarships တွေဟာဆိုရင် University တွေက ပေးအပ်တာဖြစ်လို့ အခြား Government ဒါမှမဟုတ် Organization တွေကပေးတဲ့ Scholarships တွေထက် ပြိုင်ဆိုင်မှုနည်းပါးပြီး ရရှိနိုင်တဲ့ အခွင့်အရေးပိုများပါတယ်။
🇸🇬 Singapore
Nanyang Global Scholarship (Nanyang Technological University)
Asia ရဲ့ ပညာရေးအကောင်းမွန်ဆုံးဖြစ်တဲ့ Singapore မှာ Top World Ranking ဝင် University တွေအများကြီးရှိပါတယ်။ NTU ဟာဆိုရင် QS World Ranking Top (12) မှာရှိပြီး Singapore မှာနာမည်အကြီးဆုံး University တွေထဲက တစ်ခုပါ။
ဒီ Scholarships ကို ဘယ်သူတွေလျှောက်လို့ရလဲ?
🔵 IB Diploma ဒါမှမဟုတ် Year 12နဲ့ ညီမျှတဲ့ qualifications တွေမှာ ထူးချွန်တဲ့ အမှတ်တွေရရှိထားသူ
🔵 စာသင်ခန်းပြင်ပ Co-Curricular activities တွေမှာ ကောင်းမွန်တဲ့ မှတ်တမ်းတွေ ရရှိထားသူ
🔵 Leadership quality တွေရှိထားပြီး အလားအလာကောင်းတဲ့သူတွေလျှောက်ထားနိုင်တာမလို့ ကိုယ့်မှာ အမှတ်ကောင်းတွေရှိပြီး Extracurricular Activities တွေလုပ်ထားတာရှိရင် လျှောက်ကြည့်သင့်ပါတယ်ခင်ဗျာ။
Scholarships မှာ ဘာတွေပါဝင်မလဲ?
🟢Full Tution Fees Coverage
🟢 စားသောက်စရိတ် တစ်နှစ်ကို စင်ကာပူဒေါ်လာ 6,500 အထိ
🟢နေထိုင်စရိတ် တစ်နှစ်ကို စင်ကာပူဒေါ်လာ 2,000 အထိ
🟢ကွန်ပြူတာ ထောက်ပံ့စရိတ် စင်ကာပူဒေါ်လာ 2,000
🟢နိုင်ငံခြားမှာ သွားရောက်လေ့လာရမယ့် Programme တစ်ခုအတွက် ခရီးသွားလာရေးစရိတ် စင်ကာပူဒေါ်လာ 8,000 စတာတွေပါဝင်ပါတယ်။ ဒီလိုမျိုး Fully Funded Scholarships အပြင်ကိုမှ နိုင်ငံခြား လေ့လာရေးခရီးစဉ်အတွက်ပါ ထောက်ပံ့ပေးတာက အလွန်ရှားတာမလို့ ဒီလိုအခွင့်ကောင်းကို လက်လွှတ်မခံသင့်ပါဘူး။
Scholarships လျှောက်ဖို့အတွက် ကျောင်းဝင်ခွင့်ကို အရင်လျှောက်ထားရမှာဖြစ်ပြီး ကျောင်းဝင်ခွင့်ရမှသာ ကျောင်းဘက်ကနေ Scholarships အတွက် ထပ်မံရွေးချယ်သွားမှာဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်တွေကိုတော့ Nanyang Technological University ရဲ့ Website မှာ သွားရောက်လေ့လာနိုင်ပါတယ်။
Link ->> https://share.google/8GnroO7DFo7DJBqF5
🇭🇰 Hong Kong
HKU Undergraduate Entrance Scholarship for President's Scholars (The University of Hong Kong)
မြန်မာကျောင်းသားတွေ အသိနည်းသေးတဲ့ Hong Kong မှာလည်း Scholarships Opportunities တွေအများကြီးရှိပါတယ်။ QS World Ranking Top (11) မှာရှိတဲ့ The University of Hong Kong က Undergraduate Student တွေအတွက် Fully Funded Scholarships တွေပေးအပ်နေပါတယ်ခင်ဗျာ။
ဒီ Scholarships ကို ဘယ်သူတွေလျှောက်နိုင်လဲ?
🔵Hong Kong Diploma of Secondary Education (HKDSE) လို့ခေါ်တဲ့ University Admission ရဖို့ ဖြေဆိုရမယ့် စာမေးပွဲမှာ ၆ဘာသာ (သို့မဟုတ်) ၇ဘာသာ နဲ့အထက်ကို Level 5 ရရှိထားသူတွေ လျှောက်နိုင်ပါတယ်။
Scholarships မှာဘာတွေပါဝင်မလဲ?
🟢 HKDSE ၇ဘာသာမှာ Level 5 ရရှိထားသူတွေက ဟောင်ကောင်ဒေါ်လာ 1000,000 အထိ Tuition Fees အပြည့်အဝ scholarships ရရှိမှာဖြစ်ပြီး ပြည်ပနိုင်ငံတွေက တက္ကသိုလ်တွေမှာပါ ပညာသင်ယူနိုင်မယ့် အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။
🟢HKDSE ၆ဘာသာမှာ Level 5 ရရှိထားသူတွေက ဟောင်ကောင်ဒေါ်လာ 500,000 အထိ Tuition Fees အပြည့်အဝ scholarships ရရှိမှာဖြစ်ပြီး ပြည်ပနိုင်ငံတွေက တက္ကသိုလ်တွေမှာမှာပါ ပညာသင်ယူနိုင်မယ့် အခွင့်အရေးကို ရရှိမှာဖြစ်ပါတယ်။
ဒီ Scholarships ကိုလည်း သက်သက်ခွဲလျှောက်ထားစရာမလိုပဲ The University of Hong Kong မှာ Admission လျှောက်ထားတာနဲ့ ကျောင်းဘက်ကနေ တစ်ခါတည်း Scholarships အတွက် စိစစ်ရွေးချယ်ပေးသွားမှာဖြစ်ပါတယ်။ အသေးစိတ်ကိုတော့ The University of Hong Kong ရဲ့ Website မှာသွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။
Link ->> https://share.google/h9msgCLzh2KSdYrdy
🇰🇷 Korea
KAIST Undergraduate International Scholarship ( KAIST)
မြန်မာ ကျောင်းသားတွေ တော်တော်များများစိတ်ဝင်စားကြတဲ့ Korea က QS World Ranking (65) ရှိတဲ့ KAIST University မှုလည်း International Undergraduate Student တွေအတွက် Fully Funded Scholarships တွေပေးအပ်နေပါပြီ။
ဒီ Scholarships ကို ဘယ်သူတွေလျှောက်နိုင်လဲ?
🔵 KAIST University မှာ Admission ရထားပြီးသူ
🔵ပထမနှစ်ပြီးသွားတဲ့အချိန်မှာ GPA 2.7 နဲ့အထက် ထိန်းထားနိုင်မယ့်သူ တွေပဲဖြစ်ပါတယ်။ အကယ်၍မထိန်းထားနိုင်ဘူးဆိုရင်တော့ Scholarships ကို ဆက်လက်ရရှိမှာမဟုတ်ပါဘူး။ ဒီ Scholarship က လိုအပ်ချက်တွေသိပ်မများပဲ လူသိနည်းသေးတာမလို့ အခွင့်အရေးကို အမိအရယူပြီး လျှောက်သင့်ပါတယ်ခင်ဗျာ။
Scholarships ကနေ ဘာတွေရရှိနိုင်မလဲ?
🟢 လေးနှစ်စာ Tuition fees
🟢 တစ်လကို နေထိုင်စရိတ် ကိုးရီးယား ဝမ် 350,000 နဲ့
🟢 Medical Health insurance တွေပဲဖြစ်ပါတယ်။
ဒီ Scholarships ကလည်း သက်သက်လျှောက်ထားစရာမလိုပဲ Admission လျှောက်ထားတဲ့သူတွေထဲမှာမှ ထူးချွန်တဲ့သူတွေကို ရွေးပြီး ပေးအပ်သွားမှာဖြစ်ပါတယ်။ အသေးစိတ်ကို KAIST University ရဲ့ Website မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
Link ->> https://share.google/UwxsXhjxBsXybqY7g
🇹🇭 Thailand
Chulalongkorn University Undergraduate Faculty Scholarships(Chulalongkorn University )
မြန်မာ ကျောင်းသားတွေ အသွားအများဆုံးဖြစ်တဲ့ အိမ်နီးချင်း Thai နိုင်ငံမှာလည်း Fully Funded Scholarships ပေးတဲ့ University တွေရှိပါတယ်။ Thai မှာ နံပါတ် (၁) ဖြစ်တဲ့ Chulalongkorn University မှာဆိုရင် ကိုယ်ရွေးချယ်တဲ့ Major အပေါ်မူတည်ပြီး Major Based Scholarships တွေပေးအပ်နေပါတယ်။
ဒီ Scholarships ကို ဘယ်သူတွေလျှောက်နိုင်လဲ?
သူ့ရဲ့လိုအပ်ချက်တွေက Faculty အလိုက် မတူညီပေမယ့် အဓိကအနေနဲ့
🔵 IELTS Band 7 နှင့်အထက်
🔵 A Level Math မှာ A* ရရှိထားသူ သို့မဟုတ် Chulalongkorn University Admission Exam မှာ Math ကို 720မှတ်နဲ့အထက် ရရှိထားသူတို့ လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။
Scholarships မှာ ဘာတွေပါဝင်မလဲ?
ကိုယ့်ရဲ့ Academic results တွေ ကောင်းရင်ကောင်းသလို 100% ကနေ 50% အထိ Scholarships တွေရရှိနိုင်မှာဖြစ်ပြီး အောက်ပါ သတ်မှတ်ထားတဲ့ Major တွေကိုပဲ Scholarships လျှောက်ထားနိုင်မှာဖြစ်ပါတယ်။
🟢BBA (Business)
🟢BCM (Communication Management )
🟢EBA (Economics)
🟢Aerospce Engineering (AERO)
🟢Automotive Design and Manufacturing Engineering (ADME)
🟢Information and Communication Engineering (ICE)
🟢Nano Engineering (NANO)
🟢Robotics and Artificial Intelligence Engineering (Robotics AI)
🟢Chemical and Process Engineering (ChPE)
🟢 CommDe (Communication Design)
🟢BAScii (Integrated Innovation)
ဒီ Scholarship ကိုတော့ University ဝင်ခွင့်လျှောက်ထားတဲ့အချိန်မှာ အတူတူပူးတွဲလျှောက်ထားနိုင်မှာပါ။ အသေးစိတ်ကိုတော့ Chulalongkorn University ရဲ့ Website မှာ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။
Link ->> https://share.google/SR0dduRwe4YK4nWqB
ဒီလို Scholarships တွေနဲ့ ကျောင်းဝင်ခွင့်တွေကို ရရှိနိုင်ဖို့ အခြေခံလိုအပ်ချက်ဖြစ်တဲ့ GED နဲ့ IGCSE အတန်းတွေကို ကျွန်တော်တို့ Victoria Academy မှာ August လ (27) ရက်နေ့ကနေစပြီး ဖွင့်လှစ်သွားမှာဖြစ်ပါတယ်။ Victoria Academy မှာဆိုရင် GED နဲ့ IGCSE တွေကို သင်ကြားပေးတာတင်မဟုတ်ပဲ အနာဂတ်အတွက် University ဝင်ခွင့်နဲ့ Scholarships Opportunities တွေကိုပါ ဆရာ၊ဆရာမတွေကနေ မျှဝေကူညီပေးသွားမှာဖြစ်တာကြောင့် တက်ရောက်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အခုပဲ Messenger ကနေ ဆက်သွယ်စုံစမ်းလို့ရပါပြီ ခင်ဗျာ။✨